======

စစ္ေလယာဥ္ Y8 ရဲ႕ ေနာက္ကြယ္မွ ဝမ္းနည္းေၾကကြဲဖြယ္ ျဖစ္ရပ္မွန္~~~


သားဖြားမီးယပ္​ပါရဂူတစ္​ဦးဖြင္​့ဟဝန္​ခံခ်က္
(Y8 Real Story)
က်ေနာ့္ရဲ႕လူနာကိုယ္ဝန္ေဆာင္တစ္ေယာက္ AN care မွာ USG ရိုက္လိုက္ေတာ့ Cystic mass arising from the fetal head and neck လို့ေတြ႔တယ္ ဒီေဆးရံုမွာ က်ေနာ္ သူ့႕အတြက္ပိုေကာင္းလာေအာင္ဘာမ်ားလုပ္ေပးႏိုင္မလဲလို့စဥ္းစားျကည့္ေတာ့ ဘာမွမလုပ္ေပးႏိုင္ဘူးဒါနဲ႕လူနာကိုအက်ိဳးအေျကာင္းရွင္းျပ တယ္။ ရန္ကုန္မွာေတာ့ ဆရာတို့ေဆးရံုထက္ ပိုေကာင္းတဲ႕ကုသမႈရႏိုင္တယ္ သမီး ကိုရန္ကုန္လႊဲေပးမယ္ေျပာေတာ့ သူ မသြားခ်င္ရွာဘူးေယာက္်ားကလည္းေရွ႔တန္းမွာ သူတေယာက္တည္း
ျဖစ္ပါ့မလားတဲ႕။ေလာေလာဆယ္ေတာ့ဘာေရာဂါလဲဆိုတာပဲအရင္ရွာေဖြရမွာေမြးတာမဟုတ္ေသးတဲ႕အတြက္ လူနာေစာင့္မပါလည္းကိစၥမရွိဘူး ေနာက္မွေယာက္်ားကို ခြင့္ယူၿပီးလိုက္ဖို့ေခၚလိုက္လို့ေျပာေတာ့ သူ့ဘာသာသြားဖို့ စရိတ္လည္းမတတ္ႏိုင္ေတာ့ စစ္ေလယာဥ္နဲ႕ပဲတင္ေပးလိုက္
ရတယ္။က်ေနာ္စိတ္မေကာင္းျခင္းျကီးစြာျဖစ္ရပါတယ္။တကယ္ကို ခံစားရပါတယ္ ။ငါဘာလို့သူ့ကိုလႊဲမိတာလဲလို့ ေနာင္တရ ရပါတယ္။သူမသြားခ်င္ရွာဘူးသူ့႕ကေလးအတြက္ပိုေကာင္းလိမ့္မယ္ဆိုတဲ႕ေမ်ွာ္လင့္ခ်က္တခုေျကာင့္သာ သူအရဲစြန့္ၿပီးလိုက္သြားရရွာတာပါ။ေနာက္ထပ္ကေလးယူရင္ေကာ ရႏိုင္ပါဦးမလားတဲ႕ရႏိုင္ပါတယ္ ဒါမ်ိဳးေနာက္တျကိမ္ျဖစ္ခ်င္မွျဖစ္မွာပါလို့ေျပာလိုက္တယ္သူဘယ္လိုလုပ္ၿပီးကေလးထပ္ရပါေတာ့မလဲဗ်ာ။

ေနာက္တေယာက္
အရင္တပတ္ကလာျပတယ္ ကေလးတေယာက္ရဖို့ ေနျပည္ေတာ္ထိတက္ပီး laparoscope လုပ္ျပီး ကေလးရေအာင္ျကိဳးစားထားရတယ္။ခုလာျပေတာ့ကိုယ္ဝန္က ေမြးခါနီးေနပီသူက အေမနဲ႕နီးတဲ႕ေနရာမွာျပန္ေမြးခ်င္တယ္တဲ႕။က်ေနာ္က ဒီမွာေမြးလည္းရတာ ဘာျဖစ္လို့ျပန္ေနမွာလဲဆိုေတာ့ ဒီမွာ သူ့ကို ေမြးပီးရင္ေစာင့္ေရွာက္မဲ႕သူမရွိလို့တဲ႕ေယာက္်ားရွိတာပဲေလ သူေစာင့္ေရွာက္မွာေပါ့လို့ဆိုေတာ့
မျဖစ္ဘူးတဲ႕။သူကေမြးျမဴေရးတာဝန္ခံဆိုေတာ့ မိန္းမကို အခ်ိန္သိပ္မေပးႏိုင္လို့ အေမဆီပဲျပန္ေမြးမယ္ဆိုၿပီး အရင္တပတ္ကပဲျပန္သြားတယ္မနက္ၿဖန္ေသာျကာေန့ သူ့ကို ခြဲေမြးဖို့ OT list မွာထည့္ထားတယ္ တဲ႕ (ရန္ကုန္သမကမွာ)သူ့ေယာက္်ားက ဒီေန့ စစ္ေလယာဥ္နဲ႕ သူ့မိန္းမ မီးဖြားတဲ႕ဆီကို အသြား လမ္းခု
လတ္မွာ ကံဆိုးမိုးေမွာင္က်ခဲ႕ရွာတယ္ ။မနက္ဖန္ မီးဖြားမည့္က်ေနာ့္လူနာနံေဘး အားေပးမဲ႕သူေယာက္်ားမရွိရင္ သူဘယ္လိုခံစားရရွာမလဲ။

