======

တာေမြအဝိုင္းခံုးေက်ာ္တံတား ေျမေအာက္ထဲမွ အခ်င္း၅ေပေလာက္ရွိတဲ့ဧရာမသံပိုက္ႀကီး

ဗဟုသုတအေနနဲ႔ ျပန္တင္ေပးတာပါ
_____
တာေမြအဝိုင္းခံုးေက်ာ္တံတားေဆာက္ဖို႔ေျမတူးေတာ့ ေျမေအာက္ထဲမွာ အခ်င္း၅ေပေလာက္ရွိတဲ့ဧရာမသံပိုက္ႀကီးေတြေတြ႔တယ္တဲ့။
ဘာပိုက္ႀကီးေတြမွန္းမသိၾကဘူး။ ဂ်ိဴးျဖဴေရပိုက္လည္းမဟုတ္ဘူးတဲ့။
ပိုက္ရဲ့ပံုစံ၊ အရည္အေသြးနဲ႔ ျမွဳပ္ထားတဲ့ပံုစံေတြအရ အဂၤလိပ္ေခတ္ကလုပ္ထားတာဆိုတာေလာက္ေတာ့ ခန္႔မွန္းလို႔ရတယ္။ အဲ့ဒါနဲ႔လိုက္စံုစမ္းေတာ့ အင္းယားကန္ေရလွ်ံရင္ကန္ေတာ္ႀကီးထဲကိုလႊဲပို႔တဲ့ပိုက္ႀကီးျဖစ္ေနတယ္။ အဂၤလိပ္လက္ထက္က ရန္ကုန္ၿမိဳ႔ကိုစံနစ္တက်တည္ေဆာက္ခဲ့တယ္ဆိုတဲ့သက္ေသေတြေပါ့။
လုပ္ထားတဲ့ပံုစံက အင္းယားကန္ေရလွ်ံရင္ အဲဒီပိုက္ကေနကန္ေတာ္ႀကီးထဲကိုလႊဲပို႔တယ္။ ကန္ေတာ္ႀကီးထပ္လွ်ံရင္ ပုဇြန္ေတာင္ေခ်ာင္းထဲကိုထပ္လႊဲတဲ့ပိုက္ႀကီးေတြလည္းရွိတယ္။ အဲဒါႀကီးေတြက ေနာက္ပိုင္းမွာစံနစ္တက်မထိန္းသိမ္းေတာ့ သံုးမရဘဲပ်က္စီးကုန္တယ္။

ခုခံုးေက်ာ္တံတားေဆာက္ေတာ့ အဲဒီေလာက္ႀကီးတဲ့ပိုက္ႀကီးေတြကိုဘယ္လိုဖယ္ရွားရမွန္းမသိတာနဲ႔ ပိုက္ေပၚကပဲခြၿပီးကြန္ကရစ္ေလာင္းပစ္လိုက္တယ္။ ပိုက္ကမခံႏိုင္ေတာ့က်ိဳးသြားတယ္တဲ့။ ျပန္လုပ္ၾကေပါ့။ ပိုက္ဆံေတြထပ္ကုန္တယ္။ အခ်ိန္ေတြထပ္ကုန္တယ္။
ေသခ်ာတယ္။ အဂၤလိပ္ကေတာ့ ပစ္စလက္ခတ္လုပ္ခဲ့မွာမဟုတ္ဘူး။ သူျမွဳပ္ခဲ့တဲ့လမ္းေၾကာင္းေတြကို ေျမပံုနဲ႔မွတ္တမ္းနဲ႔စံနစ္တက်ထားခဲ့မွာပဲ။ ကိုယ့္လူေတြက အထိန္းအသိမ္းမတတ္ေလေတာ့ အဲဒီမွတ္တမ္းေတြအကုန္ေပ်ာက္ပ်က္ကုန္မွာေပါ့ေလ။

ၿပီးေတာ့ တာေမြအဝိုင္းလမ္းဆံုရဲ့အလယ္တည့္တည့္မွာ ေျမေအာက္ကိုဆင္းတဲ့ Manhole အေပါက္တစ္ေပါက္ရွိတယ္။
၈၈အေရးအခင္းမျဖစ္ခင္က အဲဒီေနရာမွာအဝိုင္းႀကီးရွိတယ္။ အေရးအခင္းအၿပီးလမ္းေတြခ်ဲ႕ေတာ့ အဲဒီအဝိုင္းႀကီးကိုဖ်က္ၿပီး လမ္းဆံုလုပ္ပစ္လိုက္တယ္။ ကၽြန္ေတာ္တို႔ငယ္ငယ္ကဆို အဲဒီအဝိုင္းႀကီးရဲ့အလယ္က Manhole အေပါက္ထဲခဲလံုးေလးေတြသြားသြားပစ္ခ်ၾကည့္ၾကတယ္။ ေအာက္ကိုဘယ္ေလာက္အထိနက္လဲေတာ့ မခန္႔မွန္းတတ္ဘူး။ အဲဒီကေနဆင္းရင္ ရန္ကုန္ၿမိဳ႕ရဲ့ေျမေအာက္ေျမာင္းကြန္ယက္ႀကီးဆီကိုေရာက္တယ္တဲ့။ ကၽြန္ေတာ္တို႔အဖိုးေတြ အေဖေတြေျပာျပတာက အဲဒီေျမေအာက္ဥမင္ႀကီးေတြဟာ အျမင့္ကိုးေပဆယ္ေပေလာက္ရွိတယ္။ အဲဒီထဲမွာ ဂ်စ္ကားတစ္စီးေကာင္းေကာင္းေမာင္းလို႔ရတယ္တဲ့။ ပုဇြန္ေတာင္ေခ်ာင္းဝအထိကိုေပါက္တယ္တဲ့။ ေရထုတ္ေျမာင္းအျပင္ တျခားမီးႀကိဳးေတြ၊ ေကဘယ္လ္ေတြပါသြယ္တန္းလို႔ရႏိုင္တယ္။ ႏိုင္ငံျခားအက္ရွင္ကားတြထဲမွာ ရဲနဲ႔လူဆိုးလိုက္ၾကေျပးၾကလုပ္တဲ့ေျမေအာက္လမ္းေၾကာင္းႀကီးေတြလိုေပါ့။
အဲဒီလိုေျမေအာက္ကိုဆင္းတဲ့ Manhole အေပါက္ေတြရန္ကုန္ၿမိဳ႕အႏွံ႔မွာရွိတယ္။ သိတဲ့လူႀကီးေတြသိၾကတယ္။
လူႀကီးေတြအေျပာအရ ဟိုးမဂၤလာဒံုနားအထိကို အဲဒီေျမေအာက္ကြန္ယက္ႀကီးေပါက္တယ္တဲ့။ အဲဒီနားေတြမွာပါ အေပါက္ေတြရွိတယ္တဲ့။

