======

ကြံတောမှသည်... ရေဝေးဆီသို့..ပရလောကသားတို့ ချီတက်ကြရာ


ည(၇)နာရီလောက်မှာmazda jeep စစ်ကားတစီးဦးဆောင်ပြီးစစ်ကားTE11 ၁၅စိးနှင့်ကပရမှTE11၂၅စီး တစုတဝေးနှင့် ကြံတောကိုမောင်းတော့မှသိရပါတော့တယ်၊အင်းစိန်ကားဝင်းထဲကထွက်လာပြီး ယ ခု ဘုရင့်နောင်ဈေးနေရာရှေ.မှာကားတွေအားလုံးစုပြီး ခဏရပ်နေပါတယ်၊ ခဏနေတော့မာစဒါဂျစ်ထဲ မှ ဗိုလ်ကြီး ယူနီဖောင်းနှင့်ဆင်းလာပြီးTE11 စစ်ကားပေါ်မှအာမီရမ်၂ပုံးကို စစ်ကားယာဉ်မောင်း၎ဦး မှ မလာပြီး ကားတစီးလျှင်၂ပုလင်းစီပေးပါတယ်၊ ထိုအချိန်က ဘုရင့်နောင်ဈေးတောင်မဆောက်ရသေးဘဲ လူခြေအတော်တိတ်ပါတယ်၊


“လူဆန်.သလောက်ဘဲတက်” .....
“အားလုံးပြီးအောင်ပို.ပေးမယ်” လို.အော်ပြောလိုက်တော့မှ ကားက အိကျနေရာမှပြန်တက် လာပြီးမကြာ ခင်ကားစတင်ထွက်လာနိုင်ပါတော့တယ်၊ အဲဒီနေ.ညကားအစီး၄၀နှင့်တညလုံးအခေါက်၃၀ကျော်ပို.ပေး ရပြိးမနက်၎း၃၀ကျမှနားလိုက်ရပါတယ်၊အဲဒီလိုမျိုး၃ရက်မောင်းပေးရ ပါတယ်၊








ကြံတောသင်္ချိုင်းကနေ ရေဝေးသင်္ချိုင်းကိုပြောင်းတုံးကတွေ.ကြုံရတာကို သူငယ်ချင်းရဲ့ ဦးလေး တယောက်ပြောပြတာကိုပြန်ပြောပြပါ့မယ်၊ သူတို.ကပရမှာTE11မောင်းရတော့ တညနေ(၃)နာရီလောက် မှာ ခွဲမှူးကဒီနေ.ညဂျူတီရှိလို.ကားမောင်းသမား(၃၅)ယောက်ကိုပေးမပြန်ဘဲဝင်းထဲမှာဘဲထမင်းကျွေး လ္ဘက်ရည်တိုက်ပြီး၊ ဘာလုပ်ရမယ်ဘယ်သူမှမသိဘဲ၊

ည(၇)နာရီလောက်မှာmazda jeep စစ်ကားတစီးဦးဆောင်ပြီးစစ်ကားTE11 ၁၅စိးနှင့်ကပရမှTE11၂၅စီး တစုတဝေးနှင့် ကြံတောကိုမောင်းတော့မှသိရပါတော့တယ်၊အင်းစိန်ကားဝင်းထဲကထွက်လာပြီး ယ ခု ဘုရင့်နောင်ဈေးနေရာရှေ.မှာကားတွေအားလုံးစုပြီး ခဏရပ်နေပါတယ်၊ ခဏနေတော့မာစဒါဂျစ်ထဲ မှ ဗိုလ်ကြီး ယူနီဖောင်းနှင့်ဆင်းလာပြီးTE11 စစ်ကားပေါ်မှအာမီရမ်၂ပုံးကို စစ်ကားယာဉ်မောင်း၄ဦး မှ မလာပြီး ကားတစီးလျှင်၂ပုလင်းစီပေးပါတယ်၊ ထိုအချိန်က ဘုရင့်နောင်ဈေးတောင်မဆောက်ရသေးဘဲ လူခြေအတော်တိတ်ပါတယ်၊
ကားသမားတွေအားလုံးအရက်ကိုယ်စီသောက်ကျပြီးမသောက်တတ်တဲ့ လူ(၃)ယောက်ကိုပြန်လွှတ်လိုက်ပါတယ်။ အားလုံးအဆင့်သင့်ဖြစ်ပြီးချိန်တွင် ယာဉ်တန်းကို စတင်မောင်း လာကြရာ ကြံတောသင်္ချိုင်းထဲကိုည(၈)နာရီတိတိမှာရောက်ရှိပြီးကားအစီး၄၀လုံးတန်းစီးပြီးရပ်ထားလိုက်ပါ တယ်၊ခဏအကြာမှာ တပ်ကြပ်ကြီးတဦးမှဦးဆောင်ပြီး တသုတ်ကား၁၀စီးဆီလူခွဲပြီးမြန်မာ

သင်္ချိုင်းကနေ စပြီးကား၁၀စီးကိုတန်းစီ ထားပြီးရပ်ထားပါတယ်၊ခဏနေမာဇဒါဂျစ်ပေါ်ကနေဆင်းလာ တဲ့ဗိုလ်ကြီးကစာရွက်၂ရွက်ကိုင်ပြိး၊သင်္ချိုင်းဘက်လှည့် အမိန်.ပြန်တန်းဖတ်ပါတယ်၊ပြီးတာနှင့်တပ်ကြပ်ကြီး ကတန်းစီထားတဲ့ကား၁၀စီးရဲ့နံပါတ်တွေဖတ်ပြပြီး “အားလုံးတက်ကြ” လို.အော်ပြောလိုက်ပါတယ်၊ ကား၁၀ စီး လုံးအလွှတ်တွေဘဲမြင်ရပြီး ကားတွေတအိအိနှင့် အသံတွေကိုကြားနေရပါတယ်၊၁၀မိနစ်လောက် ရှိတော့ တပ်ကြပ်ကြီးက ဒရိုင်ဘာတွေတက်ခိုင်းလိုက်ရာပြသာနာစပါတော့တယ်၊ ရှေ.ခန်းမှာဘာမှ မမြင်ရ ဘဲ အထဲလုံးဝ ဝင်လို.မရတော့ပါ၊

