======

ဗိုလ္မွဴးႀကီးေနအိမ္တြင္ အိမ္အကူလုပ္ရာမွ သြားေျခာက္ေခ်ာင္း က်ိဳးေအာင္ ႏွိပ္စက္ခံရတဲ့ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလး

အၿငိမ္းစားဒုဗိုလ္မွဴးႀကီး၏ ေနအိမ္တြင္ အိမ္အကူလုပ္ရာမွ သြားေျခာက္ေခ်ာင္း က်ိဳးေအာင္ ႏွိပ္စက္ခံရမႈျဖင့္ မရမ္းကုန္း ၿမိဳ႕နယ္တရား႐ံုးတြင္ အမႈလာရင္ဆိုင္ေနေသာ အသက္ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးမွာ နယ္မွ ရန္ကုန္သို႔ လာေရာက္စဥ္ ေပ်ာက္ဆံုးခဲ့ေၾကာင္း ၎၏ မိသားစုဝင္မ်ားထံမွ သိရသည္။

ေပ်ာက္ဆံုးေနေသာ အိမ္အကူ မနန္းမို႔မို႔ေအးမွာ ၎ေနထိုင္ရာ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕မွ ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္း ၿမိဳ႕နယ္တရား႐ံုးသို႔ ႐ံုးခ်ိန္းလာေရာက္ခဲ့ၿပီးေနာက္ တရား႐ံုးအနီးရွိ ဘုန္းႀကီးေက်ာင္းတြင္ ၎၏ အဘြားျဖစ္သူႏွင့္အတူ ယာယီ တည္းခိုေနစဥ္ ဇူလိုင္လ ၄ ရက္ နံနက္ပိုင္းက ေပ်ာက္ဆံုးခဲ့ေၾကာင္း မနန္းမို႔မို႔ေအး၏ မိခင္ျဖစ္သူက ေျပာသည္။

“သူ႔အဘြားက ခရီးပန္းလာေတာ့ မနက္ ၉ နာရီအထိ အိပ္ေပ်ာ္သြားတယ္။ အိပ္ရာကႏိုးေတာ့ သူ႔ေျမးျဖစ္သူ မနန္းမို႔မို႔ေအးကို မေတြ႔ဘူး။ လိုက္ရွာေနတာ တစ္ပတ္ရွိၿပီ။ အခုထိ မေတြ႔ေသးဘူး။ ရဲစခန္းမွာ လူေပ်ာက္တိုင္ခ်က္ ဖြင့္ထားတယ္”ဟု ၎က ဆက္လက္ ေျပာၾကားသည္။

ေပ်ာက္ဆံုးေနသူမွာ ၂၀၁၅ ခုႏွစ္က မရမ္းကုန္းၿမိဳ႕နယ္၊ မင္းဓမၼလမ္း၊ ေရႊကမၻာ အိမ္ရာတြင္ အၿငိမ္းစားဒုဗိုလ္မွဴးႀကီး၏ ေနအိမ္၌ အိမ္အကူအျဖစ္ လုပ္ကိုင္ခဲ့ၿပီး အိမ္ရွင္၏ ဇနီးျဖစ္သူ ေဒၚခင္နန္းတင့္က ညႇဥ္းပန္းႏွိပ္စက္၍ ၎ႏွင့္အတူ အိမ္အကူ လုပ္ကိုင္သည့္ မႏွင္းေဝေက်ာ္ကို င႐ုတ္ က်ည္ေပြ႔ ေပးၿပီး မနန္းမို႔မို႔ေအး၏ သြားမ်ားကို ႐ိုက္ခ်ိဳးရန္ ေစခိုင္းခဲ့ေၾကာင္း အမႈဖြင့္ တိုင္ၾကားခ်က္အရ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“အမႈတြဲမွာပါတဲ့ မႏွင္းေဝေက်ာ္ရယ္။ ႏွင္းေဝေက်ာ္ရဲ႕ အေမရယ္၊ မနန္းမို႔မို႔ေအးနဲ႔ သူ႔အဘြားရယ္ အားလံုး ေလးေယာက္ ရန္ကုန္တက္လာၿပီး တရားလာရင္ဆိုင္တာ။ သူတို႔ေတြ အကုန္လံုးက အမႈကိစၥေၾကာင့္ လာေနရေပမယ့္ အခုအခ်ိန္ထိ ရန္ကုန္ထဲ လည္လည္ဝယ္ဝယ္ကို မသြားတတ္ေသးဘူး။ အခု ကေလးမက ေပ်ာက္ေနေတာ့ သူ႔အေမခမ်ာ အေတာ္ စိတ္ပူေနရွာတယ္”ဟု ယင္းအမႈအား လိုက္ပါ ကူညီေဆာင္႐ြက္ေပးေနသည့္ ျမစ္သားၿမိဳ႕တြင္ ေနထိုင္ေသာ လူ႔အခြင့္အေရး လႈပ္ရွားသူ ဦးခင္ေအာင္လင္းက ေျပာသည္။

