======

မဂၤလာဦးည မတိုင္ခင္ဘာေတြသိထားသင့္သလဲ..

လက္ထပ္ေတာ့မယ္လို႔ ျပင္ဆင္ေနတဲ့ အခ်ိန္မွာ စိတ္လႈပ္ရွားရင္ခုန္ရတာက တစ္ဖက္၊ ပင္ပန္းရတာက တစ္ဖက္ျဖစ္ေနႏုိင္ပါတယ္။ ဝတ္စုံအပ္တာ၊ ဖိတ္စာမွာတာ၊ မဂၤလာခန္းမ ငွားတာ.. ဘယ္အရာကိုမွ အေလာ တႀကီး လုပ္လုိ႔ မရပါဘူး။
အရာရာတုိင္းကို အခ်ိန္ယူၿပီး စနစ္တက် စီစဥ္ေဆာင္ရြက္မွသာ မဂၤလာအခ်ိန္မွာ အစစအရာရာ အဆင္ေျပ ေခ်ာေမြ႕ သြားပါလိမ့္မယ္။ မဂၤလာခန္းမမွာ အဆင္ေျပေခ်ာေမြ႕႐ံုနဲ႔ေတာ့ တစ္ဘဝလံုး သာယာမယ္လုိ႔ မဆုိႏိုင္ပါဘူး။ မဂၤလာေဆာင္ၿပီးခ်ိန္မွာ တစ္ဘဝလံုး သာယာခ်မ္းေျမ႕ ေစေရးအတြက္ အေျခခံက်တဲ့ လုိအပ္ခ်က္ဟာ သတုိ႔သားနဲ႔ သတုိ႔သမီးရဲ႕ က်န္းမာေရးအေပၚမွာ မူတည္ေနပါတယ္။

လက္မထပ္ခင္ ေဆးစစ္ျခင္း

လက္မထပ္ခင္မွာ သတို႔သားေရာ သတို႔သမီးပါ က်န္းမာေရး စစ္ေဆးမႈကို ခံယူ သင့္ပါတယ္။ ေဆးစစ္ရာမွာ တစ္ဦးမွ တစ္ဦးကို လိင္မွ တစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြ ရိွ၊ မရိွနဲ႔ မ်ိဳး႐ိုးလုိက္တတ္တဲ့ေရာဂါေတြ ရိွ။ မရိွ ဆိုတာကိုစစ္ေဆးသင့္တာ ျဖစ္ပါတယ္။ ေဆးစစ္ၾကည့္လုိ႔ လိင္မွ တစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြ ရိွမွန္းသိခဲ့ရင္ ကုသေပ်ာက္ကင္းၿပီးမွသာ လက္ထပ္သင့္တာျဖစ္လုိ႔ပါ။ လက္မထပ္ခင္ ေဆး မစစ္ဘဲ ေပါင္းသင္းၿပီးခါမွ ေရာဂါ ကူးစက္ခံရတဲ့ အိမ္ေထာင္သည္ေတြ (အမ်ားအားျဖင့္ ဇနီးမယားေတြ)ကို အေတြ႕ရမ်ားေနတဲ့အတြက္ ေဆးစစ္ျခင္းဟာ အေလးထားသင့္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ တစ္ရပ္ျဖစ္ေနပါတယ္။

ေရာဂါေတြ႕ခဲ့လွ်င္

ေဆးစစ္ၾကည့္လိုက္လွ်င္ တစ္ဦးဦးမွာ ေရာဂါတစ္ခုခု ရိွေနခဲ့ရင္ တစ္ဦးနဲ႔ တစ္ဦး လက္ထပ္ဖုိ႔ ဆံုးျဖတ္ခ်က္ခ်တဲ့အခါ အဆင္ေျပေျပ ညိႇႏိႈင္းႏိုင္ပါတယ္။ ျဖစ္တဲ့ ေရာဂါကို လက္မထပ္ခင္ ကုသေပ်ာက္ကင္းေအာင္ ကုႏိုင္ဖုိ႔ ဆရာဝန္နဲ႔ ညိႇႏႈိင္းတာမ်ိဳး၊ ဒါမွမဟုတ္ အၿပီးတုိင္ မေပ်ာက္ႏုိင္ဘဲ ထိန္းထားႏိုင္တဲ့ HIV ပိုးရိွခဲ့ရင္ အကာအကြယ္ သံုးၿပီး ေပါင္းသင္း ေနထုိင္ဖုိ႔ ဆံုးျဖတ္တာမ်ိဳးေတြ ျပဳလုပ္ႏိုင္ပါတယ္။ လက္ထပ္ၿပီးမွ ေရာဂါ ရိွမွန္း သိခဲ့ရင္ေတာ့ “ဆုပ္လည္းစူး၊ စားလည္း႐ူး”လုိ အျဖစ္ မ်ိဳးေတြ ျဖစ္သြားႏိုင္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦး မကူးစက္ႏုိင္ေပမယ့္ ႏွစ္ဦးစလံုးမွာ ရိွခဲ့ရင္ မ်ိဳး႐ိုးလုိက္ႏုိင္ေျခမ်ားတဲ့ ေရာဂါေတြ (ဥပမာ - ဆီးခ်ိဳေရာဂါ၊ ေသြး အားနည္းေရာဂါ) ရိွခဲ့ရင္လည္း ဆရာဝန္နဲ႔ တုိင္ပင္ ေဆြးေႏြးၿပီးမွ လက္ထပ္ဖုိ႔ ဆံုးျဖတ္ႏိုင္ပါတယ္။

