======

လူူသိနည္းေသးတဲ့ နတ္​ၿပိတၱာမေလး တစ္ေယာက္အေၾကာင္း


ကႆမဘုရားရွင္လက္ထက္ ဗာရာဏသီျပည္၌ လွပတင့္တယ္
ရႈခ်င့္စဖြယ္အဆင္းရွိေသာခလႅာတိယေခၚ အမ်ိဳးသမီးတစ္ဦးရွိ၏။

ထိုမိန္မး၏ ဆံပင္တို႔သည္ အလြန္မဲနက္၏။ ရွည္သြယ္၏။ ႏူးညံ့ျပီး
အဖ်ားေကာ့၏။ ေျဖ၍ ခ်ေသာ္ ဖေနာင့္နားသို႔ေရာက္မွ အဖ်ားေကာ့၍
တက္၏။ အဆင္းလွျခင္း၊ ဆံပင္ေကာင္းျခင္းတို႔ေၾကာင့္ ေယာက်္ားမ်ားက ခ်စ္ၾကိဳက္စြဲလမ္းၾကကုန္၏။

ခလႅာတိယအား ေယာက်္ားတို႔ ခ်စ္ခင္စံုမက္ၾကသည္ကို မနာလိုၾကေသာ
မိန္းမတို႔သည္ တိုင္ပင္ၾကျပီး ခလႅာတိယ၏ အလုပ္အေကြ်းမိန္းမကို တံစိုး
လက္ေဆာင္ေပးကာ ဖ်ားေယာင္း၍ ဆံပင္ကြ်တ္ေစရန္ ခိုင္းေစၾကသည္။
ကြ်န္မိန္းမသည္ ထိုမိန္းမတို႔ေပးေသာ ဆံပင္ကြ်တ္ေဆးကို ေခါင္းေလွ်ာ္ေရ
တြင္ ထည့္၍ သူ႕သခင္အားေပး၏။

ခလႅာတိယသည္ ဂဂၤါျမစ္ဆိပ္၌ ေရခ်ိဳးေသာအခါ ေခါင္းေလ်ာ္ေရကို
ဆံပင္အရင္းအထိ ပြတ္နယ္ျပီး ေရ၌ ငုပ္လိုက္လွ်င္ပင္ ဆံပင္တို႔သည္
အရင္းမွကြ်တ္၍ က်သည္။ ေခါင္းေျပာင္ၾကီးႏွင့္ ျမိဳ႕တြင္းမသြားရဲသျဖင့္
ေခါင္းကို အဝတ္ပတ္ကာ ျမိဳ႕ျပင္၌ ေခတၱေနေလသည္။ ႏွစ္ရက္သံုးရက္လြန္မွ
အရွက္ေျပျပီး ျမိဳ႕တြင္းဝင္၏။ ထို႔ေနာက္ ဆီၾကိတ္၍ ဆီေရာင္းဝယ္ျခင္း၊
အရက္ေရာင္းျခင္းျဖင့္ အသက္ေမြး၏။

ခလႅာတိယသည္ အရက္မူးသားတို႔ထံမွ အဝတ္ပုဆိုးတို႔ကို ခိုးယူေလ့ရွိ
သည္။ တစ္ေန႔ေသာအခါ ရဟႏၲာတစ္ပါး ဆြမ္းလာရပ္သည္ကို ၾကည္ညိုသ
ျဖင့္ ပင့္ဖိတ္ကာ ဆီႏွင့္ေရာေသာဆီေမႊးႏွမ္းဖတ္ကို လွဴေလသည္။ ရဟႏၲာ
အရွင္ျမတ္သည္ ခလႅာတိယသဒၶါတရားထက္သန္ေစရန္ အႏုေမာဒနာတ
ရား ေဟာၾကားေလသည္။

ခလႅာတိယသည္ အျခားဆုၾကီးမ်ား ေတာင္းႏိုင္ပါလ်က္ “ဤရဟႏၲာအရွင္
ျမတ္အား ၾကည္ညိဳစြာ လွဴဒါန္းရသည့္ အက်ိဳးေၾကာင့္ ငါ၏ဆံပင္တို႔သည္ မည္းနက္ရွည္သြယ္ ႏူးညံ့လ်က္ အဖ်ားေကာ့၍ တက္ပါေစသတည္း”ဟုသာ ဆုေတာင္းေလသည္။

