======

ဧရာဝတီကြွက်အရေးတော်ပုံ စိုက်ပျိုးရေးဦးစီးဌာန၊ PP ဌာနခွဲမှစမ်းသပ်စစ်ဆေးမှု့ အဖြေများ

ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ဇီးချိုင်ကျေးရွာနှင့်ဆက်စပ်ဒေသများအား ဝင်ရောက်လာသောကြွက်များအား စိုက်ပျိုးရေးဦးစီးဌာန၊ PP ဌာနခွဲမှစမ်းသပ်စစ်ဆေးမှု့များပြုလုပ်ခဲ့ရြာ ကြွက်အများ ဆုံးမှာ အထီးများဖြစ်ပြီးလွန်ခဲ့သော တစ်လခန့် က ဝါးသီးများစား၍အဆီများ ယခုအစာအိမ် တွင် အစာရှား၍ ဒညှင်းသီးများနှင့် ဖာလာပင် များစားရန် အရပ်ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်ဟုခန့်မှန်းခဲ့ကြပါ
သည်။
ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုအနေအထား- ကျန်ခဲ့သည့် ၂ လမှ ၃ လ အတွင်း အစာပေါများစွာ ရှိခဲ့သည့် အတွက် စုဆောင်းထားသည့် အဆီလက်ကျန်ရှိနေသေးသော် လည်း ယခု အခါတွင် ၎င်းတို့အင်အားဖြည့်တင်း ပေးနိုင် သည့် အစာအကြောင်းတစ်ခုခုကြောင့် မရရှိသည့်အတွက် ရရာအစာဖြစ်သော ဝါးရွက်နု ဒညင်းရွက်နှင့် ဖာလာခေါက်များ ကိုသာ စားသောက်နေကြောင်း တွေ့ရှိရခြင်း။
လူအများမှ လက်ဦးမှုရယူ၍ ကြွက်များကို ဖမ်းဆီးသည့် အတွက် ကြွက်များသည် လူနေအိမ်ပတ်ဝန်းကျင်သည် ၎င်းတို့အတွက် ဘေးကင်းလုံခြုံ သည့် ပတ်ဝန်းကျင်မဟုတ်မှန်းသိရှိ၍ လတ်တလော ကျေးရွာထဲ ဝင်ရောက် အစာရှာခြင်းမှ ရှောင်ရှားနေသော်လည်း ပေါ့ပေါ့တန်တန်မနေသင့်ပဲ လက်ကျန် ကြွက်ဦးရေကို ရှင်းလင်းရန် အတွက် လူထုအင်အားဖြင့် တောစပ် ခြုံစပ်နှင့် ဝါးရုံတော များထဲတွင် ခိုအောင်းနေသော ကြွက်များကို လူထု အင်အား ဖြင့် ဖမ်းဆီးခြင်းအား ၅ရက်မှ ၇ ရက်တွင်း ဆက်တိုက် ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော် အပ်ပါ သည်
ပုသိမ် ၆.၆.၂၀၁၇
============

ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ဇီးချိုင်ကျေးရွာနှင့်ဆက်စပ်ဒေသများအား ဝင်ရောက်လာသောကြွက်များအား စိုက်ပျိုးရေးဦးစီးဌာန၊ PP ဌာနခွဲမှစမ်းသပ်စစ်ဆေးမှု့များပြုလုပ်ခဲ့ရာြ ကြွက်အများ ဆုံးမှာ အထီးများဖြစ်ပြီးလွန်ခဲ့သော တစ်လခန့် က ဝါးသီးများစား၍အဆီများ ယခုအစာအိမ် တွင် အစာရှား၍ ဒညှင်းသီးများနှင့် ဖာလာပင် များစားရန် အရပ်ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်ဟုခန့်မှန်းခဲ့ကြပါ
သည်။
#ဧရာဝတီကြွက်အရေးတော်ပုံ နှိမ်နင်းခြင်း ရဲ့အဖြေ....
ကျရောက်သည့်ကြွက်အမျိုး- ကြွက်ဝမ်းဖြူ
လက်ရှိအသက်အရွယ်- ၂လခွဲ မှ ၃ လအတွင်း ( အရွယ် ရောက ်မျိုးပွားရန်အသင့်)
ကိုယ်ခန္ဓာ ဖွံ့ဖြိုုးမှုအနေအထား- ကျန်ခဲ့သည့် ၂ လမှ ၃ လ အတွင်း အစာပေါများစွာ ရှိခဲ့သည့် အတွက် စုဆောင်းထားသည့် အဆီလက်ကျန်ရှိနေသေးသော် လည်း ယခု အခါတွင် ၎င်းတို့အင်အားဖြည့်တင်း ပေးနိုင် သည့် အစာအကြောင်းတစ်ခုခုကြောင့် မရရှိသည့်အတွက် ရရာအစာဖြစ်သော ဝါးရွက်နု ဒညင်းရွက်နှင့် ဖာလာခေါက်များ ကိုသာ စားသောက်နေကြောင်း တွေ့ရှိရခြင်း။
#ကပ်ပါးရောဂါ အခြေအနေ- ပုလိပ်ရောဂါဖြစ်စေသောကပ်ပါးသန်းမရှိခြင်း တို့ကို တွေ့ရှိရပါသည်
ထို့ပြင် ငပုတောမြို့နယ် ကံချိုင်နှင့် ဇီးချိုင် ပန်းဝန်းကျင် တွင်အသီးသီးပြီးသေနေ သော ဝါးပင်များကို တွေ့ရှိရသည့်အတွက် ကျန်ခဲသည့် ၅ လပတ်ဝန်းကျင်က ပန်းပွင့်၍ ၃ လပတ်ဝန်းကျင်တွင် ဝါးသီးသီးပြီး ကြွေကျ သည့် အတွက် အစာရေစာပေါများမှုကြုံ ခဲ့ပြီး ထိုအချိန်မှ ပေါက်ထားသော သားပေါက်များ သည် ၁ လအချိန်တွင် နို့ခွဲ၍ ၂ လအချိန်တွင် မိတ်လိုက်နိုင်သည့် အရွယ်သို့ ရောက်ရှိ နေပါသည် ၎င်းတို့ အရွယ်ရောက်ချိန်တွင် စားစရာ အစာရေစာ ရှားပါးလာသည့် အတွက် အစာ ရှာ ထွက်ခြင်းဖြစ်ပါသည်။ ထို့ပြင် ကြွက်ဝဝမ်းဖြူ ၏သဘော သဘာဝအတိုင်း အုပ်စုတွင် ဦးဆောင်သည့်ကြွက်မှာ အထီး ဖြစ်သည့် အတွက် ပထမဆုံးအကြိမ် ဖမ်းဆီး ရမိ သောကြွက်များမှာ အရွယ်ရောက် အထီး ကောင်များ ဖြစ် ကြောင်းကိုလည်း ကွင်းဆင်း အဖွဲ့မှတွေ့ရှိခဲ့ကြပါသည်
ထို့ကြောင့် ယခု ကံချိုင်နှင့်ဇီးချိုင်တွင် ဖြစ်ပေါ ်ခဲ့သော ကြွက်အစုလိုက် အပြုံလိုက် ရွာထဲ သို့ ဝင်ခြင်းသည် သဘာဝဘေးအန္တ ရာယ် ကျရောက်မည့် နမိတ်ဆိုးနှင့် လုံးဝမသက်ဆိုင် ပါကြောင့် ၎င်းကြွက်များတွင် ကြွက်မှ လူသို့ ကူးဆက်တတ်သောပုလိပ်ရောဂါဖြစ်စေ သည့် သက်ရှိလုံးဝ မပါဝင် ပါကြောင်းသတင်း ကောင်းပါး အပ် ပါသည်။
လူအများမှ လက်ဦးမှုရယူ၍ ကြွက်များကို ဖမ်းဆီးသည့် အတွက် ကြွက်များသည် လူနေအိမ်ပတ်ဝန်းကျင်သည် ၎င်းတို့အတွက် ဘေးကင်းလုံခြုံ သည့် ပတ်ဝန်းကျင် ်မဟုတ်မှန်းသိရှိ၍ လတ်တလော ကျေးရွာထဲ ဝင်ရောက် အစာရှာခြင်းမှ ရှောင်ရှားနေသော်လည်း ပေါ့ပေါ့တန်တန် ်မနေသင့်ပဲ လက်ကျန် ကြွက်ဦးရေကို ရှင်းလင်းရန် အတွက် လူထုအင်အားဖြင့် တောစပ် ခြုံစပ်နှင့် ဝါးရုံတော များထဲတွင် ခိုအောင်းနေသော ကြွက်များကို လူထု အင်အား ဖြင့် ဖမ်းဆီးခြင်းအား ၅ရက်မှ ၇ ရက်တွင်း ဆက်တိုက် ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော် အပ်ပါ သည်
ပုံ - မြေပြင် ကွင်းဆင်းစစ်ဆေးအဖွဲ့ ဦးဝင်းစိုး
( ဧရာဝတီတိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ)
ဦးစိန်မောင်မြင် ( ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးမှုး)
ဦးကျော်သူရ (ပုသိမ်မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး)
မြေပြင်အခြေအနေကို သုံးသပ်စစ်ဆေး ရန်အကြံပေး အတည်ပြုသူ - ဒေါက်တာညိုမီထွေး ( ကြွက်ဂေဟဗေဒ ပညာရှင်သီးနှံကာကွယ်ရေးဌာနခွဲ ရုံးချုပ်)
အသေးစိတ် အစီရင်ခံစာအား ဆက်လက် တင်ပြသွားပါမည်။
အားလုံးကိုကျေးဇူးတင်လျက် ဧရာဝတီစိုက်ပျိုးရေး မောင်နှမများ
ပုသိမ် ၆.၆.၂၀၁၇
ဓာတ်ပုံ စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်မြို့နယ် KyawThura

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...