======

ျမန္မာႏိုင္ငံကုိ သိမ္းဖို႔ၾကံ တဲ႔ ရုရွားသမၼတပူတင္ ....ဒါေပမဲ့ ဒီတိုင္းတက္သိမ္းလို႔မရ


ရရွားသမၼတပူတင္ ျမန္မာႏိုင္ငံကုိ သိမ္းဖို႔ၾကံတယ္ ဒါေပမဲ့ ဒီတိုင္းတက္သိမ္းလို႔မရဘူး
စစ္ဗ်ဴဟာ အတြက္ နယ္ေျမအေျခအေနကုိ ကြင္းဆင္းေလ့လာဖို႔လိုတယ္ေလ။ အရင္ဆုံး မသိမ္းခင္ သူလွ်ိဳတစ္ေယာက္ ကုိ ျမန္မာစကားသင္ေပးျပီးလႊတ္လိုက္တယ္ ..ဒါေပမဲ့ ဟုိငတိက ရန္ကုန္ေလဆိပ္ေရာက္တာနဲ႔ ေရနစ္ေသသြားတယ္…။

အဲ့ဒီ့သတင္းၾကားေတာ့ ပူတင္လန္႔သြားေလရဲ႕ ဟုတ္တယ္ေလ ဘယ္ႏိုင္ငံက ေလဆိပ္ေတြမွာ ေရတြင္းေရကန္ေတြ တူး ထားလို႔တုန္း လႊတ္လိုက္တဲ့ သူလွ်ိဳကလည္းေပါ့ေသးေသးမဟုတ္ အေရးၾကီးတဲ့ ႏ်ဴကလီးယား မစ္ရွင္ေတြကုိေတာင္ ေဆာင္ရြက္ႏိုင္တဲ့သူ အခုဟာက ရန္ကုန္ေလဆိပ္ေရာက္မွ ေရနစ္ေသရတယ္လို႔ ပူတင္ေပါက္ကြဲျပီး ေတာက္တစ္ခ်က္ေ ခါက္လိုက္တယ္ ။

“ေတာက္…..” တစ္ခန္းလုံး ပူတင္ရဲ႕ေတာက္ေခါက္သံ လႊမ္းမိုးသြားတယ္ ေဘးမွာရွိတဲ့ဗိုလ္ခ်ဳပ္ၾကီးေတြကအစ ဘာမွ ၀င္မေျပာရဲဘူး ပူတင္ကပဲ ဆက္ျပီး “ဒီအတိုင္းဆိုရင္ေတာ့ မျဖစ္ေတာ့ဘူး ငါတို႔လႊတ္လိုက္တဲ့ သူလွ်ိဳမွန္းသိလို႔ တမင္ေထ၄ာင္ေခ်ာက္ဆင္ လုပ္ၾကံလိုက္တာျဖစ္မယ္ ။

ေနာက္ထပ္ အေတာ္ဆုံး သူလွ်ိဳသုံးေယာက္ေရြးျပီး ထပ္လႊတ္ကြာ” “ရက္စ္…ဆာ” ရရွားႏိုင္ငံရဲ႕ အေတာ္ဆုံး သူလွ်ိဳ သုံးေယာက္ျဖစ္တဲ့ အာဘရန္ရယ္၊အဲဗက္ရယ္ အလက္စီရယ္ကုိ ေရြးခ်ယ္ျပီး ပူတင္ေခၚေတြ႕တယ္…။

“မင္းတို႔ သြားရမယ္လမ္းက ခက္ခဲမယ္ ၾကမ္းတမ္းမယ္ ဘာပဲ ျဖစ္ျဖစ္ဒီမစ္ရွင္ကုိ ေအာင္ျမင္ေအာင္လုပ္ခဲ့ပါ” “ရက္စ္..ဆာ” သုံးေယာက္သား ကုိယ့္အထုပ္ကုိယ္သယ္ရင္း ရန္ကုန္ကုိ ေလယာဥ္နဲ႔ထြက္လာၾကတယ္။