အလွဴ၏ အက်ိဳးေၾကာင့္ ကြယ္လြန္ေသာအခါ သမုဒၵရာအလယ္ ေရႊဗိမာန္၌
နတ္ျပိတၱာမ ျဖစ္ေလသည္။ သူ၏ ဆံပင္တို႔သည္ကား ဆုေတာင္းတိုင္း ျပည့္
စံု၏။ သို႔ေသာ္ အရက္မူးသမားတို႔၏ အဝတ္ပုဆိုးတို႔ကို ခိုးမိေသာေၾကာင့္
ကိုယ္၌ အဝတ္မရွိ၊ ကိုယ္လံုးတီးႏွင့္ တစ္ေယာက္တည္း စံရ၏။ ခလႅာတိယ
သည္ ထိုဗိမာန္၌ပင္ ဘဝအဖန္ဖန္ျဖစ္ရာ ေဂါတမျမတ္စြာဘုရား ပြင့္ေတာ္
မူသည္အထိ ျဖစ္သည္။

ေဂါတမျမတ္စြာဘုရားရွင္လက္ထက္ သာဝတၳိျပည္သား ကုန္သည္ခုနစ္ရာ
တို႔သည္ သုဝဏၰဘူမိသို႔ သေဘၤာျဖင့္ ကုန္ကူးသြားၾကသည္။ သမုဒၵရာအလယ္
သို႔ေရာက္ေသာ္ မုန္တိုင္းမိျပီး ခလႅာတိယနတ္ျပိတၱာမ၏ ဗိမာန္သို႔ေရာက္သြား
ၾကသည္။ ခလႅာတိယလည္း ဗိမာန္ႏွင့္တကြ မိမိ၏အရိပ္အေယာင္ကိုျပေလ
၏။ ထိုအခါ သေဘာၤာသားကုန္သည္တို႔က-
“ဗိမာန္တြင္းက ဘယ္သူလဲ၊ လူလား၊ နတ္လား၊ အျပင္ထြက္ခဲ့ပါ”ဟု
ေအာ္ေျပာၾကသည္။
နတ္ျပိတၱာမက-“ငါ့မွာ အဝတ္မရွိသျဖင့္ မထြက္ရဲပါ။ ရွက္လွပါတယ္”ဟု
ျပန္ေျပာေလသည္။

ကုန္သည္တို႔က-“ဒီအဝတ္ေတြကို ဝတ္ျပီး ထြက္ခဲ့ပါ”ဟု ေျပာကာ ပါလာ
ေသာ အဝတ္ပုဆိုးတို႔ကို ပစ္ေပးၾကသည္။
“သင္တို႔လက္ျဖင့္ ငါ့ကိုေပးလို႔မရပါ။ သင္တို႔အထဲမွာ ရတနာသံုးပါးႏွင့္ ကံ၊
ကံ၏အက်ိဳးကို ယံုၾကည္တဲ့ ဥပါသကာတစ္ဦးဦးပါလာပါလိမ့္မယ္၊
သူ႔ကို အဝတ္ပုဆိုးမ်ားေပးလွဴျပီး ငါ့အားအမွ်ေဝေပးပါ”ဟု ခလႅာတိယက
ေျပာေလသည္။

သေဘၤာသားတို႕သည္ သီလရွိသူ ဥပါသကာအား ပုဆိုးအစံုလွဴးါန္းျပီး နတ္
သမီးအား အမွ်ေပးေဝၾကသည္။ ခလႅာတိယနတ္ျပိတၱာမလည္း ဝမ္းေျမာက္
ဝမ္းသာ သာဓုေခၚသည့္အခိုက္မွာပင္ အဝတ္တန္ဆာျပည့္စံုစြာ ရေလသည္။
ထိုအခါမွ အျပင္သို႔ ထြက္လာႏိုင္ေတာ့သည္။

သေဘၤာသား ကုန္သည္တို႔လည္း နတ္သမီးကို အေၾကာင္းစံုေမးျမန္းရာ
ခလာႅတိယက-
“ငါကား ရဟန္းအားဆီေထြးႏွမ္းဖတ္လွဴဘူးတဲ့ေကာင္းမႈေၾကာင့္
နတ္ဗိမာန္မွာ စံစားရေပမဲ့ သူမ်ား အဝတ္ပုဆိုးခိုးယူတဲ့ မေကာင္းမႈေၾကာင့္
နတ္ျဖစ္ေသာ္လည္း အဝတ္မပါဘဲ ကိုယ္လံုးတီးနဲ႔ ေနရတယ္။
ေသရင္လဲ ငရဲက်ခံရအုန္းမယ္” ဟုေျပာျပေလသည္။

