======

တပ်မတော်ပိုင် လေယာဉ် ပျက်ကျမှု သတင်းအပြည့်အစုံ



လေယာဉ်​အမှုထမ်း(၁၄)ဦး
လူကြီး..............(၉၀)ဦး
က​လေး ............(၁၅)ဦး
စုစု​ပေါင်း..........(၁၁၉)ဦး
အသက်​ရှင်​သူ(၂၃)ဦး​ ​ရေထဲမှ ကယ်​ဆယ်​နိုင်
အ​လောင်း(၉၃)​လောင်းရှာ​ဖွေ​တွေ့ရှိ​နေဟု သတင်းရရှိ
(Crd : The Ladies News.)

တပ်မတော်လေယာဉ် မပျက်ကျမီ ဂတ်စ်အိုးပေါက်ကွဲခဲ့
မြိတ်လေတပ်အခြေစိုက်စခန်းမှ ရန်ကုန်သို့  ဦးတည်ပျံသန်းလာပြီး ထားဝယ်အကျော် ကျောက်နီမှော်တွင် ပျက်ကျသွားခဲ့သည့် တပ်မတော်လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းမှာ ဂတ်စ်အိုးပေါက်ကွဲမှု့ ကြောင့်ဖြစ်နိုင်သည်ဟု ယူဆကြ
ကြောင်း သိရသည်။
ယနေ့ ဇွန် ၇ ည ၈နာရီအချိန်
သတင်းရင်းမြစ်များထံမှ နောက်ဆုံးရရှိသည့် သတင်းများအရ ရွှေ့ ပြောင်းတပ်မတော်သားမိသားစုဝင်များ
သယ်ဆောင်လာခဲ့သည့်  ဂတ်စ်အိုးတစ်လုံးမှာ
လေယာဉ်ပျံသန်းနေစဉ် ပေါက်ကွဲခဲ့သည်ဟု
 အသက်ရှင်လွတ်မြောက်လာသူများက ပြန်လည်ပြောကြားခဲ့ကြောင်း The Ladies News ၏ စုံစမ်း
ဆက်သွယ်မေးမြန်းမှုများအရ သိရှိရပါသည်။
အဆိုပါဖြစ်စဉ်ကိုသီးခြားအတည်ပြုနိုင်ရန် တာဝန်ရှိသူအချို့ ကို ဆက်သွယ်ခဲ့သော် လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။
အလားတူ လေယာဉ်ပျံသန်းမှုကို မှတ်တမ်း တင်ထားသည့် Black Box ကို ရှာတွေ့ ခြင်း ရှိမရှိကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
The Ladies News
ပျက်ကျတပ်မတော်လေယာဉ်မှ အသက်ရှင်သူ ၃ ဦးနှင့်
အလောင်း ၉၃ လောင်းကို ကနဦး ရှာဖွေ တွေ့ ရှိထား
-- ------- --------- ------- -------
ပျက်ကျသွားသည့် တပ်မတော်လေယာဉ်နှင့်ပတ်သက်၍
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင်
အသက်ရှင်ကျန်ရစ်သူ ၃ ဦးနှင့် အလောင်း ၉၃ လောင်းကို
ကနဦး ရှာဖွေတွေ့ ရှိထားကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်နေကြောင်း The Ladies News မှ စုံစမ်းသိရှိရပါသည်။
The Ladies News

