======

Y-8 လေယာဉ်ပျက်ကျမှု အကူညီများ ပေးရန် တရုတ်အစိုးရ ကမ်းလှမ်း


လူပေါင်း ၁၂၂ ဦး လိုက်ပါသွားတဲ့ မြန်မာစစ်တပ်ပိုင် ကုန်တင်လေယာဉ် ပျက်ကျသွားခဲ့ရမှုအတွက် နောက်ဆက်တွဲ အထောက်အပံ့ အကူအညီတွေပေးဖို့ တရုတ်အစိုးရက ကမ်းလှမ်းထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ဝမ်းနည်းကြေကွဲမှုကို ဝေမျှခံစားရပါကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဦးထင်ကျော်ဆီ ပေးပို့တဲ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာထဲမှာ ပြောကြားထားတယ်လို့ ဇွန် ၉ ရက်နေ့ တရုတ်အစိုးရမီဒီယာ ဆင်ဟွာက ထုတ်ပြန်သွားပါတယ်။
သေဆုံးသူတွေအတွက် ဝမ်းနည်းကြေကွဲရပြီး မြန်မာအစိုးရနဲ့မြန်မာပြည်သူတွေဆီ အထူးသဖြင့် သေဆုံးသူတွေရဲ့မိသားစုတွေကို စာနာကရုဏာဖြစ်မိပါတယ်လို့လည်း ဆိုပါတယ်။
တရုတ်ထုတ် Y-8 200F ကုန်တင်လေယာဉ်ဟာ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က လေယာဉ်ပျံတက်သွားပြီး ၂၉ မိနစ်လောက်အကြာမှာ ထားဝယ်မြို့အနောက်ဘက် ကီလိုမီတာ ၇၀ အကွာ၊ အမြင့်ပေ ၁၈၀၀၀ လောက်အရောက် အဆက်အသွယ်ပြတ်တောက်သွားတာလို့ မြန်မာတပ်မတော်က ထုတ်ပြန်ထားတာပါ။
ကမ်းရိုးတန်းမြို့အတော်များများကနေ ရန်ကုန်ကို အပတ်စဉ် ပျံသန်းပြေးဆွဲလေ့ရှိတဲ့ လေယာဉ်ပျောက်ဆုံးချိန်မှာ လေယာဉ်ပေါ်မှာ တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ လိုက်ပါလာကြပါတယ်။
ခုချိန်ထိတော့ ရှာဖွေရေးအဖွဲ့တွေဟာ ပင်လယ်ပြင်ကနေ ရုပ်အလောင်း ၃၃ လောင်းကို ဆယ်ယူရရှိထားပြီဖြစ်ပြီး လှိုင်းလေမြင့်ပြီး မုန်တိုင်းထန်နေတဲ့ကြားကပဲ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာ့တပ်မတော်က ဒီနေ့ သတင်းထုတ်ပြန်ထားပ
Credit: DVB

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...