======

ေတာင္ကိုးရီးယားမွ အရက္စက္ဆံုး မုဒိမ္းမႈ... ဘယ္ေလာက္ထိ ရက္စက္လဲဆိုရင္...

ေတာင္ကိုးရီးယားမွ အရက္စက္ဆံုး မုဒိမ္းမႈ...(2000-2005)

အဲဒီ အခင္းျဖစ္ပြားတဲ့ေနရာကေတာ့ က်မ(စာေရးသူ) အခုေနတဲ့ ဂြမ္ဂ်ဴးဆိုတဲ့ၿမိဳ႕ေလးမွာေပါ့။
အင္ဟြလို႔အမည္ရွိတဲ့ ဆံြ႕နားမၾကား ပုဂၢလိက ေက်ာင္းကို သူတို႔ ၁၉၆၁ ခုႏွစ္မွာစတည္ေထာင္ခဲ့ၾကတယ္။
အခင္းျဖစ္ပြားတဲ့ ၂၀၀၀ ခုႏွစ္မွာ ဒီေက်ာင္းရဲ႕ပိုင္ရွင္ ( ဥကၠ႒) ကေတာ့ ဒီေက်ာင္းႀကီးကို စတင္တည္ေထာင္သူရဲ႕ သားမက္ျဖစ္ပါတယ္။
***************
"ဆရာမ က်မေျပာစရာရွိလို႔ပါ "
သူမ ခ်ဳံးပြဲခ်ၿပီးငိုတယ္။ ဆရာမက အားေပးလိုက္တယ္။ ဆြံ ့အနားမၾကား ဘာသာျဖစ္တဲ့ လက္ဟန္ေျခဟန္နဲ႔ သူမ စ ေျပာပါေတာ့တယ္။
"ဆရာက က်မကို ထမင္းစားဖိတ္တယ္။ ဆရာ့မိသားစုနဲ႔ က်မ ညစာအတူစားပါတယ္။ က်မကို အေဆာင္မျပန္ဘဲ ဆရာ့အိမ္မွာဘဲ အိပ္ဖို႔ဆရာကေျပာတယ္....။က်မ ဆရာ့အိမ္ထဲက အခန္းလြတ္တခုမွာ အိပ္ပါတယ္။ မနက္မိုးလင္းေတာ့ ဆရာ့မိသားစုဝင္ေတြ တာဝန္ကိုယ္စီနဲ႔ အျပင္ထြက္သြားၾကပါတယ္။ ဆရာက က်မကို
.... ဟို....
....မုဒိန္းက်င့္ပါေတာ့တယ္။"
ဆရာမဟာ ေခါင္းနပန္းႀကီးသြားတယ္။ ဒီေက်ာင္းကိုေျပာင္းလာတာ မၾကာေသး ျပႆနာကစၿပီလား....!
"သမီး တခါေလာက္ ဆရာမကိုထပ္ေျပာျပႏိုင္မလား?" ... ထပ္ခါထပ္ခါေမးမိတယ္။
***********
ဆရာမ ေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားတယ္...အထိတ္တလန္႔နဲ႔ သူ႔လုပ္ေဖၚကိုင္ဖက္ ဆရာမကို သြားေျပာလိုက္တယ္။
"အေရးႀကီးတယ္ရွင့္။ '---- 'ဆိုတဲ့ေက်ာင္းသူေလး မုဒိန္းက်င့္ခံရတယ္။ အျဖစ္က ဒီလိုတဲ့......။ က်မတို႔ဘယ္လိုလုပ္ၾကရင္ေကာင္းမလဲ?။"
လုပ္ေဖာ္ကိုင္ဖက္ဆရာမဟာ မၾကားသလိုနဲ႔ အျခားဖက္လွည့္ထြက္သြားတယ္။
ဟင္... ဘာလဲဟ....!
ဆရာမဟာ ေနာက္တေယာက္ဆီထပ္သြားၿပီး ဒီအေၾကာင္းကိုထပ္ေျပာလိုက္တယ္။
"ဪ... ဒါလား။ ဆရာမက မသိေသးလို႔ ....ကေလးေတြက စိတ္သိပ္မႏွံ ့ဘူးဗ်"
ေက်ာင္းဆရာက ေကာ္ဖီ အေသာက္ေတာင္ မပ်က္...။
***********
တခ်ိဳ႕ ဆြံ ့အနားမၾကားတဲ့ကေလးဟာ အထက္တန္း ေအာင္သြားေပမဲ့ မိဘမဲ့ေတြဆိုေတာ့ ေက်ာင္းဝန္းထဲက အေဆာင္မွာ ဆက္ေနၾကၿပီး အစိုးရက ေပးတဲ့ အလုပ္လုပ္ၾကရတယ္....သူတို႔ တပတ္တခါေတြ႕ၾက... ထမင္းအတူစားၾကနဲ႔ ...သူတို႔ ကမ႓ာေလးကိုဖန္တီးထားၾကတယ္။
ဒီအုပ္စုထဲကေက်ာင္းသားေဟာင္းႀကီး တေယာက္က က်န္တဲ့သူငယ္ခ်င္းေတြကို လက္ဟန္ေျခဟန္နဲ႔ ေျပာလိုက္တယ္။
"ညေန ေက်ာင္းဆင္းခ်ိန္ ကြ်န္ေတာ္ အေဆာင္ဘက္ကိုသြားရင္း ဆရာက အလယ္တန္း ေက်ာင္းသူမေလးကို မုန္႔တထုပ္ေပးလိုက္တာကို ေတြ႕လိုက္ရတယ္။ ၿပီးေတာ့ ေက်ာင္းသူေလးကို ေက်ာင္း အေပၚထပ္ ၂ထပ္ကိုေခၚသြားတယ္။ က်ေနာ္က မသကၤာလိုလိုက္ၾကည့္ေတာ့ဗ်ာ ...........မဖြယ္မရာ...............
ရက္စက္လိုက္တာ......"
ေက်ာင္းသားႀကီးဟာ ေယာက္်ားတန္မဲ့ငိုတယ္...။
***********
ဆြံ ့အေနတဲ့ ဒုကၡိတ သမီးေလးဟာ အေမ့ကို လက္ဟန္ ေျခဟန္နဲ႔ အေမကိုေတာင္းပန္ေနတယ္...။
"အေမ ... သမီးေက်ာင္းမသြားပါရေစနဲ႔..."
အေမက လက္ဟန္ေျခဟန္နဲ႔ ျပန္ေျပာတယ္...။
"သမီးရယ္ အေမ အလုပ္သြားရေတာ့မယ္။ အေမ အလုပ္လုပ္မွ သမီးကို ထမင္းေကြ်းႏိုင္မယ္....။ သမီးေရ..ေက်ာင္းမွာ သိုးေမႊးထိုးတာ ေသခ်ာသင္ေနာ္...."
အေမရယ္.... သမီးအတြက္ ဒီေက်ာင္းဟာ ငရဲျပည္ပါဘဲ...သူမေတြးရင္းနဲ႔ မ်က္ရည္ကို တိတ္တဆိတ္သုတ္လိုက္တယ္။ သမီးဟာ အေမစိတ္ဆင္းရဲမွာစိုးလို႔ မေျပာရက္ေတာ့ဘဲ ေက်ာင္းသြားလိုက္တယ္။
***********
နင္မ်က္ႏွာလဲ မေကာင္းပါလား။ ဘာျဖစ္လို႔လဲ...လို႔ေမးလိ္ုက္ေတာ့ သူငယ္ခ်င္းက
"သန္႔ရွင္းေရးလုပ္တဲ့ေန႔တိုင္း ဆရာႀကီးက......အဓမၼက်င့္တယ္.....
ငါေၾကာက္လိုက္တာ ...ငါ ဘဝပ်က္ေနၿပီ..."
***********
"အန္တီရယ္...က်မက စာညံ့တယ္။ စာေမးပြဲမွာ အမွတ္နည္းရင္ ဆရာကက်မကို........အဓမၼ.....
ဒါအျပစ္ေပးတာလို႔ ေျပာတယ္..။ က်မ ဒီအေၾကာင္း အေမ့ကို ေျပာရင္ သတ္ပစ္မယ္တဲ့... အန္တီတို႔ လူမႈေရးအဖြဲ႕က က်မကိုကယ္ပါ "
***********
"ဆရာမ....က်မ ေမာင္ေလးကို......မဖြယ္မရာ.....
ကယ္ပါ..."
