======

ဖုန္းအသံုးျပဳရာကေနျပီးေတာ့ တစ္ရြာလံုး ကပ္ေရာဂါၾကံဳေနတဲ့ ရြာ... အလွဴေငြေတြကိုလည္း ဆိုင္ရာဆိုင္ရာက ေကာက္ခံေနပါတယ္...

” ဟဲ့ .. ကမ .. နင္ၾကားၿပီးၿပီလား ”

” ဘာတုန္း ”

” ဒို႔ ရြာထိပ္က .. ကိုဗလ ဆံုးၿပီတဲ့ ”

” ဟယ္ .. အေကာင္းႀကီးကေန ဘာျဖစ္လို႔လား ”

” မေန႔ညက ခ်မ္းခ်မ္းေအးေအးနဲ႔ မွန္ေ႐ွ႕မွာ အက်ီခြၽတ္ၿပီး ဓာတ္ပံု ႐ိုက္ေနရင္းကေန ႐ုတ္တရက္ ေလျဖတ္ၿပီး အသက္ပါထြက္သြားတာတဲ့ ”

” အယ္ .. ႏွေျမာစရာ ..”

အဲဒါက်ဳပ္တို႔ရြာ .. တစ္ေန႔ထက္တစ္ေန႔ အဲဒီဘာမွန္းမသိတဲ့ ေရာဂါေၾကာင့္ က်ဳပ္တု႔ိရြာႀကီးဟာ
တျဖည္းျဖည္းနဲ႔ကပ္ဆိုက္လာတယ္ .. ၿမိဳ႕က အတတ္ပညာ႐ွင္ေတြလာၿပီး ေရာဂါပိုး ႐ွာၾကည့္ေတာ့လည္း ႐ွာမေတြ႕တဲ့အျပင္ ေရာဂါပိုးကူးစက္ခံရသြားတာေတြလည္း႐ွိတယ္

” ဟဲ့ .. ဟဲ့ လုပ္ၾကပါအံုး ခလိန္းပါးစပ္ရြဲ ့သြားၿပီ ”

ကြီး တို႔ မြီး တို႔ .. ကယ္ၾကပါအံုး ဒီမွာ ခလိန္း ပါးစပ္ရြဲ႔သြားၿပီ ”

အသံၾကားလို႔ ေျပးၾကည့္ေတာ့ လူေတြအံုေနၾကၿပီ ဘယ္သူမွ အနားမကပ္ရဲၾကဘူး
ေရာဂါပိုး ကူးစက္ခံရမွာ စိုးတာကိုး သူတို႔ေျပာတဲ့ ခလိန္း ကလည္း ပါးစပ္သာရြဲ႔ေနတာ လက္ထဲက ဖုန္း နဲ႔ ဓာတ္ပံု ႐ိုက္ေကာင္းတုန္း အံုၾကည့္ေနတဲ့ ရြာသူရြာသားေတြကလည္း ထင္ေၾကး အမ်ိဳးမ်ိဳး ေပးၾကတယ္

” ဟယ္ .. ငယ္ငယ္ရြယ္ရြယ္နဲ႔ သနားစရာဟယ္ ”

” ဘာလိုျဖစ္တာတဲ့လည္း ”  မသိပါဘူးေတာ္ .. အဲလိုဖုန္းတစ္လံုးနဲ႔ ဓာတ္ပံု႐ိုက္ရင္းကေန ပါးစပ္ရြဲ႔သြားတာတဲ့ ”

” ျဖစ္မွာပဲေလ.. တေန႔တေန႔ နခမ္းဆူလိုက္ ပါးေဖာင္းလိုက္နဲ႔ အမ်ိဳးမ်ိဳးလုပ္ေနတာကိုး ”

