======

#တစ္ရာတန္ တစ္ရြက္ေအာက္သို႕ ျပဳတ္က်ေနသည္။ ထိုက်ေနေသာ တစ္ရာတန္ကို သူတို႕ျမင္လွ်င္ ဤသို႕ ေရးၾကေပလိမ့္မည္။

#တစ္ရာတန္ တစ္ရြက္ေအာက္သို႕ ျပဳတ္က်ေနသည္။ ထိုက်ေနေသာ တစ္ရာတန္ကို သူတို႕ျမင္လွ်င္ ဤသို႕ ေရးၾကေပလိမ့္မည္။
.
#သခင္ကိုယ္ေတာ္မိႈင္း
============
တစ္ရာတန္တစ္ရြက္ျပဳတ္က်ရွာ က်ဳပ္ဘ၀မွာ မေကာက္ေသး
စုတ္လွစြာေႏွာင့္ေႏွးမယ္ ေမာင့္အေတြး၀ယ္ေဆြး
ေၾကာက္ေသြးရယ္ေျပးပါတယ္ မေကာက္ပါဒီေလာက္ေလး။
.
#ရွင္မဟာရဌသာရ
===========
လမ္းေပၚမွာက် ၊ တစ္ရာဘ၀မွာ
ဘယ္သူမေကာက္ ၊ ေလလြင့္ေပ်ာက္မည္
မိုးေရလည္းစို ၊ ေပ်ာက္ပ်က္အိုသည္
အိုသခၤါရ ၊ ထိုဘ၀တည္း။
.
ဦးပုည
=====
လမ္းအေကြ႕ လွမ္းေတြ႕ပါတဲ့တရာတန္
ကဗ်ာသံေႏွာရင္ အညာျပန္ေပါပါတဲ့
စာသံေႏွာကာျဖင့္ ေကာက္လိုက္မယ္
တရာတန္ေရာ့လာဟဲ့။
.
ဗန္းေမာ္ဆရာေတာ္
==========
တရာတန္သတင္းအေပၚ အတင္းေမွ်ာ္စိတ္၀င္စား
မယ္ကင္းေနာ္လိပ္ဖင္ခါးမို႕ ငါကိုယ္ေတာ္စိတ္မ၀င္စား။
.
#တာရာမင္းေ၀
=======
မလိုဘဲမေကာက္ပါနဲ႔
မလိုဘဲေကာက္ရင္
တရာတန္အတြက္နာတယ္။
.
#နီကိုရဲ
=====
ပိုက္ဆံမရွိေသာအခ်ိန္ တစ္ရာတန္ကိုေတြ႕ေလသည္။ ေကာက္ရန္ ကုန္းလိုက္စဥ္ ေလတစ္ခ်က္အေ၀့မွာ တစ္ရာတန္လြင့္သြားသည္။ ပတ္၀န္းက်င္ကို ဂရုမျပဳမိ။ တစ္ရာတန္ကိုသာ အာရုံစိုက္ေနခ်ိန္ ထိုတစ္ရာတန္မွာ ေကာက္မည္လုပ္လိုက္ ေလတိုက္လိုက္ ေကာက္မည္လုပ္လိုက္ ေလတိုက္လိုက္ႏွင့္ တစ္ေရြ႕ေရြ႕လြင့္ေမ်ာေလေတာ့သည္။ ပတ္၀န္းက်င္က ဒီလူဘာလဲ ဟုၾကည့္သည္။ ေမာင္ရဲ၀င္းစိတ္မ၀င္စား။ သူစိတ္၀င္စားတာ တစ္ရာတန္။ ေနာက္ဆံုး၌ေလၿငိမ္သြားခ်ိန္ ျပန္ေကာက္ရန္ျပင္လိုက္ရာ အမ်ိဳးသမီးတစ္ဦး၏ ေျခေထာက္ေပၚေရာက္ေနသည္။ ေကာက္ကာနီးကုန္းလိုက္ရင္း ေမာ့ၾကည့္လိုက္ရာ မၾကည္ျပာျဖစ္ေနေတာ့သည္။ သြားၿပီ….။
.
#မင္းသိခၤ
======
တစ္ေန႕သ၌ကြ်ႏ္ုပ္သည္ ပ်င္းပ်င္းရွိ ေရခဲေတာင္ေဆးလိပ္ကို ေသသပ္က်စြာဖြာၿပီးသကာလ လမ္းေလွ်ာက္ထြက္လာေတာ့သည္။ ထိုအခ်ိန္၌ လမ္းမထက္တြင္ တစ္ရာတန္ ခပ္ႏြမ္းႏြမ္းတစ္ရြက္က်ေနသည္။ ထိုတရာတန္အား မေကာက္ေသးဘဲ ေရွ႕ကၾကည့္ေနသည္။ ထို႕မွတဖန္ အားမရေသး ေဘးကထပ္ၾကည့္ျပန္သည္။ အားရပါးရၾကည့္ရႈၿပီးသကာလ ေကာက္ယူရန္ ဘိလပ္မင္းသား စတိုင္ျဖင့္ ကုန္းလိုက္စဥ္တြင္ တျခားသူေကာက္သြားေလသည္
.
