======

ကိုယ္၀န္ေဆာင္ေက်ာင္းဆရာမေလးကို သတ္လိုက္လို႔ တစ္ရြာလံုးကို ျပန္သတ္ၿပီး လက္စားေခ်တဲ့ ေၾကာက္မက္ဖြယ္ ျဖစ္ရပ္

အညာေဒသ၏ေတာရြာေလးတစ္ရြာ တြင္ ေမွာင္ေမွာင္မဲမဲနွင့္တိတ္ဆိတ္ေနေလသည္ ။ ထိုအခ်ိန္တြင္
စြဲငင္စြာအူလုိက္ေသာ ေခြးအူသံသည္ တိတ္ဆိတ္ေနေသာ ညအခ်ိန္ကုိေဖာက္ခြဲလုိက္ေလသည္။ ထုိအခ်ိန္တြင္ ရြာေတာင္ပိုင္းမွေအာ္သံနွင့္အတူ လူအမ်ားမီးဒုတ္မ်ား လက္နက္မ်ားကိုစြဲကိုင္ကာ သူၾကီးအိမ္ေရွ႕သို႕ေ၇ာက္လာၾကသည္။
“ သူၾကီး သူၾကီး ေမာင္ထုပါအံုး ထစမ္းပါအံုးဟ “ လူအမ်ား၏ေအာ္ဟစ္သံေၾကာင့္သူၾကီးသည္ ေမာင္းကို
တစ္ဒူဒူနွင့္စတင္တီးခတ္လုိက္သည္။ ထိုအခါ ရြာတစ္လံုးမွ လူမ်ားသည္ ဓားလွံလက္နက္မ်ားကိုစြဲကိုင္ကာ
သူၾကီးအိမ္သို႕အေျပးအလႊားေရာက္ရွိလာၾကပါသည္။
သူၾကီးလည္းအိမ္ထဲမွထြက္လာျပီး “ေတာင္ပိုင္းက
ဘာျဖစ္လုိ႕လဲကြေျပာစမ္းပါအံုးဟ” ထိုအခါ ပြၾကီးဆိုေသာရြာသားမွ” က်ဳပ္တုိ႕အိမ္နားမွာ ေျခသံၾကားလုိ႕
ထိၾကည္႕လုိက္ေတာ့မဲမဲေကာင္ၾကီးတစ္ေကာင္ ေထာင္ေထာင္ေမာင္းေမာင္းနဲ႕ သရဲလား တေစၱလားမသိဘူး အဲဒါေၾကာင့္ဓားဆြဲျပီးလိုက္လာတာဟုေျပာသံအဆံုး တစ္ရြာလံုး
လွုပ္ရွာသြားၾကသည္။ ထုိအခါ သူၾကီးက “ကဲဘာေကာင္လဲဆုိတာအတိအက်ေတာ့မသိဘူး
အဲေတာ့ဘုန္းၾကီးပင့္ျပီး အႏၱရာယ္ကင္းတရားေလးဘာေလး
ရြတ္ၾကတာေပါ့ကြာ” ဟုေျပာကာ မနက္လင္းေသာအခါ
ရြာကေလးမွ တရားစာရြတ္သံမ်ားအိမ္တုိင္လုိလိုၾကားလာၾကရပါသည္။
တဲအိ္မ္ေလးတစ္ခုအတြင္းမွာေတာ့ “ကဲအရီးေလး သမီးျပန္မယ္ေနာ္
က်န္းမာေရးေသခ်ာဂရုစိုက္” “ေက်းဇူးတင္လုိက္တာ ဆရာမေလးရယ္ ေဆးဖုိး၀ါးခမေပးႏိုင္ေပမဲ႕ အလကားကုေပးတဲ့ဆရာမေလးေက်းဇူးကိုဘယ္လုိဆပ္ရမလဲမသိ
ပါဘူး ဆရာမေလးရယ္” “ အရီးေလးကလည္း ေဆးဖုိး၀ါးခေျပာစရာမလုိပါဘူး ဒီရြာေလးက ကြ်န္မအိမ္လုိျဖစ္ေနပါျပီ” ဟုေျပာကာ လွပေသာ မိန္းကေလးတစ္ေယာက္သည္ အိမ္ကေလးထဲမွထြက္ခြာသြားေလသည္။ ဆရာမေလးက