အဲဒီလိုနဲ႔ အေျခေနေတြဟာ တေန႔ထက္တေန႔ ပိုဆိုးရြားလာတာေၾကာင့္ ေနာက္ဆံုးမွာ က်ဳပ္တို႔ရြာႀကီးကို အစိုးရက တားျမစ္နယ္ေျမအျဖစ္သတ္မွတ္လိုက္တယ္ စားေသာက္ကုန္ကလြဲလို႔ အဓိက
ကုန္ျဖစ္တဲ့ ဖုန္းေဘကို ျဖတ္ေတာက္လိုက္တယ္ ဒါေပမယ့္လည္း ေမွာင္ခိုသြင္းတဲ့လူေတြကေတာ့
႐ွိေသးတယ္ .. အစိုးရ ကလည္း ဒါေတြကို သိေတာ့ ရြာပတ္ပတ္လည္ကို အုတ္တံတိုင္း အျမင့္ႀကီးေတြ ခတ္ပစ္လိုက္တယ္ ဝင္ေပါက္ထြက္ေပါက္ကို တစ္ခုတည္းထားတယ္ ဂိတ္ေပါက္မွာလည္း စစ္သားေတြ အလွည့္က်ေစာင့္ၿပီး ထြက္ေျပးတဲ့ လူမွန္သမွ် ပစ္မိန္႔ ေပးထားတယ္ ရြာထဲမွာလည္း ႐ုန္းရင္းဆန္ခတ္ျဖစ္ကုန္ၾကၿပီ ဖုန္းေဘျပတ္ေတာက္ၿပီး လမ္းေပၚမွာ ဂေယာင္ေျခာက္ျခားနဲ႔ ထြက္ေျပးေနတဲ့ လူေတြလည္း႐ွိေသးတယ္ ..


” ေပး ေပး မေပးေပး ေပး ငါ့ ဖုန္းေဘ ျပန္ေပး.. တူနယ္တဲ့နယ္ ေျပာင္ ”

” ဟဲ့ကေလးေတြ အိမ္ထဲဝင္စမ္း .. ဟိုမွာ အ႐ူးေတြ႕လား နင္တို႔ကို ဖမ္းသြားလိမ့္မယ္ ”


” ဟုတ္ကဲ့ .. ေမေမ ”

အဲဒီလို သြက္သြက္ခါ႐ူးေနတဲ့ အ႐ူးေတြလည္း႐ွိသလို ဓျမ ေတြရဲ႕ရန္ကိုလည္း ေၾကာက္ရတယ္

” ဟိတ္ .. ဆယ္လီမ ရပ္စမ္း ”

” စင္ .. စမီး ဆယ္လီမ ဟုတ္ပါဘူး ”

” ဘာမဟုတ္ဘူးလည္း ..နင့္ပို႔စ္ေတြ ငါအကုန္ျမင္တယ္ .. နင့္မွာ ဖုန္းေဘ ႐ွိတယ္မလား ေျပာ ”

” ၁၁၅၂က်ပ္ပဲ က်န္ပါေတာ့တယ္စင္ ”

” အာ့ဆို ငါ့ဖုန္းထဲ ၁ေထာင္ လြဲလိုက္စမ္း ''

” မလုပ္ပါနဲ႔စင္.. လူကိုသတ္ရင္ သတ္သြားပါ ဖုန္းေဘ ေတာ့ခ်မ္းသာေပးပါ ”

” ဟင္ ”

အဲလိုေတြဆိုေတာ့ .. တျဖည္းျဖည္းနဲ႔ ရြာထဲမွာလည္း လူေတြမ႐ွိၾကေတာ့ဘူး အိမ္ထဲမွာပဲ ေနၾကေတာ့တယ္ .. ။ ေရာဂါေၾကာင့္ ေသတဲ့ လူေတြကလည္း ေသေနသလို .. မႈခင္းေတြကလည္း ေန႔စဥ္နဲ႔အမွ်ျဖစ္ေနေတာ့ သတင္းဖတ္တိုင္း စိတ္မေကာင္းစရာေတြပဲ ျမင္ေနရတယ္ ပိုကီမြန္ ဖမ္းရာမွ ေမာင္ေမာင္ေဇဆိုသူအား လမ္းႀကိတ္စက္တိုက္၍ ေျခႏွစ္ေခ်ာင္း ေပါင္အရင္းမွျပတ္


''ဟယ္ .. အ႐ွိန္ျပင္းလို႔ေနမွာ''

ဖုန္းေဘ ၿခိမ္းေျခာက္ေတာင္းခံမႈေၾကာင့္ ရာဇဝတ္သား ေမာင္ရာဟု အား အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၇ႏွစ္

''ေကာင္းတယ္ .. နည္းေတာင္နည္းေသးတယ္''