ဒသေက်ာ္စြာ
=======
တစ္ရာတန္တစ္ရြက္တြင္ က်ိန္စာအျပည့္ေရးထိုးထားေလသည္။ ထိုတစ္ရာတန္ကို ေကာက္မိသူမွာ ၁၀ရက္အတြင္း အေသဆိုးျဖင့္ေသေပလိမ့္မည္။ သခ်ိဳင္းကုန္းတြင္ အစီအမံမ်ားျဖင့္ ျပဳလုပ္ထားေသာ တစ္ရာတန္ကို လြန္ခဲ့ေသာ ႏွစ္ငါးဆယ္ခန္႕က ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး တစ္ရာတန္ကို ေကာက္ယူမိၿပီးေသဆံုးသူေပါင္း ၁၂၀ခန္႕ရွိၿပီျဖစ္သည္။ ေသဆံုးသူမ်ား၏ ၀ိညာန္မ်ားလည္း ထိုပိုက္ဆံတြင္ကိန္းေအာင္းေနေလသည္။
.
မင္းျမတ္သူရ
=========
ကိုယ္ခႏၶာေတာင့္ေတာင့္တင္းတင္း ျဖင့္ နီရဲၿပီး ျပတ္သားေသာႏႈတ္ခမ္းအစံုျဖင့္ ေယာက်ာ္းပီသလွစြာေသာနီးေသြးသည္ ရွမ္ဗဲလားတြင္ သစ္ခြနက္ရွာရန္ထြက္လာခိုက္ လြန္စြာအိုမင္းလွၿပီျဖစ္ေသာ အဖိုးအိုႀကီးတစ္ဦးႏွင့္ ကိုယ္ခႏၶာေတာင့္တင္းၿပီး ျဖဴေဖြးေခ်ာေမာလွသည့္ မိန္းမပ်ိဳတစ္ဦးတို႕သည္ ရွမ္ဗဲလားသို႕သြားရာလမ္းတြင္ တစ္ရာတန္တစ္ရြက္ကို ေကာက္ရန္ျပင္ေနသည္။ အမွန္စစ္စစ္မွာ ထိုတစ္ရာတန္တြင္ သစ္ခြနက္ရွိမည့္ေနရာသို႕ သြားရန္ ေျမပံုေရးထားျခင္းလည္းျဖစ္သည္။
.
#လြန္းထားထား
==========
အေျခေနမဲ့ၿပီး ရန္ကုန္သို႕ မေယာင္မလည္ ေရာက္လာေသာ ေကာင္ေလးတစ္ေယာက္။ သူက မိမရွိဖမရွိ တစ္ေကာင္ၾကြက္။ အလုပ္လုပ္ရင္း လက္ဖက္ရည္ဆိုင္တြင္ စားပြဲထိုးေနရၿပီး တစ္ေန႕လွ်င္ ၁၀၀၀ခန္႕သာရေလသည္။ အလုပ္ပါးခိုက္ လက္ဖက္ရည္ပါဆယ္ သြားပို႕စဥ္ လမ္း၌ တရာတန္တစ္ရြက္ကို ျမင္၍ ေကာက္ရန္ ျပင္ရာ ေနာက္ဆံုးေပၚဇိမ္ခံကားေပၚမွာ ေဆးေက်ာင္းတက္ေနေသာ ေရႊေတာင္ၾကားတြင္ ေနၿပီး လြန္စြာစမတ္က်သည့္ အမ်ိဳးသမီးတစ္ဦးက ေရဗြက္ကို ကားျဖတ္ျဖတ္ေမာင္းရာ သူ႕ကိုဗြက္မ်ားစင္သြားေသာ္လည္း ကားကိုမရပ္ဘဲ ထြက္သြားေလသည္။ ကားနံပါတ္ကို သူ႕စိတ္ထဲတြင္ အလြတ္က်က္လိုက္မိသည္။ AA-786969 ။
.
#လင္းသိုက္ညႊန္႕
=========
က်ေတာ္တို႕ တစ္ရာတန္ဟိုမွာေတြ႕တယ္။ မေကာက္ရဘူး။ လူငယ္ေတြဆိုတာ အျမင့္ကိုတက္လွမ္းမွာျဖစ္တယ္။ ရည္ရြယ္ခ်က္ေကာင္းေကာင္းထားရမယ္။ အေခ်ာင္မခိုရဘူး။ နည္းပညာျမင့္လာတဲ့ ေခတ္မွာ အဂၤလိပ္စာ ေကာင္းေကာင္းတတ္ဖို႕လိုတယ္။ ဒါေၾကာင့္ မိမိ လုပ္အားခနဲ႔ရတာကိုယူမွ ႀကီးပြားတိုးတက္ၿပီး ထိပ္ဆံုးေရာက္ႏိုင္မယ္။
.
