======

အဆိုး အကောင်းတွေ ဘယ်လိုပဲ ရှိနေပါစေ ပြည့်တန်ဆာလုပ်ငန်းဆိုတာကတော့



လူအများစုကတော့ ပြည့်တန်ဆာလုပ်ငန်းအပေါ် လက်ခံဖို့ ခါးခါးသီးသီးငြင်းဆန်လေ့ ရှိကြပေမယ့် အချို့သော နိုင်ငံတွေ မှာတော့ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားပြီး ပရော်ဖက်ရှင်နယ် လုပ်ငန်းတစ်ခုအသွင်ပါ ဆောင်လာကြ ပါ တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးစည်းကမ်း တင်းကြပ်တဲ့ မူဆလင်အများစုရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် သက်ဆိုင်ရာ နယ်အလိုက် ပြပည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားသည်များ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း တရားဝင်ခွင့်ပြုထားသော ရွာပေါင်း ၂၀ ခန့်ရှိပြီး NGO တွေရဲ့ စာရင်းဇ ယားတွေအရ ပြည့်တန်ဆာအဖြစ် တရားဝင် လုပ်ကိုင်သူ အမျိုးသမီး ၁ သိန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။ မကြာသေး မီ နှစ်အနည်းငယ်က ဂျာမန်ဓါတ်ပုံဆရာတစ်ဦးဖြစ်သူ Sandra Hoyn က ဘင်္ဂလားဒေ့ရှ်နိုင်ငံက Tangail ဆိုတဲ့ နယ်ေ လးကို ရောက်ရှိခဲ့ပြီး အဲ့ဒီနယ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ဘ၀ကို ကမ္ဘာမှာ မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားအရွယ်လေးများကို အပျော်မယ်ဖြစ်စေဖို့ စတင်သိမ်းသွင်းတတ်ကြပြီး သူတို့တွေအများစုက ငွေကြေးမပြည့်စုံတဲ့ မိသားစုများမှ ဖြစ်ပါတယ်။ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းခံလိုက်ရပြီဆိုရင် ခေါင်းဖြစ်သူက မိသားစုကို ငွေပေးပြီး လက်မှတ်ထိုးစာချုပ်ချုပ်ထားလိုက်ကာ သူတို့တွေဟာ အပြင်ကိုလွတ်လွတ်လ ပ်လပ် ထွက်ခွင့်ရတော့မှာမဟုတ်သလို အကြွေးမကျေမချင်း ခန္ဓာနဲ့ကျွန်ခံရသလိုပါပဲ။ ကိုယ်ခန္ဓာရောင်းဝယ်ခအပေါ် မှာတောင် ခေါင်းပုံဖြတ်အမြတ်ထုတ်လေ့ ရှိပါတယ်။

Bonna ဟာ အသက် ၇ နှစ်အရွယ်မှာ ပထွေးရဲ့ အဓမ္မကျင့်မှုကိုခံခဲ့ရပြီးနောက် အိမ်မှထွက်ပြေးလာကာ လမ်းပေါ် ကလူ တစ်ဦးက ကူညီမယောင်နဲ့ သူ့ကိုမွေးစားခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ကိုပြည့်တန်ဆာခေါင်းထံ ရောင်းချခံခဲ့ရပါတယ်။ ဒီလို နဲ့ သူဟာ ပြည့်တန်ဆာတစ်ယောက် ဖြစ်လာခဲ့ပြီး တစ်နေ့မှာ လူ ၂ ယောက်ကို ပြုစုပေးရကာ ၀င်ငွေအနေနဲ့ ၁၉ ဒေါ် လာခန့် ရရှိပါတယ်။

