======

အမိန္႔ျပန္တမ္း.မရလို႔..မကြ်တ္လြတ္နိုင္တဲ႕..ရုံးေစာင္႔

တစ္ေန႔ေသာညေနပိုင္း၌.. ကိုလွမ်ိဳး တစ္ေယာက္ ရာထူးတိုးျဖင္႔.အေျပာင္းအေရႊ႔ က်သျဖင္႕ မိတ္ေဆြ အေပါင္း အသင္းမ်ားအားႏႈတ္ဆက္ ပဲြလုပ္ျပီး..ဧည္႔ခန္း၌ ထိုင္ေနသည္။

ထိုအခ်ိန္.အိမ္ေရွ႕မွ.......
"တီ..တီ..တီ" ကားဟြန္းသံၾကားသျဖင္႕

" သမီးေရ..ျခံေရွ႔မွာ. ဧည္႔သည္ လာတယ္.. သြားၾကိဳလိုက္ပါအံုးကြယ္"ဟု သမီးအငယ္မ ကို သြားၾကိဳခိုင္း လိုက္ သည္။

"ေဟ႔ေကာင္ လွမ်ိဳးး မင္းရာထူးတိုးျပီ ဆိုကြ"ဟုေၿပာရင္း လာေနသူက..ကိုလွမ်ိဳးအၾကီးတန္းစာ ေရး တာဝန္ထမ္းေဆာင္စဥ္က..ဆရာျဖစ္သူ ဦးေက်ာ္သူပင္ျဖစ္သည္။

"ဆရာ လာဗ်ာ ထိုင္အံုးးး ကြ်န္ေတာ္လည္း ခဏကမွ မိတ္ေဆြ အေပါင္းအသင္းေတြျပန္သြားလို႕ နားေနတာဗ်...သမီးေရ. ဆရာ႕အတြက္.. စားစရာေလး ဘာေလး တည္ခင္းပါအံုးကြယ္"

"လွမ်ိဳးေရ..မင္းက ဘယ္ေန႕ေျပာင္းမွာလဲကြ"
"ဒီလလယ္ပိုင္းေလာက္ေျပာင္းျဖစ္မယ္ ဆရာ"

"ဘယ္ဘက္ လဲကြ"
"မြန္ျပည္နယ္ထဲပါ ဆရာ"

"ေကာင္းပါတယ္ကြာ..ဝန္းထမ္း ဆိုေတာ႔..က်ရာေနရာ တာဝန္ထမ္းေဆာင္ရသကိုးး"
"ဟုတ္ပ..ဆရာေရ႔"

ဆရာ တပည္႕နွစ္ေယာက္ စပ္မိစပ္ရာစကားေျပာ ၾကရင္းးဦးေက်ာ္သူ က
"ဒါနဲ႕မင္းကိုေျပာရအံုးမယ္ေဟ႔..ငါ..ျမတံုျမိဳ႕ ေလးမွာ...တာဝန္က်တံုးကေပါ႕ကြာ..အခု ငါက ပင္စင္ေတာင္ယူျပီးျပီ ဆိုေတာ႔နွစ္ေတြကၾကာပါၿပီ" ဟုအစျပဳရင္းးး.......
ကိုေက်ာ္သူ တစ္ေယာက္..အေျပာင္း အေရႊ႕ျဖင္႔ တာဝန္က်ရာ ၿမတံုျမိဳ႕ေလးသို႔ ..မီးရထားျဖင္႕ လိုက္ပါ လာခဲ႕သည္။  လူပ်ိဳ  လူလြတ္တစ္ေယာက္ ၿဖစ္သျဖင္႔ တာဝန္က်ရာျမိဳ႔ေလးသို႔ေပါ႔ေပါ႔ပါး ေၿပာင္းေရႊ႕ေနလို႔ ရ သည္။ အခက္အခဲမရွိ။

တစ္ခ်ိဳ႔ေသာ ပစၥည္းေတြက တန္ဆာ ရုိက္ျပီး ပို႔ ထားျပီးျပီ။ အခုေတာ႕လြတ္လြတ္ လပ္လပ္ အိတ္ ကေလးတစ္လံုးျဖင္႕သာ လာခဲ႕သည္။ ရထားၾကီးကလည္း တစ္ဘူတာဝင္ တစ္ဘူတာထြက္ အရွိန္နွင္႕ခုတ္ေမာင္းလာခဲ႕သည္။ ကိုေက်ာ္သူလည္း ရႈခင္းေတြၾကည္႕ရင္းလိုက္ပါ လာခဲ႕ရာညေနေစာင္းလာေလျပီ။

ျမတံုျမိဳ႔ေလးသို႕ေနာက္ အခ်ိန္ၾကာၾကာ စီးရအံုးမည္။ ည ၈နာရီခန္႔မွသာ ေရာက္မည္။

"ပူးးးးးးးေပၚ"ဆိုေသာ ရထားဥၾသဆဲြသံနွင္႔ အတူ ၿမတံုျမိဳ႕ဘူတာသို႔ ဆိုက္ေရာက္ခဲ႕ေလျပီ။ လူသူ အဆင္း နည္းေသာျမတံု ဘူတာေလးမွာ မီး ေလးကလည္း ခပ္မွိန္မွိန္သာ ရွိသည္။ ေတာျမိဳ႕ေလး ဆိုေတာ႔လည္း ဟုတ္ေပ မေပါ႕။

ကိုေက်ာ္သူ ခရီးေဆာင္အိတ္ကေလ းဆဲြကာ ဘူတာက ထြက္လာေတာ႔..ဘူတာေရွ႕မွာ ဆိုက္ထား တဲ႕   ဆိုက္ကားေလး သံုးေလးစီးသာရွိသည္။

"ဆိုက္ကားငွားမယ္ေဟ႔" ဆိုေတာ႕အလွည္႔က် ဆိုက္ကားသမားေလး က
"ဘယ္သြားမွာလဲ..ဆရာ"

"စီးပြားဘဏ္ကို ပို႔ေပးပါကြာ "
"ဟုတ္ကဲ႕ဗ်"ဟုေျပာရင္း ဆိုက္ကားသမားေလး က သူ႔လက္ထဲက ခရီးေဆာင္အိတ္ကို ယူျပီး ဆိုက္ကား
ေပၚတင္ကာ..  "တက္..ဆရာ" ဟုေျပာရင္း ဆိုက္ကားေလး နင္းထြက္ခဲ႕ေလသည္။

ဆိုက္ကားသမားေလးနဲ႕ စကားတေျပာေျပာျဖင္႔ ခဏၾကာေတာ႔ ဆိုက္ကားသမားေလး က
"ေရာက္ျပီ ဆရာေရ႔"
"ေအးေအး..ဘယ္ေလာက္လဲကြ

