======

ကိုင္းးး မွတ္ကေရာ.. ဒီလိုလူနာက ဒီလိုေဆးခန္းနဲ႔ ေတြ႔ေတာ့ ေအးေရာဟဲ့...

ဥာဏ္ရည္ခ်င္း ၿပိဳင္ၾကရာဝယ္

တစ္ခါက ဆရာဝန္တစ္ေယာက္ဟာ ကိုယ္ပိုင္ေဆးခန္းဖြင့္ပါတယ္။ သူ႔ေဆးခန္းလူနာ ရေအာင္ဆိုၿပီး အခုလို ေဆးခန္းေရွ႕မွာ ေၾကာ္ျငာကပ္ပါတယ္။
"ေပ်ာက္ေအာင္ ကုေပးမယ္ ေဒၚလာ ၂၀၊ မေပ်ာက္ရင္ ေဒၚလာ ၁၀၀ ျပန္ေလွ်ာ္မယ္"
ဒီေၾကာ္ျငာကို ေရွ႕ေနတစ္ေယာက္ေတြ႕ေတာ့ ပိုက္ဆံ ၁၀၀ ရမယ့္ နည္းေတာ့ေတြ႕ၿပီဆိုၿပီး ေဆးခန္းထဲ ဝင္သြားပါတယ္။
"ကၽြန္ေတာ္ အရသာခံလို႔ မရေတာ့ဘူး၊ ကုေပးပါ"
"သူနာျပဳဆရာမ ေဆးေသတၱာ နံပါတ္ ၂၂ ထဲက ေဆး ၃ လံုး လူနာကို တိုက္လိုက္ပါ "
ေရွ႕ေနက နည္းနည္းျမည္းၾကည့္ၿပီးေျပာလိုက္ပါတယ္၊
" ဟမ္...အဲ့ဒါက ေရနံဆီေတြေလ၊ ေဆးမွ မဟုတ္တာ"
"ဂုဏ္ယူပါတယ္ဗ်ာ..ခင္ဗ်ား အရသာခံလို႔ ရသြားၿပီ၊ ေပး ေဒၚလာ ၂၀"
မခံခ်ိမခံသာျဖစ္ေနတဲ့ ေရွ႕ေနဟာ ရက္အနည္းငယ္အၾကာမွာ သူေပးလိုက္ရတဲ့ ပိုက္ဆံျပန္ရေအာင္ဘို႔ အၾကံတစ္မ်ိဳးနဲ႔ ေဆးခန္းကို ျပန္သြားပါတယ္။ ဒီတစ္ခါေတာ့ ေရွ႕ေနက ေနာက္ေရာဂါတစ္မ်ိဳးေျပာလိုက္တယ္။
"ကၽြန္ေတာ္ မွတ္ဉာဏ္ေတြ ပ်က္ကုန္ၿပီ၊ ဘာမွ မမွတ္မိေတာ့ဘူး"
"သူနာျပဳဆရာမ ေဆးေသတၱာ နံပါတ္ ၂၂ ထဲက ေဆး ၃ လံုး လူနာကို တိုက္လိုက္ပါ "
"ဟမ္...အဲ့ဒါက ေရနံဆီေတြေလ၊ အရင္တစ္ခါကလည္း တိုက္ခဲ့ၿပီး့ၿပီ"
"ဂုဏ္ယူပါတယ္၊ ခင္ဗ်ား မွတ္ဉာဏ္ ျပန္ေကာင္းသြားၿပီ။ ေပး ေဒၚလာ ၂၀"
အူေၾကာင္ေၾကာင္ ေရွ႕ေနဟာ တစ္ပတ္အၾကာမွာ ေဆးခန္းကို ျပန္လာျပန္တယ္။
"ကၽြန္ေတာ္ မ်က္လံုးေတြမေကာင္းေတာ့ဘူး၊ ဘာမွ မျမင္ရေတာ့ဘူး"
"ေကာင္းၿပီ၊ ခင္ဗ်ားအတြက္ ကုစရာေဆးေတာ့ မ႐ွိဘူး၊ ဒီေတာ့ ဒီေငြ ၁၀၀ ယူသြား"
ေ႐ွ႕ေနက ပိုက္ဆံကိုေသခ်ာၾကည့္ၿပီးေျပာလိုက္ပါတယ္။
"ဟမ္..ဒါ ၁၀၀ ဟုတ္ဘူးေလ ၂၀ တန္ႀကီး"
"ဂုဏ္ယူပါတယ္၊ ခင္ဗ်ား မ်က္လံုးေတြ ျပန္ျမင္ၿပီ။ ေပး ေဒၚလာ ၂၀"
Copy from Ye Oo
============