ေမာင္ေဇယ်ာဆိုေသာ TU ေက်ာင္းသားတစ္ဦး စာေပမ်ားတြင္ အဆိပ္ထည့္၍ ေသေၾကာင္းၾကံစည္မႈ

''ဟင္ .. ဘယ္လိုႀကီးတုန္း''

''ဖုန္းေဘမ်ား မဆပ္ႏိုင္ေသာေၾကာင့္ ေမာင္ေမာင္စ ဆိုသူ ထြက္ေျပးတိမ္းေ႐ွာင္ေန''

(ဇာတ္ကားေတြ မတရားေဒါင္းတာကိုး)

စသျဖင့္ အဲဒီလို သတင္း ေတြကလည္း ေန႔တိုင္းဆိုသလို ဖတ္ေနရတယ္ .. က်ဳပ္ကေတာ့ အိမ္ထဲမွာပဲ အဲဒီလိုသတင္းေတြဖတ္ၿပီး ေရာဂါပိုး ကူးစက္ခံေနရတဲ့ လူတစ္ေယာက္ေပါ့ ေရာဂါပိုး ကူးစက္ခံရၿပီးေနာက္ပိုင္း အကုန္အက်ေတြမ်ားလာတယ္ .. ဖုန္းေဘမ႐ွိရင္ အေမာေဖာက္လာတယ္ .. ႏႈတ္ခမ္းေတြျပာလာတယ္ ေခါင္းေတြမူးလာတယ္ .. အေျခေနက ၾကာေလ ဆိုးေလျဖစ္လာလို႔ က်ဳပ္ကို အိမ္ကလက္ေလွ်ာ့ ထားရတဲ့ အေျခေနကို ေရာက္ေနၿပီ .. ဖုန္းေဘ လည္း မထည့္ေပးၾကေတာ့ဘူး
အခု က်ဳပ္ဒီ စာ ကို ေရးေနတဲ့အခ်ိန္မွာ ဖုန္းေဘ ၂၈က်ပ္ပဲ က်န္ပါေတာ့တယ္ .. ေခ်းစရာလည္း
မ႐ွိေတာ့တဲ့အတြက္ေၾကာင့္ ဒီစာဟာ က်ဳပ္ရဲ႕ ေနာက္ဆံုးစာလည္း ျဖစ္သြားႏိုင္တယ္ .. အဲဒါေၾကာင့္
ဒီစာကို ဖတ္ၿပီးသြားတဲ့အခါမွာက်ဳပ္တို ႔ရြာ အေျခအေနကို အမ်ားသူငွါ သိေအာင္ ေျပာျပေပးၾကပါ .. ျဖန္႔ေဝၾကပါ .. ေရာဂါပိုးကူးစက္ မခံရေအာင္လည္း ဂ႐ုတစိုက္ ေနၾကပါလို႔ အၾကံျပဳရင္း ..

Credit: စိန္ေသာင္း(Face Book)
=============

” ဟဲ့ .. ကမ .. နင်ကြားပြီးပြီလား ”

” ဘာတုန်း ”

” ဒို့ ရွာထိပ်က .. ကိုဗလ ဆုံးပြီတဲ့ ”

” ဟယ် .. အကောင်းကြီးကနေ ဘာဖြစ်လို့လား ”

” မနေ့ညက ချမ်းချမ်းအေးအေးနဲ့ မှန်ရှေ့မှာ အကျီချွတ်ပြီး ဓာတ်ပုံ ရိုက်နေရင်းကနေ ရုတ်တရက် လေဖြတ်ပြီး အသက်ပါထွက်သွားတာတဲ့ ”

” အယ် .. နှမြောစရာ ..”

