======

အသတ်ခံရသည့် အိမ်ဖော်မိန်းကလေး၏ မိသားစုဝင်များက မော်တော်ကားများကို မီးရှို့ဖျက်ဆီး


အသတ်ခံရသည့် အိမ်ဖော်မိန်းကလေး၏ မိသားစုဝင်များက… by dvburma
အာဂျင်တီးနားနိုင်ငံ ဂလူးမြို့မှာ အသက် ၁၉ နှစ်အရွယ်ရှိ အိမ်ဖော်မိန်းကလေး အသတ်ခံရတာကို ရဲက ချက်ချင်းအရေးမယူတဲ့အတွက် မိသားစုဝင်တွေ စိတ်ဆိုးပြီး ဇူလိုင် ၅ ရက်နေ့က မော်တော်ကား အတော်များများကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အိုင်လန်းရိုလ်ဒန်ဟာ လင်မယား ၂ ဦးရဲ့အိမ်မှာ အိမ်ဖော်လုပ်နေစဉ် ဇူလိုင် ၄ ရက်နေ့က ဆွဲကြိုးချ သတ်သေတာကို ရဲက တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီမိန်းကလေးဟာ သေဆုံးချိန်မှာ ကိုယ်ဝန် ၆ လ ရှိနေပါတယ်။
ဒီ့အတွက် ရိုးရိုးသေဆုံးမှုမဟုတ်ဘဲ လူသတ်မှုဖြစ်ပြီး အိမ်ရှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်နေတယ်လို့ သေဆုံးသူ အိုင်လန်းရဲ့မိသားစုက သံသယရှိနေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...