***********
"ဦးဦး...တေန႔က ဆရာက ေခၚလို႔ က်မဆရာ့႐ုံးခန္းထဲသြားေတာ့....ဆရာက ေသာ့ပိတ္လိုက္တယ္....ၿပီးေတာ့ ...က်မကို မုဒိန္းက်င့္ပါတယ္....... "
***********
"ဆရာမ ...အလုပ္သမားမိန္းမေတြ အဝတ္ေလွ်ာ္စက္ထဲေရထည့္ၿပီးက်မကိုထည့္လွည့္တယ္။ က်မမူးၿပီး ႏွာေခါင္းကေသြးေတြထြက္လာတယ္။ ၿပီးေတာ့ သူတို႔ရယ္ေမာၾကတယ္။ ဆရာနဲ႔ကိစၥကို အေမကိုျပန္ေျပာရင္ ပိုလုပ္မယ္တဲ့"
ဒီအသံေတြဟာ...မုဒိန္းက်င့္ခံရတဲ့ကေလးေတြကို အင္တာဗ်ဴးထားတာေတြ ျဖစ္ပါတယ္....။
*****************
ဟိုဆရာက ဒီကေလးေတြ အားလံုး ဘဲ စိတ္မႏွံ့ေနသလိုလို.....။ ဘုရား ဘုရား ဒီေက်ာင္းထဲမွာ ကမ႓ာပ်က္ေနပါေရာ့လား....။ ဆရာမဟာ ပူေလာင္စြာနဲ႔ ငိုရတယ္။
ေၾကာက္လဲေၾကာက္တယ္။ ဒီမွာရွိတဲ့ ဆရာေတြ အားလံုးက သူမထက္ အရင္ေစာေရာက္သူေတြ...လုပ္သက္ရင့္သူေတြကိုး...အထက္အရာရွိေတြကိုး။
ေနာက္ဆံုးေတာ့ မခံမရပ္ႏိုင္ျဖစ္ေနတဲ့ ဆရာမဟာ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းထဲဝင္သြားေတာ့တယ္။
အင္း.. ေက်ာင္းအုပ္ႀကီးကေတာ့ အမွန္တရားျမတ္ႏိုးၿပီး တည္ၾကည္တဲ့ပံုေပါက္တယ္...။
ေမ်ာ္လင့္ခ်က္ရွိပါေသးတယ္။
"ဆရာႀကီး... က်မ တပည့္ေတြကိုကယ္ပါ။ ေက်ာင္းထဲမွာ မုဒိန္းက်င့္မႈေတြျဖစ္ပြားေနပါတယ္။ က်မသိရသေလာက္ ၁၂ ေယာက္ရွိပါၿပီ။ ကယ္ပါ.."
ေက်ာင္းအုပ္ဆရာႀကီးက ဆရာမကို စကားမေျပာဘဲ တခဏတာစိုက္ၾကည့္ ေနလိုက္တယ္။ ဆရာမ က အားကိုးတႀကီး ျပန္ၾကည့္လိုက္တယ္။ ဆရာႀကီးကတလံုးခ်င္းေျပာလိုက္တယ္။
"ေခြးမ...။ ငါ့ကို လာေျပာရဲတဲ့ သတၱိက နည္းတာမွမဟုတ္ဘဲ။ အဲဒါမ်ားငါ့လာေျပာေနရလား? ရဲသြားတိုင္ေလ ..."
"ဟင္..?"
"ရဲသြားတိုင္ေလ။ ဒါမွ နင့္ကို ငါက အသေရဖ်က္မႈနဲ႔ ေထာင္ထဲထည့္လို႔ရမွာ..။ က်က္သေရတံုးလိုက္တာ...အခန္းထဲကထြက္သြားစမ္း..." ။
ဆရာမဟာ ခ်က္ခ်င္း အလုပ္ျဖဳတ္ခံရတယ္။
သူမဟာ အိမ္မက္ဆိုးႀကီးထဲေရာက္ေနသလိုတုန္လႈပ္ေနခဲ့တယ္။ ဒီကေလးေတြကို မ်က္ႏွာလြဲခဲပစ္ ဘယ္လိုထားခဲ့ရပါ့မလဲ...?
***************
ဒီဆြံ ့အနားမၾကား ေက်ာင္းက အဲဒီအခ်ိန္က ေက်ာင္းအုပ္ဆရာႀကီးက ေက်ာင္းပိုင္ရွင္ဥကၠ႒ရဲ႕ သားအႀကီးဆံုး။
ဒီေက်ာင္းက အုပ္ခ်ဳပ္ေရးမႈးက ဒုတိယေျမာက္သား။
ဒီေက်ာင္းက ဆရာ/ဆရာမ ခန္႔ခြဲေရးလုပ္တဲ့တဲ့ ေက်ာင္းဆရာမ်ားေခါင္းေဆာင္ကလဲ သူတို႔အမ်ိဳး။
အလုပ္သမားေတြကလဲ သူတို႔နဲ႔ ေဆြမ်ိဳးနီးစပ္ေတြ...။
**************
ဆံြ႕နားမၾကားေက်ာင္းက ကေလးေတြဟာ စက္႐ုပ္ေတြလို မသိက်ိဳးကြ်န္ျပဳေနၾကတဲ့ ဆရာ ဆရာမ အေဟာင္းေတြကိုအကူအညီေတာင္းမိရင္ ေနာက္တေန႔ ထိုထက္ဆိုးေသာ အျဖစ္မ်ားၾကံဳေတြ႕ရတာေၾကာင့္... ဆရာမ အသစ္နဲ႔ လူမႈေရးအသင္းေတြကိုလာေျပာေနၾကတာဘဲျဖစ္တယ္။
ဆြံ ့အနားမၾကားကေလးတို႔ရဲ႕ မိသားစုေတြဟာ မ်ားေသာအားျဖင့္ ဆင္းရဲၾကတယ္။ မိဘေတြကပါ ဒုကၡိတေတြမို႔ စီးပြားေရး မေျပလည္ၾကသူေတြမ်ားပါတယ္။ သားသမီးမ်ားကို ဂ႐ုမစိုက္ႏိုင္ပါ။ ကေလးမ်ားကလဲ ေၾကာက္လန္႔၍ မိဘမ်ားကို မေျပာၾကပါ...။
***************
ဆရာမဟာ ရဲစခန္းကိုလဲ သြားေျပာခဲ့ဖူးပါတယ္။
"ဪ... ဟုတ္ကဲ့... သက္ေသခံအေထာက္အထားမရွိဘဲ ဒီလို ဂုဏ္သေရရွိတဲ့ လူႀကီးမင္းေတြကို ေမးျမန္းဖို႔ဆိုတာ ဥပေဒအရ မျဖစ္ႏိုင္ပါဘူး။"
က်န္တဲ့ ဆရာဆရာမေတြေရာ ပါးစပ္ပိတ္ အၿခိမ္းေျခာက္ခံေနရပံုဘဲ။ ဆရာမနဲ႔ ပရဟိတလူမႈေရး အသင္းေတြ.. ကေလးေစာင့္ေရွာက္ေရးအသင္းေတြဟာကူညီဖို႔ႀကိဳးစားေပမဲ့ အခ်ည္းနွီးပါ။
********************
ဒီဂြမ္ဂ်ဴးၿမိဳ႕ေလးမွာ သူတို႔ကိုလွန္ရဲသူမရွိ။ ေထာက္လွမ္းေရးအထိ တက္ေျပာလဲမထူးျခား....။
တာဝန္ရွိသူေတြဟာ သူတို႔နာမည္ၾကားလိုက္တာနဲ႔ နားပင္းခ်င္ေယာင္ေဆာင္ေနၾကတယ္။
အမွန္ေတာ့ သူတို႔ဟာ အရမ္းခ်မ္းသာတာတာမို႔ သူ႔တို႔ပိုက္ဆံေတြနဲ႔ အားလံုးကိုလႊမ္းမိုးထားတာျဖစ္ပါတယ္။ သူတို႔ဟာ ေသြးေအးရက္စက္သူေတြအျဖစ္ နာမည္ႀကီးသူမ်ားလဲျဖစ္လို႔ တၿမိဳ႕လံုးကေၾကာက္ၾကပါတယ္။
သူတို႔ကိုထိရင္ တမ်ိဳးလံုးတေဆြလံုးကို ဒုကၡေရာက္သြားမယ္ဆိုတာ ဒီၿမိဳ႕ကလူေတြ အားလံုး သိေနၾကတယ္။
သူတို႔ဟာ ဂြမ္ဂ်ဴးၿမိဳ႕ရဲ႕ အခ်မ္းသာဆံုး လူမိုက္ေတြေပါ့.....။