ေလယာဥ္ဆိုက္ဆိုက္ျခင္း အဲလက္စီက အရင္ဆုံး ေလယာဥ္ေပၚကရုိးရုိးမဆင္းပဲ ဂြ်မ္းျပန္ခုန္ဆင္းတယ္ “ပလုံ…” ထူးဆန္းတဲ့အသံေၾကာင့္ က်န္တဲ့ႏွစ္ေယာက္သား အေပါက္၀ကေန ေအာက္ငုံၾကည့္တယ္ ။

“အိုးမိုင္ေဂါ့..” “အုိ႔စ္..ရွစ္” ေရကဘယ္ေလာက္ နက္လည္းမသိဘူး အဲလက္စီ ခုန္ခ်တာ အသံပဲၾကားလိုက္တယ္ လူေတာင္မျမင္လိုက္ရဘူး ဆုံးဆုံးျမဳပ္သြားတာ ႏွစ္ေယာက္သား မ်က္လုံးျပဴး မ်က္ဆံျပဴးနဲ႔ လန္႔သြားတယ္ ။
မလန္႔ပဲမေနႏိုင္ရုိးလား ေလယာဥ္က ကုန္းေပၚမွာဆိုက္မယ္ထင္ေနတာ အခုကေရေပၚမွာဆိုက္တာ ေလဆိပ္ေတာင္ ရုိးရုိးေလဆိပ္ မဟုတ္ဘူး ေရေပၚေလဆိပ္ ႏွစ္ေယာက္သား ပါးစပ္ေဟာင္းေလာင္းနဲ႔ ဘာေျပာရမွန္းမသိ ဟုတ္တယ္ေလ ရရွားမွာေတာင္ ေရေပၚေလဆိပ္မေပၚေသးဘူး ..။

အခုဟာကျဖင့္…… ႏွစ္ေယာက္သား ေၾကာင္ေတာင္ေတာင္နဲ႔ ေလယာဥ္အေပါက္၀မွာ မတ္တပ္ရပ္ေနတုန္း ခရီးသည္ေ တြကုိ ၾကိဳဖို႔ ေလွေတြေရာက္လာတယ္ ။ ဒင္းတို႔လည္း ေၾကာင္ေတာင္ေတာင္နဲ႔လိုက္သြားရွာတယ္ ။ အနည္းဆုံးေတာ့ ပထမတစ္ေယာက္ဘယ္လိုေသလည္းဆိုတာေတာ့သိရျပီ ေရေပၚေလဆိပ္ထဲေရာက္တာနဲ႔ ရရွားကုိ ေလဆိပ္အေၾကာင္း သတင္းလွမ္းပုိ႔တယ္ ။



သတင္းလည္းရေရာ ပူတင္အေမပါ ေလတစ္ျခမ္းျဖတ္သြားတယ္ ။ ဟုတ္တယ္ေလ ေရေပၚေလဆိပ္ဆိုတာ ကုိယ္ေတြေ တာင္ မေတြးဘူးတဲ့ အိုင္ဒီယာ ဒင္းတို႔က ေရေပၚေလဆိပ္ေတာင္ပိုင္ေနျပီဆိုေတာ့ ဘယ္ေလာက္ေတာင္ တိုးတက္ေ နျပီလည္း မသိဘူး စစ္တိုက္ရႏိုးႏိုး မတိုက္ရႏိုးႏိုး ျဖစ္ကုန္ျပီ …။

မထူးပါဘူး သတင္းဆက္ယူတာပဲေကာင္းမယ္ ရန္ကုန္ေလဆိပ္ထဲက ငတိႏွစ္ေကာင္က တာ၀န္ခြဲယူလိုက္တယ္ ။ တစ္ေ ယာက္က မႏၱေလးကုိ ေထာက္လွမ္းမယ္ တစ္ေယာက္က ရန္ကုန္ကုိ ေထာက္လွမ္းမယ္ ျပီးရင္ အေျခအေန သတင္းပုိ႔ မစ္ရွင္လည္း ေအာင္ျမင္ ေအးေဆးအိမ္ျပန္ အစီစဥ္က အာလုံးကြက္တိ အုိေက စုိေျပျပီးသားပဲ အာဘရန္က မန္းေလးကုိ ေထာက္လွမ္းဖို႔ ျမန္မာေလေၾကာင္းနဲ႔ မန္းေလးဆင္းတယ္…

