======

မိမိရဲ့လူနာနဲ့ ဖောက်ပြန်ငြိစွန်းခဲ့သည့် စိတ်ပညာရှင်အမျိုးသမီး အရေးယူခံရ



အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Brooke Ledner အမည်ရ အသက် 31 နှစ်အရွယ် အရွယ် စိတ်ပညာရှင် အမျိုးသမီးဟာ သူမ လက်တွေ့လေ့လာကုသမှုမှာ တာဝန်ယူထားရတဲ့ လူနာတစ်ဦးနဲ့ ပုဂ္ဂိုလ်ရေး ငြိစွန်းမှုရှိခဲ့လို့ ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းများအရ အရေးယူခံခဲ့ရပါတယ်။
Brooke ဟာ မူးယစ်နဲ့ အရက်ဖြတ်လူနာတစ်ဦးကို ရှစ်ပတ်ကြာ လက်တွေ့ကုသမှု ပြုခဲ့ရပြီး၊ ဒီအတော်အတွင်းမှာ ယင်းအမျိုးသားနဲ့ လိင်မှုကိစ္စနဲ့မကင်းတဲ့ မက်ဆေ့တွေပေးပို့ထားတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေဟာ Brooke ကို လုပ်ငန်းခွင် ကွင်းဆင်းလေ့လာခွင့် တစ်နှစ် ပိတ်ပင်ခဲ့ပါတယ်။
Brooke ဟာ သြစတေးလျှနိုင်ငံ ဆစ်ဒနီမြို့ရှိ Luxury Rehab Center မှာ အဲဒီလူနာအမျိုးသားနဲ့ ပထမဆုံး စတင်တွေ့ဆုံခဲ့တာပါ။ လူနာကို ဆေးဖြတ်ခြင်း အရက်ဖြတ်ခြင်းကို Brooke က ပြုလုပ်နိုင်ခဲ့ပေမယ့် အိမ်ထောင်သည်ဖြစ်တဲ့ Brooke ဟာ အဲဒီလူနာနဲ့ ဖောက်ပြန်ခဲ့တယ်လို့ NSW Civil and Administrative Tribunal က ဆိုပါတယ်။
၎င်းတို့ပို့ထားတဲ့ မက်ဆေ့ကို စစ်ဆေးရာမှာ Brooke က အရင် ရင်းနီးအောင် ဇာတ်လမ်းစထားပြီး၊ လိင်ပိုင်းဆိုင်ရာ မကြားဝံ့ မနာသာမက်ဆေ့တွေလည်း ပို့ထားပါတယ်။ ယင်းနောက် နှစ်ယောက်သား တစ်ခုခုသောက်ဖို့ ချိန်းဆိုခဲ့ကြပြီး၊ နောက်ဆုံးမှာတော့ မန်နလီကမ်းခြေမှာ ရေကူးခြင်း၊ အတူတူရေချိုးခြင်း စတဲ့ လိင်မှုကိစ္စနဲ့မကင်းတဲ့ ဆက်ဆံရေးတွေ 3 လ အထိ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ယခုကိစ္စကိုလည်း အမည်ဖော်ပြထားခြင်းမရှိတဲ့ ကာယကံရှင်အမျိုးသားက ဖြစ်ကြောင်းကုန်စင် ၀န်ခံထားပါတယ်။ ဒါ့အပြင် Brooke ကလည်း သူမတို့နှစ်ယောက်ဟာ အလွန်ရင်းနီးရာမှတစ်ဆင့် အခုလိုမဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြကြောင်း၊ သူမရဲ့ အပြုအမူကြောင့် စိတ်ပညာရှင်များကို သိက္ခာကျဆင်းစေသလိုဖြစ်စေခဲ့လို့ တောင်းပန်ပါကြောင်း ပြောခဲ့ပါတယ်။
source : thesun.co.uk

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...