တနယ္တေက်းမွလာ၍ထုိရြာေလးတြင္ေနေသာ ေက်းလက္ေဆးေပးခန္းမွ သူနာျပဳဆရာမေလး
မျမခက္ျဖစ္ပါသည္။ ဆရာမေလးသည္ ရုပ္ရည္ေခ်ာေမာလွပကာ
မိန္းကေလးပီသစြာရုိးရိုးယဥ္ယဥ္ေလးနွင့္က်က္သေရရွိသူျဖစ္ပါသည္။
တစ္ေန႕ ဆရာမေလးတစ္ေယာက္
တစ္ဖက္ရြာမွေန၍ေဆးကုျပီးအျပန္ “ ဆရာမ ဆရာမ “ “ ေအာ္
ဦးလွေအာင္ပဲ ေနမေကာင္းလုိ႕လား မသိဘူး “ “ မဟုတ္ပါဘူးဆရာမေလးရယ္ ဆရာမေလးအတြက္ ပန္းပင္ေပါက္ေလးေတြလက္ေဆာင္ေပးခ်င္လုိ႕ပါ “ “ေက်းဇူးပါပဲ ဦးလွေအာင္ ရယ္ အိမ္ေလးကလည္း နည္းနည္းေျခာက္ကပ္ေနေတာ့စိမ္းစိမ္းစိုစိုေလးျဖစ္ခ်င္တာေပါ့” “
ဆရာမေလးရယ္ စိမ္းစိမ္းစုိစိုျဖစ္ခ်င္တာမ်ား ဆရာေလး ေမာင္ေစာႏိုင္နဲ႕လက္ထပ္လုိက္ေပါ့ဗ်ာ” ဆရာမေလးသည္ ရယ္ေမာရင္း တစ္ေန႕ေန႕ေပါက္ရွင္ဟုေျပာကာ ပ်ိဳးပင္ေပါက္မ်ားကိုယူကာထြက္ခါသြားေလသည္။ ဆရာေလးေမာင္ေစာႏိုင္သည္ ေက်ာင္းဆရာတစ္ဦးျဖစ္ကာ ဆရာမေလးနွင့္ေရငံေနသူျဖစ္ပါသည္။
ထိုပ်ိဳးပင္ေပါက္မ်ားကိုဆရာမေလးသည္ အိမ္ေခါင္းရင္းဘက္တြင္ေသခ်ာစိုက္ပ်ိဳးေလသည္။ ထုိသစ္ပင္ေပါက္မ်ားထဲတြင္ အခက္အလက္သိပ္မရွိ မုလာဥကဲ႕သို႕အရြက္မ်ားရွိ၍ေျပာင္ေခ်ာေခ်ာအေနအထားရွိေသာ အပင္တစ္ပင္ပါလာသည္ကိုေတာ့ဆရာမေလး သတိျပဳမိလုိက္ပါသည္။ ထုိအပင္သည္ သစ္မခုတ္ရ
က်မ္းအလုိအရာ ေအာက္ပိုင္းရွုဴး၍ အေပၚပိုင္းၾကီးေသာ သစ္ဘီလူးပင္ဆုိသည္သာ ဆရာမေလးသိခဲ႕ရင္ ……။
အခ်ိန္ေတြၾကာလာသည္နွင့္အမွ် ဆရာမေလးတုိ႕လဲလက္ထပ္ျပီးျပီး
အပင္ၾကီးကလည္းပိုပိုၾကီးလာေလသည္။ ထုိအပင္သည္
ဆရာမေလးအတြက္ ကံၾကမၼာဆုိးေတြသယ္ေဆာင္လာမည္ဆုိသည္ကိုသာ သိခဲ့ရင္
ညေနခင္းေရခပ္ဆင္းခ်ိန္ ပ်ိဳးႏုတ္ ေကာက္စိုက္ စပါးရိတ္စသည္႕စုေပါင္းအဖြဲမ်ားၾကံဳလွ်င္လည္း ထုိအေၾကာင္းမပါမျပီးေပ “ ဟဲ႕ေကာင္မ ဟုိေန႕က ေတာင္ပိုင္းက ကိုေက်ာ္ရသားေလး မဲမဲအေကာင္ၾကီးကိုျမင္ျပီး ေမ့သြားသာအခုထိသတိမရေသးဘူးတဲ႕” ျပီးေတာံ့ေနာက္တစ္ခုက