"ဆယ္႔ငါးက်ပ္ပါ..ဆရာ"
ကိုေက်ာ္သူ တစ္ေယာက္ ၁၅က်ပ္တန္ တစ္ရြက္ ထုတ္ေပးရင္း နာရီ တစ္ခ်က္ငံုု႕ၾကည္႔မိသည္ ။

ကိုးနာရီေတာင္ ထိုးသြားျပီ။ ဆိုက္ကား သမားေလး က ႏႈတ္ဆက္ရင္း ထြက္သြားေလျပီ။ ကိုေက်ာ္သူ တစ္ေယာက္ အထုတ္ေလး မျပီးရုံး ဝင္းတံခါးေပါက္ေရွ႔ ရပ္ေနမိသည္။

ရုံးကေလးမွာ တစ္ထပ္တိုက္ ကေလးသာျဖစ္ျပီး။ တာဝန္က်ရာ ဝန္ထမ္း အိမ္ကေလး က အိမ္ေျခပုေလး သရက္ပင္ေတြၾကားထဲမွာ..
"ဆရာ..က ဒီကို တာဝန္က်တဲ႕ ဆရာ အသစ္ထင္တယ္" ဟုေယာက်္ားသံ ၾသၾသၾကီးၾကားမွ သူ႔ေရွ႔တြင္ျခံ
တံခါးဖြင္႕ေပးေနေသာ ရုံးေစာင္႕ဟု ထင္ရေသာ အသက္၄၀ေက်ာ္ အရြယ္လူၾကီး တစ္ေယာက္။ အဲ႕ဒီေတာ႕ မွ သူလည္းျခံထဲ ဝင္ဖို႕သတိရသည္။

ထိုလူၾကီးက. သူ႕လက္မွ အိတ္ကို ကူသယ္ေပးရင္း
"လာ.လာ   ဆရာ."ဟုေခၚျပီး ဝန္ထမ္းအိမ္ေလး ဆီသို႕ ေခၚလာခဲ႕သည္။

ထိုစဥ္..
"အူ....ဝူးးးးးးးး"
ဟုခ်ြဲခြ်ဲ ၿပစ္ၿပစ္ အူလိုက္ေသာေခြးသံ ၾကီးေၾကာင္႔ ၾကက္သည္း ထသြားရသည္။ အိမ္ထဲတြင္လဲ မီးက ခပ္မွိန္မွိန္ေလးသာ ထြန္းထားသည္။



"ဆရာ..ဘာစားခဲ႕ျပီလဲ..ဘာျပင္ဆင္ေပးရအံုး မလဲ" ဟုေမးေနကာ.အိပ္ယာခင္းေတြျပင္ေပးေနသည္။
ကိုေက်ာ္သူလည္း
"ေတာ္ပါပီ.ဗ်ာ. မစားေတာ႔ဘူး"ဟုေျပာရင္း ေရေႏြးၾကမ္းငွဲ႕ေသာက္ေနမိသည္။

ေနာက္ေတာ႕..ထိုလူၾကီးက မီးမွိန္မွိန္ေအာက္တြင္ သူေရွ႕ လာထိုင္းျပီး ေရေႏြး တစ္ခြက္ငွဲ႕ကာ
"ဆရာေရ႔.. က်ဳပ္တို႕ျမိဳ႕ ကေတာျမိဳ႕ေလး ဆိုေတာ႕ သိပ္ မျပည္႔စံုဘူးေပါ႔ဗ်ာ...ဟိုဘက္က ဝင္းက ေဘာလံုးကြင္း.." ဟု ရွင္းျပေနေလသည္။

"စကားေျပာေကာင္းေနလိုက္တာ..ဆရာ. ကြ်န္ေတာ္က ဒီရုံးက..ရုံးေစာင္႔. ဦးေအာင္ဘ ပါ. ဒီျမိဳ႕ခံပါဘဲ..   ကြ်န္ေတာ္က ညေစာင္႔ေပါ႕..

မနက္ဆို အိမ္ျပန္တယ္..က်န္တဲဲ႕ ရုံးဝန္ထမ္းေတြျမိဳ႔ ခံလူေတြ ဆိုေတာ႕မနက္မွဘဲ လာ..ၾကတယ္"ဟု ေၿပာရင္းေရေႏြး တစ္ခြက္ ငွဲ႔လိုက္ျပန္သည္။

"ဆရာက လူလြတ္ ဆိုေတာ႕..ကြ်န္ေတာ္က..ဒီမွာ အိပ္ရုံေပါ႔.. မိသားစု ပါရင္.."ဟို အေနာက္က တဲေလး
မွာ အိပ္တယ္..မနက္ဆိုျပန္ေတာ႕ ကိစၥမရွိဘူးေပါ႕"

"စကားေျပာေကာင္းေနလိုက္တာ..ဆရာ ခရီးပန္း လာေတာ႔ အိပ္ေတာ႔ေလ" ဟုေျပာရင္းေရေႏြး အိုးေတြ သိမ္းေနေလသည္။

ကိုေက်ာ္သူလည္း ညည္းစီစီေနသျဖင္႔..  "ကြ်န္ေနာ္ ကိုယ္လက္ေဆးျခင္တာဗ်ာ"

"ဆရာေလးး..ဟိုနားမွာေရတြင္း နဲ႕.ကန္.."

"ေအးေအး" ဟုေျပာျပီးေရတြင္း ရွိရာသို႔ လာခဲ႔သည္။
ေရတြင္းနားေရာက္ေတာ႕ေလေအးတစ္ခ်က္ က မ်က္နွာကို ရုိက္သြားသည္။ ေနာက္ ပုပ္အဲ႔အဲ႕ အနံ႕တစ္ခု ဝင္လာသည္။

အေကာင္ဘေလာင္ ပုပ္ျပီးေသထားတာေနမွာပါ ဟုေတြးရင္း ကိုယ္လက္ သန္႔စင္ျပီး သြားမည္ အျပဳ လွည္႔ လိုက္ရာ..သူ႕ အေနာက္တြင္ ဘယ္အခ်ိန္ကေရာက္ေနသည္ မသိတဲ႕. ရုံးေစာင္႕ ၾကီး..သူ႕ကိုၾကည္႕ေန သည္။

ေနာက္မွ..
"ဆရာေလး အတြက္..တဘက္ လာေပးတာပါ" ဟုေျပာရင္း သူ႔ကို ကမ္းေပးေနသည္။
ကိုေက်ာ္သူလည္း ကမ္းေပးေသာ တဘက္ကို ယူျပီး အိမ္ရွိရာသို႕.လာခဲ႕သည္။