မနန္းမို႔မို႔ေအးႏွင့္ မႏွင္းေဝေက်ာ္တို႔မွာ တစ္လမ္းတည္း ေနထိုင္သူမ်ားျဖစ္ၿပီး ၂၀၁၅ ခုႏွစ္က အၿငိမ္းစား ဒုဗိုလ္မွဴးႀကီး၏ ေနအိမ္တြင္ တစ္လလွ်င္ က်ပ္ငါးေသာင္းျဖင့္ အိမ္အကူအလုပ္ လုပ္ကိုင္ခဲ့ေၾကာင္း၊ အိမ္ရွင္ျဖစ္သူထံမွ ႀကိဳတင္ေငြက်ပ္ ၁၅ သိန္း ထုတ္ယူထားၿပီး မနန္းမို႔မို႔ေအးအား အိမ္အလုပ္မ်ား ခိုင္းေစရာတြင္ အဆင္မေျပသည့္အခါ အိမ္ရွင္ ေဒၚခင္နန္းတင့္က ဖိနပ္ျဖင့္ ပါး႐ိုက္ျခင္း၊ တုတ္ျဖင့္ ေျခသလံုးႏွင့္ လက္ဖဝါးတို႔ကို ႐ိုက္ႏွက္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္ တရား႐ံုးတြင္ ၎ကို စစ္ေဆးခဲ့စဥ္ ထြက္ဆိုခဲ့သည္။

ထို႔အျပင္ ၎ကို ေရခ်ိဳးခန္းအတြင္း ပိတ္ၿပီး အိမ္အကူ မႏွင္းေဝေက်ာ္အား အိမ္ရွင္ ေဒၚခင္နန္းတင့္မွ င႐ုတ္က်ည္ေပြ႔ေပး၍ သြားမ်ားကို ႐ိုက္ခ်ိဳးရန္ ဖိအားေပး ေစခိုင္းခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

သြားေျခာက္ေခ်ာင္း က်ိဳးခဲ့သည့္ အိမ္အကူ မနန္းမို႔မို႔ေအးကို ေဆးကုသမႈေပးၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ အိမ္ရွင္မွ အိမ္အကူပြဲစား ေဒၚစိုးဥမၼာလိႈင္ကို ဖုန္းဆက္ေခၚ၍ ျမစ္သားၿမိဳ႕သို႔ ျပန္လည္ ေစလႊတ္ခဲ့သည္။

ယင္းေနာက္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၃ ရက္ေန႔တြင္ အိမ္အကူ ႏွစ္ဦးႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားက ညႇဥ္းပန္းႏွိပ္စက္ခံရမႈႏွင့္ ပတ္သက္၍ အမႈဖြင့္ အေရးယူေပးရန္ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္နယ္ေျမ ရဲစခန္းတြင္ လာေရာက္တိုင္ၾကားသျဖင့္ ရဲတပ္ဖြဲ႔မွ အမႈအား စစ္ေဆးၿပီး အိမ္ရွင္ျဖစ္သူ ေဒၚခင္နန္းတင့္ကို ပုဒ္မ ၃၂၅/ ၃၄၂/ ၁၁၄ ႏွင့္လည္းေကာင္း၊ အိမ္အကူ မႏွင္းေဝေက်ာ္ကို ပုဒ္မ ၃၂၅ ျဖင့္လည္းေကာင္း မရမ္းကုန္း ၿမိဳ႕နယ္တရား႐ံုးတြင္ တရားစြဲဆိုခဲ့ရာ ေငြေၾကး အခက္အခဲေၾကာင့္ ေရွ႕ေန မငွားႏိုင္သည့္ အိမ္အကူ မနန္းမို႔မို႔ေအး၏အမႈကို ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က အက်ိဳးေဆာင္အျဖစ္ အခမဲ့ လိုက္လံ ေဆာင္႐ြက္ေပးေနသည္။

Source: The Voice


အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးတွင် အမှုလာရင်ဆိုင်နေသော အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ နယ်မှ ရန်ကုန်သို့ လာရောက်စဉ် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသော အိမ်အကူ မနန်းမို့မို့အေးမှာ ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မှ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တရားရုံးသို့ ရုံးချိန်းလာရောက်ခဲ့ပြီးနောက် တရားရုံးအနီးရှိ ဘုန်းကြီးကျောင်းတွင် ၎င်း၏ အဘွားဖြစ်သူနှင့်အတူ ယာယီ တည်းခိုနေစဉ် ဇူလိုင်လ ၄ ရက် နံနက်ပိုင်းက ပျောက်ဆုံးခဲ့ကြောင်း မနန်းမို့မို့အေး၏ မိခင်ဖြစ်သူက ပြောသည်။