အဂၤလိပ္ကေတာ့ သူ႔အက်င့္အတိုင္းအကုန္စံနစ္တက်လုပ္သြားတာပဲ။
ျဖစ္ႏိုင္ရင္ေတာ့ အဲ့ဒီေျမေအာက္ကြန္ယက္လမ္းေၾကာင္းႀကီးကို ျပန္ေဖာ္ထုတ္ၿပီးသံုးလို႔ရမယ္ဆိုရင္ေတာ့ ေတာ္ေတာ္အဆင္ေျပလိမ့္မယ္။
_______________________________
ကၽြန္ေတာ္တင္ခဲ့တဲ့ ေရကုန္ၿမိဳ႕ရဲ့ေျမေအာက္ေျမာင္းေတြနဲ႔ ပိုက္လိုင္းေတြအေၾကာင္းပို႔စ္ဟာ Like ၂၅၀၀၀ ေက်ာ္၊ Share ၁၀၀၀ ေက်ာ္နဲ႔ Comment ၁၀၀၀ နီးပါးတက္လာခဲ့တယ္။ ေရးၾကတဲ့ Comment ေတြမွာ ေရွ႕မွီေနာက္မွီလူႀကီးမ်ားလည္းပါေလေတာ့ အဲဒီကြန္မန္႔ေတြလိုက္ဖတ္တာနဲ႔ကို ဗဟုသုတေတာ္ေတာ္ရခဲ့တယ္။

ကၽြန္ေတာ္လည္း အဲဒီအေၾကာင္းေတြကိုေသေသခ်ာခ်ာသိခ်င္လို႔ အခ်ိန္သံုးရက္ေလာက္အကုန္ခံၿပီး Google ဝင္ေမႊၾကည့္တာ အင္းယားကန္နဲ႔ ကန္ေတာ္ႀကီးဆက္ထားတဲ့ေရလွ်ံပိုက္လိုင္းအေၾကာင္းကလြဲလို႔ ေျမေအာက္ေျမာင္းႀကီးေတြအေၾကာင္းရွာမေတြ႔ခဲ့ဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ပို႔စ္ေအာက္ကကြန္မန္႔ေတြရယ္ ကၽြန္ေတာ္ထပ္ၿပီးစပ္စုထားတာေတြရယ္ေပါင္းလိုက္ေတာ့ ေတာ္ေတာ္စိတ္ဝင္စားစရာေကာင္းတဲ့ေတာ့ပစ္တစ္ခုျဖစ္လာတယ္။
ခုကၽြန္ေတာ္ အဲ့ဒီအေၾကာင္းေတြကိုေရးပါ့မယ္။
အေထာက္အထားခိုင္ခိုင္မာမာျပႏိုင္တာမဟုတ္ေပမယ္လို႔ ယံုၾကည္ရေလာက္တဲ့အျဖစ္အပ်က္မွတ္တမ္းေတြပါ။
အားလံုးကို ဗဟုသုတအေနနဲ႔မွ်ေဝေပးပါ့မယ္။
အဲဒီဗဟုသုတေတြကိုကြန္မန္႔ေရးေပးခဲ့တဲ့သူမ်ားကို အထူးေက်းဇူးတင္ပါေၾကာင္း ေလးေလးစားစားခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ။

ေရးရတဲ့ရည္ရြယ္ခ်က္ကေတာ့ အဲဒီေျမေအာက္ေျမာင္းႀကီးေတြကို ျပန္ရွာေဖြေဖာ္ထုတ္ၿပီး အသံုးခ်လို႔ ရႏိုင္၊ မရႏိုင္ကို တာဝန္ရွိသူမ်ားကစိတ္ဝင္တစားနဲ႔ ေဆာင္ရြက္ေစခ်င္လို႔ပဲျဖစ္ပါတယ္။

တာေမြအဝိုင္းထိပ္ခံုးေက်ာ္တံတားလုပ္ငန္းခြင္မွာေပၚလာတဲ့ ေျမေအာက္သံပိုက္လံုးႀကီးေတြဟာ အင္းယားကန္ေရလွ်ံရင္ ကန္ေတာ္ႀကီးဆီကိုလႊဲပို႔တဲ့ပိုက္လိုင္းႀကီးေတြဆိုတာေသခ်ာတယ္လို႔ တခ်ိဳ႕ကအတည္ျပဳေျပာၾကပါတယ္။ လက္ရွိမွာသံုးလို႔ရ၊ မရ မေသခ်ာေပမယ့္ ေရထိန္းဘားေတြကေတာ့ ဆီဒိုးနားဟိုတယ္ေဘးမွာတစ္ခု၊ ဖိုးစိန္လမ္းထဲမွာတစ္ခုရွိတယ္လို႕ ဆိုၾကပါတယ္။ ကန္ေတာ္ႀကီးကေန ပုဇြန္ေတာင္ေခ်ာင္းထဲကိုေတာ့ ပိုက္နဲ႔မဟုတ္ဘဲ ေျမေအာက္ေျမာင္းေတြနဲ႔ဆက္သြယ္ထားတယ္လို႔ ဆိုၾကပါတယ္။

ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားစိတ္ဝင္စားၾကတာကေတာ့ ေျမေအာက္ဥမင္ႀကီးေတြအေၾကာင္းပါ။
အဲ့ဒီေျမေအာက္ဥမင္ႀကီးေတြဟာ ဂ်စ္ကားတစ္စီးေကာင္းေကာင္းေမာင္းလို႔ရေလာက္ေအာင္ ႀကီးမားလွတယ္ဆိုတာလည္း ေတာ္ေတာ္မ်ားမ်ားေျပာၾကပါတယ္။ ဟိုေခတ္တုန္းက ဒုစရိုက္ေလာကသားေတြ ခိုေအာင္းလႈပ္ရွားရာေျမေအာက္ကမ႓ာႀကီးေပါ့။

အဲ့ဒီေျမေအာက္ဥမင္ႀကီးထဲမွာ ရပ္ကြက္တစ္ခုလိုျဖစ္ေနၿပီး မူးယစ္ေဆးဝါး၊ ျပည့္တန္ဆာနဲ႔ တျခားတရားမဝင္ကိစၥေတြ အေျချပဳလႈပ္ရွားၾကတဲ့ေနရာႀကီးပါတဲ့။ အဲဒီေျမေအာက္ရပ္ကြက္ႀကီးရဲ့ဝင္ေပါက္က ဆူးေလဘုရားနား၊ ရွားမီးမုန္႔တိုက္ေဘးက ေျမာင္းေပါက္ႀကီးလို႔ဆိုၾကတယ္။

အဲ့ဒီေျမေအာက္ကမ႓ာႀကီးထဲမွာ ေသာက္ေရသံုးေရလည္းရ၊ လွ်ပ္စစ္မီးလည္းရတယ္တဲ့။ ေျမာင္းဆိုေပမယ့္လို႔ အနံ႔အသက္ဆိုးေတြမရွိဘူး။ လူမိုက္ေတြက တာဝန္ယူအုပ္ခ်ဳပ္တဲ့ရပ္ကြက္ႀကီးေပါ့။ ေတာ္ရံုသူစိမ္းဝင္လို႔မရဘူး။ "မြန္းတည့္ခ်ိန္မွာ ေနဝင္သည္" ဆိုတဲ့ရုပ္ရွင္ဇာတ္ကားရဲ့ ဇာတ္ဝင္ခန္းတခ်ိဳ႕မွာ အဲဒီေျမေအာက္ေလာကသားေတြအေၾကာင္းပါတယ္တဲ့။

အဲဒီေျမေအာက္ေျမာင္းကြန္ယက္ႀကီးရဲ့ လမ္းေၾကာင္းအတိအက်ကိုေတာ့ ဘယ္သူမွသိပ္မသိၾကပါဘူး။ ဒါေပမယ့္ တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းစီရဲ့အေတြ႔အၾကံဳနဲ႔ ေျပာစကားေတြကို ဆက္စပ္ၾကည့္တဲ့အခါ အဲ့ဒီကြန္ယက္ႀကီးက ရန္ကုန္တစ္ၿမိဳ႕လံုးရဲ့ေအာက္မွာျဖန္႔က်က္ေနတယ္လို႔ယူဆရတယ္။ ၿမိဳ႕လယ္ပိုင္းမွာေတာ့ ခပ္စိပ္စိပ္နဲ႔၊ ၿမိဳ႕ျပင္ပိုင္းမွာေတာ့ ခပ္က်ဲက်ဲပံုစံျဖစ္ဖို႔မ်ားတယ္။ ၿမိဳ႕လယ္ဆိုတာက ခုဆို လမ္းမေတာ္၊ လသာ၊ ေက်ာက္တံတား၊ ဗိုလ္တေထာင္ ပတ္ဝန္းက်င္ေပါ့။ ၿမိဳ႕ျပင္ကေတာ့ ဗဟန္း၊ တာေမြဘက္ပိုင္းေပါ့။ ဒါေပမယ့္ တခ်ိဳ႕ကဆိုၾကျပန္တာက မဂၤလာဒံုေပါက္ကုန္းနားမွာလည္း ေျမေအာက္ကိုဆင္းတဲ့အေပါက္ႀကီးေတြ ဂ်ပန္ေခတ္ကတည္းကရွိေနတယ္တဲ့။ စစ္တပ္က အေသပိတ္၊ ေသာ့ခတ္ထားတယ္လို႔ေျပာၾကတယ္။ ၿမိဳ႕ထဲအထိဆက္ေနတာဟုတ္မဟုတ္ေတာ့ မေသခ်ာဘူးေပါ့။

ဂြတၱလစ္(ခု ဆရာစံရပ္ကြက္) က တစ္ေယာက္ေျပာျပတာက သူတို႔ငယ္ငယ္က အဲဒီေျမာင္းႀကီးေတြေအာက္ထဲ ဆင္းၾကည့္ဖူးတယ္တဲ့။ ဂြတၱလစ္မင္းလမ္းနားကေန ခုတံတားထိုးေနတဲ့ တာေမြအဝိုင္းထိပ္အထိေရာက္တယ္။ ဆက္သြားလုိ႔ရေသးတယ္တဲ့။

ေနာက္တစ္ေယာက္ေျပာတာက လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ ေလာက္ကအေၾကာင္း။ တစ္ေန႔မွာ က်ိဳကၠဆံရပ္ကြက္ (ျမလမ္းမွတ္တိုင္နား) က ေျမာင္းေပါက္ႀကီးတစ္ခုထဲကေန ႏြားေအာ္သံၾကားလို႔ေခ်ာင္းၾကည့္ေတာ့ ေျမေအာက္ေျမာင္းႀကီးထဲမွာ ႏြားႀကီးတစ္ေကာင္ေတြ႔ၾကတယ္။ ေျမာင္းေပါက္ကို မရရေအာင္ခ်ဲ႕ၿပီးဆြဲတင္ၾကရတယ္။ ဒီေျမာင္းထဲကို ႏြားႀကီးဘယ္ကေနဘယ္လိုေရာက္လာလဲ စဥ္းစားလို႔မရၾကဘူး။ ေနာက္ေတာ့မွ ဟိုးသိမ္ျဖဴထိပ္ကမြတ္ဆလင္ရပ္ကြက္မွာ အစ္ဒ္ေန႔နီးေတာ့ေမြးထားတဲ့ႏြားႀကီးက လြတ္လာၿပီးေျမေအာက္ေျမာင္းထဲကေန ဒီဘက္အထိေရာက္လာတယ္ဆိုတာ သိလိုက္ၾကရတယ္။

