======

Taxi ဆရာဦးနေ၀င်း၏ သမီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်


(၂၀၁၆ – ၂၀၁၇)ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သူရဲကောင်း ဦးနေ၀င်း၏ သမီး မမဉ္ဇူအောင်(ခ)ပြည့်ပြည့် သည်လည်း အောင်မြင်ခဲ့သည်။
မမဉ္ဇူအောင်(ခ)ပြည့်ပြည့် သည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (၁/၂၀၁၇)မျိုးဆက်သစ်သင်တန်းတက်ရောက်ခဲ့ပြီး စနေနေ့လုပ်အားပေး အသင်းသူအဖြစ် ပရဟိတလုပ်ငန်းများကို တတ်အားသ၍ ကုသိုလ်ယူလျက်ရှိနေပါသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည့် မမဉ္ဇူအောင်(ခ)ပြည့်ပြည့် အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
ရှေ့ဆက်ရမည့် အနာဂတ် ပညာရေးပန်းတိုင်အတွက် ကူညီထောက်ပံ့မှုများပေးသွားကြမည်ဖြစ်ကြောင်းသိရသည်။
သတင်း – ပြန်ကြားရေးဌာန(နာကူ)



Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...