======

ညစ္ညမ္းပံုေတြကို လူမႈကြန္ရက္ေပၚမွာတင္တဲ့သူကို ဆက္သြယ္ေရးဥပေဒနဲ႔ အမႈဖြင့္

ဇနီးျဖစ္သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ညစ္ညမ္းဓာတ္ပံုေတြတင္တဲ့ သူကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ အမႈဖြင့္ထားမႈ ဇူလိုင္ ၉ ရက္ မႏၱေလးတိုင္း သာစည္ၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

သာစည္ၿမိဳ႕နယ္ အမွတ္(၆) တိုးခ်ဲ႕ရပ္ကြက္ေနတဲ့ ဦး—-က ဇြန္၂၇ ရက္က ဇနီးျဖစ္သူ အသုံးျပဳခဲ့တဲ့ facebook account မွာ ညစ္ညမ္း ဓာတ္ပုံမ်ားတင္ထားတယ္လုိ႔ ညီျဖစ္သူရဲ႕ ေျပာျပခ်က္အရ သိရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

ဦး—- က ဇနီးျဖစ္သူအားေမးျမန္းရာမွာ အဆိုပါ facebook account ကို လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္က ေနအိမ္မွာ အလုပ္သမားအျဖစ္ လုပ္ကိုင္ခဲ့တဲ့ ထင္ေအာင္ဝင္း(ခ)ေအာင္ေအာင္ (၃၂ႏွစ္)က လွ်ဳိ႕ဝွက္နံပါတ္ေျပာင္းၿပီး အသုံးျပဳေနေၾကာင္း ေျပာျပခဲ့လို႔ ထင္ေအာင္ဝင္း(ခ)ေအာင္ေအာင္ကို ဆက္သြယ္ၿပီး ဒီလိုမလုပ္ဖို႔နဲ႔ ဇနီးျဖစ္သူရဲ႕အေကာင့္ထဲက ညစ္ညမ္းဓာတ္ပုံမ်ားဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လုိ႔ ဆိုပါတယ္။

ဒီလိုေတာင္းဆိုခဲ့ရာမွာ ထင္ေအာင္ဝင္း(ခ)ေအာင္ေအာင္က မဖ်က္ေပးႏိုင္ေၾကာင္းနဲ႔ မိသားစုဝင္ေတြကိုလည္း သတ္ပစ္မယ္လို႔  ျပန္လည္ၿခိမ္းေျခာက္ေျပာဆိုခဲ့လို႔ ဦး—-က သာစည္ၿမိဳ႕မရဲစခန္းသို႔ တိုင္ၾကားခဲ့ၿပီး  တည္ဆဲဥပေဒအရ အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

Source : MOI

Unicode

ဇနီးဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ညစ်ညမ်းဓာတ်ပုံတွေတင်တဲ့ သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားမှု ဇူလိုင် ၉ ရက် မန္တလေးတိုင်း သာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သာစည်မြို့နယ် အမှတ်(၆) တိုးချဲ့ရပ်ကွက်နေတဲ့ ဦး—-က ဇွန်၂၇ ရက်က ဇနီးဖြစ်သူ အသုံးပြုခဲ့တဲ့ facebook account မှာ ညစ်ညမ်း ဓာတ်ပုံများတင်ထားတယ်လို့ ညီဖြစ်သူရဲ့ ပြောပြချက်အရ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဦး—- က ဇနီးဖြစ်သူအားမေးမြန်းရာမှာ အဆိုပါ facebook account ကို လွန်ခဲ့တဲ့ လေးနှစ်လောက်က နေအိမ်မှာ အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့တဲ့ ထင်အောင်ဝင်း(ခ)အောင်အောင် (၃၂နှစ်)က လျှို့ဝှက်နံပါတ်ပြောင်းပြီး အသုံးပြုနေကြောင်း ပြောပြခဲ့လို့ ထင်အောင်ဝင်း(ခ)အောင်အောင်ကို ဆက်သွယ်ပြီး ဒီလိုမလုပ်ဖို့နဲ့ ဇနီးဖြစ်သူရဲ့အကောင့်ထဲက ညစ်ညမ်းဓာတ်ပုံများဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုတောင်းဆိုခဲ့ရာမှာ ထင်အောင်ဝင်း(ခ)အောင်အောင်က မဖျက်ပေးနိုင်ကြောင်းနဲ့ မိသားစုဝင်တွေကိုလည်း သတ်ပစ်မယ်လို့  ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့လို့ ဦး—-က သာစည်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီး  တည်ဆဲဥပဒေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source : MOI

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...