ခု ဗိုလ္ျမတ္ထြန္းကြန္ဒိုေဆာက္ထားတဲ့ေနရာကလည္း အရင္ကမိလႅာကန္အႀကီးႀကီးဆိုပဲ။ အဲဒီကေနတဆင့္ ရန္ကုန္ျမစ္ထဲကိုေရဆိုးေတြထုတ္ခ်တယ္လို႔ေျပာၾကတယ္။
အရင္တုန္းက အိမ္ေတြမွာမိလႅာကန္စံနစ္မရွိဘဲ အဲဒီေရဆိုးေျမာင္းေတြကေနတဆင့္ ရီဆာဗာႀကီးမွာေလွာင္ထားၿပီး ရန္ကုန္ျမစ္ေရအတက္အက်အတိုင္း သြန္ခ်ပစ္တယ္တဲ့။

ေနာက္စိတ္ဝင္စားစရာအျဖစ္အပ်က္တစ္ခုရွိေသးတယ္။ ၁၉၈၃ တုန္းက အာဇာနည္ကုန္းမွာ ေတာင္ကိုရီးယားသမၼတ မစၥတာ
ခ်န္ဒူးဝမ္ကို လုပ္ၾကံခဲ့တဲ့ ေျမာက္ကိုရီးယားသူလွ်ိဳ ကင္မင္ခ်ဴးနဲ႔ ဇင္ဘုိတို႔ဟာ (နံမည္နဲ႔ ခုႏွစ္သကၠရာဇ္ေတြလြဲေကာင္းလြဲႏိုင္ပါတယ္) ေရႊတိဂံုဘုရားနားက ေျမေအာက္ေျမာင္းေပါက္ထဲကေနတဆင့္ ပုဇြန္ေတာင္ေခ်ာင္းဆီကိုထြက္ေျပးၾကတယ္။ အဲဒီကေန ဒလဘက္လား၊ ကြမ္းျခံကုန္းဘက္လားေျပးၾကၿပီး ေနာက္ဆံုးရြာသားေတြနဲ႔အေတြ႔မွာ တစ္ေယာက္ကကိုယ့္ကိုယ္ကိုဗံုးခြဲပစ္လိုက္တယ္။ တစ္ေယာက္ကေတာ့ အရွင္ဖမ္းမိတယ္တဲ့။
(မွားေနတယ္ဆိုရင္ အမွန္သိသူမ်ားျပင္ေပးၾကပါ)

ပါးစပ္ရာဇဝင္ေတြအရ ရန္ကုန္ၿမိဳ႕ရဲ့ေျမေအာက္ေျမာင္းကြန္ယက္ေျမပံု Blue print ဟာ တစ္ေယာက္ေယာက္ရဲ့လက္ထဲမွာရွိေနၿပီး ေဒၚလာတစ္သန္းနဲ႔ေရာင္းမယ္လို႔ အစိုးရကိုကမ္းလွမ္းဖူးတယ္လို႔ေျပာၾကတယ္။ စကၤာပူကေျမေအာက္ေျမာင္းေတြက ရန္ကုန္ဒီဇိုင္းကိုယူၿပီးတည္ေဆာက္ထားတယ္လို႔လည္း ေျပာၾကတယ္။
တခ်ိဳ႕ေျပာတာကေတာ့ အဂၤလိပ္ကအဲ့ဒီေျမပံုကို ျမန္မာေတြလက္ထဲလံုးဝမေပးခဲ့ပါဘူးတဲ့။

တခ်ိဳ႕ကက်ေတာ့လည္း ဗိုလ္ခ်ဳပ္ေနဝင္းလက္ထက္မွာ အဲဒီေျမပံုကို ၿမိဳ႕ေတာ္စည္ပင္ဆီကေန စစ္တပ္ကသိမ္းသြားတယ္တဲ့။ လံုျခံဳေရးအေၾကာင္းျပခ်က္နဲ႔ေပါ့။
အခု ေရႊတိဂံုဘုရားလမ္းက စစ္ရံုးဝင္းထဲမွာ အဲဒီေျမေအာက္ကြန္ယက္ရဲ့အလယ္ဆံုခ်က္ ဝင္ေပါက္ေနရာရွိတယ္လို႔လည္း ေျပာၾကျပန္တယ္။

နဝတ၊ နအဖ လက္ထက္တုန္းကေတာ့ အဲဒီေျမေအာက္ေျမာင္းေတြကိုျပန္ရွာၾကေသးတယ္တဲ့။ စံနစ္ေတြက ေခတ္မမွီေတာ့ဘူး။ ေျမာင္းေတြကေကာကုန္ၿပီ။ ျပန္သံုးလို႔မရႏိုင္ေတာ့ဘူး။ အမ်ိဳးမ်ိဳးေျပာၾကတယ္တဲ့။ အေၾကာင္းျပတာလည္း ျဖစ္ရင္ျဖစ္မွာေပါ့ေလ။

ေရွးလူႀကီးေတြ စိတ္ဝင္တစားေျပာျပၾကတာက ဗားဂရာလမ္းဆံုဟာ တကယ့္အနိမ့္ပိုင္းေနရာမွာရွိေနရဲ့သားနဲ႔ တခါမွေရႀကီးေရလွ်ံမျဖစ္ဖူးဘူးတဲ့။ အဲ့ဒီေအာက္မွာ ရန္ကုန္ျမစ္နဲ႔ဆက္သြယ္ထားတဲ့ေျမေအာက္ေျမာင္းႀကီး ရွိေနတယ္တဲ့။