“အဲေကာင္ၾကီး ကဆရာမေလးတုိ႕အိမ္နားမွာပဲေပ်ာက္သြားတာတဲ႕ဆရာမေလးသ
ရဲေမြးထားလားမသိပါဘူးေအ ဆရာမေလးကစုန္းပညာတတ္တယ္လုိ႕လဲေျပာၾကတယ္
ငါေတာ့မယံုပါဘူးေအ “ ဟုေျပာဆုိေနၾကသည္ ။ ထိုမေကာင္းဆုိး၀ါးအမည္ရေသာသတၱ၀ါၾကီးမွာ တစ္ပတ္ျခားတစ္ခါ နွစ္ပတ္ျခားတစ္ခါေတြ႕ေနရေသာေၾကာင့္ရြာေလးမွာ တုန္လွုပ္ေခ်ာက္ခ်ားေနၾကရသည္။
သူတို႕ထိုအေကာင္ၾကီးေနာက္ကိုလုိက္တိုင္း ထုိအေကာင္ၾကီးသည္
ဆရာမေလးတို႕အိမ္နားမွာေပ်ာက္ဆံုးသြားေလသည္။ တစ္ည “ အမေလးကယ္ၾကပါအံုးသရဲသရဲ” ဟူေသာအသံနွင့္တစ္ရြာလံုးဆူညံပြက္ေလာရိုက္သြားပါသည္ ။
ထိုအခါကင္းသမားမ်ားကလုိက္ၾကရင္း ခဲမ်ားဒုတ္မ်ားနွင့္ပစ္ေပါက္ၾကေလသည္။
ထိုအေကာင္ၾကီးသည္ဆရာမေလးျခံနားအေရာက္ေပ်ာက္ဆံုးသြားေလသည္။ ထိုအခါ”ဆရာမေလးထပါအံုး ထပါအံုး “ ဟုႏွိုးကာ ၀င္ေရာက္ရွာေဖြေသာ္လည္းမေတြ႕ရွိၾကေပ။ သုိ႕ေသာ္လည္း စိုက္ပိ်ဳးထားေသာအပင္ၾကီးမွာ ေသြးမ်ားပမာအရည္မ်ားထြက္က်ေနေသာဒဏ္ရာၾကီးအား မည္သူမွ်သတိမထားမိၾကေပ။
ထိုအခါတစ္ရြာလံုးကလည္းဆရာမေလးစုန္းမဆိုတာပိုယံုၾကည္ေအာင္ကိစၥတစ္ခုျဖစ္ပြားခဲ့သည္။
ဆရာမေလး ကိုစုန္းမဟုစြတ္စြဲျပီးအိမ္ေရွ႕တြင္လာေရာက္ဆဲဆုိကာရန္ရွာေနေသာ ရြာသားနွစ္ေယာက္လံုးေနာက္ေန႕တြင္ သစ္ပင္ေပၚမွလိ္မ္႕က်ကာ
ဇက္က်ိဳး၍ေသေလသည္။ ထုိအခါတစ္ရြာလံုးမွေသခ်ာေပါက္အေတြးမ်ားပိုမိုခိုင္မာလာသည္။
ဆရာမေလးတို႕လင္မယားသည္တစ္ညတြင္ “ မိန္းမကိုယ္တုိ႕အိမ္ေျပာင္းရေအာင္ကြာ
ဒီရြာမွာဆက္ေနရင္အႏၱရာယ္မ်ားတယ္ မင္းဗိုက္ထဲကကေလးကိုလည္း ထည္႕တြက္ရအံုးမယ္ေလ” ဟု ဆရာေလး ကိုေစာႏိုင္ကေျပာကာ ကဲကိုယ္တို႕ေနာက္ညဆုိတိတ္တိတ္ေလးေျပာင္းေရြ႕ၾကမယ္ေနာ္ဟု
စီစဥ္ထားခဲ႕ေလသည္။ လေရာင္မထြက္တဲ႕ထိုေန႕ညတြင္ “ လုိက္ၾကလုိက္ၾက” ဟူေသာအသံမ်ားႏွင့္ “ ဟုိစုန္းမလင္မယား ငါတို႕ရြာကိုဖ်က္စီးျပီးအခုထြက္ေျပးေတာ့မယ္ လုိက္ၾကလုိက္ၾက”