သားသမီးရယူေရး

အိမ္ေထာင္ သားေမြးဆုိတဲ့ စကားအတုိင္း အိမ္ေထာင္ျပဳၿပီးရင္ ကေလးယူျခင္းကပါ တဲြပါလာပါတယ္။ ခ်က္ခ်င္း ကေလး မယူခ်င္ေသးဘူးဆုိရင္ ကာကြယ္တားဆီးထားဖုိ႔နဲ႔ ကေလးယူမယ္လုိ႔ ဆံုးျဖတ္ထားရင္ လည္း ေဆာင္သင့္၊ ေရွာင္သင့္တဲ့အခ်က္ေတြ (ဥပမာ - အမ်ိဳးသမီးအေနနဲ႔ အားျဖည့္ေဆး ႀကိဳတင္မွီဝဲထားႏိုင္ဖုိ႔) ဆရာဝန္နဲ႔ ႀကိဳတင္ေဆြးေႏြး ထားသင့္ပါတယ္။ အထူးသျဖင့္ သတုိ႔သမီးနဲ႔ အသက္ ၂၅ ႏွစ္ေက်ာ္ေနရင္ ျမန္ျမန္ ကေလးယူဖုိ႔ ဆရာဝန္ေတြက တုိက္တြန္းေလ့ ရိွပါတယ္။

သားသမီးဦးေရ

ဒီေန႔ေခတ္မွာ စီးပြားေရး၊ လူမႈေရး၊ အလုပ္အကုိင္စတဲ့ အေၾကာင္းေၾကာင္းေတြေၾကာင့္ ကေလးအမ်ားႀကီး မယူလုိၾကေတာ့ပါဘူး။ အေကာင္းဆံုးကေတာ့ ကေလးယူတဲ့အခါမွာ သားသမီး တစ္ဦးနဲ႔ တစ္ဦးၾကား အနည္းဆံုး သံုးႏွစ္ေလာက္ ျခားသင့္ပါတယ္။ တစ္ႏွစ္တစ္ေယာက္ႏႈန္းနဲ႔ ကေလးေမြးေနရင္ မိခင္မွာ ပင္ပန္းႏိုင္သလို ေမြးလာတဲ့ ကေလးတုိင္းကို အျပည့္အဝ ဂ႐ုစိုက္ႏိုင္ဖုိ႔ မလြယ္ပါ။

ေစာင့္ထိန္းမႈ

အိမ္ေထာင္မျပဳခင္က ေဆးစစ္လိုက္ေတာ့ ေဆးေအာင္ပါရဲ႕။ အိမ္ေထာင္ျပဳၿပီးခ်ိန္မွာ အိမ္ေထာင္ဖက္တစ္ဦးက ထင္သလို စိုင္းလုိက္မယ္ဆုိရင္ေတာ့ ဇနီးေမာင္ႏွံ ႏွစ္ဦးစလံုးအတြက္ ကိုယ့္က်န္းမာေရးကို ထိခုိက္ေစႏိုင္႐ံု သာမက စိတ္ေပ်ာ္ရႊင္မႈကိုပါ ထိခုိက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မဂၤလာေဆာင္ ၿပီးခ်ိန္မွာလည္း ခင္ပြန္းက်င့္ဝတ္နဲ႔ ဇနီးက်င့္ဝတ္တုိ႔ကို လုိက္နာၿပီး သစၥာရိွရိွ ေပါင္းသင္းေနထိုင္သြားဖုိ႔ အေရးႀကီး လွပါတယ္။
=====
လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလော တကြီး လုပ်လို့ မရပါဘူး။
အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။

လက်မထပ်ခင် ဆေးစစ်ခြင်း

လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေး မစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။

ရောဂါတွေ့ခဲ့လျှင်

ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ် သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါ ရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ် မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေး အားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

သားသမီးရယူရေး

အိမ်ထောင် သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေး မယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင် လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။

သားသမီးဦးရေ

ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။

စောင့်ထိန်းမှု

အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီး လှပါတယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...