======

အမေ့ အတွက် သားဝယ်ပေးတဲ့ မြေတစ်ကွက်


သားလိမ္မာလေး တစ်ယောက်ပါပဲ။Myanmar Idol Season 2 မှာ လူသိများခဲ့တဲ့ အဆိုတော် ရဲနောင် ကတော့ မိခင်အတွက် မြေကွက် တစ်ကွက် ဝယ်ပေးလိုက်တယ်လို့ သိရပါတယ်။
သီချင်းဆိုလို့ရတဲ့ငွေလေးတွေကို စုပြီးတော့ မိခင် အတွက် ဝယ်ပေးလိုက်တာ ဖြစ်ပါတယ်။
“အ​မေ စိုက်​ချင်​တာစိုက်​လို့ရ​အောင် သီချင်းဆိုလို့ရတဲ့​​ငွေ​လေးနဲ့ ​ပေ ၄၅ ´´ ၉၀´´ တစ်​ကွက်​​ဝယ်​​ပေးလိုက်​တယ်​။ သီချင်းဆိုလို့ရ​အောင်​ လူ​တွေသိ​စေခဲ့တဲ့ Myanmar Idolsအစီစဉ်​နဲ့ အား​ပေးကြတဲ့ သူငယ်​ချင်း မိတ်​​ဆွေ ​တွေအားလုံးကို ​ကျေးဇူးတင်​ပါတယ်​” လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။
ရဲနောင် ကတော့ မိခင် ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတဲ့အတွက် ပျော်နေတာကိုလည်း တွေ့ရပါတယ်။
သူ့ရဲ့ မိခင် နဲ့အတူ ဝယ်ပေးလိုက်တဲ့ မြေကွက် လေးမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ လေးကိုလည်း လွန်ခဲ့တဲ့ မိနစ်(၂၀)ခန့်က ပရိသတ်တွေကို ချပြလိုက်ပါတယ်။
မိခင် ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနေတဲ့ သားလိမ္မာလေး ရဲနောင် ကတော့ တစ်ကိုယ်တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။
ရဲနောင်ရဲ့ တစ်ကိုယ်တော်အခွေ ကိုလည်း ပရိသတ်တွေကို မျှော်လင့်နေကြပြီး အားပေးဖို့ အသင့်ရှိနေတာကိုလည်း တွေ့ရပါတယ်။
Photo : ရဲနောင် ဖေ့စ်ဘွတ်
Credit : Duwun

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...