======

ကိုယ်တိုင်သတိမထားမိဘဲ သင့်ခင်ပွန်းကို စိတ်ထိခိုက်စေသည့်အပြုအမူများ



ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ ဇနီးမောင်နှံနှစ်ဦးလုံးကတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည် မှုရှိပြီး တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကအပြန်အလှန်ဖြည့်ဆည်းပေးဖို့လိုပါတယ်။ဒါ့အပြင်အမျိုးသမီးတွေ ဘက်ကခင်ပွန်းရဲ့ ပြုစုယုယကြင်နာမှုကိုလိုချင်ကြပေမယ့်မိမိရဲ့ခင်ပွန်းဘက်ကိုထည့်စဉ်းစားပေးဖို့မေ့နေတဲ့အချက်ပါပဲ။တခါတလေကိုယ်တိုင်တောင်သတိမထားမိဘဲ ခင်ပွန်းကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့၊ စိတ်ထိခိုက်စေတဲ့အပြုအ မူလေးတွေလုပ်မိတတ်ပါတယ်။ အသေးအဖွဲ့ဆိုပေမယ့်သတိပြုဆင်ခြင်သင့်တဲ့အချက်လေးတွေဖြစ်လို့Shwemom ကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။


အိမ်အပြင်ထွက်ပြီး ခင်ပွန်းနဲ့ရင်ပေါင်တန်းခြင်း

ခင်ပွန်းသည်ရဲ့တာဝန်တွေကို ကူညီချင်တဲ့စိတ်နဲ့ပဲဖြစ်စေ၊ ကိုယ့်မှာလည်းအစွမ်းအစရှိတယ်ဆိုတဲ့ခံယူချက်နဲ့ဖြစ်စေ အိမ်အပြင်ထွက်ပြီး လုပ်ငန်းခွင်မှာ ခင်ပွန်းနဲ့ရင်ဘောင်တန်းခြင်းဟာဇနီးသည်တစ်ယောက်အတွက် ပြန်စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးအများစုက သူတို့အပေါ်ထားတဲ့ စေတနာထက်၊ သူတို့ရဲ့မာန ကိုထိခိုက်တယ်လို့ယူဆတတ်ကြပြီးဇနီးသည်ကို ချစ်လွန်းလို့ မပြောရက်ပေမယ့်တစ်ကိုယ်တည်းစိတ်ထိခိုက်နေ တတ်ကြလို့ဖြစ်ပါတယ်။

အဆိုးမြင်စိတ်များပြားခြင်း

များသောအားဖြင့် မိန်းကလေးတွေဟာ လိုချင်စိတ်၊ ၀တ်ချင်၊စားချင်စိတ်၊အဆင့်အတန်းမြင့်မြင့်နဲ့ သက်တောင့် သက်သာနေလိုစိတ်ရှိကြပါတယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘ၀အပေါ်မှာမကျေမနပ်ဖြစ်ပြီး အရာရာနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်နိမ့်ကျတယ်လို့ ခံယူကြတဲ့အထိပါပဲ။ဒီလို  လိုအင်ဆန္ဒများပြားမှုကြောင့် အဆိုးမြင်စိတ်တွေပဲလွန်ကဲနေတဲ့ ဇနီးသည်ကြောင့်  ဘယ်ခင်ပွန်းကမှ စိတ်ပျော်ရွှင်ကျေနပ်မှုကိုခံစားရမှာ မဟုတ်ပါဘူး။

ခင်ပွန်းထက် တခြားအရာတွေကို ဦးစားပေးတဲ့အပြင် အဲဒီထက်ပိုဆိုးတာက  သူငယ်ချင်းအပေါင်းအသင်း၊ မိဘဆွေမျိုး စသည်တို့ရဲ့အခြေအနေတွေနဲ့ခင်ပွန်းသည်ကိုနှိုင်းယှဉ်ဝေဖန်ခြင်းတွေက အိမ်ထောင်ရေးအဆင်မပြေမှုကို ဖြစ်စေသလို ခင်ပွန်းသည်ကို စိတ်ထိခိုက်စေတဲ့အပြုအမူတွေ လည်းဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ခြင်း

ခင်ပွန်းသည်ရဲ့ချစ်ခင်ကြင်နာမှုတွေအပြည့်အ၀ရရှိဖို့ ခင်ပွန်းသည်ကိုပဲ ဂရုစိုက်နေတာမျိုးမဖြစ် သင့်ပါဘူး။ခင်ပွန်းသည် ကိုဂရုစိုက်သလို ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ရပါမယ်။sexတစ်ခုတည်းနဲ့ အိမ်ထောင်ရေးသာယာဖို့ထိန်းမထား သင့်ပါဘူး။နှစ်ယောက်ကြားကသံယောဇဉ်ချစ်ခြင်းမေတ္တာတွေလည်းအသုံးချသင့်ပါတယ်။သင့်ကိုယ်သင်ဂရုစိုက်တဲ့အနေနဲ့ အစားအသောက်၊ရုပ်ရည်သွင်ပြင်စတာတွေကိုပါပြင်ဆင်ထားဖို့လိုပါတယ်။ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တဲ့ ဇနီးသည်ကို ဘယ်ခင်ပွန်းကမှ ကျေကျေနပ်နပ်နဲ့လက်ခံနိုင်မှာမဟုတ်ပါဘူး။

ခင်ပွန်းသည်နဲ့သင်နဲ့ကြားမှာဘာသာစကားမရှိဘူး

မိန်းကလေးတွေက ချစ်ရေးချစ်ရာနဲ့ပတ်သက်ရင် ယောက်ျားလေးတွေကို ဖွင့်ဟ၀န်ခံတာထက် အရိပ်အမြွက်နဲ့ပဲ သိစေပါတယ်။သင့်အချိန်တွေကို ဖြုန်းမနေသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သင့်ခင်ပွန်းက အရိပ်အမြွက်ကို နားလည်နိုင် တဲ့သူမဟုတ်လို့ပါပဲ။ဇနီးမောင်နှံတွေအနေနဲ့ ချစ်ရေးချစ်ရာမှာ ဘာသာစကားမရှိသလို ပွင့်လင်းမှုမရှိတာတွေက  အိမ်ထောင်ရေးအတွက် ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။

ခြူးသစ်နွယ်@ChoChothan(Shwemom)
ref:familyshare.com

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...