======

ကြၽန္ဇာတ္ကားကို အမည္ေျပာင္း၍ ဇာတ္ဝင္ခန္းအခ်ိဳ႕ ျဖဳတ္ေပးရန္ သေဘာတူညီမႈရရွိ


႐ံုတင္ျပသခ်ိန္တြင္ပုဂံမွ မဂၤလာသာစည္ေက်းရြာရွိ ေဒသခံ မ်ားက ကန္႔ကြက္ခဲ့သည့္ ‘ကြၽန္’  ႐ုပ္ရွင္ဇာတ္ကားကို ဗီဒီယိုအျဖစ္ ေျပာင္းလဲျပသခ်ိန္တြင္ ‘အေမွာင္ ေတြရြာခ်သည့္ မိုးတိမ္’ အမည္ ျဖင့္သာ အေခြထြက္ရွိမည္ျဖစ္သျဖင့္ ေဒသခံအခ်ိဳ႕ႏွင့္ ႐ုပ္ရွင္မွတာဝန္ရွိသူမ်ား ေျပလည္မႈရရွိခဲ့ေၾကာင္း မဂၤလာသာစည္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေမာင္ က ေျပာသည္။

‘ကြၽန္’႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သည့္ဇာတ္ဝင္ခန္းအခ်ိဳ႕ သည္ ပုဂံေဒသ၌ေနထိုင္သူမ်ား အတြက္ ဂုဏ္သိကၡာက်ဆင္းႏိုင္ သည္ဆိုကာ ကန္႔ကြက္ခဲ့ၾကၿပီး ေနာက္ ဇူလိုင္ ၉ ရက္ နံနက္ ၉ နာရီတြင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အ စည္းအ႐ံုးဥကၠ႒ ဦးလူမင္း၊ ေအာင္တိုင္းေက်ာ္႐ုပ္ရွင္ထုတ္လုပ္ေရးမွ ဦးသိန္းမင္း၊ ဒါ႐ိုက္တာၫြန္႔ျမန္ မာညီညီေအာင္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ သက္ဆိုင္ရာအ ေထြေထြအုပ္ခ်ဳပ္ေရးမွတာဝန္ရွိ သူမ်ား၊ မဂၤလာသာစည္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေဒသခံမ်ား ေဆြးေႏြးညႇိႏႈိင္းရာ ေျပလည္မႈရရွိ ခဲ့ျခင္းျဖစ္သည္။

‘‘ဒီေန႔ညႇိႏိႈင္းေတာ့ အားလံုး အဆင္ေျပပါတယ္။ သူတို႔ဘက္ ကလည္း အဆင္ေျပေအာင္ လုပ္ ေပးပါတယ္။ ပုဂံေဒသခံေတြ သိကၡာက်ႏိုင္တဲ့ ဇာတ္ကြက္ေလး ေတြကို ျဖဳတ္ေပးမယ္သိရတယ္။ ေနာက္ထပ္ ထပ္ၿပီး႐ံုတင္ျပခဲ့ တယ္ဆိုရင္လည္း ဒီဇာတ္လမ္း သည္ အမွတ္တကယ္မဟုတ္ဘဲ ဒါ႐ိုက္တာရဲ႕ စိတ္ကူးယဥ္သက္ သက္ျဖစ္တယ္လို႔ စာတန္းထိုးေပး မယ္လို႔ ေျပာပါတယ္’’ ဟု ဦးစန္း ေမာင္ကေျပာသည္။

သေဘာတူညီမႈတြင္ဗီဒီယို ဇာတ္ကားအျဖစ္ ျပသရာ၌ ‘ကြၽန္’ အစား ‘အေမွာင္ေတြရြာခ်သည့္ မိုးတိမ္’ ဟုအမည္ေျပာင္းလဲ ျပသ ျခင္း၊ ေဒသခံမ်ားနစ္နာသည့္ ဇာတ္ဝင္ခန္းအခ်ိဳ႕ကိုျဖဳတ္သိမ္း ေပးျခင္းမ်ား ျပဳလုပ္မည္ဟုဆို သည္။