ခလႅာတိယ၏ စကားကို ၾကားေသာအခါ သီလရွိသူ ဥပသကာသည္
သနားစိတ္ဝင္မိေလသည္။ ထိုေၾကာင့္-
“အိုနတ္သမီး-ငါ့တစ္ေယာက္ကို ေပးလွဴရံုမွ်ျဖင့္ အခုလို အလိုျပည့္စံုရင္
သီလရွိသူ သေဘၤာသားတို႔ကို ေပးလွဴျပီး ရတနာ သံုးပါးဂုဏ္ကို ေအာက္ေမ့
ဆင္ျခင္ရင္ ငရဲမွ လြတ္လိမ့္မယ္” ဟု ဆိုေလသည္။

ခလႅာတိယလည္း ဝမ္းေျမာက္ဝမ္းသာျဖင့္ နတ္တို႔၏ ထမင္းအေဖ်ာ္၊ အ
ဝတ္ပုဆိုးတို႔ကို သေဘၤာသားတို႔အားေပးလွဴ၏။ ထို႔ေနာက္ ပုဆိုးတစ္စံုကို
သေဘၤာသားတို႔ လက္အပ္ျပီး-
“အရွင္ဘုရား-အဝတ္မရွိတဲ့ နတ္သမီးတစ္ေယာက္က အရွင္ဘုရားရဲ႕ ေျခ
ေတာ္အစံုကို ဦးခိုက္လွဴဒါန္းလိုက္ပါတယ္ဘုရား”ဟု ျမတ္စြာဘုရားအား
ေလွ်ာက္ထား လွဴဒါန္းေပးပါရန္ မွာၾကားလိုက္သည္။ ထို႔ေနာက္ သေဘၤာကို
လည္း မိမိတန္ခိုးျဖင့္ လိုရာေရာက္ေအာင္ ပို႔ေဆာင္ေပးေလသည္။

သေဘၤာသားတို႔လည္း သာဝတၳိျပည္ ေရာက္လွ်င္ ျမတ္စြာဘုရားထံသြား၍
ပုဆိုးတစ္စံုလွဴျပီး နတ္သမီးမွာသည့္အတိုင္း ေလွ်ာက္ထားၾကသည္။ ျမတ္စြာ
ဘုရားသည္ ထိုစကားကို အေၾကာင္းျပဳ၍ ပရိသတ္တို႔အားတရားေဟာၾကား
ေလ၏။ သေဘၤာသားတို႔သည္ ဘုရားအမွဴးရွိေသာ သံဃာေတာ္တို႔အား အ
လွဴၾကီးေပး၍ နတ္သမီးအား အမွ်ေဝၾက၏။ နတ္သမီးလည္း ေဝမာနိက
နတ္ျပိတၱာဘဝမွ လြတ္၍ တာဝတႎသာနတ္ျပည္၌ စံရေလသည္။

Unicode
ကဿမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၌ လှပတင့်တယ်
ရှုချင့်စဖွယ်အဆင်းရှိသောခလ္လာတိယခေါ် အမျိုးသမီးတစ်ဦးရှိ၏။
ထိုမိန်မး၏ ဆံပင်တို့သည် အလွန်မဲနက်၏။ ရှည်သွယ်၏။ နူးညံ့ပြီး
အဖျားကော့၏။ ဖြေ၍ ချသော် ဖနောင့်နားသို့ရောက်မှ အဖျားကော့၍
တက်၏။ အဆင်းလှခြင်း၊ ဆံပင်ကောင်းခြင်းတို့ကြောင့် ယောကျာ်းများက ချစ်ကြိုက်စွဲလမ်းကြကုန်၏။
ခလ္လာတိယအား ယောကျာ်းတို့ ချစ်ခင်စုံမက်ကြသည်ကို မနာလိုကြသော
မိန်းမတို့သည် တိုင်ပင်ကြပြီး ခလ္လာတိယ၏ အလုပ်အကျွေးမိန်းမကို တံစိုး
လက်ဆောင်ပေးကာ ဖျားယောင်း၍ ဆံပင်ကျွတ်စေရန် ခိုင်းစေကြသည်။
ကျွန်မိန်းမသည် ထိုမိန်းမတို့ပေးသော ဆံပင်ကျွတ်ဆေးကို ခေါင်းလျှော်ရေ
တွင် ထည့်၍ သူ့သခင်အားပေး၏။
ခလ္လာတိယသည် ဂင်္ဂါမြစ်ဆိပ်၌ ရေချိုးသောအခါ ခေါင်းလျော်ရေကို
ဆံပင်အရင်းအထိ ပွတ်နယ်ပြီး ရေ၌ ငုပ်လိုက်လျှင်ပင် ဆံပင်တို့သည်
အရင်းမှကျွတ်၍ ကျသည်။ ခေါင်းပြောင်ကြီးနှင့် မြို့တွင်းမသွားရဲသဖြင့်
ခေါင်းကို အဝတ်ပတ်ကာ မြို့ပြင်၌ ခေတ္တနေလေသည်။ နှစ်ရက်သုံးရက်လွန်မှ
အရှက်ပြေပြီး မြို့တွင်းဝင်၏။ ထို့နောက် ဆီကြိတ်၍ ဆီရောင်းဝယ်ခြင်း၊
အရက်ရောင်းခြင်းဖြင့် အသက်မွေး၏။