ဒီလိုနဲ႔....သူတို႔ အုပ္စုလိုက္ မုဒိန္းက်င့္တဲ့သတင္းဟာ တိုးတိုးတိတ္တိတ္ ပ်ံ႕နံွ႕လာခဲ့တယ္။ MBC ဆိုတဲ့ ကိုးရီးယား ႐ုပ္ျမင္သံၾကားဌာနအထိေရာက္သြားတယ္။ လူမႈေရးအဖြဲ႕အစည္းအခ်ိဳ႕နဲ႔ ႐ုပ္ျမင္သံၾကားအဖြဲ႕က တိတ္တဆိတ္ေထာက္လွမ္းခဲ့ေနၾကတယ္။
သူတို႔ေတြ ရဲတင္းလာၾကတယ္။ဒုကၡရင္ဆိုင္ရရင္ အသံထြက္ၿပီး မေအာ္ႏိုင္တဲ့ ဒုကၡိတေလးေတြမို႔ ဆရာေတြသာမက အလုပ္သမားေတြကပါ မုဒိန္းက်င့္လာၾကတယ္။
ဒီအဓမၼမႈ စၿပီးေပါက္ၾကားခဲ့တာ ၂၀၀၀ ခုႏွစ္ပါ..ဘယ္သူမွ ဘာမွမတတ္ႏိုင္ခဲ့တာ ၂၀၀၅ ႏွစ္အထိေရာက္ခဲ့ပါတယ္။
ဪ....၅ ႏွစ္....။
ဆရာ ဆိုတဲ့ အေရျခဳံၿပီး ဆြံ ့အ နားမၾကားတဲ့ ဒုကၡိတေလးေတြကို လိုရာသံုးၿပီ...။
အမ်ိဳးမ်ိဳးနွိပ္စက္ၾကၿပီ ....။
လူယုတ္မာတို႔ ေျမနိမ့္ရာလွံစိုက္ၾကေလျပီ။
********************
ဆြံ ့အ နားမၾကား ကေလးမေလး
တေယာက္ဟာ ကိုယ္ဝန္ရွိလာတယ္။သူတို႔ဟာ ကေလးမေလးကို ေဆး႐ုံေခၚသြားၿပီး ကေလးဖ်က္ခ်လိုက္တယ္...။
"ဟုတ္ၿပီ...ဒါဟာ သက္ေသဘဲ။ ေဆးမွတ္တမ္းရွိေနတယ္" ...။
႐ုပ္ျမင္သံၾကား (MBC) မွစံုစမ္းေရး အဖြဲ႕နဲ႔ ကူညီသူတခ်ိဳ႕ဟာ ေက်ာင္းသူေလး ေသာက္ရတဲ့ေဆးစာရြက္ကို သက္ေသခံအျဖစ္ ေသခ်ာသိမ္းလိုက္ပါေတာ့တယ္။
*******************
၂၀၀၅ ခုႏွစ္မွာ ကိုးရီးယား MBC အသံလြင့္႐ုံမွ သတင္းေၾကျငာလိုက္ပါတယ္။
"ဂြမ္ဂ်ဴးၿမိဳ႕ အင္ဟြ ဆြ႕ံအနားမၾကားေက်ာင္းမွာ မုဒိန္းမႈေတြျဖစ္ပြားေနေၾကာင္း သတင္းရရွိပါတယ္။"
တိုင္းျပည္က သိသြားေတာ့တယ္။ လူထုက ဆႏၵျပၾကတယ္။ သမၼတက အထူးေထာက္လွမ္းေရးအဖြဲ႕ဖြဲေစၿပီး စံုစမ္းမႈကို စတင္ခဲ့ပါတယ္။
ဆင္းရဲလို႔ ေရွ႕ေနမငွားႏိုင္တဲ့ ဆြံ ့အ နားမၾကားမိသားစုေတြကို အစိုးရေရွ႕ေနေတြကကူညီၾကတယ္။
မုဒိန္းက်င့္ခံရတဲ့ မိန္းကေလး ၉ ေယာက္က တရားလိုအျဖစ္ တရားဆိုင္ပါတယ္။ ဒီ ၉ ေယာက္ကလြဲၿပီး က်န္တဲ့ မိန္းကေလးနဲ႔ ေယာက်ာ္းေလးေတြကေတာ့ အေၾကာက္လြန္ၿပီးမလိုက္ရဲပါဘူး။ တခ်ိဳ႕ကလဲ မိသားစုလိုက္ ပိုက္ဆံေပး ၿခိမ္းေျခာက္ထားျခင္းခံရလို႔ ဘယ္လို ေခၚေခၚမလိုက္ရဲၾကဘူး။
တဖက္က အင္ဟြေက်ာင္းမွ ေက်ာင္းဆရာမ်ား အလုပ္သမား စုစုေပါင္း ၆ ေယာက္ကို တရားခံအျဖစ္နဲ႔ တရား ဆိုင္ခဲ့ပါတယ္။
************
တရားလို မိန္းကေလးတေယာက္က အဆိုတခုတင္သြင္းလိုက္တယ္။
"က်မကို ဘယ္ေန႔ ဘယ္ရက္ ဘယ္အခ်ိန္ ဘယ္ေနရာမွာ မုဒိန္းက်င့္ခံခဲ့ရတယ္။"
"သမီးကို မုဒိန္းက်င့္တာ ဘယ္သူလဲ"
စကားမေျပာႏိုင္တာေၾကာင့္ သူမဟာ တရားခံကို လက္ၫႈိးထိုးၿပီး ျပလိုက္တယ္။
အင္ဟြဖက္က ေရွ႕ေနက ေက်ာင္းမွတ္တမ္းကို လွန္ၾကည့္လိုက္တယ္။
"ဒီကေလးမဟာ ဒီအခ်ိန္မွာ ဘယ္သူ ဘယ္ဝါနဲ႔ ထမင္းစားေနခဲ့ပါတယ္။ ဒါဟာ လိမ္တာပါ...။"
ဒီလို .....
ဒီလို .....
ဒီလို.......နဲ႔ အစစ အရာရာ ေစ့ေစ့စပ္စပ္ ႀကိဳတင္ျပင္ဆင္ထားတဲ့ ေၾကာင္သူေတာ္အုပ္ စုဟာ ဆြံ ့အ နားမၾကားတဲ့ကေလးေတြကိုတရား ခြင္မွာ အႏိုင္ယူခဲ့ျပန္တယ္။ ဒုကၡိတ ကေလးေတြ တရားရႈံးပါတယ္။
**************
ဒီသတင္းၾကားတဲ့ အသက္ ၇၁ႏွစ္အရြယ္ အင္ဟြေက်ာင္းမွ ေက်ာင္းဆရာေဟာင္းတေယာက္က မခံစားႏိုင္ေတာ့ၿပီေလ...။ သူဟာအစိုးရေရွ႕ေနကို ဆက္သြယ္လာပါတယ္။
"၁၉၆၄ ခုႏွစ္ကပါခင္ဗ်ာ။ သူတို႔လႈိ ့ဝွက္ခ်က္ကိုသိေနတဲ့ က်ေနာ့္ကို ေက်ာင္းအုပ္ႀကီးနဲ႔ သူ႔ညီက က်ေနာ့္ကို ႐ိုက္ႏွက္ၿပီး ေက်ာင္းကထုတ္ပစ္တယ္... ၿခိမ္းေျခာက္မႈေတြကိုလဲ ဆက္တိုက္လုပ္ခဲ့ပါတယ္။"
"လႈိ ့ဝွက္ခ်က္က ဘာလဲခင္ဗ်ာ?" ေရွ႕ေနကေမးလိုက္တယ္။
" ေက်ာင္းအုပ္ႀကီးတို႔ ညီအကိုဟာ ဒီဓာတ္ပံုထဲမွာပါတဲ့ ဆြံ ့အ နားမၾကား ေက်ာင္းသားေလး (အသက္ ၇ ႏွစ္) ကို ႐ိုက္ႏွက္ၿပီး အစာလံုးဝမေကြ်းဘဲ ေသတဲ့အထိ အခန္းထဲ ထည့္ထားခဲ့တယ္။ အစာငတ္ၿပီးေသသြားေတာ့ေျမျမဳပ္လိုက္ပါတယ္။
ေနာက္ထပ္ ၆ လအၾကာ က်ာင္းသူမေလးကို အစားငတ္ထားၿပီး အခန္းထဲ ေသတဲ့အထိ ထည့္ေလွာင္ခဲ့ပါတယ္ ..။အသက္ ၆ ႏွစ္အရြယ္ ကေလးမေလးဟာ ဗိိုုက္ဆာလြန္းလို႔ နံရံမွာကပ္ထားတဲ့ စကၠဴေတြကို ခြာစားခဲ့တာ က်ေနာ္ ေတြ႕ပါတယ္။ သူတို႔ကို လူသတ္မႈနဲ႔တရားစြဲေပးပါခင္ဗ်ား"
ဒီဟာလဲ သက္ေသမခိုင္လံုလို႔ အပယ္ခ်ခံခဲ့ရတယ္။
*****************
ေနာက္ဆံုးေတာ့ တရားလိုရဲ႕ ေရွ႕ေနဟာ ေနာက္ဆံုး ဝွက္ဖဲကိုခ်ျပလိုက္တယ္။
"ကေလမဟာ ကိုယ္ဝန္ဖ်က္ခ်ခဲ့ပါတယ္။ ဒါကေတာ့ အဲဒိေန႔က သူေသာက္ခဲ့တဲ့ေဆး စာရြက္ပါ။"