ဉာဏ်ရည်ချင်း ပြိုင်ကြရာဝယ်

တစ်ခါက ဆရာဝန်တစ်ယောက်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ပါတယ်။ သူ့ဆေးခန်းလူနာ ရအောင်ဆိုပြီး အခုလို ဆေးခန်းရှေ့မှာ ကြော်ငြာကပ်ပါတယ်။
"ပျောက်အောင် ကုပေးမယ် ဒေါ်လာ ၂၀၊ မပျောက်ရင် ဒေါ်လာ ၁၀၀ ပြန်လျှော်မယ်"
ဒီကြော်ငြာကို ရှေ့နေတစ်ယောက်တွေ့တော့ ပိုက်ဆံ ၁၀၀ ရမယ့် နည်းတော့တွေ့ပြီဆိုပြီး ဆေးခန်းထဲ ဝင်သွားပါတယ်။
"ကျွန်တော် အရသာခံလို့ မရတော့ဘူး၊ ကုပေးပါ"
"သူနာပြုဆရာမ ဆေးသေတ္တာ နံပါတ် ၂၂ ထဲက ဆေး ၃ လုံး လူနာကို တိုက်လိုက်ပါ "
ရှေ့နေက နည်းနည်းမြည်းကြည့်ပြီးပြောလိုက်ပါတယ်၊
" ဟမ်...အဲ့ဒါက ရေနံဆီတွေလေ၊ ဆေးမှ မဟုတ်တာ"
"ဂုဏ်ယူပါတယ်ဗျာ..ခင်ဗျား အရသာခံလို့ ရသွားပြီ၊ ပေး ဒေါ်လာ ၂၀"
မခံချိမခံသာဖြစ်နေတဲ့ ရှေ့နေဟာ ရက်အနည်းငယ်အကြာမှာ သူပေးလိုက်ရတဲ့ ပိုက်ဆံပြန်ရအောင်ဘို့ အကြံတစ်မျိုးနဲ့ ဆေးခန်းကို ပြန်သွားပါတယ်။ ဒီတစ်ခါတော့ ရှေ့နေက နောက်ရောဂါတစ်မျိုးပြောလိုက်တယ်။
"ကျွန်တော် မှတ်ဉာဏ်တွေ ပျက်ကုန်ပြီ၊ ဘာမှ မမှတ်မိတော့ဘူး"
"သူနာပြုဆရာမ ဆေးသေတ္တာ နံပါတ် ၂၂ ထဲက ဆေး ၃ လုံး လူနာကို တိုက်လိုက်ပါ "
"ဟမ်...အဲ့ဒါက ရေနံဆီတွေလေ၊ အရင်တစ်ခါကလည်း တိုက်ခဲ့ပြီး့ပြီ"
"ဂုဏ်ယူပါတယ်၊ ခင်ဗျား မှတ်ဉာဏ် ပြန်ကောင်းသွားပြီ။ ပေး ဒေါ်လာ ၂၀"
အူကြောင်ကြောင် ရှေ့နေဟာ တစ်ပတ်အကြာမှာ ဆေးခန်းကို ပြန်လာပြန်တယ်။
"ကျွန်တော် မျက်လုံးတွေမကောင်းတော့ဘူး၊ ဘာမှ မမြင်ရတော့ဘူး"
"ကောင်းပြီ၊ ခင်ဗျားအတွက် ကုစရာဆေးတော့ မရှိဘူး၊ ဒီတော့ ဒီငွေ ၁၀၀ ယူသွား"
ရှေ့နေက ပိုက်ဆံကိုသေချာကြည့်ပြီးပြောလိုက်ပါတယ်။
"ဟမ်..ဒါ ၁၀၀ ဟုတ်ဘူးလေ ၂၀ တန်ကြီး"
"ဂုဏ်ယူပါတယ်၊ ခင်ဗျား မျက်လုံးတွေ ပြန်မြင်ပြီ။ ပေး ဒေါ်လာ ၂၀"
Copy from Ye Oo

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...