ခဏနေတပ်ကြပ်ကြီးကလာပြီး "ရှေ.ခန်းမှာလူများနေတယ်တယ်၊နောက်ကိုသွား "လို.ပြောလိုက်မှ ဒရိုင်ဘာဝင်ထိုင်လို.ရပါတယ်။ ကားတွေအားလုံးစက်နိုးပြီးထွက်မလို.လုပ်တာလုံးဝထွက်လို.မရတော့ဘဲ၊ကားပေါ်မှာအလေးကြီးတင်ထားသလိုလီဗာကိုနင်းပေမဲ့လုံးဝမရွေ.ပါ၊ ကားမောင်းသမားတွေလဲအရက် ရှိန်နှင့်ဖြစ်နေပေ မဲ့ နည်းနည်းကြောက်လာပါပြီး၊ တပ်ကြပ်ကြီးကထပ်မံပြီးအော်သံထွက်လာပါတယ်၊

“လူဆန်.သလောက်ဘဲတက်” .....
“အားလုံးပြီးအောင်ပို.ပေးမယ်” လို.အော်ပြောလိုက်တော့မှ ကားက အိကျနေရာမှပြန်တက် လာပြီးမကြာ ခင်ကားစတင်ထွက်လာနိုင်ပါတော့တယ်၊ အဲဒီနေ.ညကားအစီး၄၀နှင့်တညလုံးအခေါက်၃၀ကျော်ပို.ပေး ရပြိးမနက်၄း၃၀ကျမှနားလိုက်ရပါတယ်၊အဲဒီလိုမျိုး၃ရက်မောင်းပေးရ ပါတယ်၊

 နောက်နေ.ကျတော့နောက်တစ်ဖွဲ.ကိုခေါ်ပါတယ်၊နောက်ဆုံးနေ.ကျမှပြသာနာထပ်တက်တာကို ထပ်ပြော ပါအုံးမယ်။ သုံးရက်မြောက်နေ့......(နောက်ဆုံးနေ.)မှာည(၈)နာရီလောက်ကစပြီးမောင်းပေးရာ စမောင်းတော့ အရင်ရက်ကမောင်းဘူးတော့၊ဒါလောက်မကြောက်တော့ဘဲ၊ပုံမှန်ဘဲမောင်းနေပြီး၊အလှည့်(၉)ခေါက်မြောက်မှာပြသာနာစတက်ပါတော့တယ်၊ တပ်ကြပ်ကြီးက......

“စတက်တော့“အော်လိုက်ပေမဲ့ကားကနည်းနည်းမှမလှုပ်ဘဲ၊အောက်ကိုလဲနည် းနည်းမှ အိမကျ ဘဲငြိမ်နေ ရာကားသမားရောတပ်ကြပ်ကြီးပါ အံသြပြီးမြင်သက်နေရာဘာများဖြစ်လို.လဲအမျိုးမျိုးစဉ်းစားပြီး
တယောက်ကိုတယောက်ကြည့်နေပါတော့တယ်၊ ဒါပေမဲ့ “ဒေါက် ဒေါက် ဒေါက်” တိတ်ဆိတ်ငြိမ်သက်နေ တဲ့ ညမှ အသံတိုးတိုးလေးတနေရာမှထွက်လာတာကိုဘဲကြားနေရပါတော့တယ်။

(၁၀)မိနစ်လောက်ငြိမ်ပြီးနားထောင်နေပြီး၊ကျန်နေတဲ့ဒရိုင်ဘာ၊နှင့်စည်ပင်ဝန်ထမ်းတွေလဲအံသြနေပြီး၊ဘာလုပ်ရမှန်းမသိဘဲ၊ကြောက်ရွံတဲ့မျက်နှာ ကိုယ်စီဖြစ်နေပါတော့တယ်။

အဲဒီအချိန်မှာတပ်ကြပ်ကြီးကဘာကိုစဉ်းစားမိလဲမသိဘဲ၊မီးသဂြိုလ်စက်မှာတာဝန်ကျတဲ့ စည်ပင်ဝန်းထမ်း အား ခုံတခုံလောက်အမြန်ရှာပေးခိုင်းလိုက်ရာ ဝန်ထမ်းလေးက အခေါင်းတင်တဲ့ လေးချောင်းထောက် တခုယူလာပြီးပေးလိုက်ရာ၊ တပ်ကြပ်ကြီးကTE11 နောက်ဖုံးဖွင့်ထားရာအရှေ.သို... သွားထားလိုက်တော့မှ “ဒေါက်ဒေါက်ဒေါက်” အသံပျောက်သွားပြိး၊မကြာခင်ကားလဲအနည်းငယ်အိကျလာပါတော့တယ်၊

အမှန်မှာတပ်ကြပ်ကြီးက ဝိညာဉ်တွေထဲမှဒုက္ခတတွေကိုထည့်မတွက်မိဘဲ၊သတိမထားမိဘဲခြေကျိုးလက်ကျိုးတွေက မတက်နိုင်ဘဲအောက်မှာ တဒေါက်ဒေါက်နှင့်ဖြစ်နေခြင်းဖြစ်ကြောင်းပါတဲ့ခင်ဗျား...။

Credit - From Myanmar Cyber Media Forum

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...