ထို႕ေနာက္ ရုံးေစာင္႔ၾကီးျပင္ေပးထားေသာ.. အိပ္ယာတြင္.. နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ သြားခဲ႕ေလသည္။
ရုံးေစာင္႔ၾကီး ကေတာ႕.သူ႕နားေဘးနား ကပ္ရက္ ၿခင္ေထာင္ တစ္လံုးေထာင္၍နွစ္ေယာက္သား နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ သြားခဲ႔ၾကေလသည္။

**-------******----------******----

"ဆရာ..ဆရာ " ဟု
ေအာ္နိုးေနေသာ အသံတစ္ခုေၾကာင္႕ ကိုေက်ာ္သူ အိပ္ယာမွ နိုးခဲ႕ရသည္။ ညက သူ႕ေဘးနားမွာ အိပ္ေနေသာ ရုံးေစာင္႔ ၾကီးမွာ မရွိေတာ႔..  အိပ္ယာခင္းေတြေရာ ဒီရုံးေစာင္႔ ငါ႔လည္း မနိုးသြားပါလား ၿပန္သြားျပီထင္ပ ဟုေတြးရင္း အိမ္အျပင္ဘက္သို႔ ထြက္လာခဲ႕သည္။ အိမ္ေလး က ခါးေလာက္သာျမင္႔သည္။

ညက ရုံးေစာင္႔ၾကီးရဲ႔ စက္ဘီးလို႔ ထင္ရတဲ႕ ေယာက်္ားစီး စက္ဘီးၾကီးလည္း မရွိေတာ႕ ..    ဟုတ္ျပီျပန္သြားၿပီေနမွာ..ငါ႔ကို ပင္ပန္းလို႔ မနိုးသြားတာထင္ပ ဟုေတြးလိုက္သည္။

ရုံးဝန္ထမ္းဟု ထင္ရေသာလူက.....................
"ဆရာည.က အဆင္ေျပလားဗ်..ကြ်န္ေတာ္တို႔.. ေစာင္႕ေနေသးတယ္ဆရာေရ.. မိုးခ်ဳပ္ လာေတာ႔ ၿပန္သြား  ၾကတာ.. ညက ဘာမွမျဖစ္ပါဘူးေနာ္"..ရုံးဝန္ ထမ္းေလးက ဘာအေတြးနဲ႕ေမးသည္ မသိ.

"အဆင္ေျပပါတယ္ကြာ.. ငါမ်က္နွာသစ္ ဘုရားရွိခိုး ၿပီးမွ ရုံးထဲ လာခဲ႕မယ္"ေျပာရင္း သူ ဆပ္ျပာခြက္ ကေလး ကိုင္ကာေရတြင္းဆီသို႔ သြားခဲ႕သည္။

**------*********----------******-----

တစ္ေန႕လံုး ဝန္ထမ္းေတြနဲ႕. .ေရာက္ေရာက္ျခင္း ေန႔ျဖစ္သျဖင္႕.အလုပ္ေတြ ရႈပ္ေနျပီး ရုံးေစာင္႕ၾကီး အေၾကာင္းေမ႕ေန ခဲ႕သည္။ ရုံးဆင္းခ်ိန္ေရာက္ေတာ႕ ဝန္ထမ္းေတြ အားလံုးျပန္သြားၾကျပီ။ ရုံးေစာင္႕ၾကီး ကေတာ႕ ေရာက္မလာေသး..   ဒီလိုနဲ႕ည ေန ေနဝင္သြားျပီ..သူလည္းး အေရာင္က ခပ္မွိန္မွိန္ ..မီးသီးေလး
ထြန္းရင္းး ..အိမ္ေရွ႔. ကျပင္ေလးတြင္ေရေႏြးၾကမ္း ေသာက္ရင္းေစာင္႕ေနမိသည္။

ထိုအခ်ိန္

"အူ....ဝူးးးးး..အူ..ဝူးးးး"
ဆိုေသာေခြးတစ္ေကာင္ရဲ႕ ခြ်ဲခြ်ဲၿပစ္ၿပစ္ၾကီး အူသံၾကားရျပီးေနာက္ ရုံးေရွ႕ သံတခါးဖြင္႕သံၾကားရျပီးး စက္ဘီးေလး တြန္းျပီး လူတစ္ဦး ဝင္လာေန သည္။ တျဖည္းျဖည္း  အနားနားေရာက္မွ ရုံး ေစာင္႕ၾကီးျဖစ္မွန္းသိရသည္။

"ဒီေန႔ေနာက္က်တယ္ေနာ္"
" ဟုတ္တယ္ ဆရာေလးေရ႔.. အိမ္မွာ မအားလို႔"ေလ ဟုေျပာရင္း စက္ဘီးေလး ရပ္ကာ အိမ္ေပၚတက္လာသည္။

ေနာက္ေတာ႔ စကားတေျပာေျပာနွင္႔ အိပ္ခ်င္လာသျဖင္႕နွစ္ေယာက္သား အိပ္ရာ ဝင္လိုက္ၾကသည္ ။
မနက္ေရာက္ေတာ႕..ရုံးေစာင္႔ၾကီးက မရွိေတာ႕. .ဒီလိုနက္ေစာေစာျပန္သြားတာေနမွာပါဟု ေတြးရင္း အေတြး ပေဟဠိေတြျဖင္႔. .တစ္ပတ္ ၾကာလာခဲ႕ေလျပီ။

***--------******--------***---*---

အလုပ္က ပင္ပန္း တာေၾကာင္႕ ကိုေက်ာ္သူ တစ္ေယာက္ ဒီေန႔ေစာေစာ အိပ္မယ္ ဟုေတြးျပီး
၂၄ ပစၥည္း .ေမတၲာသုတ္ရြက္ .ပုတီးစိပ္ ေစာေစာအိပ္ယာဝင္ခဲ႕သည္။

ရုံးေစာင္႕ၾကီး လာရင္ လြယ္ကူရန္ တံခါးမၾကီးေစ႔ရုံမ်ွ ေစ႔ထားလိုက္သည္။

"""အီးးး..ဟီးး...ဟီးး....အီးးး" ဆိုေသာ ခြ်ဲခြ်ပ်စ္ပ်စ္ ငိုသံၾကီးေၾကာင္႔ ကိုေက်ာ္သူမွာလန္႕နိုးခဲ႕ရသည္။
ၿခင္ေထာင္လွန္၍ၾကည္႔လိုက္ရာ ေက်ာေပးထိုင္ေနေသာ ရုံးေစာင္႕ၾကီး

" ဘာလို႔..ငိုေနတာလဲဗ်.. ဘာမ်ား စိတ္ညစ္စရာ ရွိလို႔လဲ" ဒီေတာ႕မွ ရုံးေစာင္႔ၾကီးက သူ႔ဘက္ လွည္႔လာျပီး