#ဂ်ဴး
-----
က်မတို႕မိန္းမသားေတြရဲ့ ရဲရင့္တည္ၾကည္မႈက ေအာက္သို႕က်လ်က္ရွိေသာ တစ္ရာတန္ကိုပင္အမႈမထားေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ ထိုတစ္ရာတန္မွာ က်မတို႕ရပ္တည္မႈႏွင့္ ကိုယ္က်င့္သိကၡာတရားကို ၿခိမ္းေျခာက္မည့္ ေငြစကၠဴတစ္ရြက္လည္း ျဖစ္ႏိုင္ေသးသည္။
.
#အၾကည္ေတာ္
---------------
ရည္းစားေဟာင္းဆိုတာ ေအာက္မွာက်ေနတဲ့ တစ္ရာတန္တစ္ရြက္လိုပဲ တန္ဖိုးမရွိေပမယ့္ တစ္ခါတစ္ေလ ေကာက္ခ်င္မိတဲ့စိတ္ေတာ့ျဖစ္ေနသား။
.
#လႊမ္းပိုင္
----------
မိုးေတြေရေတြထဲ တစ္ရာတန္ အာခံ ငါ့ကိုလာၾကံ ကာျပန္ ပမာထန္ မေကာက္ေတာ့ဘူး ေဘးက ဘာအသံညာအသံ လာျပန္ေျပာမွာဆိုးလို႕ ကိုယ့္အထာနဲ႔ကိုယ္ငါျပန္မယ္ မေက်နပ္ေဖ့ဘုတ္ေပၚစာခ်န္ မင္းေနတဲ့ရြာျပန္။
.
#ဘန္နီၿဖိဳး
----------
အိုး၀ူး၀ို ေရးေရ့ ေရးေရ့ တစ္ရာတန္ အိုးအိုး ၀ူး၀ူး ေရ့ေရ့ ေရးေရးေရ့ တစ္ရာတန္ ေရးေရးေရ့ ေတြ႕တယ္ ၀ိုး၀ူး၀ို အြန္းဟာာ ဟာာာ ေရ့ တစ္ရာတန္ ေတြ႕တယ္ ၀ိုး၀ူး၀ို႕၀ို႕ ေရးေအးေဟးေဟး ဟားဟားေရး ေ၀းေဟးေဟး
.
#ခ်စ္ဦးညိဳ
-----------
လမ္းမွာတစ္ရာတန္တစ္ရြက္ေတြ႕တယ္။ ပိုက္ဆံကိုၾကည့္လိုက္ျခင္းအားျဖင့္ ဒါဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ေက်ာ္ ဟိုဘ၀တုန္းက ရည္းစားေဟာင္းတစ္ေယာက္ရဲ့ ပိုက္ဆံျဖစ္ႏိုင္ဖြယ္ရာရွိတယ္။ စာေတြလည္းပါတယ္။ က်ိန္စာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။
.
အရက္သမား
---------------
ဟိုက္…. တစ္ရာတန္တစ္ရြက္ဟ.. ဒီတစ္ရာနဲ႔ဆို ေဇ တစ္ပတ္ေလာက္ေသာက္လိုက္ရ သိပ္ေကာင္းမွာပဲ .. လာေလေရာ့ ..
.
ေဆးသမား
-------------
ဟာ… တစ္ရာတန္တစ္ရြက္ ဟီးဟီးဟီးဟီးဟီးဟီး တစ္ရာတန္ႀကီး ဟားဟားဟားာဟးာဟားဟားဟား တစ္ရာတန္ႀကီးကြာ ဟီးးဟီးးဟီးးဟီးးး လမ္းေပၚေရာက္ေနတယ္ ငိငိငိငိ သူ႕ဖာသာသူေနတဲ့ တစ္ရာတန္က လမ္းေပၚေရာက္လာတယ္ ေဟးေဟးေဟး ဟားဟားဟား အေသရီရတယ္ေဟ့ တစ္ရာတန္ႀကီးလမ္းေပၚေရာက္ေနသဟ ဟားဟားဟားဟား
.
အမူးသမား
------------
ဒီတစ္ရာတန္က ငါ့ကိုေသြးတိုးလာစမ္းေနတာဟ။ေဂ့ .. အမယ္ မင္းပဲငါ့ကို ဆြဲေဆာင္မလား ငါပဲ သိကၡာအက်ခံၿပီးေကာက္မလား ဒီတညလံုးမင္းနဲ႔ ငါၿပိဳင္မယ္။ ေတြ႕ၿပီေလ။
.