ကံဆိုးခ်င္ေတာ့ သူထိုင္တဲ့ ခုံကမုိးယုိေနတယ္ ေလယာဥ္က လူျပည့္ေနေတာ့ ေနရာလည္း လဲလို႔မရ လိုင္းကားလိုလည္း တြယ္စီးလို႔ မရနဲ႔ သည္းခံရင္းစီးတာ အဲကြန္းကေအးလိုက္ မိုးကယုိလိုက္နဲ႔ ေနာက္ဆုံး မႏၱေလးကုိ ဦးေႏွာက္ေသြးခဲျပီး ေတာင့္ေတာင့္ၾကီးေရာက္သြားတယ္။

ေလေၾကာင္းလိုင္းကေတာ့ တာ၀န္ေၾကရွာပါတယ္ အာဘရန္ မိသားစုကုိ ၀မ္းနည္းေၾကာင္း သ၀န္လႊာေပးပို႕တယ္။ သ၀န္ လႊာရေတာ့ ပူတင္ ဘယ္လုိမွ သည္းမခံႏိုင္ေတာ့ဘူး ေဒါသေတြ ငယ္ထိပ္တက္ျပီး အစည္းေ၀ခန္းထဲမွာ အီးေတြလႊတ္ေပါ က္ေတာ့တာ ဘယ္ႏွယ့္ ေလယာဥ္က မိုးယုိရတယ္လို႔ .. ျပီးေတာ့ ေရငုတ္သေဘာၤေတြ ေလယာဥ္ေတြ အသင့္ျပင္ျပီး ေနာက္ဆုံးတစ္ေယာက္ သတင္းကုိေစာင့္ေနတယ္ ။

အဲဗက္တစ္ေယာက္ကေတာ့ ရန္ကုန္ျမိဳ႕ထဲမွာ ေလွတစ္စီးနဲ႔ ပါးစပ္ေလးဟျပီး ေလွ်ာက္ၾကည့္ေနရွာတယ္။ သူ႔ခဗ်ာ အံၾသလို႔ကုိမဆုံးႏိုင္ဘူး တစ္ျမဳိ႕လုံး ေရေပၚတိုက္ေတြ ေရေပၚေစ်းေတြ YBS လို ေရငုတ္သေဘာၤေတြကလည္း ေနရာအႏွံ႕ အံၾသေနလို႔ေတာ့ မျဖစ္ဘူးဆိုျပီး သတင္းပုိ႔ဖုိ႔ ေရေပၚဟုိတယ္ တစ္ခုမွာအခန္းယူတယ္…. ။

ပါလာတဲ့ေလွေလးကုိေတာ့ ဟုိတယ္ေအာက္မွာပဲ ၾကိဳးေလးနဲ႔ခ်ည္ထားလုိက္တယ္ ။ အခန္းထဲေရာက္ပါမွ အိတ္ထဲက လတ္ေတာ့ပ္ေလးကုိ ထုတ္ျပီး သတင္းပုိ႔ဖို႔လုပ္တယ္ ။

လတ္ေတာ့ပ္ဖြင့္လိုက္ေတာ့ အားက 1% ပဲရွိေတာ့တယ္ အားသြင္းမယ္ဆိုျပီး အားသြင္းၾကိဳးကုိထုတ္တယ္ ပလပ္ေပါ က္မွာတပ္ျပီး ခလုပ္ေလးႏွိပ္လိုက္တယ္ “လခြမ္းထဲမွာ မီးမလာဘူးဟ” ၾကယ္ငါးပြင့္ ေရေပၚဟုိတယ္မွာေတာင္ မီးမလာ ဘူးဆိုေတာ့ အဲဗက္တစ္ေယာက္ စိတ္ညစ္သြားတယ္…

မထူးဘူးဆိုျပီး ရွိတဲ့အားနဲ႔ပဲ YBS ေရငုတ္သေဘာၤေတြအေၾကာင္း ၊ေရေပၚတိုက္ေတြ အေၾကာင္း၊ေရေ ပၚရွပ္ေျပး ရထားေတြအေၾကာင္း ေမးလ္လွမ္းပုိ႔လိုက္တယ္။