ေနာက္တပတ္က်ေတာ့ ကိုယ္ဝန္ဖ်က္ခ်ခဲ့တဲ့ ဆရာဝန္ အစစ္ခံရပါတယ္။
ဆရာဝန္က ေဆးမွတ္တမ္းႏွင့္တကြ သက္ေသျပၿပီးထြက္ဆိုလိုက္ပါတယ္။
"ဘယ္ ကိုယ္ဝန္မွ က်ေနာ္ဖ်က္မခ်ခဲ့ပါဘူးခင္ဗ်ာ။ ေနမေကာင္းလို႔ အကိုက္အခဲေပ်ာက္ေဆးေပးခဲ့တာပါ။"
**************
မုဒိန္းမႈဆိုတဲ့ ႀကီးေလးတဲ့အမႈႀကီးကို တရားခံဘက္က ေခ်ဖ်က္ႏိုင္ခဲ့တယ္။ ကေလးမ်ားကို နွိပ္စက္မႈ.. စိတ္နာက်င္ေအာင္ ျပဳလုပ္မႈ စသည္ စသည္ျဖင့္...တရားခံ ၆ ေယာက္ထဲက ၂ ေယာက္ကေတာ့ ဂြမ္ဂ်ဴးၿမိဳ႕ထဲက အျပင္မထြက္ခြင့္ (အက်ယ္ခ်ဳပ္)နဲ႔ ေထာင္ ရွစ္လသာက်ခဲ့ပါတယ္။အမႈက ၈ လေက်ာ္ၾကာခဲ့တာေၾကာင့္ ေခ်လိုက္ၿပီးအက်ယ္ခ်ဳပ္ေတာင္ တရက္ေတာင္မွမက်ခဲ့ပါဘူး။
ေက်ာင္းအုပ္ဆရာႀကီး ( သားအႀကီးဆံုးက ) အလုပ္ၾကမ္းနဲ႔ေထာင္ဒါဏ္ ၅ ႏွစ္ (သို႔)ဒါဏ္ ေငြ သံုးသန္း ...။ သူဟာ ဒါဏ္ေငြေပးေဆာင္ႏိုင္သျဖင့္ ေထာင္ထဲမွာမေနခဲ့ရပါ။
က်န္သူေတြ ကေတာ့ ၁ႏွစ္ေတာင္မျပည့္တဲ့ ေထာင္ဒဏ္ဘဲရခဲ့ပါတယ္။
ျပည္သူေတြထပ္ၿပီးဆႏၵျပခဲ့ပါတယ္။
အယူ ခံလံုးဝ ထပ္မရေတာ့ပါ။
*******************
ဒီအဓမၼအမႈဟာ မ်ားစြာေသာ ကိုးရီးယားျပည္သူေတြကို မ်က္ရည္က် နာက်င္ေစပါတယ္။အမွန္တရားကိုလိုလားတဲ့ ျပည္သူေတြဟာ ဆြံ ့အနားမၾကား ဒုကၡိတ ေက်ာင္းသူေက်ာင္းသားေလးေတြ ဒီလို စိတ္ဓာတ္ အ႐ိုက္ခ်ိဳးခံလိုက္ရတာကို ဝမ္းနည္းၾကပါတယ္။
သူတို႔ဟာ ဘယ္လိုမွ အယူခံမရ ေနာက္ဆံုးမွာ ဒီအျဖစ္အပ်က္အမွန္ကို ႐ုပ္ရွင္ကတဆင့္ ကမ႓ာသိေအာင္လုပ္ဖို႔ ဆံုးျဖတ္ခဲ့တယ္။
ကဲ...
ဒီႏိုင္ငံ မရွက္တတ္ရင္...
ဒီႏိုင္ငံ တရားမစီရင္တတ္ရင္...
ကမ႓ာက တရားစီရင္လိမ့္မယ္.....။
******************
၂၀၁၁ ခုႏွစ္
ဆြံ ့အ နားမၾကားကေလးေတြရဲ႕ နာက်င္မႈကို ကိုယ္စားျပဳၿပီး "도가니" လို႔ အမည္ေပးထားတဲ့႐ုပ္ရွင္ကိုဖန္တီးခဲ့တယ္။
ဒီ႐ုပ္ရွင္ကို "Silenced" လို႔လူသိမ်ားပါတယ္။ ဒီ႐ုပ္ရွင္ထြက္လာတဲ့အခါ ...၆ ႏွစ္ၾကာခဲ့ၿပီမို႔ ေမ့ေပ်ာက္သေလာက္ျဖစ္ေနတဲ့ ျပည္သူေတြရဲ႕နာက်ည္းခ်က္ဟာ ျပန္လည္ရွင္သန္ခဲ့တယ္။ လူထုအံုႂကြမႈျဖစ္ေပၚခဲ့တယ္။
ဒီ႐ုပ္ရွင္ထြက္ၿပီး၂ လအၾကာ....
အျပစ္မရွိသလို ဟန္မပ်က္ဆက္ဖြင့္ထားတဲ့ အင္ဟြ ေက်ာင္းႀကီးကို သူတို႔ေတြ ပိတ္ခဲ့ရပါတယ္။
တရား႐ုံးမွာ အမႈျပန္လည္ဖြင့္ခြင့္ရခဲ့ပါတယ္။၂၀၁၂ ခုႏွစ္မွာ အသက္ ၆၃ ႏွစ္အရြယ္ရွိတဲ့ အုပ္ခ်ဳပ္ေရမႈး( ဥကၠ႒ရဲ႕ ဒုတိယေျမာက္သား ) ဟာ ၁၈ ႏွစ္မိန္းကေလးကို မုဒိန္းက်င့္တယ္ဆိုတာ ထပ္ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ေထာင္ဒါဏ္ ၁၂ႏွစ္က်ခဲ့ပါတယ္။
ဒီျဖစ္ရပ္မွာ ေတာင္ကိုးရီးယားတို႔ရဲ႕ ငံု႔မခံတတ္တဲ့ စိတ္ဓာတ္နဲ႔စည္းလံုးမႈဟာ ကမ႓ာက ခ်ီးက်ဴး အသိအမွတ္ျပဳရပါတယ္။
*******************
🌟အဓမၼမႈဆိုတာ ႏိုင္ငံတိုင္းမွာရွိေနတယ္။🌟
ကံဆိုးလို႔ ေမြးရာပါ စကားမျပာႏိုင္တဲ့....
အသံထြက္ၿပီး ေအာ္ဟစ္ အကူအညီမေတာင္းႏိုင္တဲ့ ......
ဆင္းရဲတဲ့ ကေလးတို႔ရဲ႕ နာက်င္မႈေတြ...
မ်က္ရည္ေတြဟာ ကာလၾကာရွည္စြာ လစ္လ်ဴရႈျခင္းကို ခံခဲ့ရတယ္...။
ဘဝ နိမ့္က်တဲ႔သူတို႔ေလးေတြကို ႏွစ္ေပါင္းမ်ားစြာ လိင္ကၽြန္အျဖစ္ဆက္ဆံခဲ့သူေတြဟာ ဂုဏ္သေရရွိ...လူခ်မ္းသာ...ေက်ာင္းဆရာဆိုတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ အမွန္တရားရဲ႕ပါးစပ္ကို ႏွစ္ေပါင္းမ်ားစြာပိတ္ထားႏိုင္ခဲ့တယ္...။
စကားမေျပာတတ္တဲ့ ကေလးမ်ားဟာ ဘဝေပးအေျခအေနအရ စကားမေျပာတတ္ျခင္းျဖစ္ေပမဲ့ စကားေျပာတတ္တဲ့ လူ႔ေဘာင္ေလာကႀကီးကလည္း ဂုဏ္ရွိန္ဝါ ေငြေၾကးတို႔ရဲ႕ ဖိႏွိပ္မႈေအာက္မွာ အ, ေနခဲ့ၾကတယ္....။
ေငြေၾကးေၾကာင့္ ပါးစပ္ပိတ္ အ, ေနျခင္းဟာ သူရဲေဘာေၾကာင္ၿပီး ရွက္စရာေကာင္းလြန္းတယ္ဆိုတာကို မသိခ်င္ေယာင္ေဆာင္ေနတဲ့သူေတြရွိသလို .....ဂုဏ္ရွိန္ဝါမ်က္ႏွာဖံုးေအာက္မွာ ယုတ္ညံ့တာေတြလုပ္ေနတဲ့ လူႀကီးလူေကာင္းအမည္ခံေတြကလည္း သူတို႔ရဲ႕ ယုတ္မာမႈကို တန္ခိုးၾသဇာျပည့္စံုျခင္းလို႔ထင္ၿပီး မာန္တက္ေနၾကေလရဲ႕...။
ဒီလူေတြအတြက္ ဆင္းရဲသား လူတန္းစားေတြဟာ ဘယ္အခ်ိန္အထိ စေတးေနရမွာပါလဲ..!?
က်မတို႔ ျမန္မာႏိုင္ငံမွာလည္း အႏွစ္ ၅၀လံုးလံုး ...အခုထက္ထိ...အဓမၼမႈႈေတြ အလြန္မ်ားလြန္းလို႔ ေခါက္႐ိုးက်ိဳးသလိုေတာင္ျဖစ္ေနပါၿပီ...။ဒါအတြက္ က်မတို႔ ဘာလုပ္ၾကမလဲ...?