အဲဒါကျုပ်တို့ရွာ .. တစ်နေ့ထက်တစ်နေ့ အဲဒီဘာမှန်းမသိတဲ့ ရောဂါကြောင့် ကျုပ်တို့ရွာကြီးဟာ
တဖြည်းဖြည်းနဲ့ကပ်ဆိုက်လာတယ် .. မြို့က အတတ်ပညာရှင်တွေလာပြီး ရောဂါပိုး ရှာကြည့်တော့လည်း ရှာမတွေ့တဲ့အပြင် ရောဂါပိုးကူးစက်ခံရသွားတာတွေလည်းရှိတယ်

” ဟဲ့ .. ဟဲ့ လုပ်ကြပါအုံး ခလိန်းပါးစပ်ရွဲ ့သွားပြီ ”

ကွီး တို့ မွီး တို့ .. ကယ်ကြပါအုံး ဒီမှာ ခလိန်း ပါးစပ်ရွဲ့သွားပြီ ”

အသံကြားလို့ ပြေးကြည့်တော့ လူတွေအုံနေကြပြီ ဘယ်သူမှ အနားမကပ်ရဲကြဘူး
ရောဂါပိုး ကူးစက်ခံရမှာ စိုးတာကိုး သူတို့ပြောတဲ့ ခလိန်း ကလည်း ပါးစပ်သာရွဲ့နေတာ လက်ထဲက ဖုန်း နဲ့ ဓာတ်ပုံ ရိုက်ကောင်းတုန်း အုံကြည့်နေတဲ့ ရွာသူရွာသားတွေကလည်း ထင်ကြေး အမျိုးမျိုး ပေးကြတယ်

” ဟယ် .. ငယ်ငယ်ရွယ်ရွယ်နဲ့ သနားစရာဟယ် ”

” ဘာလိုဖြစ်တာတဲ့လည်း ”  မသိပါဘူးတော် .. အဲလိုဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ရင်းကနေ ပါးစပ်ရွဲ့သွားတာတဲ့ ”

” ဖြစ်မှာပဲလေ.. တနေ့တနေ့ နခမ်းဆူလိုက် ပါးဖောင်းလိုက်နဲ့ အမျိုးမျိုးလုပ်နေတာကိုး ”

အဲဒီလိုနဲ့ အခြေနေတွေဟာ တနေ့ထက်တနေ့ ပိုဆိုးရွားလာတာကြောင့် နောက်ဆုံးမှာ ကျုပ်တို့ရွာကြီးကို အစိုးရက တားမြစ်နယ်မြေအဖြစ်သတ်မှတ်လိုက်တယ် စားသောက်ကုန်ကလွဲလို့ အဓိက
ကုန်ဖြစ်တဲ့ ဖုန်းဘေကို ဖြတ်တောက်လိုက်တယ် ဒါပေမယ့်လည်း မှောင်ခိုသွင်းတဲ့လူတွေကတော့
ရှိသေးတယ် .. အစိုးရ ကလည်း ဒါတွေကို သိတော့ ရွာပတ်ပတ်လည်ကို အုတ်တံတိုင်း အမြင့်ကြီးတွေ ခတ်ပစ်လိုက်တယ် ဝင်ပေါက်ထွက်ပေါက်ကို တစ်ခုတည်းထားတယ် ဂိတ်ပေါက်မှာလည်း စစ်သားတွေ အလှည့်ကျစောင့်ပြီး ထွက်ပြေးတဲ့ လူမှန်သမျှ ပစ်မိန့် ပေးထားတယ် ရွာထဲမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြပြီ ဖုန်းဘေပြတ်တောက်ပြီး လမ်းပေါ်မှာ ဂယောင်ခြောက်ခြားနဲ့ ထွက်ပြေးနေတဲ့ လူတွေလည်းရှိသေးတယ် ..


” ပေး ပေး မပေးပေး ပေး ငါ့ ဖုန်းဘေ ပြန်ပေး.. တူနယ်တဲ့နယ် ပြောင် ”

” ဟဲ့ကလေးတွေ အိမ်ထဲဝင်စမ်း .. ဟိုမှာ အရူးတွေ့လား နင်တို့ကို ဖမ်းသွားလိမ့်မယ် ”


” ဟုတ်ကဲ့ .. မေမေ ”

အဲဒီလို သွက်သွက်ခါရူးနေတဲ့ အရူးတွေလည်းရှိသလို ဓမြ တွေရဲ့ရန်ကိုလည်း ကြောက်ရတယ်

” ဟိတ် .. ဆယ်လီမ ရပ်စမ်း ”

” စင် .. စမီး ဆယ်လီမ ဟုတ်ပါဘူး ”

” ဘာမဟုတ်ဘူးလည်း ..နင့်ပို့စ်တွေ ငါအကုန်မြင်တယ် .. နင့်မှာ ဖုန်းဘေ ရှိတယ်မလား ပြော ”