စိတ္ညစ္ညစ္နဲ႔ အဲဗက္တစ္ေယာက္ ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္ေတာ့ ေလွသူခိုး ဟုတ္တယ္ ေလွသူခိုးမွ ေလွသူခိုး အဲဗက္ေအာက္မွာ ခ်ည္ထားတဲ့ေလွကို ၾကိဳးျဖဳတ္ျပီး အမွန္အကန္ ေလွာ္ေနတာ အဲဗက္ ေဒါသ အေတာင့္လို က္ထြက္သြားတယ္ ။

ေရာက္ကတည္းက ဘာမွ အဆင္မေျပရတဲ့အထဲ ေလွသူခိုးက တစ္ေမွာင့္ ေဒါသတၾကီးနဲ႔ ေအာက္ေျပးဆင္းတယ္ ေအာက္ေရာက္ေတာ့ ေရက်ေနတာနဲ႕ ေရထဲကေန လမ္းေလ်ာက္ျပီး ေလွအေနာက္ကုိ လိုက္တယ္။ သိပ္မေလ်ာက္ လိုက္ရပါဘူး ဆယ္လွမ္းေလာက္ပဲေလ်ာက္ရေသးတယ္ ေရေျမာင္းေပါက္ထဲ ကြ်ံက်သြားတယ္ ဒါေပမဲ့ မေသဘူး အဲဗ က္ေရကူးတက္တယ္။

အဲဗက္ေရကူးျပီး ျပန္တက္လာတယ္ ေရမႊန္းေနေတာ့ ခဏနားမယ္ဆိုျပီး လမ္းလယ္က အ၀ါေရာင္ ေဘာေတြစီ ကူး သြားတယ္ ။ ေဘာေပၚေရာက္ေတာ့ ေဘာေဘးက ဓါတ္တိုင္ကုိ မီးမလာလို႔ အႏၱရာယ္မရွိဘူးထင္ျပီး သြားမွီတယ္ အဲ့ဒီမွာ ဓာတ္လိုက္ျပီး ေသတာပဲ…. ေနာက္ဆုံးတစ္ေယာက္ သတင္းလည္းၾကားေရာ ပူတင္တစ္ေယာက္ သည္းမခံႏိုင္ေတာ့ဘူး ဘယ္ႏွယ့္ မီးျပတ္ေနတာေတာင္ ဓာတ္လိုက္တယ္ဆိုေတာ့ မီးအားက ဘယ္ေလာက္ထိေတာင္ေကာင္းေနလို႔တုန္း ပူတင္လက္ေနာက္ပစ္ျပီး ေခါက္တုန္႔ ေခါက္ျပန္ေလွ်ာက္ရင္းစဥ္းစားတယ္ ။

ေနာက္ဆုံး သူကုိယ္တိုင္ ေရငုတ္သေဘာၤစစ္တပ္ကုိ ဦးေဆာင္ျပီး ရန္ကုန္ျမစ္ကတစ္္ဆင့္ ျမိဳ႕တြင္းကုိ သိမ္းပုိက္ ဖို႕လုပ္ တယ္ ။ ရန္ကုန္ျမိဳ႕ထဲ ၀င္ခါစ ရွိေသးတယ္ ပူတင့္ေဘးက သေဘာၤေတြအားလုံး ေရေတြ၀င္ျပီး ျမဳပ္ကုန္တယ္ ဘယ္သူမွ လည္း မပစ္ပဲနဲ႔ ေရ၀င္ျပီး ျမဳပ္ကုန္ေတာ့ သေဘာၤသားေတြလည္း ေသြးပ်က္ျပီး ေဆာက္တည္ရာမရျဖစ္ကုန္ျပီ ပူတင္ သူ႕သေဘာၤကလူေတြကုိ အားတက္စကားေျပာတယ္။

သေဘာၤသားေတြအားလုံး ေသြးနည္းနည္းျပန္ရဲရုံရွိေသးတယ္ သေဘာၤက တစ္ခုခုနဲ႔ တိုက္မိသလုိ လႈပ္သြားတယ္ အျဖစ္ အပ်က္က တိုက္တန္းနစ္ထက္ဆိုးတယ္ တိုက္မိတာမွ Slow down ဂုံးနဲ႕တိုက္မိတာ ေရငုတ္သေဘာၤ ၀မ္းဗိုက္ပြင့္ျပီးေ တာ့ ေရေတြ၀င္လာတယ္