သာမန္likeေတာင္းစားသူမ်ား
--------------------------------
လမ္းမွာတစ္ရာတန္တစ္ရြက္ေတြ႕လို႕ ပိုင္ရွင္ကို ရွာၿပီးျပန္ေပးခဲ့တယ္။ သာဓုေခၚေပးၾကပါရွန္။
.
ဦးေဇာ္ႀကီး
-----------
လမ္းတြင္ပိုက္ဆံမ်ားျပဳတ္က်ေန ဟု အစခ်ီကာ မူဗီတင္လိုက္ၿပီး ျပဳတ္က်ေနေသာ တစ္ရာတန္တစ္ရြက္ကို အဆံုးသတ္ရိုက္ျပေပလိမ့္မည္။
.
#G-fatt
---------
ငါ့ဘ၀က တစ္ရာတန္တစ္ရြက္လိုကာ တန္ဖိုးမဲ့တာေတာင္ ငါ့ကိုအျမဲရန္ရွာတတ္သလိုမ်ား ျဖစ္ေနရင္ ကံၾကမၼာရဟတ္ျပန္လည္လာမွ မင္း… ဖန္တစ္ရာအတြက္ေတြး…. တကယ္ေတာ့က်ေတာ္တို႕က ၾကင္ဖက္ေတြပါဗ်ာ သူမကမေနႏို္င္ လင္ထြက္ကာရွာ ငါကို မျမင္တတ္တာမ်ား ခုေတာ့ နင္တာ့တာျပ …။
.
သစၥာနီ
---------
နန္းက်ဘုရင္ရဲ့ အထီးက်န္မႈဟာ
လမ္းမထက္မွာ ကိန္းေအာင္းေနစဥ္
ငါ၏လက္အစံုျဖင့္ ေထြးေပြ႕ျခင္းက
ရန္ခုန္သံကို ထပ္တူက်ေစ။
.
Troller
----------
တစ္ရာတန္တစ္ရြက္ ေကာက္လည္းေကာက္ခ်င္တယ္ သူမ်ားျမင္ၿပီးရီမွာလည္းေၾကာက္တယ္
ဆက္ေျပာစမ္းပါဦး တစ္ရာတန္တစ္ရြက္က ဘက္စ္ကားစီးရင္ အသံုး၀င္တဲ့အေၾကာင္းေလး
က်ေတာ့္မွာ အိပ္မက္တစ္ခုရွိတယ္ တစ္ရာေတြအမ်ားႀကီး ေကာက္ေတြ႕ေစရမယ္။
.
မ်ိဳးခ်စ္မဟုတ္ေသာမ်ိဳးခ်စ္မ်ား
---------------------------------
တစ္ရာတန္ကိုေတာင္ လႊင့္ပစ္ခဲ့တဲ့ ျမန္မာလူမ်ိဳးေတြရဲ့ ယဥ္ေက်းမႈဟာ အေတာ္ေပ်ာက္ဆံုးေနၿပီ။ ဒီလိုတစ္ရာတန္ဟာ အရင္တုန္းက ဘယ္သူမွ ပစ္မခ်ခဲ့ဘူး။ ဒါမ်ိဳးပစ္ခ်တယ္ဆိုတာ ဒီမိုကေရစီအမည္ခံၿပီး လုပ္ခ်င္တာ လုပ္တယ္ဆိုတဲ့ သေဘာပဲ။ ဒါမ်ိဳးလက္ခံလို႕မရဘူး။
ငါတို႕အရိုးစည္းရိုးထိုး Blah Blah
.
IG user
--------
#တရာတန္ #တစ္ရြက္ #လမ္း #ေကာက္ရ #ေပ်ာ္ေန #မုန္႔ဝယ္ #စား #ေကာင္း #တစ္ေယာက္တည္း
.
ေပၚပင္သမားမ်ား
----------------
ေအေသြးသမားမ်ား ပိုက္ဆံေကာက္ရႏိုင္
ဘီေသြးသမားမ်ား မေကာက္က်
အိုေသြးသမားမ်ား မျမင္ၾက
​ေအဘီေသြးသမားမ်ား အငမ္းမရေကာက္
.
မန္႔ေတာင္းၾကသူမ်ား
-----------------------
စမီးတရာတန္တရြက္ေကာက္ရလို႔ ေနာက္တခါ တစ္ေသာင္းတန္ေကာက္ရပါေစလို႔ ဆုေတာင္းေပးသြား မေတာင္းေပးရင္ unမွာေနာ္ realေလးေတြဆိုမန္႔ၾက။ မြမြ
.
