======

ဧရာမဆီးကျောက်ကြီးတည်ပြီး ခွဲထုတ်ခဲ့ရတဲ့ အမျိုးသမီး






စာဖတ်သူတွေအနေနဲ့ ဆီးကျောက်တည်တဲ့အကြောင်းကို ကြားဖူးကြမှာဖြစ်ပေမယ့် ဆီးကျောက်တွေရဲ့အရွယ်အစားအ
ကြီးဆုံးကိုလည်းတွေ့ဖူးကြမှာပါ။ ဒါပေမယ့် တရုတ်နိုင်ငံက Longလို့ခေါ်တဲ့ အမျိုးသမီးကတော့ ဆရာဝန်တွေတောင်
အံ့အားသင့်ခဲ့ရတဲ့ ဧရာမဆီးကျောက်ကြီး တည်ပြီး ခွဲထုတ်ခဲ့ရပါတယ်။
မီဒီယာတွေရဲ့ဖော်ပြချက်အရ အဆိုပါဧရာမဆီးကျောက်တုံးကြီးဟာ (၁၀)စင်တီမီတာရှိပြီး အလေးချိန်က ၇၆၀ဂရမ်ရှိ
တယ်လို့ သိရပါတယ်။ မဖြစ်နိုင်တဲ့အရွယ်အစား ဆီးကျောက်ကြီးဆိုပေမယ့် တရုတ်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တာဖြစ်ပါ
တယ်။အဆိုပါဆီးကျောက်တည်ခဲ့တဲ့ အမျိုးသမီးဟာ အဲဒီရောဂါကို ခံစားနေရတာကြာပြီလို့ သိရပါတယ်။ မူလက သေးပေါက်
ရာမှာ နည်းနည်းသာကျင်ခဲ့ပြီး ဆီးအိမ်လည်းအောင့်တာကို Longက အစားအိမ်အောင့်တာလို့မှားယူဆပြီး အစာအိမ်
ပျောက်ဆေးတွေပဲသောက်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆီးကျောက်ကို ဧရာမကြီးမားလာတာကြောင့် ဆီးသွားရင် သွေးတွေသွားလို့ ဆေးရုံတက်ပြီး ဓါတ်မှန်ရိုက်ခဲ့တာဖြစ်ပါတယ်။
ဓာတ်မှန်မှာပြရာတော့ သူမရဲ့ဆီးအိမ်ထဲမှာ ဧရာမအလုံးကြီးကိုတွေ့ခဲ့ပြီး ဆရာဝန်တွေက ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ Longကိုခွဲစိတ်ခဲ့သော Aksu First People’s ဆေးရုံမှ ဒေါက်တာ Liuက ”ဆီးကျောက်ရဲ့ အလေးချိန်ဟာ 760ဂရမ်အလေးချိန်လောက်ရှိပါတယ်။ အမျိုးသမီးဟာ ဆီးအိမ်ထဲမှာ ဆီးကျောက်တည်နေတာကို မကုဘဲ နှစ်ပေါင်းများစွာကြာလာတော့ အခုလိုကြီးမားတဲ့ဧရာမ ဆီးကျောက်ကြီးဖြစ်နေတာပါ”လို့ ပြောဆိုခဲ့ပါတယ်။
Longကလည်း ”ကျွန်မက အမြဲတမ်း အစာအိမ်က တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေတယ်လို့ပဲထင်ခဲ့ပါတယ်။ နောက်
ပြီး နံရိုးများ ထောက်နေတာလားလို့လည်းထင်ခဲ့ပါတယ်။ ဒီလိုဆီးကျောက်တည်မယ်လို့ မတွေးခဲ့ပါဘူး။ အခုတော့
အဲဒါကို ဖယ်လိုက်ပါပြီ။ ကျွန်မ ကျန်းမာရေးကောင်းလာပါပြီ” လို့ပြောခဲ့ပါတယ်။

M2T (Shwemom)

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...