ေျပးတဲ့သူကေျပး ငုိတဲ့သူကငုိနဲ႔ ပူတင္ကေတာ့ ေသြးမပ်က္ပဲ နာရီေလးၾကည့္ရင္း မ်က္စိမွိတ္လိုက္တယ္ ေသမဲ့ေဘး ေျပးေတြ႔မယ္ဆိုတဲ့ သေဘာ ေနာက္ဆုံးရင္ဘတ္ထိ ေရေတြတက္လာေတာ့ ပူတင္တစ္ေယာက္ ရာဇ၀င္တြင္မဲ့ စကားၾကီး ငါးခြန္းကုိ တစ္လုံးခ်င္းေျပာခဲ့တယ္…… “လိ့ထဲမွပါကြား”

Credit . စေနေမာင္ငိုး
Viaသန္​႔ဇင္​ဝင္​း / လမ္​းျပၾကယ္​ျဖဴ
ZN.H
Source : https://www.facebook.com/zarni.htike

Unicode
ရရှားသမ္မတပူတင် မြန်မာနိုင်ငံကို သိမ်းဖို့ကြံတယ် ဒါပေမဲ့ ဒီတိုင်းတက်သိမ်းလို့မရဘူး

စစ်ဗျူဟာ အတွက် နယ်မြေအခြေအနေကို ကွင်းဆင်းလေ့လာဖို့လိုတယ်လေ။ အရင်ဆုံး မသိမ်းခင် သူလျှိုတစ်ယောက် ကို မြန်မာစကားသင်ပေးပြီးလွှတ်လိုက်တယ် ..ဒါပေမဲ့ ဟိုငတိက ရန်ကုန်လေဆိပ်ရောက်တာနဲ့ ရေနစ်သေသွားတယ်…။

အဲ့ဒီ့သတင်းကြားတော့ ပူတင်လန့်သွားလေရဲ့ ဟုတ်တယ်လေ ဘယ်နိုင်ငံက လေဆိပ်တွေမှာ ရေတွင်းရေကန်တွေ တူး ထားလို့တုန်း လွှတ်လိုက်တဲ့ သူလျှိုကလည်းပေါ့သေးသေးမဟုတ် အရေးကြီးတဲ့ နျူကလီးယား မစ်ရှင်တွေကိုတောင် ဆောင်ရွက်နိုင်တဲ့သူ အခုဟာက ရန်ကုန်လေဆိပ်ရောက်မှ ရေနစ်သေရတယ်လို့ ပူတင်ပေါက်ကွဲပြီး တောက်တစ်ချကေ် ခါက်လိုက်တယ် ။

“တောက်…..” တစ်ခန်းလုံး ပူတင်ရဲ့တောက်ခေါက်သံ လွှမ်းမိုးသွားတယ် ဘေးမှာရှိတဲ့ဗိုလ်ချုပ်ကြီးတွေကအစ ဘာမှ ဝင်မပြောရဲဘူး ပူတင်ကပဲ ဆက်ပြီး “ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူး ငါတို့လွှတ်လိုက်တဲ့ သူလျှိုမှန်းသိလို့ တမင်ထေ၄ာင်ချောက်ဆင် လုပ်ကြံလိုက်တာဖြစ်မယ် ။

နောက်ထပ် အတော်ဆုံး သူလျှိုသုံးယောက်ရွေးပြီး ထပ်လွှတ်ကွာ” “ရက်စ်…ဆာ” ရရှားနိုင်ငံရဲ့ အတော်ဆုံး သူလျှို သုံးယောက်ဖြစ်တဲ့ အာဘရန်ရယ်၊အဲဗက်ရယ် အလက်စီရယ်ကို ရွေးချယ်ပြီး ပူတင်ခေါ်တွေ့တယ်…။

“မင်းတို့ သွားရမယ်လမ်းက ခက်ခဲမယ် ကြမ်းတမ်းမယ် ဘာပဲ ဖြစ်ဖြစ်ဒီမစ်ရှင်ကို အောင်မြင်အောင်လုပ်ခဲ့ပါ” “ရက်စ်..ဆာ” သုံးယောက်သား ကိုယ့်အထုပ်ကိုယ်သယ်ရင်း ရန်ကုန်ကို လေယာဉ်နဲ့ထွက်လာကြတယ်။