ေနာက္တေယာက္ကေတာ့
က်ေနာ္႕လူနာရဲ႕အေမသမီးျဖစ္သူက Myoma နဲ႕ endometriotic cystျဖစ္ေနလို့ လြန္ခဲ႔တဲ႕ႏွစ္ပတ္ေလာက္က က်ေနာ္ကဒီေဆးရံုမွာခြဲေပးထားခဲ႕တယ္။သမီးေဆးရံုတက္ေတာ့ အေမျဖစ္သူက ရန္ကုန္ကေန ဘုတ္ျပင္းလာခဲ႕တယ္ ။သမီးကိုခြဲစိတ္ေပးတဲ႕သူေတြစားဖို့ ရန္ကုန္ကေနမုန့္ေတြဝယ္ခဲ႕ေပးတယ္။မျပန္ခင္က ျမိဳ႕ထဲမွာေတြ႔ေတာ့ထပ္ပီးႏႈတ္ဆက္ျဖစ္ေသးတယ္။ခုေတာ့သမီးလည္းေဆးရံုကဆင္းလို့ သူလည္းစိတ္ခ်
လက္ခ်ျဖစ္ၿပီး စစ္ေလယာဥ္နဲ႕အိမ္အျပန္တကယ္ပဲစိတ္ခ်လို့ သမီးျဖစ္သူကိုထားခဲ႕တာလားအန္တီအားလံုးအတြက္စိတ္မေကာင္းျဖစ္ရေပမဲ႕ ကိုယ္နဲ႕ ပတ္သက္ ေနတဲ႕လူေတြပါေတာ့ တကယ္ကို ရင္ထဲမွာလိႈက္လိႈက္လွဲလွဲ ဝမ္းနည္းေျကကြဲရပါတယ္။
သြားေလသူအေပါင္း ဘဝဆက္တိုင္း ဒီလို အျဖစ္ဆိုးမွ
လြဲႀကပါေစ။ေကာင္းရာသုကတိသို့ေရာက္ျကပါေစ။
မည္သူ တစ္ဦးတစ္ေယာက္မွ ဒီလိုအျဖစ္ဆိုးထပ္ျပီး
မႀကံဳျကပါေစႏွင့္။
Y-8 ပ်က္က် ၍ ေသာကေရာက္ရျခင္း
(အကုိသိန္​း​ေဇာ္​ဦး Wallမွကူးယူ​ေဖာ္​ျပပါသည္​)
အားလုံး​ေဘးကင္​းပါ​ေစ
Posted Credit : ၾကံတိုင္​း​ေအာင္

Unicode

သားဖွားမီးယပ်​ပါရဂူတစ်​ဦးဖွင်​့ဟဝန်​ခံချက်
(Y8 Real Story)
ကျနော့်ရဲ့လူနာကိုယ်ဝန်ဆောင်တစ်ယောက် AN care မှာ USG ရိုက်လိုက်တော့ Cystic mass arising from the fetal head and neck လို့တွေ့တယ် ဒီဆေးရုံမှာ ကျနော် သူ့အတွက်ပိုကောင်းလာအောင်ဘာများလုပ်ပေးနိုင်မလဲလို့စဉ်းစားကြည့်တော့ ဘာမှမလုပ်ပေးနိုင်ဘူးဒါနဲ့လူနာကိုအကျိုးအကြောင်းရှင်းပြ တယ်။ ရန်ကုန်မှာတော့ ဆရာတို့ဆေးရုံထက် ပိုကောင်းတဲ့ကုသမှုရနိုင်တယ် သမီး ကိုရန်ကုန်လွှဲပေးမယ်ပြောတော့ သူ မသွားချင်ရှာဘူးယောကျာ်းကလည်းရှေ့တန်းမှာ သူတယောက်တည်း
ဖြစ်ပါ့မလားတဲ့။လောလောဆယ်တော့ဘာရောဂါလဲဆိုတာပဲအရင်ရှာဖွေရမှာမွေးတာမဟုတ်သေးတဲ့အတွက် လူနာစောင့်မပါလည်းကိစ္စမရှိဘူး နောက်မှယောကျာ်းကို ခွင့်ယူပြီးလိုက်ဖို့ခေါ်လိုက်လို့ပြောတော့ သူ့ဘာသာသွားဖို့ စရိတ်လည်းမတတ်နိုင်တော့ စစ်လေယာဉ်နဲ့ပဲတင်ပေးလိုက်
ရတယ်။ကျနော်စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။တကယ်ကို ခံစားရပါတယ် ။ငါဘာလို့သူ့ကိုလွှဲမိတာလဲလို့ နောင်တရ ရပါတယ်။သူမသွားချင်ရှာဘူးသူ့ကလေးအတွက်ပိုကောင်းလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တခုကြောင့်သာ သူအရဲစွန့်ပြီးလိုက်သွားရရှာတာပါ။နောက်ထပ်ကလေးယူရင်ကော ရနိုင်ပါဦးမလားတဲ့ရနိုင်ပါတယ် ဒါမျိုးနောက်တကြိမ်ဖြစ်ချင်မှဖြစ်မှာပါလို့ပြောလိုက်တယ်သူဘယ်လိုလုပ်ပြီးကလေးထပ်ရပါတော့မလဲဗျာ။