"ဆရာ. .ကြ်န္ေတာ္ ရုံးကေန..ထြက္လို႔ မရတာ.လြန္ခဲ႕တဲ႕ (၅)နွစ္ ထဲကပါ..ကြ်န္ေတာ္ အရင္ အလုပ္လုပ္တဲ႕.. ဆရာက...ကြ်န္ေတာ္ေသေတာ႕. .အမိန္႔ျပန္ တမ္းစာ မထုတ္ခဲ႕ဘူးးး.. .ဒါေၾကာင္႕ကြ်န္ေတာ္ ဘဝကူးလို႔ မရဘူး...အရင္ အဆက္ဆက္က ဆရာေတြကိုေျပာေပမဲ႕ေျပာင္းေျပးက်တာခ်ည္းပါ ဆရာ.... ဆရာကေနျပီး.. ကြ်န္ေတာ္႔ကိုျပန္တမ္းစာ ရြတ္ေပးပါ...ျပီးေတာ႔ အမ်ွေဝေပးပါ ဆရာ"ဟုေျပာရင္း အိမ္ေပၚမွဆင္းသြားေလသည္။

ကိုေက်ာ္သူလည္း အိပ္မက္မွ လန္႔နိုးလာျပီး ထၾကည္႕လိုက္ရာ အိမ္တံခါး တစ္ခ်ပ္ ပိတ္သြားသည္ကိုေတြ႔ ရေလသည္။ တစ္ညလံုး အိပ္မေပ်ာ္ဘဲ အေတြးမ်ားျဖင္႔မနက္မိုး လင္းခဲ႕ရေလသည္။

*---******----*******----**------****--***

မနက္ မိုးလင္းေတာ႔.. အေတြးမ်ားစြာျဖင္႔ ရႈပ္ေထြးေနမိသည္။ ရုံးဝန္ထမ္းေလး တစ္ေယာက္ေရာက္မွ

"ေဟ႕.. လာစမ္းပါအံုးးကြ..ေမးစရာရွိလို႔ "
"ဘာလဲ ဆရာ..."

ကိုေက်ာ္သူလည္း သူေရာက္ခဲ႕တဲ႕ ညက စ၍ တစ္ပတ္တိတိ ရုံးေစာင္႕ၾကီးနဲ႕ေတြ႕ခဲ႕တဲ႕ အျဖစ္အပ်က္ေတြေျပာျပတယ္ ဒါနဲ႕ ဒီညမွာ ထူးဆန္းတဲ႕ အိပ္မက္ မက္ေၾကာင္း ဒါေၾကာင္႔ ရုံးေစာင္႕ၾကီး ဘာျဖစ္သလဲဆိုတာ သိခ်င္ေၾကာင္းေျပာျပေတာ႕မွ ရုံးဝန္ထမ္းေလးက

"ဆရာ..ရုံးေစာင္႕ၾကီးဦးေအာင္ဘ က လြန္ခဲ႕တဲ႔ (၅)နွစ္ က.. ဦးေနွာက္ေသြးေၾကာျပတ္ျပီးေသ သြားတာဆရာရဲ႕. .ျပီးေတာ႕သူက ရုံးမွာ မကြ်တ္မ လြတ္ဘဲ ရွိေနခဲ႕တာ. .ဆရာ႔ထက္ အရင္ အရာရွိေတြ ကေတာ႕ေျပာင္းေျပးၾကတယ္

ကြ်န္ေတာ္တို႕က ဆရာ႔ ကို အံ႕ၾသေနၾကတာ ရုံးေစာင္႕ၾကီးနဲ႕ မေတြ႕ဘူး ဆိုျပီး"
" ဒါနဲ႕ ဦးေအာင္ဘ ေသေတာ႔ အမိန္႔ုျပန္တမ္း မေပး ခဲ႕ဘူးလား..သူ႕လက္ထက္က ဆရာက "

"ဆရာရဲဲ႔ .. ရုံးေစာင္႕ၾကီး ဆံုးေတာ႕သၾကၤန္တြင္း ရုံးပိတ္ရက္ၾကီးေလ.. ဒီေတာ႔ ကြ်န္ေတာ္တို႔ အရာရွိ က မိသားစုရွိရာျပန္သြားတာ မရွိဘူးေလ..ျပန္ ေရာက္လာေတာ႔လည္း ..မေပးျဖစ္ဘူူး.. ဒီလိုနဲ႕... ဆရာကေျပာင္း သြားရတာ..ေနာက္လာတဲ႕အရာ ရွိေတြကလည္း သရဲေျခာက္တယ္ ဆိုျပီးေျပာင္း သြားၾကတာနဲ႕ ဆရာ႔ လက္ထက္ထိ မေပးရေသးဘူး ၿဖစ္ေနတာ"

"ဟုတ္ၿပီ..ဦးေအာင္ဘက အမွန္ေတာ႔ေျခာက္လွန္႔ ေနတာမဟုတ္ဘူးး.ဘဝ ကူးခ်င္လို႔ အမိန္႔ျပန္တမ္း ေတာင္းေနတာ ..ခဏေန လက္ နွိပ္စက္ စာေရးလာရင္..ျပန္တမ္း တစ္ေစာင္ေလာက္ နွိပ္ခိုင္းပါ" ဟုေျပာခိုင္း လိုက္ သည္။

****-----**---***----***-----------------

ေန႔လယ္ပိုင္းေရာက္ေတာ႕ ဦးေအာင္ဘ ကိုေခၚဆို အမိန္႔ျပန္တမ္း ရြတ္ေပး  ...  .အမ်ွေပးေဝျပီး ေန႔လည္ေန႔ခင္း အိပ္ခ်င္လာသျဖင္႔ အိမ္ေလးရဲ႕ ကြက္ပ်စ္ေပၚ အိပ္ေနလိုက္သည္။

မည္မ်ွ အိပ္ေပ်ာ္သြားသည္မသိ...........
"ဆရာ.ဆရာ "ဟု နိုးလာေသာ အသံၾကားမွ ထၾကည္႕လိုက္ရာ သစ္လြင္ေတာက္ပ ေသာအဝတ္အစား မ်ားျဖင္႕ၾကည္လင ္ျပံဳးျပ ေနေသာရုံးေစာင္႕ၾကီး....

