ငရဲျပည္​မွာ အမႈထမ္​းရ​ေသာ ယမမင္​း အ​ေၾကာင္​း

ငရဲဘံုရွိ ယမမင္း( ငရဲမင္း ) ဆိုတာ ဘုရားေဟာ ဟုတ္မဟုတ္ နွင့္ ယမမင္းႏွင့္ ငရဲထိန္းတို႔သည္ အဘယ့္ေၾကာင့္ ငရဲျပည္မွာ အမႈထမ္းရသနည္း ?

(ေမး)
ဆရာေတာ္ အရွင္သူျမတ္ဘုရား

ဗုဒၶဘာသာမွာ လူတစ္ေယာက္ ေသလြန္ၿပီးေနာက္ထိုလူ သြားေရာက္ ရမည့္ ဘဝကို ေမးျမန္းစစ္ေဆးၿပီးဆံုးျဖတ္ေပးသည့္ ယမမင္း ဆိုသည္ကို ၾကားဖူးပါသည္။

ယမမင္း ဘယ္ႏွစ္ေယာက္ ရွိသလဲ။ဘယ္မွာ ေနသလဲ။ဘယ္လို ကုသိုလ္ သို႔မဟုတ္ အကုသိုလ္ေၾကာင့္ယမမင္း ျဖစ္ရသလဲ။

ယမမင္းဆိုတာကိုဗုဒၶဘုရားရွင္ရဲ႕ ႏႈတ္ေတာ္မွ ေဟာၾကားခဲ့သလားဆိုသည္တို႔ကို သိလိုပါသည္ဘုရား။

ယမမင္းႏွင့္ပတ္သက္သည့္ က်မ္းဂန္ထြက္ ဗဟုသုတအျဖာျဖာကို မ်က္ေမွာက္ေခတ္ အျမင္ႏွင့္ေရာစပ္၍ ေျဖၾကားေပးေစခ်င္ ပါသည္ဘုရား။

(ေျဖ)
“ယမမင္း”

“ရဟန္းတို႔၊ ငါဘုရားသည္ ဒိဗၺစကၡဳညာဏ္ျဖင့္ငရဲသို႔က် ေရာက္ေသာ သတၱဝါတို႔ကို ျမင္ေတာ္မူ၏။
လူ႔ဘဝတြင္ မေကာင္းမႈကို ျပဳေသာေၾကာင့္ငရဲသို႔ေရာက္ လာသူအား ငရဲထိန္းတို႔ကယမမင္းထံ ေခၚသြား၏။
ထိုအခါ ယမမင္းက သင္သည္ လူ႔ဘဝမွာရွိစဥ္-
“ေမြးဖြားျခင္း၊ အိုျခင္း၊ နာျခင္း၊ (အဓမၼမႈေၾကာင့္)ေလာကျပစ္ခံ ရျခင္း ႏွင့္ ေသျခင္း” ဟူေသာနတ္တမန္ ငါးေယာက္တို႔ ေရာက္လာသည္ ကိုသတိျပဳမိၿပီး ေကာင္းမႈေတြ ျပဳခဲ့ရဲ႕ေလာဟု စစ္ေမး၏။

မျပဳမိပါဟု ေျဖျခင္း၌ ယမမင္းက သင္သည္ေမ့ေလ်ာ့ၿပီး ေကာင္းမႈကို မျပဳဘဲ မေကာင္းမႈကို ျပဳခဲ့ၿပီ။ သင္ျပဳလုပ္သည့္ အကုသိုလ္မႈကို မည္သူ မွ် အစားခံလို႔မရ။ သင္သာလွ်င္ ခံရလိမ့္မည္ဟု ဆိုၿပီး ဆိတ္ဆိတ္ေန၏။

ယင္းေနာက္ ငရဲထိန္းတို႔သည္ ထိုသူအား တံခါး ေလးခု ရွိသည့္ မဟာငရဲသို႔ ပို႔လိုက္ၾက၏။ ထိုသူ သည္ အကုသိုလ္ကံ၏ အက်ိဳးေပး မကုန္သေ႐ြ႕
ထိုငရဲ၌ ခံေနရ၏ (မ ၃၊ ၁၈၆)”။

