======

လေယာဉ်ပျက်ကျမှု နဲ့ ရောပြီး ဝေဖန်ပြောဆိုခံနေရတဲ့ ဝတ်မှုံရွှေရည်

ခုတ်ရာ တစ်ခြား ရှရာတစ်ခြားဖြစ်သွားတယ်ဆိုတဲ့ ဝတ်မှုံရွှေရည်
အကယ်ဒမီ ဝတ်မှုံရွှေရည် က သူမရဲ့ Fan Page မှာ စတေးတပ်တခု Copy ယူပြီးတင်လိုက်လို့ ပရိတ်သက်တွေ ဝေဖန်မှုတွေခံရပါတယ် သူမကတော့ 'စိတ်လေပါတယ် ခုတ်ရာ တစ်ခြား ရှရာတစ်ခြား FB ကြီးရယ်🙄🙄🙄 တော်ပြီ နောက်ဆို ဘာမှshare တာ့ပါဘူးကြောက်ပါပြီ 😩 ဆိုပြီး သူမရဲ့ Page မှာ ပြန်တင်ထားပါတယ် ဝေဖန်မှုတွေခံလိုက်ရတဲ့ ပိုစ့်ကို အောက်မှာ ဖတ်နိုင်ပါတယ်။
-----
ဒိုင်း ! 
သေနတ်​သံအဆုံး ​လေဆိပ်​မှာ လူတစ်​​ယောက်​လဲသွားတယ်​ .... အသက်​မရှိ​တော့ဘူး....
" ​​ကောင်းတယ်​ ​သေမှ​အေးတယ်​ သူက ဟိုဘက်​က ဟိုဘာသာဝင်​​လေ ဝမ်းသာတယ်​ ​သူ မရှိ​အေးတယ်​ " 
(လူတစ်​စုရဲ့​ ဝမ်းသာအားရ​အော်​သံ )
.......
လေယာဉ်​တစ်​စီး​ပျောက်​​နေတယ်​ လူအများစုစိတ်​ပူ​နေကြတယ်​... အစိုးရက အသည်းအသန်​ရှာ​နေတယ်​... 
ဟော​ .... ​တွေ့ပြီ.... ပျက်​ကျသွားခဲ့တာပဲ... အ​လောင်း​တွေအများကြီးပဲ .....
"​ကောင်းတယ်​ ​သေမှ​အေးတယ်​... သူတို့က ဟိုမိသားစုဝင်​​တွေ​လေ ဟိုမျိုးဆက်​ကုန်​မှ​အေးတယ်​ သူတို့မရှိ​လေ​အေး​လေပဲ ဝမ်းသာတယ်​ "
(လူတစ်​စုရဲ့ ဝမ်းသာအားရ​အော်​သံ)
......
ဒီ​နေ့​တော့ ပရိတ်​သတ်​အားလုံးကိုယ်​စား ​ရွှေတိဂုံဘုရားမှာ စတုဒိသာလှုဖြစ်​ပါတယ်​ ပရိတ်​သတ်​ကြီးသာဓု​ခေါ်ပါ.... (cele တစ်​​ယောက်​ရဲ့ အလှူပို့စ်​ )
"အလကား​စောက်​ပို​တွေလုပ်​​နေတာ... တကယ်​လို​နေတဲ့ မိဘမဲ့က​လေး​ကျောင်း​တွေအများကြီး ... အဲမှာမလှုပဲ ဘုရား​ပေါ်တက်​စတုဒိသာ​ကျွေးတယ်​တဲ့ မ​ယောင်​ရာဆီလူး​နေကြတဲ့ဟာ​တွေ ... "
(လူတစ်​စုရဲ့ အလှုသာဓု​ခေါ်သံမဟုတ်​တဲ့ အသံ)
.....
တကယ်​​တော့ အဲလူတစ်​စုက ဘယ်​ပါတီဝင်​မှမဟုတ်​သလို ဘယ်​မိသားစုဝင်​မှလည်း မဟုတ်​ပါဘူး... နိုင်​ငံအတွက်​မ​ပြောနဲ့ ကိုယ့်​အတွက်​​တောင်​ ​နောင်​​​ရေး​ဖြောင့်​ဖြူး​သေးတဲ့လူ​တွေ မဟုတ်​ပါဘူး....သူတို့ဘဝအတွက်​ထက်​ သူတစ်​ပါးကို​ဖောင်းထုလိုက်​ရမှ ​ကျေနပ်​တဲ့သူ​တွေပါ....
ဘယ်​အစိုးရတက်​တက်​ ဆဲမယ်​ ... ဘယ်​နာ​ရေး​တွေ့​တွေ့ကန့်​လန့်​တိုက်မယ်​... ဘယ်​မင်းသမီး​တွေ့​တွေ့ မကြားဝံ့မနာသာဆဲမယ်​ ဆိုတဲ့ လူတန်းစားပါ..
ဲ့၁၅၀၀ တန်​ sim ကတ်​စ​ပေါ်မှ facebook ​ပေါ်​ရောက်​လာတဲ့ လူတန်းစားပါ.... မသုံးဖူးမကြားဖူး မမြင်​ဖူး​တော့ ဆဲလို့လည်း သိပ်​​ကောင်း​နေကြတုန်းပါ... ဒါ​ပေမယ့်​ ကိုယ်​တိုင်​ရိုက်​ ​ချောင်းရိုက်​ ရိုက်​ချင်​သလိုရိုက်​​တွေကို​တော့ ကွယ်​ရာမှာ မသိမသာခိုးခိုး​ဒေါင်းရင်း လူအများ​ရှေ့မှာ မြန်​မာမှုကိုချစ်​မြတ်​နိုးပြတတ်​ကြတဲ့ လူတန်းစားတစ်​ရပ်​ပါ....
"ဝစီ​ဗေဒ ထိတိုင်းရှ"တဲ့ ....
အ​ပြောခံရတဲ့လူ​တွေ သူတို့မိသားစု​တွေက ​နေကြ​ပေမယ့်​ ကိုယ့်​အကုသိုလ်​ကမ​နေဘူး​နော်​ .... မ​သေခင်​ကြုံမလား ​သေပြီးမှကြုံမလား သာ မ​သေချာတာ... ​သေတဲ့ထိ လှ​လှ​လေး​​သေသွားတဲ့ အလှဆုံးမသာဆိုတာ ဘယ်​သူမှ မရှိဘူး​နော်​ .... စိတ်​​ကောင်း​လေး​တွေ ​မွေးတတ်​ကြရင်​​ကောင်းမယ်​ ....
#Y8 ​လေယာဉ်​ပျက်​ကျတာကို ဝမ်းသာ​နေကျတဲ့သူ​တွေကို မြင်​ပြီး ​ညှိုးငယ်​​သောစိတ်​ထားနဲ့ ​ရေးဖြစ်​တာပါ...
တကယ်​စိတ်​မ​ကောင်းပါဘူး 😢
Credit # June Thone








Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...