"ရုံးေစာင္႕ၾကီးကိုး"

" ဆရာ.. ကြ်န္ေတာ္ သြားေတာ႔မယ္..လြတ္လပ္သြား ၿပီအေနွာင္အဖဲြ႕ေတြ မရွိေတာ႕ဘူးး ဆရာ႔ကို လာႏႈတ္
ဆက္တာ ဟုေျပာရင္း စက္ဘီးေလး စီးကာ ထြက္သြားေလသည္။

"ဆရာ ဒါဆိုလာႏႈတ္ဆက္သြားတာေပါ႕"
"ေအးကြ.. အဲ႕ဒီေန႕ည ကစျပီးး ငါ တျခားျမိဳ႔ကေလးေျပာင္းလာတဲ႕အခ်ိန္ထိ အရိပ္ အေယာင္ကို မျမင္ရေတာ႕တာ လွမ်ိဳးေရ"

"မင္းလည္း အရာရွိ တစ္ေယာက္ျဖစ္ေတာ႔မွာ ဆိုေတာ႕မေမ႕သင္႕တဲ႕ အရာဘဲကြ..မင္း မဖတ္ေပးလိုက္ တဲ႕ စကၠန္႕ပိုင္းသာ ၾကာတဲ႕ အမိန္႔ျပန္တမ္းစာေလး တစ္ခုေၾကာင္႕..သနားစရာ ပရေလာကသားေတြကိုး..ဘဝမကုူး မကြ်တ္မလြတ္ျဖစ္ေစနိုင္တယ္...

ကဲကဲ..... စကားေျပာလို႔လည္းေကာင္းလိုက္တာ မိုးခ်ဳပ္ေတာ႔မယ္..အိမ္က မေဟသီၾကီးေမ်ွာ္ေနေလာက္ျပီ" ဟုေျပာရင္းး ဦးေက်ာ္သူ တစ္ေယာက္..  ကားၾကီးေမာင္းျပီး အိမ္ဝင္းထဲက ထြက္သြားခဲ႕ေလျပီ။

toetoelay

Unicode
တစ်နေ့သောညနေပိုင်း၌.. ကိုလှမျိုး တစ်ယောက် ရာထူးတိုးဖြင့်.အပြောင်းအရွှေ့ ကျသဖြင့် မိတ်ဆွေ အပေါင်း အသင်းများအားနှုတ်ဆက် ပွဲလုပ်ပြီး..ဧည့်ခန်း၌ ထိုင်နေသည်။

ထိုအချိန်.အိမ်ရှေ့မှ.......
"တီ..တီ..တီ" ကားဟွန်းသံကြားသဖြင့်

" သမီးရေ..ခြံရှေ့မှာ. ဧည့်သည် လာတယ်.. သွားကြိုလိုက်ပါအုံးကွယ်"ဟု သမီးအငယ်မ ကို သွားကြိုခိုင်း လိုက် သည်။

"ဟေ့ကောင် လှမျိုး မင်းရာထူးတိုးပြီ ဆိုကွ"ဟုပြောရင်း လာနေသူက..ကိုလှမျိုးအကြီးတန်းစာ ရေး တာဝန်ထမ်းဆောင်စဉ်က..ဆရာဖြစ်သူ ဦးကျော်သူပင်ဖြစ်သည်။

"ဆရာ လာဗျာ ထိုင်အုံး ကျွန်တော်လည်း ခဏကမှ မိတ်ဆွေ အပေါင်းအသင်းတွေပြန်သွားလို့ နားနေတာဗျ...သမီးရေ. ဆရာ့အတွက်.. စားစရာလေး ဘာလေး တည်ခင်းပါအုံးကွယ်"

"လှမျိုးရေ..မင်းက ဘယ်နေ့ပြောင်းမှာလဲကွ"
"ဒီလလယ်ပိုင်းလောက်ပြောင်းဖြစ်မယ် ဆရာ"

"ဘယ်ဘက် လဲကွ"
"မွန်ပြည်နယ်ထဲပါ ဆရာ"

"ကောင်းပါတယ်ကွာ..ဝန်းထမ်း ဆိုတော့..ကျရာနေရာ တာဝန်ထမ်းဆောင်ရသကိုး"
"ဟုတ်ပ..ဆရာရေ့"

ဆရာ တပည့်နှစ်ယောက် စပ်မိစပ်ရာစကားပြော ကြရင်းဦးကျော်သူ က
"ဒါနဲ့မင်းကိုပြောရအုံးမယ်ဟေ့..ငါ..မြတုံမြို့ လေးမှာ...တာဝန်ကျတုံးကပေါ့ကွာ..အခု ငါက ပင်စင်တောင်ယူပြီးပြီ ဆိုတော့နှစ်တွေကကြာပါပြီ" ဟုအစပြုရင်း.......
ကိုကျော်သူ တစ်ယောက်..အပြောင်း အရွှေ့ဖြင့် တာဝန်ကျရာ မြတုံမြို့လေးသို့ ..မီးရထားဖြင့် လိုက်ပါ လာခဲ့သည်။  လူပျို  လူလွတ်တစ်ယောက် ဖြစ်သဖြင့် တာဝန်ကျရာမြို့လေးသို့ပေါ့ပေါ့ပါး ပြောင်းရွှေ့နေလို့ ရ သည်။ အခက်အခဲမရှိ။

တစ်ချို့သော ပစ္စည်းတွေက တန်ဆာ ရိုက်ပြီး ပို့ ထားပြီးပြီ။ အခုတော့လွတ်လွတ် လပ်လပ် အိတ် ကလေးတစ်လုံးဖြင့်သာ လာခဲ့သည်။ ရထားကြီးကလည်း တစ်ဘူတာဝင် တစ်ဘူတာထွက် အရှိန်နှင့်ခုတ်မောင်းလာခဲ့သည်။ ကိုကျော်သူလည်း ရှုခင်းတွေကြည့်ရင်းလိုက်ပါ လာခဲ့ရာညနေစောင်းလာလေပြီ။

မြတုံမြို့လေးသို့နောက် အချိန်ကြာကြာ စီးရအုံးမည်။ ည ၈နာရီခန့်မှသာ ရောက်မည်။

"ပူးပေါ်"ဆိုသော ရထားဥသြဆွဲသံနှင့် အတူ မြတုံမြို့ဘူတာသို့ ဆိုက်ရောက်ခဲ့လေပြီ။ လူသူ အဆင်း နည်းသောမြတုံ ဘူတာလေးမှာ မီး လေးကလည်း ခပ်မှိန်မှိန်သာ ရှိသည်။ တောမြို့လေး ဆိုတော့လည်း ဟုတ်ပေ မပေါ့။

ကိုကျော်သူ ခရီးဆောင်အိတ်ကလေ းဆွဲကာ ဘူတာက ထွက်လာတော့..ဘူတာရှေ့မှာ ဆိုက်ထား တဲ့   ဆိုက်ကားလေး သုံးလေးစီးသာရှိသည်။