ခလ္လာတိယသည် အရက်မူးသားတို့ထံမှ အဝတ်ပုဆိုးတို့ကို ခိုးယူလေ့ရှိ
သည်။ တစ်နေ့သောအခါ ရဟန္တာတစ်ပါး ဆွမ်းလာရပ်သည်ကို ကြည်ညိုသ
ဖြင့် ပင့်ဖိတ်ကာ ဆီနှင့်ရောသောဆီမွှေးနှမ်းဖတ်ကို လှူလေသည်။ ရဟန္တာ
အရှင်မြတ်သည် ခလ္လာတိယသဒ္ဓါတရားထက်သန်စေရန် အနုမောဒနာတ
ရား ဟောကြားလေသည်။
ခလ္လာတိယသည် အခြားဆုကြီးများ တောင်းနိုင်ပါလျက် “ဤရဟန္တာအရှင်
မြတ်အား ကြည်ညိုစွာ လှူဒါန်းရသည့် အကျိုးကြောင့် ငါ၏ဆံပင်တို့သည် မည်းနက်ရှည်သွယ် နူးညံ့လျက် အဖျားကော့၍ တက်ပါစေသတည်း”ဟုသာ ဆုတောင်းလေသည်။

အလှူ၏ အကျိုးကြောင့် ကွယ်လွန်သောအခါ သမုဒ္ဒရာအလယ် ရွှေဗိမာန်၌
နတ်ပြိတ္တာမ ဖြစ်လေသည်။ သူ၏ ဆံပင်တို့သည်ကား ဆုတောင်းတိုင်း ပြည့်
စုံ၏။ သို့သော် အရက်မူးသမားတို့၏ အဝတ်ပုဆိုးတို့ကို ခိုးမိသောကြောင့်
ကိုယ်၌ အဝတ်မရှိ၊ ကိုယ်လုံးတီးနှင့် တစ်ယောက်တည်း စံရ၏။ ခလ္လာတိယ
သည် ထိုဗိမာန်၌ပင် ဘဝအဖန်ဖန်ဖြစ်ရာ ဂေါတမမြတ်စွာဘုရား ပွင့်တော်
မူသည်အထိ ဖြစ်သည်။

ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာဝတ္ထိပြည်သား ကုန်သည်ခုနစ်ရာ
တို့သည် သုဝဏ္ဏဘူမိသို့ သင်္ဘောဖြင့် ကုန်ကူးသွားကြသည်။ သမုဒ္ဒရာအလယ်
သို့ရောက်သော် မုန်တိုင်းမိပြီး ခလ္လာတိယနတ်ပြိတ္တာမ၏ ဗိမာန်သို့ရောက်သွား
ကြသည်။ ခလ္လာတိယလည်း ဗိမာန်နှင့်တကွ မိမိ၏အရိပ်အယောင်ကိုပြလေ
၏။ ထိုအခါ သင်္ဘောာသားကုန်သည်တို့က-
“ဗိမာန်တွင်းက ဘယ်သူလဲ၊ လူလား၊ နတ်လား၊ အပြင်ထွက်ခဲ့ပါ”ဟု
အော်ပြောကြသည်။
နတ်ပြိတ္တာမက-“ငါ့မှာ အဝတ်မရှိသဖြင့် မထွက်ရဲပါ။ ရှက်လှပါတယ်”ဟု
ပြန်ပြောလေသည်။