“သူ့အဘွားက ခရီးပန်းလာတော့ မနက် ၉ နာရီအထိ အိပ်ပျော်သွားတယ်။ အိပ်ရာကနိုးတော့ သူ့မြေးဖြစ်သူ မနန်းမို့မို့အေးကို မတွေ့ဘူး။ လိုက်ရှာနေတာ တစ်ပတ်ရှိပြီ။ အခုထိ မတွေ့သေးဘူး။ ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ထားတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပျောက်ဆုံးနေသူမှာ ၂၀၁၅ ခုနှစ်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာ အိမ်ရာတွင် အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့်က ညှဉ်းပန်းနှိပ်စက်၍ ၎င်းနှင့်အတူ အိမ်အကူ လုပ်ကိုင်သည့် မနှင်းဝေကျော်ကို ငရုတ် ကျည်ပွေ့ ပေးပြီး မနန်းမို့မို့အေး၏ သွားများကို ရိုက်ချိုးရန် စေခိုင်းခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမှုတွဲမှာပါတဲ့ မနှင်းဝေကျော်ရယ်။ နှင်းဝေကျော်ရဲ့ အမေရယ်၊ မနန်းမို့မို့အေးနဲ့ သူ့အဘွားရယ် အားလုံး လေးယောက် ရန်ကုန်တက်လာပြီး တရားလာရင်ဆိုင်တာ။ သူတို့တွေ အကုန်လုံးက အမှုကိစ္စကြောင့် လာနေရပေမယ့် အခုအချိန်ထိ ရန်ကုန်ထဲ လည်လည်ဝယ်ဝယ်ကို မသွားတတ်သေးဘူး။ အခု ကလေးမက ပျောက်နေတော့ သူ့အမေခမျာ အတော် စိတ်ပူနေရှာတယ်”ဟု ယင်းအမှုအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် မြစ်သားမြို့တွင် နေထိုင်သော လူ့အခွင့်အရေး လှုပ်ရှားသူ ဦးခင်အောင်လင်းက ပြောသည်။

မနန်းမို့မို့အေးနှင့် မနှင်းဝေကျော်တို့မှာ တစ်လမ်းတည်း နေထိုင်သူများဖြစ်ပြီး ၂၀၁၅ ခုနှစ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် တစ်လလျှင် ကျပ်ငါးသောင်းဖြင့် အိမ်အကူအလုပ် လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူထံမှ ကြိုတင်ငွေကျပ် ၁၅ သိန်း ထုတ်ယူထားပြီး မနန်းမို့မို့အေးအား အိမ်အလုပ်များ ခိုင်းစေရာတွင် အဆင်မပြေသည့်အခါ အိမ်ရှင် ဒေါ်ခင်နန်းတင့်က ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးတွင် ၎င်းကို စစ်ဆေးခဲ့စဉ် ထွက်ဆိုခဲ့သည်။

ထို့အပြင် ၎င်းကို ရေချိုးခန်းအတွင်း ပိတ်ပြီး အိမ်အကူ မနှင်းဝေကျော်အား အိမ်ရှင် ဒေါ်ခင်နန်းတင့်မှ ငရုတ်ကျည်ပွေ့ပေး၍ သွားများကို ရိုက်ချိုးရန် ဖိအားပေး စေခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သွားခြောက်ချောင်း ကျိုးခဲ့သည့် အိမ်အကူ မနန်းမို့မို့အေးကို ဆေးကုသမှုပေးပြီးနောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အိမ်ရှင်မှ အိမ်အကူပွဲစား ဒေါ်စိုးဥမ္မာလှိုင်ကို ဖုန်းဆက်ခေါ်၍ မြစ်သားမြို့သို့ ပြန်လည် စေလွှတ်ခဲ့သည်။

ယင်းနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အိမ်အကူ နှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များက ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူပေးရန် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် လာရောက်တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့မှ အမှုအား စစ်ဆေးပြီး အိမ်ရှင်ဖြစ်သူ ဒေါ်ခင်နန်းတင့်ကို ပုဒ်မ ၃၂၅/ ၃၄၂/ ၁၁၄ နှင့်လည်းကောင်း၊ အိမ်အကူ မနှင်းဝေကျော်ကို ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း မရမ်းကုန်း မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ငွေကြေး အခက်အခဲကြောင့် ရှေ့နေ မငှားနိုင်သည့် အိမ်အကူ မနန်းမို့မို့အေး၏အမှုကို ရှေ့နေ ဦးရောဘတ်စန်းအောင်က အကျိုးဆောင်အဖြစ် အခမဲ့ လိုက်လံ ဆောင်ရွက်ပေးနေသည်။

Source: The Voice

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...