က်မတို႔လဲေတာင္ကိုးရီးယားႏိုင္ငံရဲ႕ ေကာင္းေသာအခ်က္ေတြကို အတုယူရပါမယ္...။ဒါေတြကေတာ့....
🌟စည္းလံုးညီၫြတ္မႈ...။
🌟မတရားမႈကို ငံု႔မခံပဲ ရဲရင့္မႈ..။
🌟တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုင္းပင္းကူညီၿပီးျပည္သူအခ်င္းခ်င္း အကာအကြယ္ေပးမႈ..။
ေငြေၾကးေၾကာင့္ ပါးစပ္ပိတ္ၿပီး အ, ေနျခင္းမွ အျမန္ဆံုးႏိုးထၿပီး အမွန္တရားပါးစပ္မ်ား ရဲရဲဝင့္ဝင့္ ပြင့္ႏိုင္ဖို႔ လိုအပ္ပါတယ္...။
မတရားမႈတစ္ခုျဖစ္ပြားျခင္းဟာ ကိုယ္နဲ႔တိုက္႐ိုက္မသက္ဆိုင္ရင္ေတာင္ လူသားမ်ိဳးႏြယ္တစ္ဦးအေနနဲ႔ တာဝန္ရွိတယ္လို႔သာ ခံယူလာႏိုင္မယ္ဆိုရင္ေတာ့ အဓမၼဝါဒီမ်ား သက္ဆိုးမရွည္ႏိုင္ၾကလိမ့္ဘူးလို႔ ေမွ်ာ္လင့္မိေၾကာင္းပါ...။
မေရႊမိုး(ကိုရီးယား)
ဇြန္လ ၃၀ ရက္ ၂၀၁၇

===============

တောင်ကိုးရီးယားမှ အရက်စက်ဆုံး မုဒိမ်းမှု...(2000-2005)
*******************
အဲဒီ အခင်းဖြစ်ပွားတဲ့နေရာကတော့ ကျမ(စာရေးသူ) အခုနေတဲ့ ဂွမ်ဂျူးဆိုတဲ့မြို့လေးမှာပေါ့။
အင်ဟွလို့အမည်ရှိတဲ့ ဆွံ့နားမကြား ပုဂ္ဂလိက ကျောင်းကို သူတို့ ၁၉၆၁ ခုနှစ်မှာစတည်ထောင်ခဲ့ကြတယ်။
အခင်းဖြစ်ပွားတဲ့ ၂၀၀၀ ခုနှစ်မှာ ဒီကျောင်းရဲ့ပိုင်ရှင် ( ဥက္ကဋ္ဌ) ကတော့ ဒီကျောင်းကြီးကို စတင်တည်ထောင်သူရဲ့ သားမက်ဖြစ်ပါတယ်။
***************
"ဆရာမ ကျမပြောစရာရှိလို့ပါ "
သူမ ချုံးပွဲချပြီးငိုတယ်။ ဆရာမက အားပေးလိုက်တယ်။ ဆွံ ့အနားမကြား ဘာသာဖြစ်တဲ့ လက်ဟန်ခြေဟန်နဲ့ သူမ စ ပြောပါတော့တယ်။
"ဆရာက ကျမကို ထမင်းစားဖိတ်တယ်။ ဆရာ့မိသားစုနဲ့ ကျမ ညစာအတူစားပါတယ်။ ကျမကို အဆောင်မပြန်ဘဲ ဆရာ့အိမ်မှာဘဲ အိပ်ဖို့ဆရာကပြောတယ်....။ကျမ ဆရာ့အိမ်ထဲက အခန်းလွတ်တခုမှာ အိပ်ပါတယ်။ မနက်မိုးလင်းတော့ ဆရာ့မိသားစုဝင်တွေ တာဝန်ကိုယ်စီနဲ့ အပြင်ထွက်သွားကြပါတယ်။ ဆရာက ကျမကို
.... ဟို....
....မုဒိန်းကျင့်ပါတော့တယ်။"
ဆရာမဟာ ခေါင်းနပန်းကြီးသွားတယ်။ ဒီကျောင်းကိုပြောင်းလာတာ မကြာသေး ပြဿနာကစပြီလား....!
"သမီး တခါလောက် ဆရာမကိုထပ်ပြောပြနိုင်မလား?" ... ထပ်ခါထပ်ခါမေးမိတယ်။
***********
ဆရာမ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတယ်...အထိတ်တလန့်နဲ့ သူ့လုပ်ဖေါ်ကိုင်ဖက် ဆရာမကို သွားပြောလိုက်တယ်။
"အရေးကြီးတယ်ရှင့်။ '---- 'ဆိုတဲ့ကျောင်းသူလေး မုဒိန်းကျင့်ခံရတယ်။ အဖြစ်က ဒီလိုတဲ့......။ ကျမတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ?။"
လုပ်ဖော်ကိုင်ဖက်ဆရာမဟာ မကြားသလိုနဲ့ အခြားဖက်လှည့်ထွက်သွားတယ်။
ဟင်... ဘာလဲဟ....!
ဆရာမဟာ နောက်တယောက်ဆီထပ်သွားပြီး ဒီအကြောင်းကိုထပ်ပြောလိုက်တယ်။
"ဪ... ဒါလား။ ဆရာမက မသိသေးလို့ ....ကလေးတွေက စိတ်သိပ်မနှံ ့ဘူးဗျ"
ကျောင်းဆရာက ကော်ဖီ အသောက်တောင် မပျက်...။
***********
တချို့ ဆွံ ့အနားမကြားတဲ့ကလေးဟာ အထက်တန်း အောင်သွားပေမဲ့ မိဘမဲ့တွေဆိုတော့ ကျောင်းဝန်းထဲက အဆောင်မှာ ဆက်နေကြပြီး အစိုးရက ပေးတဲ့ အလုပ်လုပ်ကြရတယ်....သူတို့ တပတ်တခါတွေ့ကြ... ထမင်းအတူစားကြနဲ့ ...သူတို့ ကမ႓ာလေးကိုဖန်တီးထားကြတယ်။
ဒီအုပ်စုထဲကကျောင်းသားဟောင်းကြီး တယောက်က ကျန်တဲ့သူငယ်ချင်းတွေကို လက်ဟန်ခြေဟန်နဲ့ ပြောလိုက်တယ်။
"ညနေ ကျောင်းဆင်းချိန် ကျွန်တော် အဆောင်ဘက်ကိုသွားရင်း ဆရာက အလယ်တန်း ကျောင်းသူမလေးကို မုန့်တထုပ်ပေးလိုက်တာကို တွေ့လိုက်ရတယ်။ ပြီးတော့ ကျောင်းသူလေးကို ကျောင်း အပေါ်ထပ် ၂ထပ်ကိုခေါ်သွားတယ်။ ကျနော်က မသင်္ကာလိုလိုက်ကြည့်တော့ဗျာ ...........မဖွယ်မရာ...............
ရက်စက်လိုက်တာ......"
ကျောင်းသားကြီးဟာ ယောက်ျားတန်မဲ့ငိုတယ်...။
***********
ဆွံ ့အနေတဲ့ ဒုက္ခိတ သမီးလေးဟာ အမေ့ကို လက်ဟန် ခြေဟန်နဲ့ အမေကိုတောင်းပန်နေတယ်...။
"အမေ ... သမီးကျောင်းမသွားပါရစေနဲ့..."
အမေက လက်ဟန်ခြေဟန်နဲ့ ပြန်ပြောတယ်...။
"သမီးရယ် အမေ အလုပ်သွားရတော့မယ်။ အမေ အလုပ်လုပ်မှ သမီးကို ထမင်းကျွေးနိုင်မယ်....။ သမီးရေ..ကျောင်းမှာ သိုးမွှေးထိုးတာ သေချာသင်နော်...."
အမေရယ်.... သမီးအတွက် ဒီကျောင်းဟာ ငရဲပြည်ပါဘဲ...သူမတွေးရင်းနဲ့ မျက်ရည်ကို တိတ်တဆိတ်သုတ်လိုက်တယ်။ သမီးဟာ အမေစိတ်ဆင်းရဲမှာစိုးလို့ မပြောရက်တော့ဘဲ ကျောင်းသွားလိုက်တယ်။
***********
နင်မျက်နှာလဲ မကောင်းပါလား။ ဘာဖြစ်လို့လဲ...လို့မေးလိ်ုက်တော့ သူငယ်ချင်းက
"သန့်ရှင်းရေးလုပ်တဲ့နေ့တိုင်း ဆရာကြီးက......အဓမ္မကျင့်တယ်.....
ငါကြောက်လိုက်တာ ...ငါ ဘဝပျက်နေပြီ..."