ကၽြန္ေတာ္ အထက္မွာေျပာခဲ့သလိုပါပဲ။ အခုေရးထားတာေတြအကုန္လံုးဟာ အေထာက္အထားခိုင္ခိုင္မာမာမဟုတ္ေပမယ့္ ယံုၾကည္ရေလာက္တဲ့စကားေတြပါပဲ။ အားလံုးကိုျခံဳငံုၾကည့္ရင္ေတာ့ ရန္ကုန္ၿမိဳ႕ရဲ့ေအာက္မွာ အဖိုးတန္တဲ့ေျမေအာက္ေျမာင္းကြန္ယက္ႀကီး တကယ္ရွိေနပါတယ္။
လက္ရွိမွာေရာ သံုးေနသလား။ သံုးလို႔မရေတာ့တာလား။ ဒါမွမဟုတ္ လံုျခံဳေရးအေၾကာင္းျပခ်က္နဲ႔ အကုန္ပိတ္ပစ္လိုက္ၾကတာလားဆိုတာ စိတ္ဝင္စားစရာပါ။

တကယ္လို႔ ျပန္ေဖာ္ထုတ္ၿပီးအသံုးခ်လို႔ရေသးတယ္ဆိုရင္ေတာ့ ျပန္ၿပီးသံုးသင့္၊ မသံုးသင့္ ကၽြမ္းက်င္တဲ့ပညာရွင္ေတြ၊ တာဝန္ရွိသူေတြ ေဆြးေႏြးတိုင္ပင္သင့္ပါတယ္လို႔ အၾကံျပဳပါရေစခင္ဗ်ား။
Ye Yint Ni
Credit ဥကၠာၾကည္ဝင္း
===========

ဗဟုသုတအနေနဲ့ ပြန်တင်ပေးတာပါ
_____
တာမွေအဝိုင်းခုံးကျော်တံတားဆောက်ဖို့မြေတူးတော့ မြေအောက်ထဲမှာ အချင်း၅ပေလောက်ရှိတဲ့ဧရာမသံပိုက်ကြီးတွေတွေ့တယ်တဲ့။
ဘာပိုက်ကြီးတွေမှန်းမသိကြဘူး။ ဂျိူးဖြူရေပိုက်လည်းမဟုတ်ဘူးတဲ့။
ပိုက်ရဲ့ပုံစံ၊ အရည်အသွေးနဲ့ မြှုပ်ထားတဲ့ပုံစံတွေအရ အင်္ဂလိပ်ခေတ်ကလုပ်ထားတာဆိုတာလောက်တော့ ခန့်မှန်းလို့ရတယ်။ အဲ့ဒါနဲ့လိုက်စုံစမ်းတော့ အင်းယားကန်ရေလျှံရင်ကန်တော်ကြီးထဲကိုလွှဲပို့တဲ့ပိုက်ကြီးဖြစ်နေတယ်။ အင်္ဂလိပ်လက်ထက်က ရန်ကုန်မြို့ကိုစံနစ်တကျတည်ဆောက်ခဲ့တယ်ဆိုတဲ့သက်သေတွေပေါ့။
လုပ်ထားတဲ့ပုံစံက အင်းယားကန်ရေလျှံရင် အဲဒီပိုက်ကနေကန်တော်ကြီးထဲကိုလွှဲပို့တယ်။ ကန်တော်ကြီးထပ်လျှံရင် ပုဇွန်တောင်ချောင်းထဲကိုထပ်လွှဲတဲ့ပိုက်ကြီးတွေလည်းရှိတယ်။ အဲဒါကြီးတွေက နောက်ပိုင်းမှာစံနစ်တကျမထိန်းသိမ်းတော့ သုံးမရဘဲပျက်စီးကုန်တယ်။

ခုခုံးကျော်တံတားဆောက်တော့ အဲဒီလောက်ကြီးတဲ့ပိုက်ကြီးတွေကိုဘယ်လိုဖယ်ရှားရမှန်းမသိတာနဲ့ ပိုက်ပေါ်ကပဲခွပြီးကွန်ကရစ်လောင်းပစ်လိုက်တယ်။ ပိုက်ကမခံနိုင်တော့ကျိုးသွားတယ်တဲ့။ ပြန်လုပ်ကြပေါ့။ ပိုက်ဆံတွေထပ်ကုန်တယ်။ အချိန်တွေထပ်ကုန်တယ်။
သေချာတယ်။ အင်္ဂလိပ်ကတော့ ပစ်စလက်ခတ်လုပ်ခဲ့မှာမဟုတ်ဘူး။ သူမြှုပ်ခဲ့တဲ့လမ်းကြောင်းတွေကို မြေပုံနဲ့မှတ်တမ်းနဲ့စံနစ်တကျထားခဲ့မှာပဲ။ ကိုယ့်လူတွေက အထိန်းအသိမ်းမတတ်လေတော့ အဲဒီမှတ်တမ်းတွေအကုန်ပျောက်ပျက်ကုန်မှာပေါ့လေ။