လေယာဉ်ဆိုက်ဆိုက်ခြင်း အဲလက်စီက အရင်ဆုံး လေယာဉ်ပေါ်ကရိုးရိုးမဆင်းပဲ ဂျွမ်းပြန်ခုန်ဆင်းတယ် “ပလုံ…” ထူးဆန်းတဲ့အသံကြောင့် ကျန်တဲ့နှစ်ယောက်သား အပေါက်ဝကနေ အောက်ငုံကြည့်တယ် ။

“အိုးမိုင်ဂေါ့..” “အို့စ်..ရှစ်” ရေကဘယ်လောက် နက်လည်းမသိဘူး အဲလက်စီ ခုန်ချတာ အသံပဲကြားလိုက်တယ် လူတောင်မမြင်လိုက်ရဘူး ဆုံးဆုံးမြုပ်သွားတာ နှစ်ယောက်သား မျက်လုံးပြူး မျက်ဆံပြူးနဲ့ လန့်သွားတယ် ။
မလန့်ပဲမနေနိုင်ရိုးလား လေယာဉ်က ကုန်းပေါ်မှာဆိုက်မယ်ထင်နေတာ အခုကရေပေါ်မှာဆိုက်တာ လေဆိပ်တောင် ရိုးရိုးလေဆိပ် မဟုတ်ဘူး ရေပေါ်လေဆိပ် နှစ်ယောက်သား ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းမသိ ဟုတ်တယ်လေ ရရှားမှာတောင် ရေပေါ်လေဆိပ်မပေါ်သေးဘူး ..။

အခုဟာကဖြင့်…… နှစ်ယောက်သား ကြောင်တောင်တောင်နဲ့ လေယာဉ်အပေါက်ဝမှာ မတ်တပ်ရပ်နေတုန်း ခရီးသညေ် တွကို ကြိုဖို့ လှေတွေရောက်လာတယ် ။ ဒင်းတို့လည်း ကြောင်တောင်တောင်နဲ့လိုက်သွားရှာတယ် ။ အနည်းဆုံးတော့ ပထမတစ်ယောက်ဘယ်လိုသေလည်းဆိုတာတော့သိရပြီ ရေပေါ်လေဆိပ်ထဲရောက်တာနဲ့ ရရှားကို လေဆိပ်အကြောင်း သတင်းလှမ်းပို့တယ် ။

သတင်းလည်းရရော ပူတင်အမေပါ လေတစ်ခြမ်းဖြတ်သွားတယ် ။ ဟုတ်တယ်လေ ရေပေါ်လေဆိပ်ဆိုတာ ကိုယ်တွေေ တာင် မတွေးဘူးတဲ့ အိုင်ဒီယာ ဒင်းတို့က ရေပေါ်လေဆိပ်တောင်ပိုင်နေပြီဆိုတော့ ဘယ်လောက်တောင် တိုးတကေ် နပြီလည်း မသိဘူး စစ်တိုက်ရနိုးနိုး မတိုက်ရနိုးနိုး ဖြစ်ကုန်ပြီ …။

မထူးပါဘူး သတင်းဆက်ယူတာပဲကောင်းမယ် ရန်ကုန်လေဆိပ်ထဲက ငတိနှစ်ကောင်က တာဝန်ခွဲယူလိုက်တယ် ။ တစေ် ယာက်က မန္တလေးကို ထောက်လှမ်းမယ် တစ်ယောက်က ရန်ကုန်ကို ထောက်လှမ်းမယ် ပြီးရင် အခြေအနေ သတင်းပို့ မစ်ရှင်လည်း အောင်မြင် အေးဆေးအိမ်ပြန် အစီစဉ်က အာလုံးကွက်တိ အိုကေ စိုပြေပြီးသားပဲ အာဘရန်က မန်းလေးကို ထောက်လှမ်းဖို့ မြန်မာလေကြောင်းနဲ့ မန်းလေးဆင်းတယ်…