” ၁၁၅၂ကျပ်ပဲ ကျန်ပါတော့တယ်စင် ”

” အာ့ဆို ငါ့ဖုန်းထဲ ၁ထောင် လွဲလိုက်စမ်း ''

” မလုပ်ပါနဲ့စင်.. လူကိုသတ်ရင် သတ်သွားပါ ဖုန်းဘေ တော့ချမ်းသာပေးပါ ”

” ဟင် ”

အဲလိုတွေဆိုတော့ .. တဖြည်းဖြည်းနဲ့ ရွာထဲမှာလည်း လူတွေမရှိကြတော့ဘူး အိမ်ထဲမှာပဲ နေကြတော့တယ် .. ။ ရောဂါကြောင့် သေတဲ့ လူတွေကလည်း သေနေသလို .. မှုခင်းတွေကလည်း နေ့စဉ်နဲ့အမျှဖြစ်နေတော့ သတင်းဖတ်တိုင်း စိတ်မကောင်းစရာတွေပဲ မြင်နေရတယ် ပိုကီမွန် ဖမ်းရာမှ မောင်မောင်ဇေဆိုသူအား လမ်းကြိတ်စက်တိုက်၍ ခြေနှစ်ချောင်း ပေါင်အရင်းမှပြတ်


''ဟယ် .. အရှိန်ပြင်းလို့နေမှာ''

ဖုန်းဘေ ခြိမ်းခြောက်တောင်းခံမှုကြောင့် ရာဇဝတ်သား မောင်ရာဟု အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရနှစ်

''ကောင်းတယ် .. နည်းတောင်နည်းသေးတယ်''

မောင်ဇေယျာဆိုသော TU ကျောင်းသားတစ်ဦး စာပေများတွင် အဆိပ်ထည့်၍ သေကြောင်းကြံစည်မှု

''ဟင် .. ဘယ်လိုကြီးတုန်း''

''ဖုန်းဘေများ မဆပ်နိုင်သောကြောင့် မောင်မောင်စ ဆိုသူ ထွက်ပြေးတိမ်းရှောင်နေ''

(ဇာတ်ကားတွေ မတရားဒေါင်းတာကိုး)

စသဖြင့် အဲဒီလို သတင်း တွေကလည်း နေ့တိုင်းဆိုသလို ဖတ်နေရတယ် .. ကျုပ်ကတော့ အိမ်ထဲမှာပဲ အဲဒီလိုသတင်းတွေဖတ်ပြီး ရောဂါပိုး ကူးစက်ခံနေရတဲ့ လူတစ်ယောက်ပေါ့ ရောဂါပိုး ကူးစက်ခံရပြီးနောက်ပိုင်း အကုန်အကျတွေများလာတယ် .. ဖုန်းဘေမရှိရင် အမောဖောက်လာတယ် .. နှုတ်ခမ်းတွေပြာလာတယ် ခေါင်းတွေမူးလာတယ် .. အခြေနေက ကြာလေ ဆိုးလေဖြစ်လာလို့ ကျုပ်ကို အိမ်ကလက်လျှော့ ထားရတဲ့ အခြေနေကို ရောက်နေပြီ .. ဖုန်းဘေ လည်း မထည့်ပေးကြတော့ဘူး
အခု ကျုပ်ဒီ စာ ကို ရေးနေတဲ့အချိန်မှာ ဖုန်းဘေ ၂၈ကျပ်ပဲ ကျန်ပါတော့တယ် .. ချေးစရာလည်း
မရှိတော့တဲ့အတွက်ကြောင့် ဒီစာဟာ ကျုပ်ရဲ့ နောက်ဆုံးစာလည်း ဖြစ်သွားနိုင်တယ် .. အဲဒါကြောင့်
ဒီစာကို ဖတ်ပြီးသွားတဲ့အခါမှာကျုပ်တို ့ရွာ အခြေအနေကို အများသူငှါ သိအောင် ပြောပြပေးကြပါ .. ဖြန့်ဝေကြပါ .. ရောဂါပိုးကူးစက် မခံရအောင်လည်း ဂရုတစိုက် နေကြပါလို့ အကြံပြုရင်း ..

Credit: စိန်သောင်း(Face Book)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...