ပြီးတော့ တာမွေအဝိုင်းလမ်းဆုံရဲ့အလယ်တည့်တည့်မှာ မြေအောက်ကိုဆင်းတဲ့ Manhole အပေါက်တစ်ပေါက်ရှိတယ်။
၈၈အရေးအခင်းမဖြစ်ခင်က အဲဒီနေရာမှာအဝိုင်းကြီးရှိတယ်။ အရေးအခင်းအပြီးလမ်းတွေချဲ့တော့ အဲဒီအဝိုင်းကြီးကိုဖျက်ပြီး လမ်းဆုံလုပ်ပစ်လိုက်တယ်။ ကျွန်တော်တို့ငယ်ငယ်ကဆို အဲဒီအဝိုင်းကြီးရဲ့အလယ်က Manhole အပေါက်ထဲခဲလုံးလေးတွေသွားသွားပစ်ချကြည့်ကြတယ်။ အောက်ကိုဘယ်လောက်အထိနက်လဲတော့ မခန့်မှန်းတတ်ဘူး။ အဲဒီကနေဆင်းရင် ရန်ကုန်မြို့ရဲ့မြေအောက်မြောင်းကွန်ယက်ကြီးဆီကိုရောက်တယ်တဲ့။ ကျွန်တော်တို့အဖိုးတွေ အဖေတွေပြောပြတာက အဲဒီမြေအောက်ဥမင်ကြီးတွေဟာ အမြင့်ကိုးပေဆယ်ပေလောက်ရှိတယ်။ အဲဒီထဲမှာ ဂျစ်ကားတစ်စီးကောင်းကောင်းမောင်းလို့ရတယ်တဲ့။ ပုဇွန်တောင်ချောင်းဝအထိကိုပေါက်တယ်တဲ့။ ရေထုတ်မြောင်းအပြင် တခြားမီးကြိုးတွေ၊ ကေဘယ်လ်တွေပါသွယ်တန်းလို့ရနိုင်တယ်။ နိုင်ငံခြားအက်ရှင်ကားတွထဲမှာ ရဲနဲ့လူဆိုးလိုက်ကြပြေးကြလုပ်တဲ့မြေအောက်လမ်းကြောင်းကြီးတွေလိုပေါ့။
အဲဒီလိုမြေအောက်ကိုဆင်းတဲ့ Manhole အပေါက်တွေရန်ကုန်မြို့အနှံ့မှာရှိတယ်။ သိတဲ့လူကြီးတွေသိကြတယ်။
လူကြီးတွေအပြောအရ ဟိုးမင်္ဂလာဒုံနားအထိကို အဲဒီမြေအောက်ကွန်ယက်ကြီးပေါက်တယ်တဲ့။ အဲဒီနားတွေမှာပါ အပေါက်တွေရှိတယ်တဲ့။

အင်္ဂလိပ်ကတော့ သူ့အကျင့်အတိုင်းအကုန်စံနစ်တကျလုပ်သွားတာပဲ။
ဖြစ်နိုင်ရင်တော့ အဲ့ဒီမြေအောက်ကွန်ယက်လမ်းကြောင်းကြီးကို ပြန်ဖော်ထုတ်ပြီးသုံးလို့ရမယ်ဆိုရင်တော့ တော်တော်အဆင်ပြေလိမ့်မယ်။
_______________________________
ကျွန်တော်တင်ခဲ့တဲ့ ရေကုန်မြို့ရဲ့မြေအောက်မြောင်းတွေနဲ့ ပိုက်လိုင်းတွေအကြောင်းပို့စ်ဟာ Like ၂၅၀၀၀ ကျော်၊ Share ၁၀၀၀ ကျော်နဲ့ Comment ၁၀၀၀ နီးပါးတက်လာခဲ့တယ်။ ရေးကြတဲ့ Comment တွေမှာ ရှေ့မှီနောက်မှီလူကြီးများလည်းပါလေတော့ အဲဒီကွန်မန့်တွေလိုက်ဖတ်တာနဲ့ကို ဗဟုသုတတော်တော်ရခဲ့တယ်။

ကျွန်တော်လည်း အဲဒီအကြောင်းတွေကိုသေသေချာချာသိချင်လို့ အချိန်သုံးရက်လောက်အကုန်ခံပြီး Google ဝင်မွှေကြည့်တာ အင်းယားကန်နဲ့ ကန်တော်ကြီးဆက်ထားတဲ့ရေလျှံပိုက်လိုင်းအကြောင်းကလွဲလို့ မြေအောက်မြောင်းကြီးတွေအကြောင်းရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်ပို့စ်အောက်ကကွန်မန့်တွေရယ် ကျွန်တော်ထပ်ပြီးစပ်စုထားတာတွေရယ်ပေါင်းလိုက်တော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့တော့ပစ်တစ်ခုဖြစ်လာတယ်။
ခုကျွန်တော် အဲ့ဒီအကြောင်းတွေကိုရေးပါ့မယ်။
အထောက်အထားခိုင်ခိုင်မာမာပြနိုင်တာမဟုတ်ပေမယ်လို့ ယုံကြည်ရလောက်တဲ့အဖြစ်အပျက်မှတ်တမ်းတွေပါ။
အားလုံးကို ဗဟုသုတအနေနဲ့မျှဝေပေးပါ့မယ်။
အဲဒီဗဟုသုတတွေကိုကွန်မန့်ရေးပေးခဲ့တဲ့သူများကို အထူးကျေးဇူးတင်ပါကြောင်း လေးလေးစားစားခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

ရေးရတဲ့ရည်ရွယ်ချက်ကတော့ အဲဒီမြေအောက်မြောင်းကြီးတွေကို ပြန်ရှာဖွေဖော်ထုတ်ပြီး အသုံးချလို့ ရနိုင်၊ မရနိုင်ကို တာဝန်ရှိသူများကစိတ်ဝင်တစားနဲ့ ဆောင်ရွက်စေချင်လို့ပဲဖြစ်ပါတယ်။

