======
ရှက်ကြောတောင်ဖြတ်ခဲ့ရတယ် ဆိုတဲ့ ဖွေးဖွေး
Credit - : Duwun
Unicode
ဘုန်းကညာနှစ်ပါးရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာလေးပါ။
ဖွေးဖွေးကတော့ ဘုန်းကညာနှစ်ပါးရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာက သူတစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီးကို ရိုက်ဖို့အတွက် ရှက်ကြောကိုတောင်ဖြတ်ထားရတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။
'' ဇာတ်ကားထဲမှာတော့ ကိုမြင့်မြတ်သရုပ်ဆောင်သွားတဲ့ပုံစံလိုမျိုးပေါ့နော်၊ ဖွန်ကလည်းကြောင်ရသေးတယ်၊ကျန်တာကတော့ ရုံတင် တဲ့အခါပရိသတ်တွေက ကြည့်ပေးပါ၊နောက်ထပ်လည်း ဒီလိုကာရိုက်တာမျိုးကို ထပ်လုပ်ဖို့ မရှိတော့ဘူး။ ဒီဇာတ်ကားထဲမှာပဲ အကုန် လုပ်လိုက်ပြီ။ ရှက်ကြောတောင် ဖြတ်ထားရပါတယ်။ ဟာသဇာတ်ကားကောင်းကောင်းလေးတွေကို ကြည့်ချင်တဲ့ ပရိသတ်တွေကို လာကြည့်စေချင်တယ်'' လို့ သူကဆိုပါတယ်။
နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဒါရိုက်တာဦးမျိုးမင်း(ရင်တွင်းဖြစ်) နဲ့ တစ်ကား၊ ဒါရိုက်တာဝိုင်း နဲ့ တစ်ကား၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) နဲ့ တစ်ကား ဆက်တိုက်ရိုက်ကူး သွားဖို့ရှိတယ်လို့သိရပါတယ်။ ဇာတ်ကားနာမည်လေးကို လျှို့ဝှက်ထားချင်တဲ့ အတွက် သေချာမှပြန်ပြောပါမယ်လို့ ဆိုပါတယ်။ ဖွေးဖွေး အနေနဲ့ မကြာခင်က ရုံတင်ခဲ့တဲ့ ကပ္ပိယ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း တောသူမလေး တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါသေးတယ်၊သူပါဝင်သရုပ်ဆောင်ထားတဲ့ အောက်ဆီဂျင်ရုပ်ရှင်ဇာတ်ကား ကြီးလည်း ရုံတင်ဖို့ရှိသေးတယ်လို့ သိရပါတယ်။
Credit - : Duwun
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...