======

အမျိုးသမီအများစု နှစ်သက်သောအရွယ်အစား တစ်ခုထဲဖြစ်နေ(အသက် ၁၈ နှစ် ပြည့်ပြီးမှသာ ဖတ်ပါရန်)










Credit:ပိုပိုလေး

#Unicode Version
ကယ်လီဖိုးနီးယားနဲ့ နယူးမက္ကစီကို တက္ကသိုလ်တွေက အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ထိ အရွယ်စုံအမျိုးသမီး ၇၅ ဦးကို သူတို့နဲ့ ချစ်တင်းနှောမယ့်သူမှာ ရှိနေစေချင်တဲ့ လိင်တံအရွယ်အစားကို လက်တွေ့မေးမြန် သုတေသနပြုပြီးတဲ့အခါမှာတော့…. အဖြေတစ်ခု တရားဝင်ရလာခဲ့ပါတယ်။

သုတေသနပြုသူ ပညာရှင်တွေက သုံးဖက်မြင် ရုပ်လုံးကြွ အရွယ်အစားမတူညီတဲ့ အမျိုးသားလိင်တံ (၃၃)မျိုးကို (ဘက်လိုက်မှုမရှိစေရန်)  အပြာရောင်တစ်မျိုးထဲ သုံးကာ ရနံ့လုံးဝမရှိစေပဲ ပြုလုပ်ထားပြီး နှစ်သက်ရာ အရွယ်အစားကို ရွေးချယ်စေခဲ့ပါတယ်။


သုတေသနပြုသူတွေက အမျိုးသမီးတွေကို သူတို့နဲ့ ရေရှည်လက်တွဲမယ့် အဖော်မှာ ရှိနေစေချင်တဲ့ အနီးစပ်ဆုံး အရွယ်အစားကို မေမြန်ပြီးနောက် သေချာစွာရွေးချယ်စေခဲ့ပါတယ်။ နောက်ပြီး တစ်ကြိမ်တစ်ခါအတွက်ဆိုရင်ရော ဘယ်အရွယ်အစားက အကောင်းဆုံးဖြစ်မလဲ ဆိုတာကိုပါ ရွေခိုင်းခဲ့ပါတယ်။

အမျိုးသမီးများ ပျမ်းမျှရွေးချယ်ခဲ့တဲ့ ရေရှည်ဘဝအတွက် အဖော်မွန်မှာ ရှိစေချင်တဲ့ အရွယ်အစားကတော့ အရှည် ၆.၃လက္မနဲ့ လုံးပတ် ၄.၈လက္မ အရွယ်အစားပဲဖြစ်ပါတယ်။
တစ်ညတာ ပျော်ပါးဖို့အတွက်ဆိုရင်တော့ အနည်းငယ်ပိုကြီးတဲ့ အရှည် ၆.၄လက္မနဲ့ လုံးပတ် ၅လက္မ ကို ရွေးချယ်ခဲ့ကြပါတယ်။

ပြောရရင်တော့ အထက်ပါရွေချယ်မှု အရွယ်အစားတွေက လူတစ်ယောက်အတွက် အကြီးဆုံးအရွယ်အစားတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက လိင်တံပေါင်း ၁၅,၀၀၀ လောက်ကို မနှစ်က လေ့လာခဲ့ပြီးတဲ့နောက်မှာ ယေဘုဘျအားဖြင့် အရှည် ၅.၂လက္မ နဲ့ လုံးပတ် ၄.၆လက္မ ရှိတာကို တွေ့ရှိခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စိတ်ပညာရှင် ဒေါက်တာ နီကိုးပရူးစ် က အဆိုပါအမျိုးသမီးများရဲ့ ယခင်က လိင်ဆက်ဆံခဲ့တဲ့ အတွေအကြုံနှင့် အရွယ်အစားများအကြောင်းကို မေးမြန်ခဲ့ရာ အမျိုးသမီး ၇% က သူတို့ရဲ့ အဖော်ဟာ အရွယ်အစားကြီဂမားလွန်းတာကြောင့် လမ်းခွဲခဲ့တယ်လို့ ဖြေကြားခဲ့ပြီး ၂၀% သော အမျိုးသမီးတွေကတော့ သူ့တို့အဖော်ရဲ့ လိင်အင်္ဂါသေးလို့ ပစ်ထားခဲ့ကြတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒါကြောင့်မို့ အမျိုးသမီးပရိသတ်ကြီးရဲ့ အဖြေက…?

http://www.popolay.com/program-detail.php?pml=7474

Credit:ပိုပိုလေး

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...