"ဆိုက်ကားငှားမယ်ဟေ့" ဆိုတော့အလှည့်ကျ ဆိုက်ကားသမားလေး က
"ဘယ်သွားမှာလဲ..ဆရာ"

"စီးပွားဘဏ်ကို ပို့ပေးပါကွာ "
"ဟုတ်ကဲ့ဗျ"ဟုပြောရင်း ဆိုက်ကားသမားလေး က သူ့လက်ထဲက ခရီးဆောင်အိတ်ကို ယူပြီး ဆိုက်ကား
ပေါ်တင်ကာ..  "တက်..ဆရာ" ဟုပြောရင်း ဆိုက်ကားလေး နင်းထွက်ခဲ့လေသည်။

ဆိုက်ကားသမားလေးနဲ့ စကားတပြောပြောဖြင့် ခဏကြာတော့ ဆိုက်ကားသမားလေး က
"ရောက်ပြီ ဆရာရေ့"
"အေးအေး..ဘယ်လောက်လဲကွ

"ဆယ့်ငါးကျပ်ပါ..ဆရာ"
ကိုကျော်သူ တစ်ယောက် ၁၅ကျပ်တန် တစ်ရွက် ထုတ်ပေးရင်း နာရီ တစ်ချက်ငုံ့ကြည့်မိသည် ။

ကိုးနာရီတောင် ထိုးသွားပြီ။ ဆိုက်ကား သမားလေး က နှုတ်ဆက်ရင်း ထွက်သွားလေပြီ။ ကိုကျော်သူ တစ်ယောက် အထုတ်လေး မပြီးရုံး ဝင်းတံခါးပေါက်ရှေ့ ရပ်နေမိသည်။

ရုံးကလေးမှာ တစ်ထပ်တိုက် ကလေးသာဖြစ်ပြီး။ တာဝန်ကျရာ ဝန်ထမ်း အိမ်ကလေး က အိမ်ခြေပုလေး သရက်ပင်တွေကြားထဲမှာ..
"ဆရာ..က ဒီကို တာဝန်ကျတဲ့ ဆရာ အသစ်ထင်တယ်" ဟုယောကျာ်းသံ သြသြကြီးကြားမှ သူ့ရှေ့တွင်ခြံ
တံခါးဖွင့်ပေးနေသော ရုံးစောင့်ဟု ထင်ရသော အသက်၄၀ကျော် အရွယ်လူကြီး တစ်ယောက်။ အဲ့ဒီတော့ မှ သူလည်းခြံထဲ ဝင်ဖို့သတိရသည်။

ထိုလူကြီးက. သူ့လက်မှ အိတ်ကို ကူသယ်ပေးရင်း
"လာ.လာ   ဆရာ."ဟုခေါ်ပြီး ဝန်ထမ်းအိမ်လေး ဆီသို့ ခေါ်လာခဲ့သည်။

ထိုစဉ်..
"အူ....ဝူး"
ဟုချွဲချွဲ ပြစ်ပြစ် အူလိုက်သောခွေးသံ ကြီးကြောင့် ကြက်သည်း ထသွားရသည်။ အိမ်ထဲတွင်လဲ မီးက ခပ်မှိန်မှိန်လေးသာ ထွန်းထားသည်။

"ဆရာ..ဘာစားခဲ့ပြီလဲ..ဘာပြင်ဆင်ပေးရအုံး မလဲ" ဟုမေးနေကာ.အိပ်ယာခင်းတွေပြင်ပေးနေသည်။
ကိုကျော်သူလည်း
"တော်ပါပီ.ဗျာ. မစားတော့ဘူး"ဟုပြောရင်း ရေနွေးကြမ်းငှဲ့သောက်နေမိသည်။

နောက်တော့..ထိုလူကြီးက မီးမှိန်မှိန်အောက်တွင် သူရှေ့ လာထိုင်းပြီး ရေနွေး တစ်ခွက်ငှဲ့ကာ
"ဆရာရေ့.. ကျုပ်တို့မြို့ ကတောမြို့လေး ဆိုတော့ သိပ် မပြည့်စုံဘူးပေါ့ဗျာ...ဟိုဘက်က ဝင်းက ဘောလုံးကွင်း.." ဟု ရှင်းပြနေလေသည်။

"စကားပြောကောင်းနေလိုက်တာ..ဆရာ. ကျွန်တော်က ဒီရုံးက..ရုံးစောင့်. ဦးအောင်ဘ ပါ. ဒီမြို့ခံပါဘဲ..   ကျွန်တော်က ညစောင့်ပေါ့..

မနက်ဆို အိမ်ပြန်တယ်..ကျန်တဲ့ ရုံးဝန်ထမ်းတွေမြို့ ခံလူတွေ ဆိုတော့မနက်မှဘဲ လာ..ကြတယ်"ဟု ပြောရင်းရေနွေး တစ်ခွက် ငှဲ့လိုက်ပြန်သည်။

"ဆရာက လူလွတ် ဆိုတော့..ကျွန်တော်က..ဒီမှာ အိပ်ရုံပေါ့.. မိသားစု ပါရင်.."ဟို အနောက်က တဲလေး
မှာ အိပ်တယ်..မနက်ဆိုပြန်တော့ ကိစ္စမရှိဘူးပေါ့"

"စကားပြောကောင်းနေလိုက်တာ..ဆရာ ခရီးပန်း လာတော့ အိပ်တော့လေ" ဟုပြောရင်းရေနွေး အိုးတွေ သိမ်းနေလေသည်။

ကိုကျော်သူလည်း ညည်းစီစီနေသဖြင့်..  "ကျွန်နော် ကိုယ်လက်ဆေးခြင်တာဗျာ"

"ဆရာလေး..ဟိုနားမှာရေတွင်း နဲ့.ကန်.."