ဟူေသာအသံမ်ားနွင့္ဆရာမေလးတို႕လင္မယားေနာက္ကိုလုိက္ၾက
ေလသည္။ ဆရာမေလးကမိန္းမသားမုိ႕ ကေလးလည္းလြယ္ထားရေသာအခါ ခဏေလးနွင့္မိေလသည္။ “
ကြ်န္မတို႕စုန္းမမဟုတ္ၾကပါဘူးရွင္မသတ္ပါနဲ႕ “ဟုေတာင္းပန္ေသာ္လည္း ေခတ္ပညာအျမင္မရွိေသာ
ရြာသားမ်ားသည္ ရက္ရက္စက္စက္သတ္ပစ္လုိက္ၾကေလသည္။
တစ္ရြာလံုးနီးပါး ရြာအျပင္ေရာက္ေနေသာအခါ
အိမ္တြင္ကေလးမ်ားနွင့္အဖုိးအဖြားမ်ားသာက်န္ရစ္ေလသည္။
ထုိအခ်ိန္တြင္ မဲမဲေကာင္ၾကီးသည္ ေမွာင္ထဲမွေန၍
ကေလးမ်ားအားေျခာက္လွန္႕ေလရာ ကေလးမ်ားလည္းေၾကာက္လန္႕ျပီးေျပးမိေျပးရာေျ႔ပးၾကေသာအခါ
မီးခြက္မ်ားကိုခလုပ္တုိက္မိျပီး တစ္အိမ္လံဳးမီးစြဲေလာင္ေလသည္။
ထုိအခါသက္ကယ္မ်ား ဓနိမ်ားနွင့္မိုးထားေသာအိမ္မ်ားကိုဆက္တိုက္စြဲေလာက္ေလသည္
ထိုအခါရြာအျပင္ျပန္ေရာက္ေနေသာရြာသားမ်ားသည္ ရြာထဲသို႕အမွီျပန္လာၾကေသာ္လည္း မီးေလာင္တုိက္သြင္းသကဲ႕သို႕ ကေလးမ်ားအကုန္ေသေၾကကုန္ၾကေလသည္။ သုိ႕ေသာ္လည္း
ဆရာမေလးတို႕တစ္အိမ္သာ မိးမေလာင္ဘဲက်န္ရစ္ေလသည္။ ရြာသားမ်ားလည္းအရုးတစ္ပိုင္းျဖစ္ၾကရွာသည္။
မနက္လင္းေသာအခါ ရြာဦးေက်ာ္င္းဆရာေတာင္ၾကြခ်ီလာျပီး ဆရာမေလးတို႕အိမ္၀င္းကိုလွည္႕ၾကည္႕ျပီး
သစ္ပင္ၾကီးေရွ႕ေရာက္ေသာအခါ
“ဒကာတုိ႕ဒီသစ္ပင္ဟာ သစ္ဘီလူးပင္ျဖစ္တယ္ ဘီလူးေစာင့္ျပီးညအခ်ိန္ဆိုအျပင္ထြက္ေလ့ရွိတယ္ သူ႕ကိုေမြးျမဴေစာင့္ေရွာက္ထားတဲ႕သခင္ကိုအျမဲေစာင့္ေရွာက္တယ္
သူ႕သခင္ကိုစိတ္ဆင္းရဲေအာင္လုပ္ရင္ သူက ကလက္စားေခ်တတ္တယ္ဒကာတုိ႕ဟု”မိန္႕ေလရာ တစ္ရြာလံုးလဲ အမွားကိုသိျပီး ဆရာမေလးတုိ႕လင္မယားအား ေျမျမွပ္ေပးကာ
ထုိရြာေလးမွာရြာလံဳးကြ်တ္ေျပာင္းေရြ႕ခဲ႕ေလသည္။
သစ္ဘီလူးပင္ၾကီးကေတာ့တစ္ထီးတည္းက်န္ရစ္ခဲ႕ေလသည္။
Chris

Unicode
အညာဒေသ၏တောရွာလေးတစ်ရွာ တွင် မှောင်မှောင်မဲမဲနှင့်တိတ်ဆိတ်နေလေသည် ။ ထိုအချိန်တွင်
