======

မယားကြီးဖြစ်သူ ကတော့ စိုးသူ နဲ့ စိုးမြတ်နန္ဒာကို အလွတ်ကို မပေးတာ ..






==========
မြန်မာပြည်ရဲ့ နာမည်ကြီးထိပ်တန်းစာရင်းဝင် မင်းသားကိုစိုးသူတို့ရဲ့ အိမ်ထောင်ရေး အချစ်ရေး ကိစ္စတွေဟာ ပရိသတ်ကြား စိတ်ဝင်စားစရာဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်မှာတော့ သူ့ရဲ့ ဇနီး မခင်မြမြဝတ်မှုံဆွေ နဲ့ အိမ်ထောင်ရေးကိစ္စပြသနာတွေဟာ သတင်းစာ မီဒီယာ လူမှုကွန်ယက်တွေပေါ်ထိ ပျံ့နှံ့ခဲ့ပါသေးတယ်။ဇနီးဖြစ်သူ မခငယ်က သမီးလေးနဲ့အတူ ပြည်ပမှာ နေထိုင်နေပြီး ကိုစိုးသူကတော့ မြန်မာပြည်မှာ နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုစိုးသူဟာ နာမည်ကြီး မင်းသမီး အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ လူသိရှင်ကြား တွဲနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ နှစ်ယောက်အတူ နိုင်ငံခြားခရီးထွက်ခဲ့ကြပြီး စိုးမြတ်နန္ဒာရဲ့ Fan page မှာ စုံတွဲပုံလေးတွေ တင်ထားပါသေးတယ်။

ဒီကိစ္စမှာ ကိုစိုးသူဖက်က ရပ်တည်သူတွေရှိသလို မိန်းမသားဖြစ်သူ မခငယ်ဖက်က ရပ်တည်သူတွေကလည်း ဒုနဲ့ဒေးပါ။ မခငယ်ကတော့ သူမဖက်က မခံသာဖြစ်နေတဲ့ သူမရဲ့ သူငယ်ချင်းမိတ်ဆွေ ညီအမတွေကို သူမရဲ့ လူမှုစာမျက်နှာကနေ ယခုလိုပဲဆိုလိုက်ပါတယ်။

"ပတ်ဝန်းကျင်ဆိုတာ လူအများစုပြီး ဝေဖန်သတ်မှတ်ပြောဆိုကြတဲ့ ထင်မြင်ချက်များစွာစုတဲ့ နေရာ... လူအများခေါင်းအများနဲ့မို့ မှန်တာများတတ်လို့ မဟုတ်တာလုပ်တဲ့လူနောက်ဆုတ်ရစမြဲမို့... ရှေးက လူကြီးမိဘတွေက ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့အမြဲသွင်သန်ဆုံးမကြတယ်...

ဟုတ်တာလုပ်တဲ့သူတောင် ပတ်ဝန်းကျင်ရဲ့ အထင်အမြင်လွဲတဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့ အတော်ခက်ခဲတာ မဟုတ်တာလုပ်တဲ့သူအတွက် ပတ်ဝန်းကျင်ရဲ့ ရိုက်ခက်တဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့ဆိုတာ အတော်မလွယ်တာပါ...

ဒါပေမဲ့ အဲပတ်ဝန်းကျင်ဟာပြောင်းလဲခဲ့ပါပြီး... အဲပတ်ဝန်းကျင်သာ တကယ်အလုပ်လုပ်ရင် KTV တွေမြို့လည်ဂေါင်လူစည်ကားနေစရာကိုအကြောင်းမရှိတာ... လူရှေ့ နှပ်ချေးကလှော်ရင် အဲလူညစ်ပတ်လိုက်တာကဲ့ရဲ့ပြီ လူကွယ်ရင် အသက်မပြည့်တဲ့ ကလေးမလဲသဘောတူရင်လုပ်ချင်တာလုပ် အဲဒါ KTV ပိုင်ရှင်ရဲ့စီးပွားရေးလို့ သတ်မှတ်တဲ့ အဲလိုပတ်ဝန်းကျင်ဖြစ်နေလို့ ...

စစ်တို့ရေ စိတ်မတိုကြပါနဲ့... တရားဝင်လက်ထက်ချုပ်FB မှာတင်ပြီးဆိုရင်သာ ကျမကိုလက်တို့ဖို့ မမေ့ကြနဲ့နော်... Xxx...Gn..." လို့ သူမက ရေးတင်ထားပါတယ် ပရိသတ်ကြီးရေ.....

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...