တပ်မတော်လေယာဉ် ပျက်ကျကြောင်း အတည်ပြု
ပျောက်ဆုံးနေသည့် ခရီးသည် ၁၀၀ ကျော်ပါ Y 8 အမျိုးအစား တပ်မတော် လေယာဉ်သည် ထားဝယ်ကမ်းရိုးတန်း ကျောက်နီမှော် အနီးတွင် ပျက်ကျသွားခြင်း ဖြစ်သည်ဟု အတည်ပြုလိုက်ကြောင်း The Ladies News မှ စုံစမ်းသိရှိရသည်။
လေယာဉ် အပျက်အစီးအစိတ်အပိုင်း များကိုလည်း တွေ့ရှိထားပြီ ဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူ ရှိ၊မရှိကို ဆက်လက် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
Credit:The Ladies News Journal
ပျောက်ဆုံးနေသည့် တပ်မတော်ပိုင် လေယာဉ်တွင် စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးတို့ ပါဝင်ကြောင်း ထပ်မံထုတ်ပြန်
ပျောက်ဆုံးနေသည့် တပ်မတော် (လေ) မှ လေယာဉ်တွင် စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးတို့ ပါဝင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထပ်မံထုတ်ပြန်ခဲ့သည်။
အဆိုပါ ပျောက်ဆုံးလေယာဉ်သည် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများ နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀) တစ်စီးသည် မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအ၀င် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်ခန့်တွင် ရန်ကုန်မြို့သို့ အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ ၁ နာရီ ၃၅ မိနစ်၌ ထားဝယ်မြို့၏ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ရုတ်တရက်ဆက်သွယ်မှု ပြတ်တောက်ခဲ့သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပျောက်ဆုံးလေယာဉ်နှင့် နောက်ဆုံးအဆက်အသွယ်ရရှိသည့် နေရာတစ်ဝိုက်သို့ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၄ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် အဆိုပါ Y-8-200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#Eleven_News_Update - 6:00 PM (7 June 2017)
ပျောက်ဆုံး နေတဲ့ လေယာဉ်ကို တပ်မတော် လေယာဉ်၊
ရေယာဉ်တွေကို အသုံးပြုပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေ
မြိတ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေး လေယာဉ်တစ်စင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အတည်ပြု ထုတ်ပြန် ပါတယ်။
Y-8 အမျိုးစား ပို့ဆောင်ရေး လေယာဉ်ဟာ ဒီကနေ့ (ဇွန်လ ၇ ရက်)နေ့လည် ၁ နာရီခွဲကျော် အချိန်က၊ ထားဝယ်မြို့ အနောက်ဘက် မိုင် ၂ဝ ဝန်းကျင်မှာ ရုတ်တရက် အဆက်အသွယ် ပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။
အဲဒီ လေယာဉ်ပေါ်မှာ လူ ဘယ်နှစ်ဦး လိုက်ပါလာတယ် ဆိုတာကို ထုတ်ပြန်ချက်ထဲ ဖော်ပြ မထားပါဘူး။
အေဂျင်စီ သတင်း တချို့ကတော့ လေဆိပ် သတင်းရစ်မြစ်တွေကို ကိုးကားပြီး လူ ရာကျော် လိုက်ပါ သွားတယ် ဆိုပြီး ဖော်ပြ နေပါတယ်။
အခုအခါ ပျောက်ဆုံး နေတဲ့ လေယာဉ်ကို တပ်မတော် လေယာဉ်၊ ရေယာဉ်တွေကို အသုံးပြုပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန် ထားပါတယ်။
ခရီးသည် ၁၀၀ ခန့် လိုက်ပါသွားသည့် တပ်မတော် (လေ) မှ လေယာဉ်တစ်စင်း မြိတ်မှ ရန်ကုန်သို့ ထွက်ခွာစဉ် ပျောက်ဆုံးနေ
တပ်မတော် (လေ) မှ Y-8 လေယာဉ်တစ်စီစင်းသည် ယနေ့ (ဇွန်လ ၇ ရက်) မွန်းလွဲပိုင်းက မြိတ်လေတပ်စခန်းဌာနချုပ်မှ ရန်ကုန်သို့ ထွက်ခွာလာပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေယာဉ်ပေါ်တွင် တပ်မတော်မိသားစု ၁၀၀ ခန့် လိုက်ပါသွားပြီး ပျောက်ဆုံးလေယာဉ်အား ATR လေယာဉ်နှစ်စီးဖြင့် ရှာဖွေကယ်ဆယ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။
#Eleven_Breaking_News
(သတင်းအဆက် တင်ပေးမည်)
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် တစ်စီးပျောက်ဆုံး
နေပြည်တော်၊ ဇွန် ၇
ယနေ့ ဇွန် ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများ နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀) သည် စစ်သည်/မိသားစု ၁၀၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအ၀င် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာ ပျံသန်းခဲ့သည်။ အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။
နောက်ဆုံးအဆက်အသွယ်ရရှိသည့်နေရာမှာ မြောက်လတ္တီတွဒ် ၉၈.၀၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃.၄၈ ဒီဂရီဖြစ်ပြီး ယင်းနေရာတစ်ဝိုက်နှင့် လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်၌ မြေပြင်တပ်များ၊ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၆ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၃ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်ဆဲဖြစ်သည်။
အဆိုပါ Y-8-200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...