ကုန်သည်တို့က-“ဒီအဝတ်တွေကို ဝတ်ပြီး ထွက်ခဲ့ပါ”ဟု ပြောကာ ပါလာ
သော အဝတ်ပုဆိုးတို့ကို ပစ်ပေးကြသည်။
“သင်တို့လက်ဖြင့် ငါ့ကိုပေးလို့မရပါ။ သင်တို့အထဲမှာ ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်တဲ့ ဥပါသကာတစ်ဦးဦးပါလာပါလိမ့်မယ်၊
သူ့ကို အဝတ်ပုဆိုးများပေးလှူပြီး ငါ့အားအမျှဝေပေးပါ”ဟု ခလ္လာတိယက
ပြောလေသည်။
.
သင်္ဘောသားတို့သည် သီလရှိသူ ဥပါသကာအား ပုဆိုးအစုံလှူးါန်းပြီး နတ်
သမီးအား အမျှပေးဝေကြသည်။ ခလ္လာတိယနတ်ပြိတ္တာမလည်း ဝမ်းမြောက်
ဝမ်းသာ သာဓုခေါ်သည့်အခိုက်မှာပင် အဝတ်တန်ဆာပြည့်စုံစွာ ရလေသည်။
ထိုအခါမှ အပြင်သို့ ထွက်လာနိုင်တော့သည်။
.

သင်္ဘောသား ကုန်သည်တို့လည်း နတ်သမီးကို အကြောင်းစုံမေးမြန်းရာ
ခလ္လာတိယက-
“ငါကား ရဟန်းအားဆီထွေးနှမ်းဖတ်လှူဘူးတဲ့ကောင်းမှုကြောင့်
နတ်ဗိမာန်မှာ စံစားရပေမဲ့ သူများ အဝတ်ပုဆိုးခိုးယူတဲ့ မကောင်းမှုကြောင့်
နတ်ဖြစ်သော်လည်း အဝတ်မပါဘဲ ကိုယ်လုံးတီးနဲ့ နေရတယ်။
သေရင်လဲ ငရဲကျခံရအုန်းမယ်” ဟုပြောပြလေသည်။
.
ခလ္လာတိယ၏ စကားကို ကြားသောအခါ သီလရှိသူ ဥပသကာသည်
သနားစိတ်ဝင်မိလေသည်။ ထိုကြောင့်-
“အိုနတ်သမီး-ငါ့တစ်ယောက်ကို ပေးလှူရုံမျှဖြင့် အခုလို အလိုပြည့်စုံရင်
သီလရှိသူ သင်္ဘောသားတို့ကို ပေးလှူပြီး ရတနာ သုံးပါးဂုဏ်ကို အောက်မေ့
ဆင်ခြင်ရင် ငရဲမှ လွတ်လိမ့်မယ်” ဟု ဆိုလေသည်။
.
ခလ္လာတိယလည်း ဝမ်းမြောက်ဝမ်းသာဖြင့် နတ်တို့၏ ထမင်းအဖျော်၊ အ
ဝတ်ပုဆိုးတို့ကို သင်္ဘောသားတို့အားပေးလှူ၏။ ထို့နောက် ပုဆိုးတစ်စုံကို
သင်္ဘောသားတို့ လက်အပ်ပြီး-
“အရှင်ဘုရား-အဝတ်မရှိတဲ့ နတ်သမီးတစ်ယောက်က အရှင်ဘုရားရဲ့ ခြေ
တော်အစုံကို ဦးခိုက်လှူဒါန်းလိုက်ပါတယ်ဘုရား”ဟု မြတ်စွာဘုရားအား
လျှောက်ထား လှူဒါန်းပေးပါရန် မှာကြားလိုက်သည်။ ထို့နောက် သင်္ဘောကို
လည်း မိမိတန်ခိုးဖြင့် လိုရာရောက်အောင် ပို့ဆောင်ပေးလေသည်။
.
သင်္ဘောသားတို့လည်း သာဝတ္ထိပြည် ရောက်လျှင် မြတ်စွာဘုရားထံသွား၍
ပုဆိုးတစ်စုံလှူပြီး နတ်သမီးမှာသည့်အတိုင်း လျှောက်ထားကြသည်။ မြတ်စွာ
ဘုရားသည် ထိုစကားကို အကြောင်းပြု၍ ပရိသတ်တို့အားတရားဟောကြား
လေ၏။ သင်္ဘောသားတို့သည် ဘုရားအမှူးရှိသော သံဃာတော်တို့အား အ
လှူကြီးပေး၍ နတ်သမီးအား အမျှဝေကြ၏။ နတ်သမီးလည်း ဝေမာနိက
နတ်ပြိတ္တာဘဝမှ လွတ်၍ တာဝတိံသာနတ်ပြည်၌ စံရလေသည်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...