႐ွယ္ေတာင္းစားသူမ်ား
--------------------------
ဒီတစ္ရာတန္ကို ႐ွယ္ၿပီး လိုခ်င္ေသာပမာဏေရးပါ။ တလအတြင္းဝင္မည္ ။ မွတ္ခ်က္ သိန္းတစ္ရာမေက်ာ္ရ။
ဒီမိုး (ဒီ​ေလ)မ်ား
•••••••••••••••••••••••••
တကယ္​​ေတာ့ ၁ ႏွစ္​႐ွိၿပီး ဘာမွ မတိုးတက္​တာလဲ မ​ေျဟနဲ႔​ေလ .​ၾကည္​့ပါလား . အခုလို ၁၀၀ တန္​က်တာ​ေတာင္​ ဘယ္​သူမွမ​ေကာက္​ၾကဘူး .ဒါဟာလဲ အရင္​အစိုးရမ​ေကာင္​းခဲ့လို႔ က်တာပဲ. ဒါမဲ့ ကြၽန္​​ေတာ္​တို႔အ​ေနနဲ႔ ၃ လအတြင္​း ရ​ေအာင္​​ေကာက္​ျပပါမယ္​ . ဒီထက္​ျမန္​ျမန္​​ေကာက္​ျပႏိုင္​မယ္​့ လူ႐ွိရင္​ သူတု့ိကို​ေကာက္​ခြင္​့​ေပးသြားမွာပါ .
Credit - unknow ᠌᠌᠌
===========

#တစ်ရာတန် တစ်ရွက်အောက်သို့ ပြုတ်ကျနေသည်။ ထိုကျနေသော တစ်ရာတန်ကို သူတို့မြင်လျှင် ဤသို့ ရေးကြပေလိမ့်မည်။
.
#သခင်ကိုယ်တော်မှိုင်း
============
တစ်ရာတန်တစ်ရွက်ပြုတ်ကျရှာ ကျုပ်ဘဝမှာ မကောက်သေး
စုတ်လှစွာနှောင့်နှေးမယ် မောင့်အတွေးဝယ်ဆွေး
ကြောက်သွေးရယ်ပြေးပါတယ် မကောက်ပါဒီလောက်လေး။
.
#ရှင်မဟာရဌသာရ
===========
လမ်းပေါ်မှာကျ ၊ တစ်ရာဘဝမှာ
ဘယ်သူမကောက် ၊ လေလွင့်ပျောက်မည်
မိုးရေလည်းစို ၊ ပျောက်ပျက်အိုသည်
အိုသင်္ခါရ ၊ ထိုဘဝတည်း။
.
ဦးပုည
=====
လမ်းအကွေ့ လှမ်းတွေ့ပါတဲ့တရာတန်
ကဗျာသံနှောရင် အညာပြန်ပေါပါတဲ့
စာသံနှောကာဖြင့် ကောက်လိုက်မယ်
တရာတန်ရော့လာဟဲ့။
.
ဗန်းမော်ဆရာတော်
==========
တရာတန်သတင်းအပေါ် အတင်းမျှော်စိတ်ဝင်စား
မယ်ကင်းနော်လိပ်ဖင်ခါးမို့ ငါကိုယ်တော်စိတ်မဝင်စား။
.
#တာရာမင်းဝေ
=======
မလိုဘဲမကောက်ပါနဲ့
မလိုဘဲကောက်ရင် 
တရာတန်အတွက်နာတယ်။
.
#နီကိုရဲ
=====
ပိုက်ဆံမရှိသောအချိန် တစ်ရာတန်ကိုတွေ့လေသည်။ ကောက်ရန် ကုန်းလိုက်စဉ် လေတစ်ချက်အဝေ့မှာ တစ်ရာတန်လွင့်သွားသည်။ ပတ်ဝန်းကျင်ကို ဂရုမပြုမိ။ တစ်ရာတန်ကိုသာ အာရုံစိုက်နေချိန် ထိုတစ်ရာတန်မှာ ကောက်မည်လုပ်လိုက် လေတိုက်လိုက် ကောက်မည်လုပ်လိုက် လေတိုက်လိုက်နှင့် တစ်ရွေ့ရွေ့လွင့်မျောလေတော့သည်။ ပတ်ဝန်းကျင်က ဒီလူဘာလဲ ဟုကြည့်သည်။ မောင်ရဲဝင်းစိတ်မဝင်စား။ သူစိတ်ဝင်စားတာ တစ်ရာတန်။ နောက်ဆုံး၌လေငြိမ်သွားချိန် ပြန်ကောက်ရန်ပြင်လိုက်ရာ အမျိုးသမီးတစ်ဦး၏ ခြေထောက်ပေါ်ရောက်နေသည်။ ကောက်ကာနီးကုန်းလိုက်ရင်း မော့ကြည့်လိုက်ရာ မကြည်ပြာဖြစ်နေတော့သည်။ သွားပြီ….။
.