တာမွေအဝိုင်းထိပ်ခုံးကျော်တံတားလုပ်ငန်းခွင်မှာပေါ်လာတဲ့ မြေအောက်သံပိုက်လုံးကြီးတွေဟာ အင်းယားကန်ရေလျှံရင် ကန်တော်ကြီးဆီကိုလွှဲပို့တဲ့ပိုက်လိုင်းကြီးတွေဆိုတာသေချာတယ်လို့ တချို့ကအတည်ပြုပြောကြပါတယ်။ လက်ရှိမှာသုံးလို့ရ၊ မရ မသေချာပေမယ့် ရေထိန်းဘားတွေကတော့ ဆီဒိုးနားဟိုတယ်ဘေးမှာတစ်ခု၊ ဖိုးစိန်လမ်းထဲမှာတစ်ခုရှိတယ်လို့ ဆိုကြပါတယ်။ ကန်တော်ကြီးကနေ ပုဇွန်တောင်ချောင်းထဲကိုတော့ ပိုက်နဲ့မဟုတ်ဘဲ မြေအောက်မြောင်းတွေနဲ့ဆက်သွယ်ထားတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် တော်တော်များများစိတ်ဝင်စားကြတာကတော့ မြေအောက်ဥမင်ကြီးတွေအကြောင်းပါ။
အဲ့ဒီမြေအောက်ဥမင်ကြီးတွေဟာ ဂျစ်ကားတစ်စီးကောင်းကောင်းမောင်းလို့ရလောက်အောင် ကြီးမားလှတယ်ဆိုတာလည်း တော်တော်များများပြောကြပါတယ်။ ဟိုခေတ်တုန်းက ဒုစရိုက်လောကသားတွေ ခိုအောင်းလှုပ်ရှားရာမြေအောက်ကမ႓ာကြီးပေါ့။

အဲ့ဒီမြေအောက်ဥမင်ကြီးထဲမှာ ရပ်ကွက်တစ်ခုလိုဖြစ်နေပြီး မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာနဲ့ တခြားတရားမဝင်ကိစ္စတွေ အခြေပြုလှုပ်ရှားကြတဲ့နေရာကြီးပါတဲ့။ အဲဒီမြေအောက်ရပ်ကွက်ကြီးရဲ့ဝင်ပေါက်က ဆူးလေဘုရားနား၊ ရှားမီးမုန့်တိုက်ဘေးက မြောင်းပေါက်ကြီးလို့ဆိုကြတယ်။

အဲ့ဒီမြေအောက်ကမ႓ာကြီးထဲမှာ သောက်ရေသုံးရေလည်းရ၊ လျှပ်စစ်မီးလည်းရတယ်တဲ့။ မြောင်းဆိုပေမယ့်လို့ အနံ့အသက်ဆိုးတွေမရှိဘူး။ လူမိုက်တွေက တာဝန်ယူအုပ်ချုပ်တဲ့ရပ်ကွက်ကြီးပေါ့။ တော်ရုံသူစိမ်းဝင်လို့မရဘူး။ "မွန်းတည့်ချိန်မှာ နေဝင်သည်" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့မှာ အဲဒီမြေအောက်လောကသားတွေအကြောင်းပါတယ်တဲ့။

အဲဒီမြေအောက်မြောင်းကွန်ယက်ကြီးရဲ့ လမ်းကြောင်းအတိအကျကိုတော့ ဘယ်သူမှသိပ်မသိကြပါဘူး။ ဒါပေမယ့် တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့အတွေ့အကြုံနဲ့ ပြောစကားတွေကို ဆက်စပ်ကြည့်တဲ့အခါ အဲ့ဒီကွန်ယက်ကြီးက ရန်ကုန်တစ်မြို့လုံးရဲ့အောက်မှာဖြန့်ကျက်နေတယ်လို့ယူဆရတယ်။ မြို့လယ်ပိုင်းမှာတော့ ခပ်စိပ်စိပ်နဲ့၊ မြို့ပြင်ပိုင်းမှာတော့ ခပ်ကျဲကျဲပုံစံဖြစ်ဖို့များတယ်။ မြို့လယ်ဆိုတာက ခုဆို လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင် ပတ်ဝန်းကျင်ပေါ့။ မြို့ပြင်ကတော့ ဗဟန်း၊ တာမွေဘက်ပိုင်းပေါ့။ ဒါပေမယ့် တချို့ကဆိုကြပြန်တာက မင်္ဂလာဒုံပေါက်ကုန်းနားမှာလည်း မြေအောက်ကိုဆင်းတဲ့အပေါက်ကြီးတွေ ဂျပန်ခေတ်ကတည်းကရှိနေတယ်တဲ့။ စစ်တပ်က အသေပိတ်၊ သော့ခတ်ထားတယ်လို့ပြောကြတယ်။ မြို့ထဲအထိဆက်နေတာဟုတ်မဟုတ်တော့ မသေချာဘူးပေါ့။

ဂွတ္တလစ်(ခု ဆရာစံရပ်ကွက်) က တစ်ယောက်ပြောပြတာက သူတို့ငယ်ငယ်က အဲဒီမြောင်းကြီးတွေအောက်ထဲ ဆင်းကြည့်ဖူးတယ်တဲ့။ ဂွတ္တလစ်မင်းလမ်းနားကနေ ခုတံတားထိုးနေတဲ့ တာမွေအဝိုင်းထိပ်အထိရောက်တယ်။ ဆက်သွားလို့ရသေးတယ်တဲ့။

နောက်တစ်ယောက်ပြောတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကအကြောင်း။ တစ်နေ့မှာ ကျိုက္ကဆံရပ်ကွက် (မြလမ်းမှတ်တိုင်နား) က မြောင်းပေါက်ကြီးတစ်ခုထဲကနေ နွားအော်သံကြားလို့ချောင်းကြည့်တော့ မြေအောက်မြောင်းကြီးထဲမှာ နွားကြီးတစ်ကောင်တွေ့ကြတယ်။ မြောင်းပေါက်ကို မရရအောင်ချဲ့ပြီးဆွဲတင်ကြရတယ်။ ဒီမြောင်းထဲကို နွားကြီးဘယ်ကနေဘယ်လိုရောက်လာလဲ စဉ်းစားလို့မရကြဘူး။ နောက်တော့မှ ဟိုးသိမ်ဖြူထိပ်ကမွတ်ဆလင်ရပ်ကွက်မှာ အစ်ဒ်နေ့နီးတော့မွေးထားတဲ့နွားကြီးက လွတ်လာပြီးမြေအောက်မြောင်းထဲကနေ ဒီဘက်အထိရောက်လာတယ်ဆိုတာ သိလိုက်ကြရတယ်။