***********
"အန်တီရယ်...ကျမက စာညံ့တယ်။ စာမေးပွဲမှာ အမှတ်နည်းရင် ဆရာကကျမကို........အဓမ္မ.....
ဒါအပြစ်ပေးတာလို့ ပြောတယ်..။ ကျမ ဒီအကြောင်း အမေ့ကို ပြောရင် သတ်ပစ်မယ်တဲ့... အန်တီတို့ လူမှုရေးအဖွဲ့က ကျမကိုကယ်ပါ "
***********
"ဆရာမ....ကျမ မောင်လေးကို......မဖွယ်မရာ.....
ကယ်ပါ..."
***********
"ဦးဦး...တနေ့က ဆရာက ခေါ်လို့ ကျမဆရာ့ရုံးခန်းထဲသွားတော့....ဆရာက သော့ပိတ်လိုက်တယ်....ပြီးတော့ ...ကျမကို မုဒိန်းကျင့်ပါတယ်....... "
***********
"ဆရာမ ...အလုပ်သမားမိန်းမတွေ အဝတ်လျှော်စက်ထဲရေထည့်ပြီးကျမကိုထည့်လှည့်တယ်။ ကျမမူးပြီး နှာခေါင်းကသွေးတွေထွက်လာတယ်။ ပြီးတော့ သူတို့ရယ်မောကြတယ်။ ဆရာနဲ့ကိစ္စကို အမေကိုပြန်ပြောရင် ပိုလုပ်မယ်တဲ့"
ဒီအသံတွေဟာ...မုဒိန်းကျင့်ခံရတဲ့ကလေးတွေကို အင်တာဗျူးထားတာတွေ ဖြစ်ပါတယ်....။
*****************
ဟိုဆရာက ဒီကလေးတွေ အားလုံး ဘဲ စိတ်မနှံ့နေသလိုလို.....။ ဘုရား ဘုရား ဒီကျောင်းထဲမှာ ကမ႓ာပျက်နေပါရော့လား....။ ဆရာမဟာ ပူလောင်စွာနဲ့ ငိုရတယ်။
ကြောက်လဲကြောက်တယ်။ ဒီမှာရှိတဲ့ ဆရာတွေ အားလုံးက သူမထက် အရင်စောရောက်သူတွေ...လုပ်သက်ရင့်သူတွေကိုး...အထက်အရာရှိတွေကိုး။
နောက်ဆုံးတော့ မခံမရပ်နိုင်ဖြစ်နေတဲ့ ဆရာမဟာ ကျောင်းအုပ်ကြီး ရုံးခန်းထဲဝင်သွားတော့တယ်။
အင်း.. ကျောင်းအုပ်ကြီးကတော့ အမှန်တရားမြတ်နိုးပြီး တည်ကြည်တဲ့ပုံပေါက်တယ်...။
မျော်လင့်ချက်ရှိပါသေးတယ်။
"ဆရာကြီး... ကျမ တပည့်တွေကိုကယ်ပါ။ ကျောင်းထဲမှာ မုဒိန်းကျင့်မှုတွေဖြစ်ပွားနေပါတယ်။ ကျမသိရသလောက် ၁၂ ယောက်ရှိပါပြီ။ ကယ်ပါ.."
ကျောင်းအုပ်ဆရာကြီးက ဆရာမကို စကားမပြောဘဲ တခဏတာစိုက်ကြည့် နေလိုက်တယ်။ ဆရာမ က အားကိုးတကြီး ပြန်ကြည့်လိုက်တယ်။ ဆရာကြီးကတလုံးချင်းပြောလိုက်တယ်။
"ခွေးမ...။ ငါ့ကို လာပြောရဲတဲ့ သတ္တိက နည်းတာမှမဟုတ်ဘဲ။ အဲဒါများငါ့လာပြောနေရလား? ရဲသွားတိုင်လေ ..."
"ဟင်..?"
"ရဲသွားတိုင်လေ။ ဒါမှ နင့်ကို ငါက အသရေဖျက်မှုနဲ့ ထောင်ထဲထည့်လို့ရမှာ..။ ကျက်သရေတုံးလိုက်တာ...အခန်းထဲကထွက်သွားစမ်း..." ။
ဆရာမဟာ ချက်ချင်း အလုပ်ဖြုတ်ခံရတယ်။
သူမဟာ အိမ်မက်ဆိုးကြီးထဲရောက်နေသလိုတုန်လှုပ်နေခဲ့တယ်။ ဒီကလေးတွေကို မျက်နှာလွဲခဲပစ် ဘယ်လိုထားခဲ့ရပါ့မလဲ...?
***************
ဒီဆွံ ့အနားမကြား ကျောင်းက အဲဒီအချိန်က ကျောင်းအုပ်ဆရာကြီးက ကျောင်းပိုင်ရှင်ဥက္ကဋ္ဌရဲ့ သားအကြီးဆုံး။
ဒီကျောင်းက အုပ်ချုပ်ရေးမှုးက ဒုတိယမြောက်သား။
ဒီကျောင်းက ဆရာ/ဆရာမ ခန့်ခွဲရေးလုပ်တဲ့တဲ့ ကျောင်းဆရာများခေါင်းဆောင်ကလဲ သူတို့အမျိုး။
အလုပ်သမားတွေကလဲ သူတို့နဲ့ ဆွေမျိုးနီးစပ်တွေ...။
**************
ဆွံ့နားမကြားကျောင်းက ကလေးတွေဟာ စက်ရုပ်တွေလို မသိကျိုးကျွန်ပြုနေကြတဲ့ ဆရာ ဆရာမ အဟောင်းတွေကိုအကူအညီတောင်းမိရင် နောက်တနေ့ ထိုထက်ဆိုးသော အဖြစ်များကြုံတွေ့ရတာကြောင့်... ဆရာမ အသစ်နဲ့ လူမှုရေးအသင်းတွေကိုလာပြောနေကြတာဘဲဖြစ်တယ်။
ဆွံ ့အနားမကြားကလေးတို့ရဲ့ မိသားစုတွေဟာ များသောအားဖြင့် ဆင်းရဲကြတယ်။ မိဘတွေကပါ ဒုက္ခိတတွေမို့ စီးပွားရေး မပြေလည်ကြသူတွေများပါတယ်။ သားသမီးများကို ဂရုမစိုက်နိုင်ပါ။ ကလေးများကလဲ ကြောက်လန့်၍ မိဘများကို မပြောကြပါ...။
***************
ဆရာမဟာ ရဲစခန်းကိုလဲ သွားပြောခဲ့ဖူးပါတယ်။
"ဪ... ဟုတ်ကဲ့... သက်သေခံအထောက်အထားမရှိဘဲ ဒီလို ဂုဏ်သရေရှိတဲ့ လူကြီးမင်းတွေကို မေးမြန်းဖို့ဆိုတာ ဥပဒေအရ မဖြစ်နိုင်ပါဘူး။"
ကျန်တဲ့ ဆရာဆရာမတွေရော ပါးစပ်ပိတ် အခြိမ်းခြောက်ခံနေရပုံဘဲ။ ဆရာမနဲ့ ပရဟိတလူမှုရေး အသင်းတွေ.. ကလေးစောင့်ရှောက်ရေးအသင်းတွေဟာကူညီဖို့ကြိုးစားပေမဲ့ အချည်းနှီးပါ။
********************
ဒီဂွမ်ဂျူးမြို့လေးမှာ သူတို့ကိုလှန်ရဲသူမရှိ။ ထောက်လှမ်းရေးအထိ တက်ပြောလဲမထူးခြား....။
တာဝန်ရှိသူတွေဟာ သူတို့နာမည်ကြားလိုက်တာနဲ့ နားပင်းချင်ယောင်ဆောင်နေကြတယ်။
အမှန်တော့ သူတို့ဟာ အရမ်းချမ်းသာတာတာမို့ သူ့တို့ပိုက်ဆံတွေနဲ့ အားလုံးကိုလွှမ်းမိုးထားတာဖြစ်ပါတယ်။ သူတို့ဟာ သွေးအေးရက်စက်သူတွေအဖြစ် နာမည်ကြီးသူများလဲဖြစ်လို့ တမြို့လုံးကကြောက်ကြပါတယ်။
သူတို့ကိုထိရင် တမျိုးလုံးတဆွေလုံးကို ဒုက္ခရောက်သွားမယ်ဆိုတာ ဒီမြို့ကလူတွေ အားလုံး သိနေကြတယ်။
သူတို့ဟာ ဂွမ်ဂျူးမြို့ရဲ့ အချမ်းသာဆုံး လူမိုက်တွေပေါ့.....။
ဒီလိုနဲ့....သူတို့ အုပ်စုလိုက် မုဒိန်းကျင့်တဲ့သတင်းဟာ တိုးတိုးတိတ်တိတ် ပျံ့နှံ့လာခဲ့တယ်။ MBC ဆိုတဲ့ ကိုးရီးယား ရုပ်မြင်သံကြားဌာနအထိရောက်သွားတယ်။ လူမှုရေးအဖွဲ့အစည်းအချို့နဲ့ ရုပ်မြင်သံကြားအဖွဲ့က တိတ်တဆိတ်ထောက်လှမ်းခဲ့နေကြတယ်။
သူတို့တွေ ရဲတင်းလာကြတယ်။ဒုက္ခရင်ဆိုင်ရရင် အသံထွက်ပြီး မအော်နိုင်တဲ့ ဒုက္ခိတလေးတွေမို့ ဆရာတွေသာမက အလုပ်သမားတွေကပါ မုဒိန်းကျင့်လာကြတယ်။
ဒီအဓမ္မမှု စပြီးပေါက်ကြားခဲ့တာ ၂၀၀၀ ခုနှစ်ပါ..ဘယ်သူမှ ဘာမှမတတ်နိုင်ခဲ့တာ ၂၀၀၅ နှစ်အထိရောက်ခဲ့ပါတယ်။
ဪ....၅ နှစ်....။
ဆရာ ဆိုတဲ့ အရေခြုံပြီး ဆွံ ့အ နားမကြားတဲ့ ဒုက္ခိတလေးတွေကို လိုရာသုံးပြီ...။
အမျိုးမျိုးနှိပ်စက်ကြပြီ ....။