#မင်းသိင်္ခ
======
တစ်နေ့သ၌ကျွန်ုပ်သည် ပျင်းပျင်းရှိ ရေခဲတောင်ဆေးလိပ်ကို သေသပ်ကျစွာဖွာပြီးသကာလ လမ်းလျှောက်ထွက်လာတော့သည်။ ထိုအချိန်၌ လမ်းမထက်တွင် တစ်ရာတန် ခပ်နွမ်းနွမ်းတစ်ရွက်ကျနေသည်။ ထိုတရာတန်အား မကောက်သေးဘဲ ရှေ့ကကြည့်နေသည်။ ထို့မှတဖန် အားမရသေး ဘေးကထပ်ကြည့်ပြန်သည်။ အားရပါးရကြည့်ရှုပြီးသကာလ ကောက်ယူရန် ဘိလပ်မင်းသား စတိုင်ဖြင့် ကုန်းလိုက်စဉ်တွင် တခြားသူကောက်သွားလေသည်
.
ဒသကျော်စွာ
=======
တစ်ရာတန်တစ်ရွက်တွင် ကျိန်စာအပြည့်ရေးထိုးထားလေသည်။ ထိုတစ်ရာတန်ကို ကောက်မိသူမှာ ၁ဝရက်အတွင်း အသေဆိုးဖြင့်သေပေလိမ့်မည်။ သချိုင်းကုန်းတွင် အစီအမံများဖြင့် ပြုလုပ်ထားသော တစ်ရာတန်ကို လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ရာတန်ကို ကောက်ယူမိပြီးသေဆုံးသူပေါင်း ၁၂ဝခန့်ရှိပြီဖြစ်သည်။ သေဆုံးသူများ၏ ၀ိညာန်များလည်း ထိုပိုက်ဆံတွင်ကိန်းအောင်းနေလေသည်။
.
မင်းမြတ်သူရ
=========
ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း ဖြင့် နီရဲပြီး ပြတ်သားသောနှုတ်ခမ်းအစုံဖြင့် ယောကျာ်းပီသလှစွာသောနီးသွေးသည် ရှမ်ဗဲလားတွင် သစ်ခွနက်ရှာရန်ထွက်လာခိုက် လွန်စွာအိုမင်းလှပြီဖြစ်သော အဖိုးအိုကြီးတစ်ဦးနှင့် ကိုယ်ခန္ဓာတောင့်တင်းပြီး ဖြူဖွေးချောမောလှသည့် မိန်းမပျိုတစ်ဦးတို့သည် ရှမ်ဗဲလားသို့သွားရာလမ်းတွင် တစ်ရာတန်တစ်ရွက်ကို ကောက်ရန်ပြင်နေသည်။ အမှန်စစ်စစ်မှာ ထိုတစ်ရာတန်တွင် သစ်ခွနက်ရှိမည့်နေရာသို့ သွားရန် မြေပုံရေးထားခြင်းလည်းဖြစ်သည်။
.
#လွန်းထားထား
==========
အခြေနေမဲ့ပြီး ရန်ကုန်သို့ မယောင်မလည် ရောက်လာသော ကောင်လေးတစ်ယောက်။ သူက မိမရှိဖမရှိ တစ်ကောင်ကြွက်။ အလုပ်လုပ်ရင်း လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေရပြီး တစ်နေ့လျှင် ၁ဝဝဝခန့်သာရလေသည်။ အလုပ်ပါးခိုက် လက်ဖက်ရည်ပါဆယ် သွားပို့စဉ် လမ်း၌ တရာတန်တစ်ရွက်ကို မြင်၍ ကောက်ရန် ပြင်ရာ နောက်ဆုံးပေါ်ဇိမ်ခံကားပေါ်မှာ ဆေးကျောင်းတက်နေသော ရွှေတောင်ကြားတွင် နေပြီး လွန်စွာစမတ်ကျသည့် အမျိုးသမီးတစ်ဦးက ရေဗွက်ကို ကားဖြတ်ဖြတ်မောင်းရာ သူ့ကိုဗွက်များစင်သွားသော်လည်း ကားကိုမရပ်ဘဲ ထွက်သွားလေသည်။ ကားနံပါတ်ကို သူ့စိတ်ထဲတွင် အလွတ်ကျက်လိုက်မိသည်။ AA-786969 ။
.
#လင်းသိုက်ညွှန့်
=========
ကျတော်တို့ တစ်ရာတန်ဟိုမှာတွေ့တယ်။ မကောက်ရဘူး။ လူငယ်တွေဆိုတာ အမြင့်ကိုတက်လှမ်းမှာဖြစ်တယ်။ ရည်ရွယ်ချက်ကောင်းကောင်းထားရမယ်။ အချောင်မခိုရဘူး။ နည်းပညာမြင့်လာတဲ့ ခေတ်မှာ အင်္ဂလိပ်စာ ကောင်းကောင်းတတ်ဖို့လိုတယ်။ ဒါကြောင့် မိမိ လုပ်အားခနဲ့ရတာကိုယူမှ ကြီးပွားတိုးတက်ပြီး ထိပ်ဆုံးရောက်နိုင်မယ်။
.