စွဲငင်စွာအူလိုက်သော ခွေးအူသံသည် တိတ်ဆိတ်နေသော ညအချိန်ကိုဖောက်ခွဲလိုက်လေသည်။ ထိုအချိန်တွင် ရွာတောင်ပိုင်းမှအော်သံနှင့်အတူ လူအများမီးဒုတ်များ
လက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်ရှေ့သေို့၇ာက်လာကြသည်။
“ သူကြီး သူကြီး မောင်ထုပါအုံး ထစမ်းပါအုံးဟ “ လူအများ၏အော်ဟစ်သံကြောင့်သူကြီးသည် မောင်းကို
တစ်ဒူဒူနှင့်စတင်တီးခတ်လိုက်သည်။ ထိုအခါ ရွာတစ်လုံးမှ လူများသည် ဓားလှံလက်နက်များကိုစွဲကိုင်ကာ
သူကြီးအိမ်သို့အပြေးအလွှားရောက်ရှိလာကြပါသည်။
သူကြီးလည်းအိမ်ထဲမှထွက်လာပြီး “တောင်ပိုင်းက
ဘာဖြစ်လို့လဲကွပြောစမ်းပါအုံးဟ” ထိုအခါ ပွကြီးဆိုသောရွာသားမှ” ကျုပ်တို့အိမ်နားမှာ ခြေသံကြားလို့
ထိကြည့်လိုက်တော့မဲမဲကောင်ကြီးတစ်ကောင် ထောင်ထောင်မောင်းမောင်းနဲ့ သရဲလား တစ္တေလားမသိဘူး အဲဒါကြောင့်ဓားဆွဲပြီးလိုက်လာတာဟုပြောသံအဆုံး တစ်ရွာလုံး
လှုပ်ရှာသွားကြသည်။ ထိုအခါ သူကြီးက “ကဲဘာကောင်လဲဆိုတာအတိအကျတော့မသိဘူး
အဲတော့ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်းတရားလေးဘာလေး
ရွတ်ကြတာပေါ့ကွာ” ဟုပြောကာ မနက်လင်းသောအခါ
ရွာကလေးမှ တရားစာရွတ်သံများအိမ်တိုင်လိုလိုကြားလာကြရပါသည်။
တဲအိ်မ်လေးတစ်ခုအတွင်းမှာတော့ “ကဲအရီးလေး သမီးပြန်မယ်နော်
ကျန်းမာရေးသေချာဂရုစိုက်” “ကျေးဇူးတင်လိုက်တာ ဆရာမလေးရယ် ဆေးဖိုးဝါးခမပေးနိုင်ပေမဲ့ အလကားကုပေးတဲ့ဆရာမလေးကျေးဇူးကိုဘယ်လိုဆပ်ရမလဲမသိ
ပါဘူး ဆရာမလေးရယ်” “ အရီးလေးကလည်း ဆေးဖိုးဝါးခပြောစရာမလိုပါဘူး ဒီရွာလေးက ကျွန်မအိမ်လိုဖြစ်နေပါပြီ” ဟုပြောကာ လှပသော မိန်းကလေးတစ်ယောက်သည် အိမ်ကလေးထဲမှထွက်ခွာသွားလေသည်။ ဆရာမလေးက
တနယ်တကျေးမှလာ၍ထိုရွာလေးတွင်နေသော ကျေးလက်ဆေးပေးခန်းမှ သူနာပြုဆရာမလေး
