======
အခု အလောင်းတွေ ရှာနေတဲ့ အရှည်ဆုံး အဆင့်မြင့် မီးသတ်လှေခါးကြီး မီးလောင်တုန်းက ဘယ်ရောက်နေသလဲ..
 ဆိုးရွားတဲ့မီးလောင်မှုကြီးအတွင်း အသုံမချဖြစ်ခဲ့တဲ့မီးသတ်လှေခါးကြီး
မီးလောင်ခဲ့တဲ့ ဂရန်းဖဲလ်တာဝါကြီးပေါ်မှ ရုပ်အလောင်းများကို ခုချိန်မှာတော့ ဗြိတိန်မှာ အရှည်ဆုံးမီးသတ်လှေခါးကြီးကို အသုံးပြုပြီး ရှာဖွေနေပါတယ်။ အဆင့်မြင့်မီးသတ်လှေခါးကြီး မီးလောင်တုန်းက ဘယ်ရောက်နေသလဲ ခုထက် စောစောရောက်လာသင့်တယ်လို့ ဝေဖန်ခံနေရပါတယ်။ တာဝါကြီးကို မီးတွေဝါးမြိုးနေစဉ်းအစောပိုင်း ဓာတ်ပုံဗွီဒီယိုတွေ အွန်လိုင်းပေါ်မှာ များစွာပြန့်နှ့ံခဲ့ပါတယ်။ အထပ်နှိမ့်မဟုတ်တဲ့အတွက် လှေခါးအရှည်ကြီးတွေနဲ့မှ မီးသတ်နိုင်မှာဖြစ်ပါတယ်။
ဂရန်းဖဲလ်တာဝါမီးဘေးကြီးအတွင်း ခုနောက်ဆုံး ၇၉ ယောက်သေဆုံးသွားပြီလို့ အတည်ပြုထားပါတယ်။ လူများစွာကတော့ ယခုလောက်မသေသင့်ဘူးလို့ ဝေဖန်နေပါတယ်။ စိတ်မသက်သာဖွယ်ဓာတ်ပုံများတွင် မီးလောင်ခံနေရသူတွေဟာ သူတို့ရဲ့အခန်းတွေထဲကနေ သဲကြီးမဲကြီး အဝတ်စများ ဝှေ့ယမ်းအကူညီတောင်းနေခဲ့ကြပါတယ်။ ဒါပေမယ့် ယင်းအချိန်ကရောက်ခဲ့တဲ့ မီးသတ်တွေရဲ့ လှေခါးတွေဟာ သူတို့အထပ်ထိ မမှီခဲ့ပါဘူး။
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...