လူယုတ်မာတို့ မြေနိမ့်ရာလှံစိုက်ကြလေပြီ။
********************
ဆွံ ့အ နားမကြား ကလေးမလေး
တယောက်ဟာ ကိုယ်ဝန်ရှိလာတယ်။သူတို့ဟာ ကလေးမလေးကို ဆေးရုံခေါ်သွားပြီး ကလေးဖျက်ချလိုက်တယ်...။
"ဟုတ်ပြီ...ဒါဟာ သက်သေဘဲ။ ဆေးမှတ်တမ်းရှိနေတယ်" ...။
ရုပ်မြင်သံကြား (MBC) မှစုံစမ်းရေး အဖွဲ့နဲ့ ကူညီသူတချို့ဟာ ကျောင်းသူလေး သောက်ရတဲ့ဆေးစာရွက်ကို သက်သေခံအဖြစ် သေချာသိမ်းလိုက်ပါတော့တယ်။
*******************
၂၀၀၅ ခုနှစ်မှာ ကိုးရီးယား MBC အသံလွင့်ရုံမှ သတင်းကြေငြာလိုက်ပါတယ်။
"ဂွမ်ဂျူးမြို့ အင်ဟွ ဆွ့ံအနားမကြားကျောင်းမှာ မုဒိန်းမှုတွေဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။"
တိုင်းပြည်က သိသွားတော့တယ်။ လူထုက ဆန္ဒပြကြတယ်။ သမ္မတက အထူးထောက်လှမ်းရေးအဖွဲ့ဖွဲစေပြီး စုံစမ်းမှုကို စတင်ခဲ့ပါတယ်။
ဆင်းရဲလို့ ရှေ့နေမငှားနိုင်တဲ့ ဆွံ ့အ နားမကြားမိသားစုတွေကို အစိုးရရှေ့နေတွေကကူညီကြတယ်။
မုဒိန်းကျင့်ခံရတဲ့ မိန်းကလေး ၉ ယောက်က တရားလိုအဖြစ် တရားဆိုင်ပါတယ်။ ဒီ ၉ ယောက်ကလွဲပြီး ကျန်တဲ့ မိန်းကလေးနဲ့ ယောကျာ်းလေးတွေကတော့ အကြောက်လွန်ပြီးမလိုက်ရဲပါဘူး။ တချို့ကလဲ မိသားစုလိုက် ပိုက်ဆံပေး ခြိမ်းခြောက်ထားခြင်းခံရလို့ ဘယ်လို ခေါ်ခေါ်မလိုက်ရဲကြဘူး။
တဖက်က အင်ဟွကျောင်းမှ ကျောင်းဆရာများ အလုပ်သမား စုစုပေါင်း ၆ ယောက်ကို တရားခံအဖြစ်နဲ့ တရား ဆိုင်ခဲ့ပါတယ်။
************
တရားလို မိန်းကလေးတယောက်က အဆိုတခုတင်သွင်းလိုက်တယ်။
"ကျမကို ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာမှာ မုဒိန်းကျင့်ခံခဲ့ရတယ်။"
"သမီးကို မုဒိန်းကျင့်တာ ဘယ်သူလဲ"
စကားမပြောနိုင်တာကြောင့် သူမဟာ တရားခံကို လက်ညှိုးထိုးပြီး ပြလိုက်တယ်။
အင်ဟွဖက်က ရှေ့နေက ကျောင်းမှတ်တမ်းကို လှန်ကြည့်လိုက်တယ်။
"ဒီကလေးမဟာ ဒီအချိန်မှာ ဘယ်သူ ဘယ်ဝါနဲ့ ထမင်းစားနေခဲ့ပါတယ်။ ဒါဟာ လိမ်တာပါ...။"
ဒီလို .....
ဒီလို .....
ဒီလို.......နဲ့ အစစ အရာရာ စေ့စေ့စပ်စပ် ကြိုတင်ပြင်ဆင်ထားတဲ့ ကြောင်သူတော်အုပ် စုဟာ ဆွံ ့အ နားမကြားတဲ့ကလေးတွေကိုတရား ခွင်မှာ အနိုင်ယူခဲ့ပြန်တယ်။ ဒုက္ခိတ ကလေးတွေ တရားရှုံးပါတယ်။
**************
ဒီသတင်းကြားတဲ့ အသက် ၇၁နှစ်အရွယ် အင်ဟွကျောင်းမှ ကျောင်းဆရာဟောင်းတယောက်က မခံစားနိုင်တော့ပြီလေ...။ သူဟာအစိုးရရှေ့နေကို ဆက်သွယ်လာပါတယ်။
"၁၉၆၄ ခုနှစ်ကပါခင်ဗျာ။ သူတို့လှို ့ဝှက်ချက်ကိုသိနေတဲ့ ကျနော့်ကို ကျောင်းအုပ်ကြီးနဲ့ သူ့ညီက ကျနော့်ကို ရိုက်နှက်ပြီး ကျောင်းကထုတ်ပစ်တယ်... ခြိမ်းခြောက်မှုတွေကိုလဲ ဆက်တိုက်လုပ်ခဲ့ပါတယ်။"
"လှို ့ဝှက်ချက်က ဘာလဲခင်ဗျာ?" ရှေ့နေကမေးလိုက်တယ်။
" ကျောင်းအုပ်ကြီးတို့ ညီအကိုဟာ ဒီဓာတ်ပုံထဲမှာပါတဲ့ ဆွံ ့အ နားမကြား ကျောင်းသားလေး (အသက် ၇ နှစ်) ကို ရိုက်နှက်ပြီး အစာလုံးဝမကျွေးဘဲ သေတဲ့အထိ အခန်းထဲ ထည့်ထားခဲ့တယ်။ အစာငတ်ပြီးသေသွားတော့မြေမြုပ်လိုက်ပါတယ်။
နောက်ထပ် ၆ လအကြာ ကျာင်းသူမလေးကို အစားငတ်ထားပြီး အခန်းထဲ သေတဲ့အထိ ထည့်လှောင်ခဲ့ပါတယ် ..။အသက် ၆ နှစ်အရွယ် ကလေးမလေးဟာ ဗိိုုက်ဆာလွန်းလို့ နံရံမှာကပ်ထားတဲ့ စက္ကူတွေကို ခွာစားခဲ့တာ ကျနော် တွေ့ပါတယ်။ သူတို့ကို လူသတ်မှုနဲ့တရားစွဲပေးပါခင်ဗျား"
ဒီဟာလဲ သက်သေမခိုင်လုံလို့ အပယ်ချခံခဲ့ရတယ်။
*****************
နောက်ဆုံးတော့ တရားလိုရဲ့ ရှေ့နေဟာ နောက်ဆုံး ဝှက်ဖဲကိုချပြလိုက်တယ်။
"ကလေမဟာ ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်။ ဒါကတော့ အဲဒိနေ့က သူသောက်ခဲ့တဲ့ဆေး စာရွက်ပါ။"
နောက်တပတ်ကျတော့ ကိုယ်ဝန်ဖျက်ချခဲ့တဲ့ ဆရာဝန် အစစ်ခံရပါတယ်။
ဆရာဝန်က ဆေးမှတ်တမ်းနှင့်တကွ သက်သေပြပြီးထွက်ဆိုလိုက်ပါတယ်။
"ဘယ် ကိုယ်ဝန်မှ ကျနော်ဖျက်မချခဲ့ပါဘူးခင်ဗျာ။ နေမကောင်းလို့ အကိုက်အခဲပျောက်ဆေးပေးခဲ့တာပါ။"
**************
မုဒိန်းမှုဆိုတဲ့ ကြီးလေးတဲ့အမှုကြီးကို တရားခံဘက်က ချေဖျက်နိုင်ခဲ့တယ်။ ကလေးများကို နှိပ်စက်မှု.. စိတ်နာကျင်အောင် ပြုလုပ်မှု စသည် စသည်ဖြင့်...တရားခံ ၆ ယောက်ထဲက ၂ ယောက်ကတော့ ဂွမ်ဂျူးမြို့ထဲက အပြင်မထွက်ခွင့် (အကျယ်ချုပ်)နဲ့ ထောင် ရှစ်လသာကျခဲ့ပါတယ်။အမှုက ၈ လကျော်ကြာခဲ့တာကြောင့် ချေလိုက်ပြီးအကျယ်ချုပ်တောင် တရက်တောင်မှမကျခဲ့ပါဘူး။
ကျောင်းအုပ်ဆရာကြီး ( သားအကြီးဆုံးက ) အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၅ နှစ် (သို့)ဒါဏ် ငွေ သုံးသန်း ...။ သူဟာ ဒါဏ်ငွေပေးဆောင်နိုင်သဖြင့် ထောင်ထဲမှာမနေခဲ့ရပါ။
ကျန်သူတွေ ကတော့ ၁နှစ်တောင်မပြည့်တဲ့ ထောင်ဒဏ်ဘဲရခဲ့ပါတယ်။
ပြည်သူတွေထပ်ပြီးဆန္ဒပြခဲ့ပါတယ်။
အယူ ခံလုံးဝ ထပ်မရတော့ပါ။
*******************
ဒီအဓမ္မအမှုဟာ များစွာသော ကိုးရီးယားပြည်သူတွေကို မျက်ရည်ကျ နာကျင်စေပါတယ်။အမှန်တရားကိုလိုလားတဲ့ ပြည်သူတွေဟာ ဆွံ ့အနားမကြား ဒုက္ခိတ ကျောင်းသူကျောင်းသားလေးတွေ ဒီလို စိတ်ဓာတ် အရိုက်ချိုးခံလိုက်ရတာကို ဝမ်းနည်းကြပါတယ်။
သူတို့ဟာ ဘယ်လိုမှ အယူခံမရ နောက်ဆုံးမှာ ဒီအဖြစ်အပျက်အမှန်ကို ရုပ်ရှင်ကတဆင့် ကမ႓ာသိအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ကဲ...