မမြခက်ဖြစ်ပါသည်။ ဆရာမလေးသည် ရုပ်ရည်ချောမောလှပကာ
မိန်းကလေးပီသစွာရိုးရိုးယဉ်ယဉ်လေးနှင့်ကျက်သရေရှိသူဖြစ်ပါသည်။
တစ်နေ့ ဆရာမလေးတစ်ယောက်
တစ်ဖက်ရွာမှနေ၍ဆေးကုပြီးအပြန် “ ဆရာမ ဆရာမ “ “ အော်
ဦးလှအောင်ပဲ နေမကောင်းလို့လား မသိဘူး “ “ မဟုတ်ပါဘူးဆရာမလေးရယ် ဆရာမလေးအတွက် ပန်းပင်ပေါက်လေးတွေလက်ဆောင်ပေးချင်လို့ပါ “ “ကျေးဇူးပါပဲ ဦးလှအောင် ရယ် အိမ်လေးကလည်း နည်းနည်းခြောက်ကပ်နေတော့စိမ်းစိမ်းစိုစိုလေးဖြစ်ချင်တာပေါ့” “
ဆရာမလေးရယ် စိမ်းစိမ်းစိုစိုဖြစ်ချင်တာများ ဆရာလေး မောင်စောနိုင်နဲ့လက်ထပ်လိုက်ပေါ့ဗျာ” ဆရာမလေးသည် ရယ်မောရင်း တစ်နေ့နေ့ပေါက်ရှင်ဟုပြောကာ ပျိုးပင်ပေါက်များကိုယူကာထွက်ခါသွားလေသည်။ ဆရာလေးမောင်စောနိုင်သည် ကျောင်းဆရာတစ်ဦးဖြစ်ကာ ဆရာမလေးနှင့်ရေငံနေသူဖြစ်ပါသည်။
ထိုပျိုးပင်ပေါက်များကိုဆရာမလေးသည် အိမ်ခေါင်းရင်းဘက်တွင်သေချာစိုက်ပျိုးလေသည်။ ထိုသစ်ပင်ပေါက်များထဲတွင် အခက်အလက်သိပ်မရှိ မုလာဥကဲ့သို့အရွက်များရှိ၍ပြောင်ချောချောအနေအထားရှိသော အပင်တစ်ပင်ပါလာသည်ကိုတော့ဆရာမလေး သတိပြုမိလိုက်ပါသည်။ ထိုအပင်သည် သစ်မခုတ်ရ
ကျမ်းအလိုအရာ အောက်ပိုင်းရှုူး၍ အပေါ်ပိုင်းကြီးသော သစ်ဘီလူးပင်ဆိုသည်သာ ဆရာမလေးသိခဲ့ရင် ……။
အချိန်တွေကြာလာသည်နှင့်အမျှ ဆရာမလေးတို့လဲလက်ထပ်ပြီးပြီး
အပင်ကြီးကလည်းပိုပိုကြီးလာလေသည်။ ထိုအပင်သည်
ဆရာမလေးအတွက် ကံကြမ္မာဆိုးတွေသယ်ဆောင်လာမည်ဆိုသည်ကိုသာ သိခဲ့ရင်
ညနေခင်းရေခပ်ဆင်းချိန် ပျိုးနုတ် ကောက်စိုက် စပါးရိတ်စသည့်စုပေါင်းအဖွဲများကြုံလျှင်လည်း ထိုအကြောင်းမပါမပြီးပေ “ ဟဲ့ကောင်မ ဟိုနေ့က တောင်ပိုင်းက ကိုကျော်ရသားလေး မဲမဲအကောင်ကြီးကိုမြင်ပြီး မေ့သွားသာအခုထိသတိမရသေးဘူးတဲ့” ပြီးတောံ့နောက်တစ်ခုက
“အဲကောင်ကြီး ကဆရာမလေးတို့အိမ်နားမှာပဲပျောက်သွားတာတဲ့ဆရာမလေးသ