“ယမမင္းဟူသည္ (စတုမာရာဇ္ နတ္မ်ိဳးဝင္) ေဝမာနိကမ်ိဳး ၿပိတၲာမင္း ျဖစ္၏။
တစ္ခ်ိန္မွာ နတ္ဗိမာန္၌ စည္းစိမ္ ခံစားရၿပီး၊ တစ္ခါတစ္ရံမွာ မေကာင္းက်ိဳး ခံစားရ၏။ တရားေစာင့္ေသာ မင္းျဖစ္၏။(ငရဲဘံုဝင္ေပါက္) ဂိတ္ေလးခုတြင္ ယမမင္း တစ္ေယာက္စီ ရွိ၏ (မ-႒ ၄၊ ၁၈၃)”။

“မိႆ ကကုသိုလ္”

(ဥပမာ ဝက္သတ္ၿပီး အလွဴေပးျခင္း စသည္)ေၾကာင့္ယမမင္း ျဖစ္ရ၏။ သို႔ရာတြင္ ယမမင္းသည္ တရား အားထုတ္ပါက မဂ္ဖိုလ္ကို ရႏိုင္၏
(အံ-ဋီ ၂၊ ၁၁၄)”။

“သိၾကားမင္း၏ ဝရဇိန္လက္နက္၊ အာဠာဝကဘီလူး၏ ဘြဲ႕ျဖဴလက္နက္၊
ေဝႆ ဝဏ္နတ္မင္း၏ သန္လ်က္လက္နက္၊ ယမမင္း၏ (ေဒါသျဖင့္ၾကည့္ လွ်င္ျပာက်ေစနိုင္ေသာ)မ်က္လံုးလက္နက္ဟု လက္နက္ႀကီး ေလးမ်ိဳးရွိ၏”။
(သံ-႒ ၁၊ ၂၉၀)

“အဓိပၸာယ္တစ္မ်ိဳး”

“သမၸယာေတာသိ ယမႆ သႏၱိကႏၲိ မရဏမုခံဂႏၲံဳ သေဇၨာ ဟုတြာ ဌိေတာသီတိ အေတၳာ
(ဓမၼပဒ-႒ ၂၊ ၂၁၉)”

အဖြင့္အရဆိုရင္ ယမမင္းဆိုတာ ေသမင္းလို႔အဓိပၸာယ္ ရပါတယ္။ ဒါေၾကာင့္ ဘဝသံသရာမွမလြတ္ေျမာက္ေသးသမွ် ယမမင္းရဲ႕အာဏာစက္ကြင္းမွ မလြတ္ေသးဘူး။ ဒီအဓိပၸာယ္နဲ႔ ယမမင္းကို“ေဝသာယီ”
(ဇာ-႒ ၂၊ ၂၈၈) လို႔လည္း နာမည္တစ္မ်ိဳးနဲ႔ ေခၚပါတယ္။ ငရဲဘံုနဲ႔ ယမမင္း ဆိုတာ ဘုရားေဟာပါ။

“လူျဖစ္ခ်င္သူ”

ယမရာဇသုတ္ (အံ ၁၊ ၁၄၀)အရ ယမမင္းဟာအကုသိုလ္မႈ ေၾကာင့္ ငရဲသို႔ ေရာက္လာသူေတြကို ၾကည့္ရင္း “ငါသည္ လူ႔ဘဝကိုရၿပီး ဗုဒၶ ဘုရားရွင္ ပြင့္ခိုက္ႏွင့္ ႀကံဳႀကိဳက္သျဖင့္ ဗုဒၶတရားကို ၾကားနာရလို႔
တရားထူး ကိုရရင္ သိပ္ေကာင္း မွာပဲလို႔” အၾကံ ျဖစ္ေပၚဖူးပါသတဲ့။ အဲဒီလို ယမမင္းအႀကံ ျဖစ္တာကို ဗုဒၶဘုရားရွင္ဟာ သူမ်ား အေျပာေၾကာင့္ သိတာ မဟုတ္ဘဲကိုယ္တိုင္ (သဗၺညဳတညဏ္နဲ႔) သိျမင္ၿပီး ႁမႊက္ဆိုတာျဖစ္တယ္ လို႔လည္း အဲဒီသုတ္မွာ မိန္႔ပါတယ္။

(စပ္မိလို႔ အသိေပးပါတယ္။ ဆရာႀကီး ဂိုအင္ဂါအဖြဲ႕ကထုတ္တဲ့ ပိဋကတ္ စီဒီ႐ြမ္မွာ ယမရာဇသုတ္ကို ေဒဝဒူတသုတ္ႏွင့္ ေပါင္းထားၿပီး စတုမဟာရာဇသုတ္ရဲ႕ေနာက္ပိုင္းကို ဒုတိယ စတုမဟာရာဇသုတ္လို႔
စဥ္ထားတာ ေတြ႕ရလို႔ ဆ႒မူနဲ႔ မတူေၾကာင္းပါ။ပညာရွင္တို႔ ဆင္ျခင္ပါကုန္)။

