======

အားလံုးစိတ္ဝင္စားေနတဲ႔ ဇီးခ်ဳိင္ေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္တြင္ ၾကြက္မ်ား ေရာက္ရွိေနျခင္းနဲ႔ ၀ါးသီးအေၾကာင္း

အားလံုးစိတ္ဝင္စားေနတဲ႔ ဇီးခ်ဳိင္ေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္တြင္ ၾကြက္မ်ား ေရာက္ရွိေနျခင္း။

တေန႔တာ ရွာေဖြလို႔ရသမွ်ေတြထဲက ျဖစ္ႏိုင္ေခ် အရွိဆံုးကို ေဖာ္ျပအပ္ပါသည္ -
ဝါးသီး။ ဟုတ္ပါတယ္။ ခရင္ဝါးသီးပါ။
ဝါးေတြမွာ သက္ပတ္ အမ်ိဳးမ်ိဳး႐ွိပါတယ္။ ဝါးမ်ိဳးစိတ္ကိုလိုက္ၿပီး ၂၅ႏွစ္၊ ႏွစ္၃၀၊ ႏွစ္၅၀စသည္ျဖင့္ သက္တန္း အမ်ိဳးမ်ိဳး႐ွိပါတယ္။ ဝါးသီးသီးတာဟာ သက္တန္းေစ့လို႔ ဝါးပ်ိဳးပြားဖို႔ သီးတာ႐ွိသလို သဘာဝတရားက ေျပာင္းလဲေနတဲ့ ရာသီဥတုအေျခအေနကိုလိုက္ၿပီး ယိုယြင္းပ်က္စီးေနတာေတြကို ျပန္လည္ကုစားဖို႔ ဝါးသုန္း သီးေပးရတာလည္း႐ွိတယ္။ (က်ယ္က်ယ္ျပန္ုျပန္႔ ေလ့လာဖို႔ေတာ့လိုတယ္)။
ဝါးဟာသီးၿပီးရင္ေသသြားတာေၾကာင့္ ဒီလိုဝါးသီးတာကို ဝါးသုန္းသီးတယ္ လို႔သံုးနႈန္းေျပာဆိုပါတယ္။ ဝါးသုန္းသီးတဲ့ဝါးသီး၊ ဝါးေစ့ေတြမွာ မ်ိဳးပြားမႈကိုအားေပးတဲ့သဘာဝ ေဟာ္မုန္းေတြပါလို႔ ဝါးသုန္းသီးကို စားမိတဲ့ေတာတိရစၧာန္ေတြဟာ အလြန္အကြၽံမ်ိဳးပြားၾကပါတယ္။
အခုပံုထဲမွာျမင္ရတဲ့ဝါးသီးဟာ ကရင္ဝါး (ခရင္ဝါး လို႔ အသံထြက္ပါတယ္) သီးျဖစ္ၿပီး ဒီဝါးသီးကို ေတာဝက္လို အေကာင္ ကေနစၿပီး ဆတ္၊ စိုင္၊ ေျပာင္ လို စားျမံဳ႕ျပန္တဲ့ေတာသတၱဝါေတြကေန ေတာႂကြက္ေတြအထိ စားသံုးၾကပါတယ္။ စားသံုးမိတဲ့တိရစၧာန္ေတြဟာ အလြန္အကြၽံ မ်ိဳးပြားၾကပါတယ္။ အထူးသျဖင့္ ေတာဝက္နဲ႔ ႂကြက္ေတြရဲ႕မ်ိဳးပြားမႈဟာ အလြန္သိသိသာသာ ႐ွိလွပါတယ္။ အလြန္အကြၽံမ်ိဳးပြားလို႔ သူတို႔က်က္စားတဲ့ေနရာမွာအစား႐ွားပါးၿပီး ေတာထဲမွာ ေတာဝက္ငယ္ေလးေတြ အစာငတ္ေသတာ ဟိုမွာ ဒီမွာ ေတြ႔ရတတ္ပါတယ္။
ႂကြက္ကေတာ့ ဝါးသုန္းသီးစားမိၿပီဆိုရင္ အလြန္အကြၽံ ဒုကၡေပးေတာ့တာပါပဲ။ ႂကြက္ေတြဟာ ကာလတိုအတြင္း အလြန္မ်ားတဲ့ ပမာဏနဲ႔ ၂ဆကေန၄ဆ၊ ၄ဆကေန၈ဆ ဆတိုးပြားလာပါတယ္၊ ဒီပြားမ်ားမႈနဲ႔အတူ မႉႉလက်က္စားရာေဒသအတြင္းမွာ အစာေရစာ႐ွားပါး လာတာေၾကာင့္ ႂကြက္ေတြဟာ အစာပိုမိုရႏိုင္မယ့္ေနရာသစ္ကို အုပ္လိုက္ႀကီးေျပာင္းေရႊ႔ေတာ့တာပါပဲ။ ဒီလိုေရႊ႔ေျပာင္းစဥ္ လမ္းမွာ ေတ့ြတာေတြကို အလုအယက္ စားေသာက္ပစ္ေတာ့တာပါပဲ။ ဒီလို ျဖစ္စဥ္ဟာ ဝါးသန္းသီးသီးၿပီး ၃ႏွစ္၄ႏွစ္အထိ ၾကာတတ္ပါတယ္။ အရပ္မွာေတာ့ ႂကြက္ကပ္က်တယ္လို႔ဆိုပါတယ္။
ဒါဟာ ျဖစ္ႏိုင္ေခ် အရွိဆံုးနဲ႔ အနီးစပ္ဆံုးလို႔ ကြ်န္ေတာ္ ယူဆမိပါတယ္။
ကိုစိုးမိုး 