ရဲမွေးထားလားမသိပါဘူးအေ ဆရာမလေးကစုန်းပညာတတ်တယ်လို့လဲပြောကြတယ်
ငါတော့မယုံပါဘူးအေ “ ဟုပြောဆိုနေကြသည် ။ ထိုမကောင်းဆိုးဝါးအမည်ရသောသတ္တဝါကြီးမှာ တစ်ပတ်ခြားတစ်ခါ နှစ်ပတ်ခြားတစ်ခါတွေ့နေရသောကြောင့်ရွာလေးမှာ တုန်လှုပ်ချောက်ချားနေကြရသည်။
သူတို့ထိုအကောင်ကြီးနောက်ကိုလိုက်တိုင်း ထိုအကောင်ကြီးသည်
ဆရာမလေးတို့အိမ်နားမှာပျောက်ဆုံးသွားလေသည်။ တစ်ည “ အမလေးကယ်ကြပါအုံးသရဲသရဲ” ဟူသောအသံနှင့်တစ်ရွာလုံးဆူညံပွက်လောရိုက်သွားပါသည် ။
ထိုအခါကင်းသမားများကလိုက်ကြရင်း ခဲများဒုတ်များနှင့်ပစ်ပေါက်ကြလေသည်။
ထိုအကောင်ကြီးသည်ဆရာမလေးခြံနားအရောက်ပျောက်ဆုံးသွားလေသည်။ ထိုအခါ”ဆရာမလေးထပါအုံး ထပါအုံး “ ဟုနှိုးကာ ဝင်ရောက်ရှာဖွေသော်လည်းမတွေ့ရှိကြပေ။ သို့သော်လည်း စိုက်ပျိုးထားသောအပင်ကြီးမှာ သွေးများပမာအရည်များထွက်ကျနေသောဒဏ်ရာကြီးအား မည်သူမျှသတိမထားမိကြပေ။
ထိုအခါတစ်ရွာလုံးကလည်းဆရာမလေးစုန်းမဆိုတာပိုယုံကြည်အောင်ကိစ္စတစ်ခုဖြစ်ပွားခဲ့သည်။
ဆရာမလေး ကိုစုန်းမဟုစွတ်စွဲပြီးအိမ်ရှေ့တွင်လာရောက်ဆဲဆိုကာရန်ရှာနေသော ရွာသားနှစ်ယောက်လုံးနောက်နေ့တွင် သစ်ပင်ပေါ်မှလိ်မ့်ကျကာ
ဇက်ကျိုး၍သေလေသည်။ ထိုအခါတစ်ရွာလုံးမှသေချာပေါက်အတွေးများပိုမိုခိုင်မာလာသည်။
ဆရာမလေးတို့လင်မယားသည်တစ်ညတွင် “ မိန်းမကိုယ်တို့အိမ်ပြောင်းရအောင်ကွာ
ဒီရွာမှာဆက်နေရင်အန္တရာယ်များတယ် မင်းဗိုက်ထဲကကလေးကိုလည်း ထည့်တွက်ရအုံးမယ်လေ” ဟု ဆရာလေး ကိုစောနိုင်ကပြောကာ ကဲကိုယ်တို့နောက်ညဆိုတိတ်တိတ်လေးပြောင်းရွေ့ကြမယ်နော်ဟု
စီစဉ်ထားခဲ့လေသည်။ လရောင်မထွက်တဲ့ထိုနေ့ညတွင် “ လိုက်ကြလိုက်ကြ” ဟူသောအသံများနှင့် “ ဟိုစုန်းမလင်မယား ငါတို့ရွာကိုဖျက်စီးပြီးအခုထွက်ပြေးတော့မယ် လိုက်ကြလိုက်ကြ”
ဟူသောအသံများနှင့်ဆရာမလေးတို့လင်မယားနောက်ကိုလိုက်ကြ