“ငရဲႏွင့္ ငရဲထိန္း”

ငရဲဘံု၌ ႏွိပ္စက္ညႇဥ္းပန္းမႈမ်ား ရွိေသာေၾကာင့္ႏွိပ္စက္ညႇဥ္းပန္းသူ ငရဲထိန္းမ်ား ရွိ၏
(အဘိ ၄၊ ၄၃၀)။

ငရဲထိန္းမ်ားကို ငရဲသားတို႔က ျပန္ၿပီး ႏွိပ္စက္က လူမျပဳႏိုင္ (သံ-ဋီ ၂၊ ၈၆)။

ငရဲထိန္းမ်ားလည္း ယမမင္းႏွင့္ အမ်ိဳဳးဇာတ္တူ၏။ ငရဲမီးဟူသည္ ကံေၾကာင့္ ျဖစ္ေသာ ဥတုဇ႐ုပ္ျဖစ္၍ ငရဲခံရမည့္သူမ်ား သာပူၿပီး ငရဲထိန္းမ်ားမွာမူ ပူေလာင္ျခင္း မရွိ။ အကုသိုလ္ နည္းနည္းျဖင့္ ငရဲသို႔ ေရာက္လာ သူမ်ားကိုသာ စစ္ေဆးျခင္းျဖစ္၏
(ကိုယ္က်င့္အဘိဓမၼာ၊ ၂၈၇)။

မူရင္း ပါဠိေတာ္ႏွင့္ အ႒ကထာက်မ္းေတြမွာ ငရဲဘံုအမ်ိဳးမ်ိဳးႏွင့္ ဘံုအလိုက္ သက္တမ္း အပိုင္း အျခားေတြကိုေဖာ္ျပထားတာေတြ
ရွိပါတယ္။ အဲဒီငရဲဘံုေတြဟာ အခ်ိဳ႕ လူသားတို႔ အနီးမွာ (ဥပမာ ေလာဟကုမၻီငရဲ)၊ အခ်ိဳ႕ မဟာပထဝီ ေျမႀကီးထဲမွာ၊ အခ်ိဳ႕ အာကာသ တစ္ေနရာမွာ ရွိတယ္လို႔ အဲဒီက်မ္းဂန္ေဖာ္ျပခ်က္ေတြအရ ဆိုႏိုင္ပါတယ္။

“ငရဲထိန္း၊ ငရဲေခြး၊ ငရဲက်ီးတို႔သည္ သက္ရွိသတၱဝါမ်ား ျဖစ္ၾက၏။ စတုမဟာရာဇ္ နတ္မ်ဳိးျဖစ္ေသာ ဘီလူးမ်ားသည္
အတိတ္ဘဝ၌ ကုသိုလ္ႏွင့္အကုသိုလ္ ေရာေႏွာ ျပဳခဲ့ေသာေၾကာင့္ ငရဲျပည္၌ နတ္ၾကမ္း၊ ဘီးလူးၾကမ္းမ်ားျဖစ္၍ ငရဲသူ ငရဲသားတို႔ကိုႏွိပ္စက္ကုန္၏ (ကထာဝတၳဳ၊ နိရယပါလကထာ)”။

မန္လည္ဆရာေတာ္ႀကီးက ငရဲထိန္းကို ရကၡသ(ရကၡိသ္) မ်ိဳးဟု ဆိုၿပီး ဤသို႔ သ႐ုပ္ေဖာ္သည္ ...

“မ်က္စိေၾကာ့ေသြး၊ ေတြးေတြးနီျမန္း ေၾကာင္သန္းတ်ာတ်ာ၊ လြန္စြာက်ယ္ဘိ
လူျပည္ယွိသား၊ ေမာင္းႀကီ့းအေယာင္မ်က္ေတာင္မညိတ္၊ နက္ေရာင္ ဘိတ္လ်က္ သပိတ္လံုးႏွယ္၊ မ်က္လံုးက်ယ္ႏွင့္ အစြယ္ျပဴးျပဴး၊
ငွက္ေပ်ာဖူးသို႔ မာန္ရွဴးလြန္ဆိုး၊ ရကၡိသ္မ်ိဳးသည္၊ အုပ္စိုး ကြပ္ကြပ္ မွဴးမွဴးတည္း။