အားလုံးစိတ်ဝင်စားနေတဲ့ ဇီးချိုင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် ကြွက်များ ရောက်ရှိနေခြင်း။

တနေ့တာ ရှာဖွေလို့ရသမျှတွေထဲက ဖြစ်နိုင်ချေ အရှိဆုံးကို ဖော်ပြအပ်ပါသည် -
ဝါးသီး။ ဟုတ်ပါတယ်။ ခရင်ဝါးသီးပါ။
ဝါးတွေမှာ သက်ပတ် အမျိုးမျိုးရှိပါတယ်။ ဝါးမျိုးစိတ်ကိုလိုက်ပြီး ၂၅နှစ်၊ နှစ်၃၀၊ နှစ်၅ဝစသည်ဖြင့် သက်တန်း အမျိုးမျိုးရှိပါတယ်။ ဝါးသီးသီးတာဟာ သက်တန်းစေ့လို့ ဝါးပျိုးပွားဖို့ သီးတာရှိသလို သဘာဝတရားက ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေကိုလိုက်ပြီး ယိုယွင်းပျက်စီးနေတာတွေကို ပြန်လည်ကုစားဖို့ ဝါးသုန်း သီးပေးရတာလည်းရှိတယ်။ (ကျယ်ကျယ်ပြန်ုပြန့် လေ့လာဖို့တော့လိုတယ်)။
ဝါးဟာသီးပြီးရင်သေသွားတာကြောင့် ဒီလိုဝါးသီးတာကို ဝါးသုန်းသီးတယ် လို့သုံးနှုန်းပြောဆိုပါတယ်။ ဝါးသုန်းသီးတဲ့ဝါးသီး၊ ဝါးစေ့တွေမှာ မျိုးပွားမှုကိုအားပေးတဲ့သဘာဝ ဟော်မုန်းတွေပါလို့ ဝါးသုန်းသီးကို စားမိတဲ့တောတိရစ္ဆာန်တွေဟာ အလွန်အကျွံမျိုးပွားကြပါတယ်။
အခုပုံထဲမှာမြင်ရတဲ့ဝါးသီးဟာ ကရင်ဝါး (ခရင်ဝါး လို့ အသံထွက်ပါတယ်) သီးဖြစ်ပြီး ဒီဝါးသီးကို တောဝက်လို အကောင် ကနေစပြီး ဆတ်၊ စိုင်၊ ပြောင် လို စားမြုံ့ပြန်တဲ့တောသတ္တဝါတွေကနေ တောကြွက်တွေအထိ စားသုံးကြပါတယ်။ စားသုံးမိတဲ့တိရစ္ဆာန်တွေဟာ အလွန်အကျွံ မျိုးပွားကြပါတယ်။ အထူးသဖြင့် တောဝက်နဲ့ ကြွက်တွေရဲ့မျိုးပွားမှုဟာ အလွန်သိသိသာသာ ရှိလှပါတယ်။ အလွန်အကျွံမျိုးပွားလို့ သူတို့ကျက်စားတဲ့နေရာမှာအစားရှားပါးပြီး တောထဲမှာ တောဝက်ငယ်လေးတွေ အစာငတ်သေတာ ဟိုမှာ ဒီမှာ တွေ့ရတတ်ပါတယ်။
ကြွက်ကတော့ ဝါးသုန်းသီးစားမိပြီဆိုရင် အလွန်အကျွံ ဒုက္ခပေးတော့တာပါပဲ။ ကြွက်တွေဟာ ကာလတိုအတွင်း အလွန်များတဲ့ ပမာဏနဲ့ ၂ဆကနေ၄ဆ၊ ၄ဆကနေ၈ဆ ဆတိုးပွားလာပါတယ်၊ ဒီပွားများမှုနဲ့အတူ မှူှူလကျက်စားရာဒေသအတွင်းမှာ အစာရေစာရှားပါး လာတာကြောင့် ကြွက်တွေဟာ အစာပိုမိုရနိုင်မယ့်နေရာသစ်ကို အုပ်လိုက်ကြီးပြောင်းရွှေ့တော့တာပါပဲ။ ဒီလိုရွှေ့ပြောင်းစဉ် လမ်းမှာ တွေ့တာတွေကို အလုအယက် စားသောက်ပစ်တော့တာပါပဲ။ ဒီလို ဖြစ်စဉ်ဟာ ဝါးသန်းသီးသီးပြီး ၃နှစ်၄နှစ်အထိ ကြာတတ်ပါတယ်။ အရပ်မှာတော့ ကြွက်ကပ်ကျတယ်လို့ဆိုပါတယ်။
ဒါဟာ ဖြစ်နိုင်ချေ အရှိဆုံးနဲ့ အနီးစပ်ဆုံးလို့ ကျွန်တော် ယူဆမိပါတယ်။
ကိုစိုးမိုး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...