ခု ဗိုလ်မြတ်ထွန်းကွန်ဒိုဆောက်ထားတဲ့နေရာကလည်း အရင်ကမိလ္လာကန်အကြီးကြီးဆိုပဲ။ အဲဒီကနေတဆင့် ရန်ကုန်မြစ်ထဲကိုရေဆိုးတွေထုတ်ချတယ်လို့ပြောကြတယ်။
အရင်တုန်းက အိမ်တွေမှာမိလ္လာကန်စံနစ်မရှိဘဲ အဲဒီရေဆိုးမြောင်းတွေကနေတဆင့် ရီဆာဗာကြီးမှာလှောင်ထားပြီး ရန်ကုန်မြစ်ရေအတက်အကျအတိုင်း သွန်ချပစ်တယ်တဲ့။

နောက်စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခုရှိသေးတယ်။ ၁၉၈၃ တုန်းက အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ မစ္စတာ
ချန်ဒူးဝမ်ကို လုပ်ကြံခဲ့တဲ့ မြောက်ကိုရီးယားသူလျှို ကင်မင်ချူးနဲ့ ဇင်ဘိုတို့ဟာ (နံမည်နဲ့ ခုနှစ်သက္ကရာဇ်တွေလွဲကောင်းလွဲနိုင်ပါတယ်) ရွှေတိဂုံဘုရားနားက မြေအောက်မြောင်းပေါက်ထဲကနေတဆင့် ပုဇွန်တောင်ချောင်းဆီကိုထွက်ပြေးကြတယ်။ အဲဒီကနေ ဒလဘက်လား၊ ကွမ်းခြံကုန်းဘက်လားပြေးကြပြီး နောက်ဆုံးရွာသားတွေနဲ့အတွေ့မှာ တစ်ယောက်ကကိုယ့်ကိုယ်ကိုဗုံးခွဲပစ်လိုက်တယ်။ တစ်ယောက်ကတော့ အရှင်ဖမ်းမိတယ်တဲ့။
(မှားနေတယ်ဆိုရင် အမှန်သိသူများပြင်ပေးကြပါ)

ပါးစပ်ရာဇဝင်တွေအရ ရန်ကုန်မြို့ရဲ့မြေအောက်မြောင်းကွန်ယက်မြေပုံ Blue print ဟာ တစ်ယောက်ယောက်ရဲ့လက်ထဲမှာရှိနေပြီး ဒေါ်လာတစ်သန်းနဲ့ရောင်းမယ်လို့ အစိုးရကိုကမ်းလှမ်းဖူးတယ်လို့ပြောကြတယ်။ စင်္ကာပူကမြေအောက်မြောင်းတွေက ရန်ကုန်ဒီဇိုင်းကိုယူပြီးတည်ဆောက်ထားတယ်လို့လည်း ပြောကြတယ်။
တချို့ပြောတာကတော့ အင်္ဂလိပ်ကအဲ့ဒီမြေပုံကို မြန်မာတွေလက်ထဲလုံးဝမပေးခဲ့ပါဘူးတဲ့။

တချို့ကကျတော့လည်း ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ အဲဒီမြေပုံကို မြို့တော်စည်ပင်ဆီကနေ စစ်တပ်ကသိမ်းသွားတယ်တဲ့။ လုံခြုံရေးအကြောင်းပြချက်နဲ့ပေါ့။
အခု ရွှေတိဂုံဘုရားလမ်းက စစ်ရုံးဝင်းထဲမှာ အဲဒီမြေအောက်ကွန်ယက်ရဲ့အလယ်ဆုံချက် ဝင်ပေါက်နေရာရှိတယ်လို့လည်း ပြောကြပြန်တယ်။

နဝတ၊ နအဖ လက်ထက်တုန်းကတော့ အဲဒီမြေအောက်မြောင်းတွေကိုပြန်ရှာကြသေးတယ်တဲ့။ စံနစ်တွေက ခေတ်မမှီတော့ဘူး။ မြောင်းတွေကကောကုန်ပြီ။ ပြန်သုံးလို့မရနိုင်တော့ဘူး။ အမျိုးမျိုးပြောကြတယ်တဲ့။ အကြောင်းပြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။

ရှေးလူကြီးတွေ စိတ်ဝင်တစားပြောပြကြတာက ဗားဂရာလမ်းဆုံဟာ တကယ့်အနိမ့်ပိုင်းနေရာမှာရှိနေရဲ့သားနဲ့ တခါမှရေကြီးရေလျှံမဖြစ်ဖူးဘူးတဲ့။ အဲ့ဒီအောက်မှာ ရန်ကုန်မြစ်နဲ့ဆက်သွယ်ထားတဲ့မြေအောက်မြောင်းကြီး ရှိနေတယ်တဲ့။

ကျွန်တော် အထက်မှာပြောခဲ့သလိုပါပဲ။ အခုရေးထားတာတွေအကုန်လုံးဟာ အထောက်အထားခိုင်ခိုင်မာမာမဟုတ်ပေမယ့် ယုံကြည်ရလောက်တဲ့စကားတွေပါပဲ။ အားလုံးကိုခြုံငုံကြည့်ရင်တော့ ရန်ကုန်မြို့ရဲ့အောက်မှာ အဖိုးတန်တဲ့မြေအောက်မြောင်းကွန်ယက်ကြီး တကယ်ရှိနေပါတယ်။
လက်ရှိမှာရော သုံးနေသလား။ သုံးလို့မရတော့တာလား။ ဒါမှမဟုတ် လုံခြုံရေးအကြောင်းပြချက်နဲ့ အကုန်ပိတ်ပစ်လိုက်ကြတာလားဆိုတာ စိတ်ဝင်စားစရာပါ။

တကယ်လို့ ပြန်ဖော်ထုတ်ပြီးအသုံးချလို့ရသေးတယ်ဆိုရင်တော့ ပြန်ပြီးသုံးသင့်၊ မသုံးသင့် ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ တာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ အကြံပြုပါရစေခင်ဗျား။
Ye Yint Ni
Credit ဥက္ကာကြည်ဝင်း

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...