"အေးအေး" ဟုပြောပြီးရေတွင်း ရှိရာသို့ လာခဲ့သည်။
ရေတွင်းနားရောက်တော့လေအေးတစ်ချက် က မျက်နှာကို ရိုက်သွားသည်။ နောက် ပုပ်အဲ့အဲ့ အနံ့တစ်ခု ဝင်လာသည်။

အကောင်ဘလောင် ပုပ်ပြီးသေထားတာနေမှာပါ ဟုတွေးရင်း ကိုယ်လက် သန့်စင်ပြီး သွားမည် အပြု လှည့် လိုက်ရာ..သူ့ အနောက်တွင် ဘယ်အချိန်ကရောက်နေသည် မသိတဲ့. ရုံးစောင့် ကြီး..သူ့ကိုကြည့်နေ သည်။

နောက်မှ..
"ဆရာလေး အတွက်..တဘက် လာပေးတာပါ" ဟုပြောရင်း သူ့ကို ကမ်းပေးနေသည်။
ကိုကျော်သူလည်း ကမ်းပေးသော တဘက်ကို ယူပြီး အိမ်ရှိရာသို့.လာခဲ့သည်။

ထို့နောက် ရုံးစောင့်ကြီးပြင်ပေးထားသော.. အိပ်ယာတွင်.. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့လေသည်။
ရုံးစောင့်ကြီး ကတော့.သူ့နားဘေးနား ကပ်ရက် ခြင်ထောင် တစ်လုံးထောင်၍နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ကြလေသည်။

**-------******----------******----

"ဆရာ..ဆရာ " ဟု
အော်နိုးနေသော အသံတစ်ခုကြောင့် ကိုကျော်သူ အိပ်ယာမှ နိုးခဲ့ရသည်။ ညက သူ့ဘေးနားမှာ အိပ်နေသော ရုံးစောင့် ကြီးမှာ မရှိတော့..  အိပ်ယာခင်းတွေရော ဒီရုံးစောင့် ငါ့လည်း မနိုးသွားပါလား ပြန်သွားပြီထင်ပ ဟုတွေးရင်း အိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အိမ်လေး က ခါးလောက်သာမြင့်သည်။

ညက ရုံးစောင့်ကြီးရဲ့ စက်ဘီးလို့ ထင်ရတဲ့ ယောကျာ်းစီး စက်ဘီးကြီးလည်း မရှိတော့ ..    ဟုတ်ပြီပြန်သွားပြီနေမှာ..ငါ့ကို ပင်ပန်းလို့ မနိုးသွားတာထင်ပ ဟုတွေးလိုက်သည်။

ရုံးဝန်ထမ်းဟု ထင်ရသောလူက.....................
"ဆရာည.က အဆင်ပြေလားဗျ..ကျွန်တော်တို့.. စောင့်နေသေးတယ်ဆရာရေ.. မိုးချုပ် လာတော့ ပြန်သွား  ကြတာ.. ညက ဘာမှမဖြစ်ပါဘူးနော်"..ရုံးဝန် ထမ်းလေးက ဘာအတွေးနဲ့မေးသည် မသိ.

"အဆင်ပြေပါတယ်ကွာ.. ငါမျက်နှာသစ် ဘုရားရှိခိုး ပြီးမှ ရုံးထဲ လာခဲ့မယ်"ပြောရင်း သူ ဆပ်ပြာခွက် ကလေး ကိုင်ကာရေတွင်းဆီသို့ သွားခဲ့သည်။

**------*********----------******-----

တစ်နေ့လုံး ဝန်ထမ်းတွေနဲ့. .ရောက်ရောက်ခြင်း နေ့ဖြစ်သဖြင့်.အလုပ်တွေ ရှုပ်နေပြီး ရုံးစောင့်ကြီး အကြောင်းမေ့နေ ခဲ့သည်။ ရုံးဆင်းချိန်ရောက်တော့ ဝန်ထမ်းတွေ အားလုံးပြန်သွားကြပြီ။ ရုံးစောင့်ကြီး ကတော့ ရောက်မလာသေး..   ဒီလိုနဲ့ည နေ နေဝင်သွားပြီ..သူလည်း အရောင်က ခပ်မှိန်မှိန် ..မီးသီးလေး
ထွန်းရင်း ..အိမ်ရှေ့. ကပြင်လေးတွင်ရေနွေးကြမ်း သောက်ရင်းစောင့်နေမိသည်။

ထိုအချိန်

"အူ....ဝူး..အူ..ဝူး"
ဆိုသောခွေးတစ်ကောင်ရဲ့ ချွဲချွဲပြစ်ပြစ်ကြီး အူသံကြားရပြီးနောက် ရုံးရှေ့ သံတခါးဖွင့်သံကြားရပြီး စက်ဘီးလေး တွန်းပြီး လူတစ်ဦး ဝင်လာနေ သည်။ တဖြည်းဖြည်း  အနားနားရောက်မှ ရုံး စောင့်ကြီးဖြစ်မှန်းသိရသည်။

"ဒီနေ့နောက်ကျတယ်နော်"
" ဟုတ်တယ် ဆရာလေးရေ့.. အိမ်မှာ မအားလို့"လေ ဟုပြောရင်း စက်ဘီးလေး ရပ်ကာ အိမ်ပေါ်တက်လာသည်။

နောက်တော့ စကားတပြောပြောနှင့် အိပ်ချင်လာသဖြင့်နှစ်ယောက်သား အိပ်ရာ ဝင်လိုက်ကြသည် ။
မနက်ရောက်တော့..ရုံးစောင့်ကြီးက မရှိတော့. .ဒီလိုနက်စောစောပြန်သွားတာနေမှာပါဟု တွေးရင်း အတွေး ပဟေဠိတွေဖြင့်. .တစ်ပတ် ကြာလာခဲ့လေပြီ။

***--------******--------***---*---

အလုပ်က ပင်ပန်း တာကြောင့် ကိုကျော်သူ တစ်ယောက် ဒီနေ့စောစော အိပ်မယ် ဟုတွေးပြီး
၂၄ ပစ္စည်း .မေတ္တာသုတ်ရွက် .ပုတီးစိပ် စောစောအိပ်ယာဝင်ခဲ့သည်။

ရုံးစောင့်ကြီး လာရင် လွယ်ကူရန် တံခါးမကြီးစေ့ရုံမျှ စေ့ထားလိုက်သည်။

"""အီး..ဟီး...ဟီး....အီး" ဆိုသော ချွဲချွပျစ်ပျစ် ငိုသံကြီးကြောင့် ကိုကျော်သူမှာလန့်နိုးခဲ့ရသည်။
ခြင်ထောင်လှန်၍ကြည့်လိုက်ရာ ကျောပေးထိုင်နေသော ရုံးစောင့်ကြီး

" ဘာလို့..ငိုနေတာလဲဗျ.. ဘာများ စိတ်ညစ်စရာ ရှိလို့လဲ" ဒီတော့မှ ရုံးစောင့်ကြီးက သူ့ဘက် လှည့်လာပြီး

"ဆရာ. .ကျွန်တော် ရုံးကနေ..ထွက်လို့ မရတာ.လွန်ခဲ့တဲ့ (၅)နှစ် ထဲကပါ..ကျွန်တော် အရင် အလုပ်လုပ်တဲ့.. ဆရာက...ကျွန်တော်သေတော့. .အမိန့်ပြန် တမ်းစာ မထုတ်ခဲ့ဘူး.. .ဒါကြောင့်ကျွန်တော် ဘဝကူးလို့ မရဘူး...အရင် အဆက်ဆက်က ဆရာတွေကိုပြောပေမဲ့ပြောင်းပြေးကျတာချည်းပါ ဆရာ.... ဆရာကနေပြီး.. ကျွန်တော့်ကိုပြန်တမ်းစာ ရွတ်ပေးပါ...ပြီးတော့ အမျှဝေပေးပါ ဆရာ"ဟုပြောရင်း အိမ်ပေါ်မှဆင်းသွားလေသည်။