ဒီနိုင်ငံ မရှက်တတ်ရင်...
ဒီနိုင်ငံ တရားမစီရင်တတ်ရင်...
ကမ႓ာက တရားစီရင်လိမ့်မယ်.....။
******************
၂၀၁၁ ခုနှစ်
ဆွံ ့အ နားမကြားကလေးတွေရဲ့ နာကျင်မှုကို ကိုယ်စားပြုပြီး "도가니" လို့ အမည်ပေးထားတဲ့ရုပ်ရှင်ကိုဖန်တီးခဲ့တယ်။
ဒီရုပ်ရှင်ကို "Silenced" လို့လူသိများပါတယ်။ ဒီရုပ်ရှင်ထွက်လာတဲ့အခါ ...၆ နှစ်ကြာခဲ့ပြီမို့ မေ့ပျောက်သလောက်ဖြစ်နေတဲ့ ပြည်သူတွေရဲ့နာကျည်းချက်ဟာ ပြန်လည်ရှင်သန်ခဲ့တယ်။ လူထုအုံကြွမှုဖြစ်ပေါ်ခဲ့တယ်။
ဒီရုပ်ရှင်ထွက်ပြီး၂ လအကြာ....
အပြစ်မရှိသလို ဟန်မပျက်ဆက်ဖွင့်ထားတဲ့ အင်ဟွ ကျောင်းကြီးကို သူတို့တွေ ပိတ်ခဲ့ရပါတယ်။
တရားရုံးမှာ အမှုပြန်လည်ဖွင့်ခွင့်ရခဲ့ပါတယ်။၂၀၁၂ ခုနှစ်မှာ အသက် ၆၃ နှစ်အရွယ်ရှိတဲ့ အုပ်ချုပ်ရေမှုး( ဥက္ကဋ္ဌရဲ့ ဒုတိယမြောက်သား ) ဟာ ၁၈ နှစ်မိန်းကလေးကို မုဒိန်းကျင့်တယ်ဆိုတာ ထပ် ဖော်ထုတ်နိုင်ခဲ့ပြီး ထောင်ဒါဏ် ၁၂နှစ်ကျခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ တောင်ကိုးရီးယားတို့ရဲ့ ငုံ့မခံတတ်တဲ့ စိတ်ဓာတ်နဲ့စည်းလုံးမှုဟာ ကမ႓ာက ချီးကျူး အသိအမှတ်ပြုရပါတယ်။
*******************
🌟အဓမ္မမှုဆိုတာ နိုင်ငံတိုင်းမှာရှိနေတယ်။🌟
ကံဆိုးလို့ မွေးရာပါ စကားမပြာနိုင်တဲ့....
အသံထွက်ပြီး အော်ဟစ် အကူအညီမတောင်းနိုင်တဲ့ ......
ဆင်းရဲတဲ့ ကလေးတို့ရဲ့ နာကျင်မှုတွေ...
မျက်ရည်တွေဟာ ကာလကြာရှည်စွာ လစ်လျူရှုခြင်းကို ခံခဲ့ရတယ်...။
ဘဝ နိမ့်ကျတဲ့သူတို့လေးတွေကို နှစ်ပေါင်းများစွာ လိင်ကျွန်အဖြစ်ဆက်ဆံခဲ့သူတွေဟာ ဂုဏ်သရေရှိ...လူချမ်းသာ...ကျောင်းဆရာဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အမှန်တရားရဲ့ပါးစပ်ကို နှစ်ပေါင်းများစွာပိတ်ထားနိုင်ခဲ့တယ်...။
စကားမပြောတတ်တဲ့ ကလေးများဟာ ဘဝပေးအခြေအနေအရ စကားမပြောတတ်ခြင်းဖြစ်ပေမဲ့ စကားပြောတတ်တဲ့ လူ့ဘောင်လောကကြီးကလည်း ဂုဏ်ရှိန်ဝါ ငွေကြေးတို့ရဲ့ ဖိနှိပ်မှုအောက်မှာ အ, နေခဲ့ကြတယ်....။
ငွေကြေးကြောင့် ပါးစပ်ပိတ် အ, နေခြင်းဟာ သူရဲဘောကြောင်ပြီး ရှက်စရာကောင်းလွန်းတယ်ဆိုတာကို မသိချင်ယောင်ဆောင်နေတဲ့သူတွေရှိသလို .....ဂုဏ်ရှိန်ဝါမျက်နှာဖုံးအောက်မှာ ယုတ်ညံ့တာတွေလုပ်နေတဲ့ လူကြီးလူကောင်းအမည်ခံတွေကလည်း သူတို့ရဲ့ ယုတ်မာမှုကို တန်ခိုးသြဇာပြည့်စုံခြင်းလို့ထင်ပြီး မာန်တက်နေကြလေရဲ့...။
ဒီလူတွေအတွက် ဆင်းရဲသား လူတန်းစားတွေဟာ ဘယ်အချိန်အထိ စတေးနေရမှာပါလဲ..!?
ကျမတို့ မြန်မာနိုင်ငံမှာလည်း အနှစ် ၅ဝလုံးလုံး ...အခုထက်ထိ...အဓမ္မမှုှုတွေ အလွန်များလွန်းလို့ ခေါက်ရိုးကျိုးသလိုတောင်ဖြစ်နေပါပြီ...။ဒါအတွက် ကျမတို့ ဘာလုပ်ကြမလဲ...?
ကျမတို့လဲတောင်ကိုးရီးယားနိုင်ငံရဲ့ ကောင်းသောအချက်တွေကို အတုယူရပါမယ်...။ဒါတွေကတော့....
🌟စည်းလုံးညီညွတ်မှု...။
🌟မတရားမှုကို ငုံ့မခံပဲ ရဲရင့်မှု..။
🌟တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီပြီးပြည်သူအချင်းချင်း အကာအကွယ်ပေးမှု..။
ငွေကြေးကြောင့် ပါးစပ်ပိတ်ပြီး အ, နေခြင်းမှ အမြန်ဆုံးနိုးထပြီး အမှန်တရားပါးစပ်များ ရဲရဲဝင့်ဝင့် ပွင့်နိုင်ဖို့ လိုအပ်ပါတယ်...။
မတရားမှုတစ်ခုဖြစ်ပွားခြင်းဟာ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ရင်တောင် လူသားမျိုးနွယ်တစ်ဦးအနေနဲ့ တာဝန်ရှိတယ်လို့သာ ခံယူလာနိုင်မယ်ဆိုရင်တော့ အဓမ္မဝါဒီများ သက်ဆိုးမရှည်နိုင်ကြလိမ့်ဘူးလို့ မျှော်လင့်မိကြောင်းပါ...။
မရွှေမိုး(ကိုရီးယား)
ဇွန်လ ၃၀ ရက် ၂၀၁၇

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...