(မဃေဒဝ၊ ပိုဒ္-၄၆၅)။

ထူးျခားတာက ဗုဒၶဝါဒမွာ ဘယ္ေတာ့မွ ျပန္ေပၚ မလာႏိုင္ေတာ့တဲ့ “ထာဝရငရဲ” ဆိုတာ မရွိပါဘူး။ ငရဲဆိုတာ ကိုယ္လုပ္ခဲ့တဲ့ အကုသိုလ္ေၾကာင့္ ယာယီျဖစ္ရတဲ့ ဘဝတစ္ခုသာ ျဖစ္ၿပီး ငရဲကေန လူ႔ဘဝ နတ္ဘဝေတြ ကို ျပန္ေရာက္လာၿပီး တရားအားထုတ္လို႔ ေဗာဓိဉာဏ္ ကိုေတာင္ရႏိုင္ပါေသး တယ္။

ဒါဟာ ခြင့္လႊတ္ျခင္း၊ မတည္ၿမဲျခင္းဆိုတဲ့ အႏွစ္သာရေတြ ကိန္းေနတဲ့ အင္မတန္ လွပတဲ့ ဗုဒၶဒႆ နပါပဲ။

“သိပၸံႏွင့္ ဒိဗၺစကၡဳ”

သိပၸံ ဆရာေတြကေတာ့ Indian Mythology(အိႏၵိယဒ႑ာရီ)လို႔ ဆိုၾကမွာပဲ။ ဆိုခြင့္ရွိပါတယ္။ဒါေပမယ့္ ယခု ရာစုႏွစ္ေတြမွာ သိပၸံဆရာေတြက ပဲအာကာသ မွာ သက္ရွိေလာက ရွိႏိုင္တယ္လို႔ ဆိုလာၾကတယ္။

သိပၸံ ဆရာတို႔က ကမၻာေျမႀကီးရဲ႕အတြင္းပိုင္းမွာ ေနထက္ေတာင္ ပူႏိုင္တဲ့
အရည္ရွိတယ္လို႔လဲ ဆိုတယ္။ဒီေတာ့ “အရည္ရွိတဲ့ ေနရာတိုင္းမွာ သက္ရွိသတၱဝါ ရွိတယ္” ဆိုတဲ့ သိပၸံနိယာမရယ္ ၊ေရဆူမွတ္ နီးနီးပူေန တဲ့ ေရပူစမ္းထဲမွာ ငါးေလးေတြ အသက္ရွင္ေနႏိုင္တာရယ္ ေတြေၾကာင့္ အႏွီ ေျမႀကီးထဲက အပူရည္မွာ အကုသိုလ္ေၾကာင့္ ျဖစ္ရတဲ့ သက္ရွိေလာက တစ္ခု မရွိဘူးလို႔ ဘယ္သူဆိုႏိုင္မလဲ။

တရားထိုင္သူေတြ အနည္းဆံုး အလင္းနိမိတ္ ေလာက္ကို ပိုင္ပိုင္ႏိုင္ႏိုင္ ရဖူးရင္ ဗုဒၶရွင္ေတာ္ျမတ္ရဲ႕ဒိဗၺစကၡဳဉာဏ္ စြမ္းအင္ကို ခန္႔မွန္း ႏိုင္ပါလိမ့္မယ္။
ဗုဒၶဝါဒီ တစ္ေယာက္ အေနနဲ႔ ဗုဒၶရွင္ေတာ္ျမတ္ရဲ႕ဒိဗၺစကၡဳ ဉာဏ္စြမ္းအားကို သိပၸံဆရာတို႔ရဲ႕ အသိဉာဏ္ ႏွင့္ မႏိႈင္းယွဥ္ရဲပါ။

-ဆရာေတာ္အရွင္ေကလာသ ၏ “ဓမၼအေမးအေျဖမ်ား”မွ -ေကာက္ႏွဳတ္ ကူးယူပူေဇာ္မွ်ေဝပါသည္။

Credit: Thadinatin
=============

ငရဲဘုံရှိ ယမမင်း( ငရဲမင်း ) ဆိုတာ ဘုရားဟော ဟုတ်မဟုတ် နှင့် ယမမင်းနှင့် ငရဲထိန်းတို့သည် အဘယ့်ကြောင့် ငရဲပြည်မှာ အမှုထမ်းရသနည်း ?