လေသည်။ ဆရာမလေးကမိန်းမသားမို့ ကလေးလည်းလွယ်ထားရသောအခါ ခဏလေးနှင့်မိလေသည်။ “
ကျွန်မတို့စုန်းမမဟုတ်ကြပါဘူးရှင်မသတ်ပါနဲ့ “ဟုတောင်းပန်သော်လည်း ခေတ်ပညာအမြင်မရှိသော
ရွာသားများသည် ရက်ရက်စက်စက်သတ်ပစ်လိုက်ကြလေသည်။
တစ်ရွာလုံးနီးပါး ရွာအပြင်ရောက်နေသောအခါ
အိမ်တွင်ကလေးများနှင့်အဖိုးအဖွားများသာကျန်ရစ်လေသည်။
ထိုအချိန်တွင် မဲမဲကောင်ကြီးသည် မှောင်ထဲမှနေ၍
ကလေးများအားခြောက်လှန့်လေရာ ကလေးများလည်းကြောက်လန့်ပြီးပြေးမိပြေးရြော့ပးကြသောအခါ
မီးခွက်များကိုခလုပ်တိုက်မိပြီး တစ်အိမ်လုံးမီးစွဲလောင်လေသည်။
ထိုအခါသက်ကယ်များ ဓနိများနှင့်မိုးထားသောအိမ်များကိုဆက်တိုက်စွဲလောက်လေသည်
ထိုအခါရွာအပြင်ပြန်ရောက်နေသောရွာသားများသည် ရွာထဲသို့အမှီပြန်လာကြသော်လည်း မီးလောင်တိုက်သွင်းသကဲ့သို့ ကလေးများအကုန်သေကြေကုန်ကြလေသည်။ သို့သော်လည်း
ဆရာမလေးတို့တစ်အိမ်သာ မိးမလောင်ဘဲကျန်ရစ်လေသည်။ ရွာသားများလည်းအရုးတစ်ပိုင်းဖြစ်ကြရှာသည်။
မနက်လင်းသောအခါ ရွာဦးကျော်င်းဆရာတောင်ကြွချီလာပြီး ဆရာမလေးတို့အိမ်ဝင်းကိုလှည့်ကြည့်ပြီး
သစ်ပင်ကြီးရှေ့ရောက်သောအခါ
“ဒကာတို့ဒီသစ်ပင်ဟာ သစ်ဘီလူးပင်ဖြစ်တယ် ဘီလူးစောင့်ပြီးညအချိန်ဆိုအပြင်ထွက်လေ့ရှိတယ် သူ့ကိုမွေးမြူစောင့်ရှောက်ထားတဲ့သခင်ကိုအမြဲစောင့်ရှောက်တယ်
သူ့သခင်ကိုစိတ်ဆင်းရဲအောင်လုပ်ရင် သူက ကလက်စားချေတတ်တယ်ဒကာတို့ဟု”မိန့်လေရာ တစ်ရွာလုံးလဲ အမှားကိုသိပြီး ဆရာမလေးတို့လင်မယားအား မြေမြှပ်ပေးကာ
ထိုရွာလေးမှာရွာလုံးကျွတ်ပြောင်းရွေ့ခဲ့လေသည်။
သစ်ဘီလူးပင်ကြီးကတော့တစ်ထီးတည်းကျန်ရစ်ခဲ့လေသည်။
Credit to :-chris- (ကမ္ဘာအရပ်ရပ်မှ မှော်ပညာနှင့် ထူးဆန်းအံဖွယ်ဖြစ်ရပ်ဆန်းများ အကြောင်း)
Post by:မောင်မိုးတိမ်

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...