ကံဆိုးချင်တော့ သူထိုင်တဲ့ ခုံကမိုးယိုနေတယ် လေယာဉ်က လူပြည့်နေတော့ နေရာလည်း လဲလို့မရ လိုင်းကားလိုလည်း တွယ်စီးလို့ မရနဲ့ သည်းခံရင်းစီးတာ အဲကွန်းကအေးလိုက် မိုးကယိုလိုက်နဲ့ နောက်ဆုံး မန္တလေးကို ဦးနှောက်သွေးခဲပြီး တောင့်တောင့်ကြီးရောက်သွားတယ်။

လေကြောင်းလိုင်းကတော့ တာဝန်ကြေရှာပါတယ် အာဘရန် မိသားစုကို ဝမ်းနည်းကြောင်း သဝန်လွှာပေးပို့တယ်။ သဝန် လွှာရတော့ ပူတင် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး ဒေါသတွေ ငယ်ထိပ်တက်ပြီး အစည်းဝေခန်းထဲမှာ အီးတွေလွှတ်ပေါ က်တော့တာ ဘယ်နှယ့် လေယာဉ်က မိုးယိုရတယ်လို့ .. ပြီးတော့ ရေငုတ်သင်္ဘောတွေ လေယာဉ်တွေ အသင့်ပြင်ပြီး နောက်ဆုံးတစ်ယောက် သတင်းကိုစောင့်နေတယ် ။

အဲဗက်တစ်ယောက်ကတော့ ရန်ကုန်မြို့ထဲမှာ လှေတစ်စီးနဲ့ ပါးစပ်လေးဟပြီး လျှောက်ကြည့်နေရှာတယ်။ သူ့ခဗျာ အံသြလို့ကိုမဆုံးနိုင်ဘူး တစ်မြို့လုံး ရေပေါ်တိုက်တွေ ရေပေါ်ဈေးတွေ YBS လို ရေငုတ်သင်္ဘောတွေကလည်း နေရာအနှံ့ အံသြနေလို့တော့ မဖြစ်ဘူးဆိုပြီး သတင်းပို့ဖို့ ရေပေါ်ဟိုတယ် တစ်ခုမှာအခန်းယူတယ်…. ။

ပါလာတဲ့လှေလေးကိုတော့ ဟိုတယ်အောက်မှာပဲ ကြိုးလေးနဲ့ချည်ထားလိုက်တယ် ။ အခန်းထဲရောက်ပါမှ အိတ်ထဲက လတ်တော့ပ်လေးကို ထုတ်ပြီး သတင်းပို့ဖို့လုပ်တယ် ။

လတ်တော့ပ်ဖွင့်လိုက်တော့ အားက 1% ပဲရှိတော့တယ် အားသွင်းမယ်ဆိုပြီး အားသွင်းကြိုးကိုထုတ်တယ် ပလပ်ပေါ က်မှာတပ်ပြီး ခလုပ်လေးနှိပ်လိုက်တယ် “လခွမ်းထဲမှာ မီးမလာဘူးဟ” ကြယ်ငါးပွင့် ရေပေါ်ဟိုတယ်မှာတောင် မီးမလာ ဘူးဆိုတော့ အဲဗက်တစ်ယောက် စိတ်ညစ်သွားတယ်…

မထူးဘူးဆိုပြီး ရှိတဲ့အားနဲ့ပဲ YBS ရေငုတ်သင်္ဘောတွေအကြောင်း ၊ရေပေါ်တိုက်တွေ အကြောင်း၊ရေေ ပါ်ရှပ်ပြေး ရထားတွေအကြောင်း မေးလ်လှမ်းပို့လိုက်တယ်။

စိတ်ညစ်ညစ်နဲ့ အဲဗက်တစ်ယောက် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ လှေသူခိုး ဟုတ်တယ် လှေသူခိုးမှ လှေသူခိုး အဲဗက်အောက်မှာ ချည်ထားတဲ့လှေကို ကြိုးဖြုတ်ပြီး အမှန်အကန် လှော်နေတာ အဲဗက် ဒေါသ အတောင့်လို က်ထွက်သွားတယ် ။

