======

လေပါင္းမ်ားစြာ ေျခာက္လွန္႔ေနတဲ့ သရဲကို ႏွိမ္နင္းေပးဖုိ႔ ရဲ ေခၚထားရ

ထိုင္းႏုိင္ငံအေရွ႕ပိုင္းမွာ သရဲမတစ္ေယာက္က ရြာသားေတြကို လေပါင္းမ်ားစြာ ေျခာက္လွန္႔ေနတဲ့ အတြက္ သရဲကိုႏွိမ္နင္းေပးဖုိ႔ ထုိင္းေတာ္၀င္ရဲတပ္ဖြဲ႕က အရာရွိေတြကို ေခၚထားရတယ္လို႔ သိရပါတယ္။ ရဲေတြဟာ အန္နက္ခ်ာရြန္ျပည္နယ္က ရြာတစ္ရြာကို သရဲႏွင္ဖု႔ိ ေရာက္ေနၾကပါတယ္။ သရဲမကို ေဒသခံေတြ က ဖီေပါ့လုိ႔ ေခၚၾကပါတယ္။

ဒီရြာမွာ သရဲမက ႏြားေလးေကာင္ကို သတ္ၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕၀င္ ၄ ေယာက္ကို ေနမေကာင္းေအာင္လုပ္ထားတယ္လုိ႔ ရြာသားေတြကေျပာေၾကာင္း ထုိင္းအြန္လုိင္းမီဒီယာ Khaosod English က ေဖာ္ျပပါတယ္။ ရြာလူႀကီးေတြက အရပ္သားေတြရဲ႕စိတ္အားျပန္တက္လာဖုိ႔၊ ေၾကာက္ရြံ႕မႈ မျဖစ္ေစဖို႔နဲ႔ ေန႔စဥ္လုပ္ငန္း ေဆာင္တာေတြကို စိတ္ခ်လက္ခ်လုပ္ကိုင္ႏုိင္ဖုိ႔အတြက္ရဲတပ္ဖြဲ႕ထားရွိေပးဖို႔ ေတာင္းဆုိထားေၾကာင္း၀က္ဘ္ဆုိက္မွာ ေဖာ္ျပပါတယ္။

ရဲေတြက သရဲကိုေမာင္းထုတ္ဖုိ႔ စတင္ကင္းလွည့္ေနၾကၿပီး လက္ရွိမွာ ဖီေပါ့ကိုယံုတဲ့သူက မယံုတဲ့သူထက္ ပုိမ်ားေနေၾကာင္း ေဒသခံရဲခ်ဳပ္ အဒူလ္ခ်ိဳင္ပါရာစီသီကူးက ေျပာပါတယ္။ ဖီေပါ့ဆုိတဲ့ သရဲမဟာ လူေတြကို ၀င္ပူးႏုိင္တယ္၊ တစ္ရြာလုံုး ေျဗာင္းဆန္ေအာင္လုပ္ႏုိင္တယ္လုိ႔ ေၾကာက္လန္႔ ေနၾကၿပီး ေက်းလက္ေဒသေတြမွာ နွစ္စဥ္ေျခာက္လွန္႔ေလ့ရွိတယ္လုိ႔ သတင္းမွာေဖာ္ျပပါတယ္။ ၂၀၁၆ ခုနွစ္မွာ ဖီေပါ့က ၀င္ပူးထားသူ သံုးဦးဟာ မိသားစု၀င္ေတြနဲ႔ အိမ္နီးခ်င္းေတြကို ဓားနဲ႔ေထာက္ၿပီး အ၀တ္အစားေတြ ခြ်တ္ခုိင္းခဲ့တယ္လုိ႔ သိရပါတယ္။ ဒီသရဲမကိုအစြဲျပဳၿပီး ထုိင္းရုပ္ရွင္ Baan Phi Pob ကို ရုိက္ကူးခဲ့ကာ အခ်ိန္အေတာ္ၾကာ ရံုတင္ျပသခဲ့ပါတယ္။

kumudranews

ထိုင်းနိုင်ငံအရှေ့ပိုင်းမှာ သရဲမတစ်ယောက်က ရွာသားတွေကို လပေါင်းများစွာ ခြောက်လှန့်နေတဲ့ အတွက် သရဲကိုနှိမ်နင်းပေးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က အရာရှိတွေကို ခေါ်ထားရတယ်လို့ သိရပါတယ်။ ရဲတွေဟာ အန်နက်ချာရွန်ပြည်နယ်က ရွာတစ်ရွာကို သရဲနှင်ဖို့ ရောက်နေကြပါတယ်။ သရဲမကို ဒေသခံတွေ က ဖီပေါ့လို့ ခေါ်ကြပါတယ်။

ဒီရွာမှာ သရဲမက နွားလေးကောင်ကို သတ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို နေမကောင်းအောင်လုပ်ထားတယ်လို့ ရွာသားတွေကပြောကြောင်း ထိုင်းအွန်လိုင်းမီဒီယာ Khaosod English က ဖော်ပြပါတယ်။ ရွာလူကြီးတွေက အရပ်သားတွေရဲ့စိတ်အားပြန်တက်လာဖို့၊ ကြောက်ရွံ့မှု မဖြစ်စေဖို့နဲ့ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကို စိတ်ချလက်ချလုပ်ကိုင်နိုင်ဖို့အတွက်ရဲတပ်ဖွဲ့ထားရှိပေးဖို့ တောင်းဆိုထားကြောင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

ရဲတွေက သရဲကိုမောင်းထုတ်ဖို့ စတင်ကင်းလှည့်နေကြပြီး လက်ရှိမှာ ဖီပေါ့ကိုယုံတဲ့သူက မယုံတဲ့သူထက် ပိုများနေကြောင်း ဒေသခံရဲချုပ် အဒူလ်ချိုင်ပါရာစီသီကူးက ပြောပါတယ်။ ဖီပေါ့ဆိုတဲ့ သရဲမဟာ လူတွေကို ဝင်ပူးနိုင်တယ်၊ တစ်ရွာလုုံး ဗြောင်းဆန်အောင်လုပ်နိုင်တယ်လို့ ကြောက်လန့် နေကြပြီး ကျေးလက်ဒေသတွေမှာ နှစ်စဉ်ခြောက်လှန့်လေ့ရှိတယ်လို့ သတင်းမှာဖော်ပြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖီပေါ့က ဝင်ပူးထားသူ သုံးဦးဟာ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေကို ဓားနဲ့ထောက်ပြီး အဝတ်အစားတွေ ချွတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသရဲမကိုအစွဲပြုပြီး ထိုင်းရုပ်ရှင် Baan Phi Pob ကို ရိုက်ကူးခဲ့ကာ အချိန်အတော်ကြာ ရုံတင်ပြသခဲ့ပါတယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...