(မေး)
ဆရာတော် အရှင်သူမြတ်ဘုရား

ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက်ထိုလူ သွားရောက် ရမည့် ဘဝကို မေးမြန်းစစ်ဆေးပြီးဆုံးဖြတ်ပေးသည့် ယမမင်း ဆိုသည်ကို ကြားဖူးပါသည်။

ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ။ဘယ်မှာ နေသလဲ။ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့်ယမမင်း ဖြစ်ရသလဲ။

ယမမင်းဆိုတာကိုဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြားခဲ့သလားဆိုသည်တို့ကို သိလိုပါသည်ဘုရား။

ယမမင်းနှင့်ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင်နှင့်ရောစပ်၍ ဖြေကြားပေးစေချင် ပါသည်ဘုရား။

(ဖြေ)
“ယမမင်း”

“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့်ငရဲသို့ကျ ရောက်သော သတ္တဝါတို့ကို မြင်တော်မူ၏။
လူ့ဘဝတွင် မကောင်းမှုကို ပြုသောကြောင့်ငရဲသို့ရောက် လာသူအား ငရဲထိန်းတို့ကယမမင်းထံ ခေါ်သွား၏။
ထိုအခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ်-
“မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်)လောကပြစ်ခံ ရခြင်း နှင့် သေခြင်း” ဟူသောနတ်တမန် ငါးယောက်တို့ ရောက်လာသည် ကိုသတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။

မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည်မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။ သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူ မျှ အစားခံလို့မရ။ သင်သာလျှင် ခံရလိမ့်မည်ဟု ဆိုပြီး ဆိတ်ဆိတ်နေ၏။

ယင်းနောက် ငရဲထိန်းတို့သည် ထိုသူအား တံခါး လေးခု ရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူ သည် အကုသိုလ်ကံ၏ အကျိုးပေး မကုန်သရွေ့
ထိုငရဲ၌ ခံနေရ၏ (မ ၃၊ ၁၈၆)”။

“ယမမင်းဟူသည် (စတုမာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။
တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ် ခံစားရပြီး၊ တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။(ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီ ရှိ၏ (မ-ဋ္ဌ ၄၊ ၁၈၃)”။

“မိဿ ကကုသိုလ်”

(ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့်ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရား အားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏
(အံ-ဋီ ၂၊ ၁၁၄)”။

“သိကြားမင်း၏ ဝရဇိန်လက်နက်၊ အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊
ဝေဿ ဝဏ်နတ်မင်း၏ သန်လျက်လက်နက်၊ ယမမင်း၏ (ဒေါသဖြင့်ကြည့် လျှင်ပြာကျစေနိုင်သော)မျက်လုံးလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏”။
(သံ-ဋ္ဌ ၁၊ ၂၉၀)

“အဓိပ္ပာယ်တစ်မျိုး”

“သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော
(ဓမ္မပဒ-ဋ္ဌ ၂၊ ၂၁၉)”

အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှမလွတ်မြောက်သေးသမျှ ယမမင်းရဲ့အာဏာစက်ကွင်းမှ မလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို“ဝေသာယီ”
(ဇာ-ဋ္ဌ ၂၊ ၂၈၈) လို့လည်း နာမည်တစ်မျိုးနဲ့ ခေါ်ပါတယ်။ ငရဲဘုံနဲ့ ယမမင်း ဆိုတာ ဘုရားဟောပါ။

“လူဖြစ်ချင်သူ”

ယမရာဇသုတ် (အံ ၁၊ ၁၄၀)အရ ယမမင်းဟာအကုသိုလ်မှု ကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း “ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓ ဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့
တရားထူး ကိုရရင် သိပ်ကောင်း မှာပဲလို့” အကြံ ဖြစ်ပေါ်ဖူးပါသတဲ့။ အဲဒီလို ယမမင်းအကြံ ဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာ သူများ အပြောကြောင့် သိတာ မဟုတ်ဘဲကိုယ်တိုင် (သဗ္ဗညုတညဏ်နဲ့) သိမြင်ပြီး မြွှက်ဆိုတာဖြစ်တယ် လို့လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။

(စပ်မိလို့ အသိပေးပါတယ်။ ဆရာကြီး ဂိုအင်ဂါအဖွဲ့ကထုတ်တဲ့ ပိဋကတ် စီဒီရွမ်မှာ ယမရာဇသုတ်ကို ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့နောက်ပိုင်းကို ဒုတိယ စတုမဟာရာဇသုတ်လို့
စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ပညာရှင်တို့ ဆင်ခြင်ပါကုန်)။