ရောက်ကတည်းက ဘာမှ အဆင်မပြေရတဲ့အထဲ လှေသူခိုးက တစ်မှောင့် ဒေါသတကြီးနဲ့ အောက်ပြေးဆင်းတယ် အောက်ရောက်တော့ ရေကျနေတာနဲ့ ရေထဲကနေ လမ်းလျောက်ပြီး လှေအနောက်ကို လိုက်တယ်။ သိပ်မလျောက် လိုက်ရပါဘူး ဆယ်လှမ်းလောက်ပဲလျောက်ရသေးတယ် ရေမြောင်းပေါက်ထဲ ကျွံကျသွားတယ် ဒါပေမဲ့ မသေဘူး အဲဗ က်ရေကူးတက်တယ်။

အဲဗက်ရေကူးပြီး ပြန်တက်လာတယ် ရေမွှန်းနေတော့ ခဏနားမယ်ဆိုပြီး လမ်းလယ်က အဝါရောင် ဘောတွေစီ ကူး သွားတယ် ။ ဘောပေါ်ရောက်တော့ ဘောဘေးက ဓါတ်တိုင်ကို မီးမလာလို့ အန္တရာယ်မရှိဘူးထင်ပြီး သွားမှီတယ် အဲ့ဒီမှာ ဓာတ်လိုက်ပြီး သေတာပဲ…. နောက်ဆုံးတစ်ယောက် သတင်းလည်းကြားရော ပူတင်တစ်ယောက် သည်းမခံနိုင်တော့ဘူး ဘယ်နှယ့် မီးပြတ်နေတာတောင် ဓာတ်လိုက်တယ်ဆိုတော့ မီးအားက ဘယ်လောက်ထိတောင်ကောင်းနေလို့တုန်း ပူတင်လက်နောက်ပစ်ပြီး ခေါက်တုန့် ခေါက်ပြန်လျှောက်ရင်းစဉ်းစားတယ် ။

နောက်ဆုံး သူကိုယ်တိုင် ရေငုတ်သင်္ဘောစစ်တပ်ကို ဦးဆောင်ပြီး ရန်ကုန်မြစ်ကတစ်ဆင့် မြို့တွင်းကို သိမ်းပိုက် ဖို့လုပ် တယ် ။ ရန်ကုန်မြို့ထဲ ဝင်ခါစ ရှိသေးတယ် ပူတင့်ဘေးက သင်္ဘောတွေအားလုံး ရေတွေဝင်ပြီး မြုပ်ကုန်တယ် ဘယ်သူမှ လည်း မပစ်ပဲနဲ့ ရေဝင်ပြီး မြုပ်ကုန်တော့ သင်္ဘောသားတွေလည်း သွေးပျက်ပြီး ဆောက်တည်ရာမရဖြစ်ကုန်ပြီ ပူတင် သူ့သင်္ဘောကလူတွေကို အားတက်စကားပြောတယ်။

သင်္ဘောသားတွေအားလုံး သွေးနည်းနည်းပြန်ရဲရုံရှိသေးတယ် သင်္ဘောက တစ်ခုခုနဲ့ တိုက်မိသလို လှုပ်သွားတယ် အဖြစ် အပျက်က တိုက်တန်းနစ်ထက်ဆိုးတယ် တိုက်မိတာမှ Slow down ဂုံးနဲ့တိုက်မိတာ ရေငုတ်သင်္ဘော ဝမ်းဗိုက်ပွင့်ပြီးေ တာ့ ရေတွေဝင်လာတယ်

ပြေးတဲ့သူကပြေး ငိုတဲ့သူကငိုနဲ့ ပူတင်ကတော့ သွေးမပျက်ပဲ နာရီလေးကြည့်ရင်း မျက်စိမှိတ်လိုက်တယ် သေမဲ့ဘေး ပြေးတွေ့မယ်ဆိုတဲ့ သဘော နောက်ဆုံးရင်ဘတ်ထိ ရေတွေတက်လာတော့ ပူတင်တစ်ယောက် ရာဇဝင်တွင်မဲ့ စကားကြီး ငါးခွန်းကို တစ်လုံးချင်းပြောခဲ့တယ်…… “လိ့ထဲမှပါကွား”

Credit . စနေမောင်ငိုး
Viaသန်​့ဇင်​ဝင်​း / လမ်​းပြကြယ်​ဖြူ
ZN.H
Source : https://www.facebook.com/zarni.htike

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...