‘ကြၽန္’ ဇာတ္ကားတြင္ ႏူနာ ေရာဂါျဖစ္ပြားၿပီး ေတာင္းစားသူ အျဖစ္ သ႐ုပ္ေဆာင္ထူးမြန္ႏွင့္ ဟိန္းမင္းတို႔သည္ မဂၤလာသာ စည္ရြာမွျဖစ္ေၾကာင္း ႐ိုက္ကူး ေဖာ္ျပမႈေၾကာင့္ ရပ္ကြက္တြင္ ေနထုိင္သူမ်ားႏွင့္ အနယ္နယ္ အရပ္ရပ္၌ ပညာသင္ၾကားေနၾက ေသာ ေဒသခံမ်ားအတြက္ သိကၡာ က်ဖြယ္ရာမ်ားျဖစ္ေနသျဖင့္ ေဒ သခံမ်ားက ကန္႔ကြက္ခဲ့ၾကျခင္း ျဖစ္သည္။

၂၀၁၅ ကပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမတြင္ ‘ကြၽန္’ အမည္ျဖင့္ ႐ုပ္ရွင္႐ိုက္ကူးခြင့္ျပဳ ရန္ ေနျပည္ေတာ္ ေရွးေဟာင္းသု ေတသနၫႊန္ၾကားေရးမွဴး႐ံုးခ်ဳပ္ သို႔ တင္ျပခဲ့ရာ ႐ိုက္ကူးခြင့္မျပဳခဲ့  သျဖင့္ ၎တို႔ကထပ္မံ၍ ‘အေမွာင္ ေတြရြာခ်သည့္မိုးတိမ္’ အမည္ ျဖင့္ တင္ျပလာသျဖင့္ခြင့္ျပဳခဲ့ ေၾကာင္း ေရွးေဟာင္းယဥ္ေက်းမႈ ဌာန (ပုဂံဌာနခြဲ) မွတာဝန္ရွိသူ မ်ားကေျပာသည္။

အမွန္တကယ္႐ုပ္ရွင္ျပသ ခ်ိန္တြင္ ‘ကြၽန္’ အမည္ျဖင့္ ႐ံုတင္ ျပသခဲ့သျဖင့္ ဒါ႐ိုက္တာညီညီ ေအာင္ (ၫြန္႔ျမန္မာ)၊ ႐ႈတင္ မန္ေန ဂ်ာဟိန္းမင္းႏွင့္ ေအာင္တိုင္း ေက်ာ္ ဗီဒီယိုထုတ္လုပ္ေရးမွ ထုတ္ လုပ္ျဖန္႔ခ်ိသူတို႔သည္ ခြင့္ျပဳခ်က္ မရွိ ႐ိုက္ကူးခဲ့သည္ဆိုကာ ေရွး ေဟာင္းယဥ္ေက်းမႈဌာန (ပုဂံဌာန ခြဲ) ၫႊန္ၾကားေရးမွဴးက တရားလို လုပ္၍ ပုဂံနယ္ေျမရဲတပ္ဖြဲ႕စခန္း တြင္ ေရွးေဟာင္းအေဆာက္အအံုမ်ား ကာကြယ္ထိန္းသိမ္းေရး ဥပေဒပုဒ္မ ၂၁ ျဖင့္ အမႈဖြင့္ထား သည္။

Credit: 7daydaily

#Unicode Version#
 ရုံတင်ပြသချိန်တွင်ပုဂံမှ မင်္ဂလာသာစည်ကျေးရွာရှိ ဒေသခံ များက ကန့်ကွက်ခဲ့သည့် ‘ကျွန်’  ရုပ်ရှင်ဇာတ်ကားကို ဗီဒီယိုအဖြစ် ပြောင်းလဲပြသချိန်တွင် ‘အမှောင် တွေရွာချသည့် မိုးတိမ်’ အမည် ဖြင့်သာ အခွေထွက်ရှိမည်ဖြစ်သဖြင့် ဒေသခံအချို့နှင့် ရုပ်ရှင်မှတာဝန်ရှိသူများ ပြေလည်မှုရရှိခဲ့ကြောင်း မင်္ဂလာသာစည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းမောင် က ပြောသည်။