“ငရဲနှင့် ငရဲထိန်း”

ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့်နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏
(အဘိ ၄၊ ၄၃၀)။

ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်က လူမပြုနိုင် (သံ-ဋီ ၂၊ ၈၆)။

ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုုးဇာတ်တူ၏။ ငရဲမီးဟူသည် ကံကြောင့် ဖြစ်သော ဥတုဇရုပ်ဖြစ်၍ ငရဲခံရမည့်သူများ သာပူပြီး ငရဲထိန်းများမှာမူ ပူလောင်ခြင်း မရှိ။ အကုသိုလ် နည်းနည်းဖြင့် ငရဲသို့ ရောက်လာ သူများကိုသာ စစ်ဆေးခြင်းဖြစ်၏
(ကိုယ်ကျင့်အဘိဓမ္မာ၊ ၂၈၇)။

မူရင်း ပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက် သက်တမ်း အပိုင်း အခြားတွေကိုဖော်ပြထားတာတွေ
ရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ အချို့ လူသားတို့ အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊ အချို့ အာကာသ တစ်နေရာမှာ ရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။

“ငရဲထိန်း၊ ငရဲခွေး၊ ငရဲကျီးတို့သည် သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ စတုမဟာရာဇ် နတ်မျိုးဖြစ်သော ဘီလူးများသည်
အတိတ်ဘဝ၌ ကုသိုလ်နှင့်အကုသိုလ် ရောနှော ပြုခဲ့သောကြောင့် ငရဲပြည်၌ နတ်ကြမ်း၊ ဘီးလူးကြမ်းများဖြစ်၍ ငရဲသူ ငရဲသားတို့ကိုနှိပ်စက်ကုန်၏ (ကထာဝတ္ထု၊ နိရယပါလကထာ)”။

မန်လည်ဆရာတော်ကြီးက ငရဲထိန်းကို ရက္ခသ(ရက္ခိသ်) မျိုးဟု ဆိုပြီး ဤသို့ သရုပ်ဖော်သည် ...

“မျက်စိကြော့သွေး၊ တွေးတွေးနီမြန်း ကြောင်သန်းတျာတျာ၊ လွန်စွာကျယ်ဘိ
လူပြည်ယှိသား၊ မောင်းကြီ့းအယောင်မျက်တောင်မညိတ်၊ နက်ရောင် ဘိတ်လျက် သပိတ်လုံးနှယ်၊ မျက်လုံးကျယ်နှင့် အစွယ်ပြူးပြူး၊
ငှက်ပျောဖူးသို့ မာန်ရှူးလွန်ဆိုး၊ ရက္ခိသ်မျိုးသည်၊ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။

(မဃဒေဝ၊ ပိုဒ်-၄၆၅)။

ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှ ပြန်ပေါ် မလာနိုင်တော့တဲ့ “ထာဝရငရဲ” ဆိုတာ မရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲကနေ လူ့ဘဝ နတ်ဘဝတွေ ကို ပြန်ရောက်လာပြီး တရားအားထုတ်လို့ ဗောဓိဉာဏ် ကိုတောင်ရနိုင်ပါသေး တယ်။

ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿ နပါပဲ။

“သိပ္ပံနှင့် ဒိဗ္ဗစက္ခု”

သိပ္ပံ ဆရာတွေကတော့ Indian Mythology(အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ယခု ရာစုနှစ်တွေမှာ သိပ္ပံဆရာတွေက ပဲအာကာသ မှာ သက်ရှိလောက ရှိနိုင်တယ်လို့ ဆိုလာကြတယ်။

သိပ္ပံ ဆရာတို့က ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့
အရည်ရှိတယ်လို့လဲ ဆိုတယ်။ဒီတော့ “အရည်ရှိတဲ့ နေရာတိုင်းမှာ သက်ရှိသတ္တဝါ ရှိတယ်” ဆိုတဲ့ သိပ္ပံနိယာမရယ် ၊ရေဆူမှတ် နီးနီးပူနေ တဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ အသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီ မြေကြီးထဲက အပူရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ သက်ရှိလောက တစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။

တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ် လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခုဉာဏ် စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့ အသိဉာဏ် နှင့် မနှိုင်းယှဉ်ရဲပါ။

-ဆရာတော်အရှင်ကေလာသ ၏ “ဓမ္မအမေးအဖြေများ”မှ -ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။

Credit: Thadinatin

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...