Asma ဆိုတဲ့ ကောင်မလေးကတော့ ပြည့်တန်ဆာမိခင်ကပင် မွေးထားတဲ့ မိန်းကလေးဖြစ်ပြီး ဒီအရပ်၊ ဒီဇာတ်၊ ဒီအသို င်းအ၀ိုင်းမှာပဲ ကျင်လည်ကျက်စားရတာကြောင့် သူလည်း ဒီလောကနဲ့တော့ မကင်းနိုင်ခဲ့ပါဘူး။ သူမဟာ ပြည့်တန်ဆာ အဖြစ် မရောက်ခင်မှာတော့ ပရိသတ်တွေရှေ့မှာ မလုံ့တစ်လုံ ကပြဖျော်ဖြေရတဲ့ ဖျော်ဖြေရေးမယ်အဖြစ်လည်း နှစ်အန ည်းငယ် ရှင်သန်ခဲ့ပါသေးတယ်။

သူတို့တွေဆီက ကြားရတဲ့ ဘ၀တွေကလည်း ရင်မောစရာပါ။ တစ်ခါတစ်လေ ဖောက်သည်တွေဆီက မတော်တဆ ကျန် ခဲ့တဲ့ ကိုယ်ဝန်တွေကို အန္တရာယ်တွေကြားက ဖျက်ချကြရသူများရှိသလို အချို့သော မိခင်စိတ်ဓါတ်ရှိသူများကလည်း ကေ လးကို ရအောင်မွေးကြပါတယ်။ ဒါပေမယ့် ကလေးရဲ့ ရှေ့ရေးကတော့ မသေချာပါဘူး။ တစ်ချို့ကျတော့လည်း တစ်ကြိမ် တည်းမှာပင် ဖောက်သည် ၂ ယောက်၊ ၃ ယောက်နဲ့ ပျော်ပေးကြရသူများရှိပြီး ကြမ်းတမ်းလှတဲ့ ဘ၀အခြေအနေကြောင့် ထောင်ကျဖို့တောင် ဆုတောင်းလေ့ ရှိကြတယ်လို့ ဆိုပါတယ်။

ဖောက်သည်က အကြောင်းအမျိုးမျိုးကြောင့် မကျေနပ်မှုတွေရှိတဲ့အခါ ရိုက်နှက်ခံရခြင်းတွေကိုလည်း ကြုံရပြီး ဓမ္မတာမ ဟုတ်တဲ့ ဆက်ဆံခြင်းမျိုးတွေကိုလည်း ကြိုးစားကြချင်သူတွေက ဒုနဲ့ဒေးပါ။ အချို့သော ကောင်မလေးတွေကတော့ ဒီ လိုပတ်ဝန်းကျင်က ရုန်းထွက်ဖို့ စောစောစီးစီး အိမ်ထောင်ပြုလိုက်ကြပေမယ့် ရှင်ကြီးကျားထက်ဆိုးကာ ဒါပြန်လုပ်ပြီး ယောက်ျားကို ပြန်ကျွေးထားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ အမျိုးသား ဒါမှမဟုတ် ချစ်သူကို bubu (ဘူဘူး) လို့ခေါ်ကြပါသတဲ့။

ဒါတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသမီးတွေရဲ့ အဖြစ်အပျက်တွေလို့ ဆိုပေမယ့် မြန်မာပြည်ရဲ့ ပြည့်တန်ဆာလော ကမှာရော ဒီထက်ဆိုးတဲ့ အဖြစ်တွေ၊ လူမသိသူမသိ ဒုက္ခကမ္ဘာတွေ အများအပြား ရှိနေဦးမှာ သေချာပါတယ်။ အကျိုး အကြောင်း၊ အဆိုးအကောင်းတွေ ဘယ်လိုပဲ ရှိနေပါစေ ပြည့်တန်ဆာလုပ်ငန်းဆိုတာကတော့ လူတွေရှိနေသ၍ ဘယ်ေ တာ့မှ ပျောက်ပျက်သွားမယ့် လုပ်ငန်းတစ်ခုမဟုတ်တာမို့ ဆင်းရဲမွဲတေမှုရဲ့ သားကောင် အမျိုးသမီးများအပေါ် ဘယ်လို ကာကွယ်မှုတွေ၊ အခွင့်အရေးတွေ ပေးမလဲဆိုတာတော့ ၀ိုင်းဝန်းအဖြေရှာရမယ့် ပုစ္ဆာတစ်ပုဒ်ပါ။

Credit : Momolay

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...