နောက်တယောက်
အရင်တပတ်ကလာပြတယ် ကလေးတယောက်ရဖို့ နေပြည်တော်ထိတက်ပီး laparoscope လုပ်ပြီး ကလေးရအောင်ကြိုးစားထားရတယ်။ခုလာပြတော့ကိုယ်ဝန်က မွေးခါနီးနေပီသူက အမေနဲ့နီးတဲ့နေရာမှာပြန်မွေးချင်တယ်တဲ့။ကျနော်က ဒီမှာမွေးလည်းရတာ ဘာဖြစ်လို့ပြန်နေမှာလဲဆိုတော့ ဒီမှာ သူ့ကို မွေးပီးရင်စောင့်ရှောက်မဲ့သူမရှိလို့တဲ့ယောကျာ်းရှိတာပဲလေ သူစောင့်ရှောက်မှာပေါ့လို့ဆိုတော့
မဖြစ်ဘူးတဲ့။သူကမွေးမြူရေးတာဝန်ခံဆိုတော့ မိန်းမကို အချိန်သိပ်မပေးနိုင်လို့ အမေဆီပဲပြန်မွေးမယ်ဆိုပြီး အရင်တပတ်ကပဲပြန်သွားတယ်မနက်ဖြန်သောကြာနေ့ သူ့ကို ခွဲမွေးဖို့ OT list မှာထည့်ထားတယ် တဲ့ (ရန်ကုန်သမကမှာ)သူ့ယောကျာ်းက ဒီနေ့ စစ်လေယာဉ်နဲ့ သူ့မိန်းမ မီးဖွားတဲ့ဆီကို အသွား လမ်းခု
လတ်မှာ ကံဆိုးမိုးမှောင်ကျခဲ့ရှာတယ် ။မနက်ဖန် မီးဖွားမည့်ကျနော့်လူနာနံဘေး အားပေးမဲ့သူယောကျာ်းမရှိရင် သူဘယ်လိုခံစားရရှာမလဲ။

နောက်တယောက်ကတော့
ကျနော့်လူနာရဲ့အမေသမီးဖြစ်သူက Myoma နဲ့ endometriotic cystဖြစ်နေလို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျနော်ကဒီဆေးရုံမှာခွဲပေးထားခဲ့တယ်။သမီးဆေးရုံတက်တော့ အမေဖြစ်သူက ရန်ကုန်ကနေ ဘုတ်ပြင်းလာခဲ့တယ် ။သမီးကိုခွဲစိတ်ပေးတဲ့သူတွေစားဖို့ ရန်ကုန်ကနေမုန့်တွေဝယ်ခဲ့ပေးတယ်။မပြန်ခင်က မြို့ထဲမှာတွေ့တော့ထပ်ပီးနှုတ်ဆက်ဖြစ်သေးတယ်။ခုတော့သမီးလည်းဆေးရုံကဆင်းလို့ သူလည်းစိတ်ချ
လက်ချဖြစ်ပြီး စစ်လေယာဉ်နဲ့အိမ်အပြန်တကယ်ပဲစိတ်ချလို့ သမီးဖြစ်သူကိုထားခဲ့တာလားအန်တီအားလုံးအတွက်စိတ်မကောင်းဖြစ်ရပေမဲ့ ကိုယ်နဲ့ ပတ်သက် နေတဲ့လူတွေပါတော့ တကယ်ကို ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြေကွဲရပါတယ်။
သွားလေသူအပေါင်း ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမှ
လွဲကြပါစေ။ကောင်းရာသုကတိသို့ရောက်ကြပါစေ။
မည်သူ တစ်ဦးတစ်ယောက်မှ ဒီလိုအဖြစ်ဆိုးထပ်ပြီး
မကြုံကြပါစေနှင့်။
Y-8 ပျက်ကျ ၍ သောကရောက်ရခြင်း
(အကိုသိန်​း​ဇော်​ဦး Wallမှကူးယူ​ဖော်​ပြပါသည်​)
အားလုံး​ဘေးကင်​းပါ​စေ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...