‘ကျွန်’ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့်ဇာတ်ဝင်ခန်းအချို့ သည် ပုဂံဒေသ၌နေထိုင်သူများ အတွက် ဂုဏ်သိက္ခာကျဆင်းနိုင် သည်ဆိုကာ ကန့်ကွက်ခဲ့ကြပြီး နောက် ဇူလိုင် ၉ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၊ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးသိန်းမင်း၊ ဒါရိုက်တာညွန့်မြန် မာညီညီအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအ ထွေထွေအုပ်ချုပ်ရေးမှတာဝန်ရှိ သူများ၊ မင်္ဂလာသာစည်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ ဆွေးနွေးညှိနှိုင်းရာ ပြေလည်မှုရရှိ ခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့ညှိနှိုင်းတော့ အားလုံး အဆင်ပြေပါတယ်။ သူတို့ဘက် ကလည်း အဆင်ပြေအောင် လုပ် ပေးပါတယ်။ ပုဂံဒေသခံတွေ သိက္ခာကျနိုင်တဲ့ ဇာတ်ကွက်လေး တွေကို ဖြုတ်ပေးမယ်သိရတယ်။ နောက်ထပ် ထပ်ပြီးရုံတင်ပြခဲ့ တယ်ဆိုရင်လည်း ဒီဇာတ်လမ်း သည် အမှတ်တကယ်မဟုတ်ဘဲ ဒါရိုက်တာရဲ့ စိတ်ကူးယဉ်သက် သက်ဖြစ်တယ်လို့ စာတန်းထိုးပေး မယ်လို့ ပြောပါတယ်’’ ဟု ဦးစန်း မောင်ကပြောသည်။

သဘောတူညီမှုတွင်ဗီဒီယို ဇာတ်ကားအဖြစ် ပြသရာ၌ ‘ကျွန်’ အစား ‘အမှောင်တွေရွာချသည့် မိုးတိမ်’ ဟုအမည်ပြောင်းလဲ ပြသ ခြင်း၊ ဒေသခံများနစ်နာသည့် ဇာတ်ဝင်ခန်းအချို့ကိုဖြုတ်သိမ်း ပေးခြင်းများ ပြုလုပ်မည်ဟုဆို သည်။

‘ကျွန်’ ဇာတ်ကားတွင် နူနာ ရောဂါဖြစ်ပွားပြီး တောင်းစားသူ အဖြစ် သရုပ်ဆောင်ထူးမွန်နှင့် ဟိန်းမင်းတို့သည် မင်္ဂလာသာ စည်ရွာမှဖြစ်ကြောင်း ရိုက်ကူး ဖော်ပြမှုကြောင့် ရပ်ကွက်တွင် နေထိုင်သူများနှင့် အနယ်နယ် အရပ်ရပ်၌ ပညာသင်ကြားနေကြ သော ဒေသခံများအတွက် သိက္ခာ ကျဖွယ်ရာများဖြစ်နေသဖြင့် ဒေ သခံများက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ ကပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ‘ကျွန်’ အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခွင့်ပြု ရန် နေပြည်တော် ရှေးဟောင်းသု တေသနညွှန်ကြားရေးမှူးရုံးချုပ် သို့ တင်ပြခဲ့ရာ ရိုက်ကူးခွင့်မပြုခဲ့  သဖြင့် ၎င်းတို့ကထပ်မံ၍ ‘အမှောင် တွေရွာချသည့်မိုးတိမ်’ အမည် ဖြင့် တင်ပြလာသဖြင့်ခွင့်ပြုခဲ့ ကြောင်း ရှေးဟောင်းယဉ်ကျေးမှု ဌာန (ပုဂံဌာနခွဲ) မှတာဝန်ရှိသူ များကပြောသည်။

အမှန်တကယ်ရုပ်ရှင်ပြသ ချိန်တွင် ‘ကျွန်’ အမည်ဖြင့် ရုံတင် ပြသခဲ့သဖြင့် ဒါရိုက်တာညီညီ အောင် (ညွန့်မြန်မာ)၊ ရှုတင် မန်နေ ဂျာဟိန်းမင်းနှင့် အောင်တိုင်း ကျော် ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ် လုပ်ဖြန့်ချိသူတို့သည် ခွင့်ပြုချက် မရှိ ရိုက်ကူးခဲ့သည်ဆိုကာ ရှေး ဟောင်းယဉ်ကျေးမှုဌာန (ပုဂံဌာန ခွဲ) ညွှန်ကြားရေးမှူးက တရားလို လုပ်၍ ပုဂံနယ်မြေရဲတပ်ဖွဲ့စခန်း တွင် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၁ ဖြင့် အမှုဖွင့်ထား သည်။

Credit: 7daydaily

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...