ကိုကျော်သူလည်း အိပ်မက်မှ လန့်နိုးလာပြီး ထကြည့်လိုက်ရာ အိမ်တံခါး တစ်ချပ် ပိတ်သွားသည်ကိုတွေ့ ရလေသည်။ တစ်ညလုံး အိပ်မပျော်ဘဲ အတွေးများဖြင့်မနက်မိုး လင်းခဲ့ရလေသည်။

*---******----*******----**------****--***

မနက် မိုးလင်းတော့.. အတွေးများစွာဖြင့် ရှုပ်ထွေးနေမိသည်။ ရုံးဝန်ထမ်းလေး တစ်ယောက်ရောက်မှ

"ဟေ့.. လာစမ်းပါအုံးကွ..မေးစရာရှိလို့ "
"ဘာလဲ ဆရာ..."

ကိုကျော်သူလည်း သူရောက်ခဲ့တဲ့ ညက စ၍ တစ်ပတ်တိတိ ရုံးစောင့်ကြီးနဲ့တွေ့ခဲ့တဲ့ အဖြစ်အပျက်တွေပြောပြတယ် ဒါနဲ့ ဒီညမှာ ထူးဆန်းတဲ့ အိပ်မက် မက်ကြောင်း ဒါကြောင့် ရုံးစောင့်ကြီး ဘာဖြစ်သလဲဆိုတာ သိချင်ကြောင်းပြောပြတော့မှ ရုံးဝန်ထမ်းလေးက

"ဆရာ..ရုံးစောင့်ကြီးဦးအောင်ဘ က လွန်ခဲ့တဲ့ (၅)နှစ် က.. ဦးနှောက်သွေးကြောပြတ်ပြီးသေ သွားတာဆရာရဲ့. .ပြီးတော့သူက ရုံးမှာ မကျွတ်မ လွတ်ဘဲ ရှိနေခဲ့တာ. .ဆရာ့ထက် အရင် အရာရှိတွေ ကတော့ပြောင်းပြေးကြတယ်

ကျွန်တော်တို့က ဆရာ့ ကို အံ့သြနေကြတာ ရုံးစောင့်ကြီးနဲ့ မတွေ့ဘူး ဆိုပြီး"
" ဒါနဲ့ ဦးအောင်ဘ သေတော့ အမိန်ု့ပြန်တမ်း မပေး ခဲ့ဘူးလား..သူ့လက်ထက်က ဆရာက "

"ဆရာရဲ့ .. ရုံးစောင့်ကြီး ဆုံးတော့သင်္ကြန်တွင်း ရုံးပိတ်ရက်ကြီးလေ.. ဒီတော့ ကျွန်တော်တို့ အရာရှိ က မိသားစုရှိရာပြန်သွားတာ မရှိဘူးလေ..ပြန် ရောက်လာတော့လည်း ..မပေးဖြစ်ဘူး.. ဒီလိုနဲ့... ဆရာကပြောင်း သွားရတာ..နောက်လာတဲ့အရာ ရှိတွေကလည်း သရဲခြောက်တယ် ဆိုပြီးပြောင်း သွားကြတာနဲ့ ဆရာ့ လက်ထက်ထိ မပေးရသေးဘူး ဖြစ်နေတာ"

"ဟုတ်ပြီ..ဦးအောင်ဘက အမှန်တော့ခြောက်လှန့် နေတာမဟုတ်ဘူး.ဘဝ ကူးချင်လို့ အမိန့်ပြန်တမ်း တောင်းနေတာ ..ခဏနေ လက် နှိပ်စက် စာရေးလာရင်..ပြန်တမ်း တစ်စောင်လောက် နှိပ်ခိုင်းပါ" ဟုပြောခိုင်း လိုက် သည်။

****-----**---***----***-----------------

နေ့လယ်ပိုင်းရောက်တော့ ဦးအောင်ဘ ကိုခေါ်ဆို အမိန့်ပြန်တမ်း ရွတ်ပေး  ...  .အမျှပေးဝေပြီး နေ့လည်နေ့ခင်း အိပ်ချင်လာသဖြင့် အိမ်လေးရဲ့ ကွက်ပျစ်ပေါ် အိပ်နေလိုက်သည်။

မည်မျှ အိပ်ပျော်သွားသည်မသိ...........
"ဆရာ.ဆရာ "ဟု နိုးလာသော အသံကြားမှ ထကြည့်လိုက်ရာ သစ်လွင်တောက်ပ သောအဝတ်အစား များဖြင့်ကြည်လင ်ပြုံးပြ နေသောရုံးစောင့်ကြီး....

"ရုံးစောင့်ကြီးကိုး"

" ဆရာ.. ကျွန်တော် သွားတော့မယ်..လွတ်လပ်သွား ပြီအနှောင်အဖွဲ့တွေ မရှိတော့ဘူး ဆရာ့ကို လာနှုတ်
ဆက်တာ ဟုပြောရင်း စက်ဘီးလေး စီးကာ ထွက်သွားလေသည်။

"ဆရာ ဒါဆိုလာနှုတ်ဆက်သွားတာပေါ့"
"အေးကွ.. အဲ့ဒီနေ့ည ကစပြီး ငါ တခြားမြို့ကလေးပြောင်းလာတဲ့အချိန်ထိ အရိပ် အယောင်ကို မမြင်ရတော့တာ လှမျိုးရေ"

"မင်းလည်း အရာရှိ တစ်ယောက်ဖြစ်တော့မှာ ဆိုတော့မမေ့သင့်တဲ့ အရာဘဲကွ..မင်း မဖတ်ပေးလိုက် တဲ့ စက္ကန့်ပိုင်းသာ ကြာတဲ့ အမိန့်ပြန်တမ်းစာလေး တစ်ခုကြောင့်..သနားစရာ ပရလောကသားတွေကိုး..ဘဝမကုူး မကျွတ်မလွတ်ဖြစ်စေနိုင်တယ်...

ကဲကဲ..... စကားပြောလို့လည်းကောင်းလိုက်တာ မိုးချုပ်တော့မယ်..အိမ်က မဟေသီကြီးမျှော်နေလောက်ပြီ" ဟုပြောရင်း ဦးကျော်သူ တစ်ယောက်..  ကားကြီးမောင်းပြီး အိမ်ဝင်းထဲက ထွက်သွားခဲ့လေပြီ။

#toetoelay

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...