#ဂျူး
-----
ကျမတို့မိန်းမသားတွေရဲ့ ရဲရင့်တည်ကြည်မှုက အောက်သို့ကျလျက်ရှိသော တစ်ရာတန်ကိုပင်အမှုမထားချေ။ အဘယ့်ကြောင့်ဆိုသော် ထိုတစ်ရာတန်မှာ ကျမတို့ရပ်တည်မှုနှင့် ကိုယ်ကျင့်သိက္ခာတရားကို ခြိမ်းခြောက်မည့် ငွေစက္ကူတစ်ရွက်လည်း ဖြစ်နိုင်သေးသည်။
.
#အကြည်တော်
---------------
ရည်းစားဟောင်းဆိုတာ အောက်မှာကျနေတဲ့ တစ်ရာတန်တစ်ရွက်လိုပဲ တန်ဖိုးမရှိပေမယ့် တစ်ခါတစ်လေ ကောက်ချင်မိတဲ့စိတ်တော့ဖြစ်နေသား။
.
#လွှမ်းပိုင်
----------
မိုးတွေရေတွေထဲ တစ်ရာတန် အာခံ ငါ့ကိုလာကြံ ကာပြန် ပမာထန် မကောက်တော့ဘူး ဘေးက ဘာအသံညာအသံ လာပြန်ပြောမှာဆိုးလို့ ကိုယ့်အထာနဲ့ကိုယ်ငါပြန်မယ် မကျေနပ်ဖေ့ဘုတ်ပေါ်စာချန် မင်းနေတဲ့ရွာပြန်။
.
#ဘန်နီဖြိုး
----------
အိုးဝူးဝို ရေးရေ့ ရေးရေ့ တစ်ရာတန် အိုးအိုး ဝူးဝူး ရေ့ရေ့ ရေးရေးရေ့ တစ်ရာတန် ရေးရေးရေ့ တွေ့တယ် ၀ိုးဝူးဝို အွန်းဟာာ ဟာာာ ရေ့ တစ်ရာတန် တွေ့တယ် ၀ိုးဝူးဝို့ဝို့ ရေးအေးဟေးဟေး ဟားဟားရေး ဝေးဟေးဟေး
.
#ချစ်ဦးညို
-----------
လမ်းမှာတစ်ရာတန်တစ်ရွက်တွေ့တယ်။ ပိုက်ဆံကိုကြည့်လိုက်ခြင်းအားဖြင့် ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝကျော် ဟိုဘဝတုန်းက ရည်းစားဟောင်းတစ်ယောက်ရဲ့ ပိုက်ဆံဖြစ်နိုင်ဖွယ်ရာရှိတယ်။ စာတွေလည်းပါတယ်။ ကျိန်စာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
.
အရက်သမား
---------------
ဟိုက်…. တစ်ရာတန်တစ်ရွက်ဟ.. ဒီတစ်ရာနဲ့ဆို ဇေ တစ်ပတ်လောက်သောက်လိုက်ရ သိပ်ကောင်းမှာပဲ .. လာလေရော့ ..
.
ဆေးသမား
-------------
ဟာ… တစ်ရာတန်တစ်ရွက် ဟီးဟီးဟီးဟီးဟီးဟီး တစ်ရာတန်ကြီး ဟားဟားဟားာဟးာဟားဟားဟား တစ်ရာတန်ကြီးကွာ ဟီးးဟီးးဟီးးဟီးးး လမ်းပေါ်ရောက်နေတယ် ငိငိငိငိ သူ့ဖာသာသူနေတဲ့ တစ်ရာတန်က လမ်းပေါ်ရောက်လာတယ် ဟေးဟေးဟေး ဟားဟားဟား အသေရီရတယ်ဟေ့ တစ်ရာတန်ကြီးလမ်းပေါ်ရောက်နေသဟ ဟားဟားဟားဟား
.
အမူးသမား
------------
ဒီတစ်ရာတန်က ငါ့ကိုသွေးတိုးလာစမ်းနေတာဟ။ဂေ့ .. အမယ် မင်းပဲငါ့ကို ဆွဲဆောင်မလား ငါပဲ သိက္ခာအကျခံပြီးကောက်မလား ဒီတညလုံးမင်းနဲ့ ငါပြိုင်မယ်။ တွေ့ပြီလေ။
.
သာမန်likeတောင်းစားသူများ
--------------------------------
လမ်းမှာတစ်ရာတန်တစ်ရွက်တွေ့လို့ ပိုင်ရှင်ကို ရှာပြီးပြန်ပေးခဲ့တယ်။ သာဓုခေါ်ပေးကြပါရှန်။
.
ဦးဇော်ကြီး
-----------
လမ်းတွင်ပိုက်ဆံများပြုတ်ကျနေ ဟု အစချီကာ မူဗီတင်လိုက်ပြီး ပြုတ်ကျနေသော တစ်ရာတန်တစ်ရွက်ကို အဆုံးသတ်ရိုက်ပြပေလိမ့်မည်။
.
#G-fatt
---------
ငါ့ဘဝက တစ်ရာတန်တစ်ရွက်လိုကာ တန်ဖိုးမဲ့တာတောင် ငါ့ကိုအမြဲရန်ရှာတတ်သလိုများ ဖြစ်နေရင် ကံကြမ္မာရဟတ်ပြန်လည်လာမှ မင်း… ဖန်တစ်ရာအတွက်တွေး…. တကယ်တော့ကျတော်တို့က ကြင်ဖက်တွေပါဗျာ သူမကမနေနို်င် လင်ထွက်ကာရှာ ငါကို မမြင်တတ်တာများ ခုတော့ နင်တာ့တာပြ …။
.
သစ္စာနီ
---------
နန်းကျဘုရင်ရဲ့ အထီးကျန်မှုဟာ
လမ်းမထက်မှာ ကိန်းအောင်းနေစဉ်
ငါ၏လက်အစုံဖြင့် ထွေးပွေ့ခြင်းက
ရန်ခုန်သံကို ထပ်တူကျစေ။
.
Troller
----------
တစ်ရာတန်တစ်ရွက် ကောက်လည်းကောက်ချင်တယ် သူများမြင်ပြီးရီမှာလည်းကြောက်တယ်
ဆက်ပြောစမ်းပါဦး တစ်ရာတန်တစ်ရွက်က ဘက်စ်ကားစီးရင် အသုံးဝင်တဲ့အကြောင်းလေး
ကျတော့်မှာ အိပ်မက်တစ်ခုရှိတယ် တစ်ရာတွေအများကြီး ကောက်တွေ့စေရမယ်။
.
မျိုးချစ်မဟုတ်သောမျိုးချစ်များ
---------------------------------
တစ်ရာတန်ကိုတောင် လွှင့်ပစ်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ အတော်ပျောက်ဆုံးနေပြီ။ ဒီလိုတစ်ရာတန်ဟာ အရင်တုန်းက ဘယ်သူမှ ပစ်မချခဲ့ဘူး။ ဒါမျိုးပစ်ချတယ်ဆိုတာ ဒီမိုကရေစီအမည်ခံပြီး လုပ်ချင်တာ လုပ်တယ်ဆိုတဲ့ သဘောပဲ။ ဒါမျိုးလက်ခံလို့မရဘူး။
ငါတို့အရိုးစည်းရိုးထိုး Blah Blah
.
IG user
--------
#တရာတန် #တစ်ရွက် #လမ်း #ကောက်ရ #ပျော်နေ #မုန့်ဝယ် #စား #ကောင်း #တစ်ယောက်တည်း
.
ပေါ်ပင်သမားများ
----------------
အေသွေးသမားများ ပိုက်ဆံကောက်ရနိုင်
ဘီသွေးသမားများ မကောက်ကျ
အိုသွေးသမားများ မမြင်ကြ
​အေဘီသွေးသမားများ အငမ်းမရကောက်
.
မန့်တောင်းကြသူများ
-----------------------
စမီးတရာတန်တရွက်ကောက်ရလို့ နောက်တခါ တစ်သောင်းတန်ကောက်ရပါစေလို့ ဆုတောင်းပေးသွား မတောင်းပေးရင် unမှာနော် realလေးတွေဆိုမန့်ကြ။ မွမွ
.
ရှယ်တောင်းစားသူများ
--------------------------
ဒီတစ်ရာတန်ကို ရှယ်ပြီး လိုချင်သောပမာဏရေးပါ။ တလအတွင်းဝင်မည် ။ မှတ်ချက် သိန်းတစ်ရာမကျော်ရ။
ဒီမိုး (ဒီ​လေ)များ 
•••••••••••••••••••••••••
တကယ်​​တော့ ၁ နှစ်​ရှိပြီး ဘာမှ မတိုးတက်​တာလဲ မ​ဟြေနဲ့​လေ .​ကြည်​့ပါလား . အခုလို ၁၀၀ တန်​ကျတာ​တောင်​ ဘယ်​သူမှမ​ကောက်​ကြဘူး .ဒါဟာလဲ အရင်​အစိုးရမ​ကောင်​းခဲ့လို့ ကျတာပဲ. ဒါမဲ့ ကျွန်​​တော်​တို့အ​နေနဲ့ ၃ လအတွင်​း ရ​အောင်​​ကောက်​ပြပါမယ်​ . ဒီထက်​မြန်​မြန်​​ကောက်​ပြနိုင်​မယ်​့ လူရှိရင်​ သူတို့ကို​ကောက်​ခွင်​့​ပေးသွားမှာပါ .
Credit - unknow ᠌᠌᠌

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...