======

ေလယာဥ္ေပၚ လံုးေထြးသတ္ပုတ္ တံခါးဖြင့္ရန္ႀကိဳးစားသူအား ေလယာဥ္မယ္က ၀ိုင္ပုလင္းျဖင့္ ႐ုိက္ႏွက္ (႐ုပ္သံ)


အေမရိကန္ေလေၾကာင္းလိုင္းေလယာဥ္တစီးေပၚမွာ လံုးေထြးသတ္ပုတ္ၿပီး တံခါးမႀကီးကို ဖြင့္ဖို႔ႀကိဳးစားခဲ့တဲ့ ခရီးသည္အမ်ိဳးသားတဦးကို ေလယာဥ္မယ္၀န္ထမ္းက ၀ိုင္ပုလင္းနဲ႔ ႐ုိက္ႏွက္ခဲ့ၿပီး တားဆီးႏိုင္ခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ အေမရိကန္ေလေၾကာင္းလိုင္းတလိုင္းျဖစ္တဲ့ ဒယ္လ္တာေလ ေၾကာင္းလိုင္း ဘိုးအင္း ၇၆၇-၃၀၀ ေလယာဥ္ေပၚမွာ ဇူလိုင္လ ၆ ရက္ေန႔က ျဖစ္ခဲ့တာလို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ ဂ်ိဳးဆက္ပ္ ဒဲန္နီယ္လ္ဟ်ဴးဒက္ခ္-၄ အမည္ရတဲ့ ခရီးသည္ အမ်ိဳးသားဟာ ေလယာဥ္ရဲ႕ အထက္တန္းခံုကေန လိုက္ပါလာခဲ့တာပါ။
အက္ဖ္ဘီအိုင္ရဲ႕ စံုစမ္းစစ္ေဆးမႈေတြအရ ဟ်ဴးဒက္ခ္ဟာ ေနရာက ထလာခဲ့ၿပီး ႐ုတ္တရက္ ေလယာဥ္တံခါးမႀကီးရဲ႕ တံခါးကို ဖြင့့္ဖို႔ ႀကိဳးစားခဲ့တာလို႔ ဆိုပါတယ္။
အဲဒီအျဖစ္အပ်က္ကို ေလယာဥ္မႉးနဲ႔ ၀န္ထမ္းေတြက ျမင္ခဲ့ၾကခ်ိန္မွာ သူ႔ကို တားျမစ္တဲ့ ေလယာဥ္မယ္တဦးကို အႀကိမ္ေပါင္းမ်ားစြာ ထိုးႏွက္တိုက္ခိုက္ခဲ့ၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့တာပါ။
အဲဒီအခ်ိန္မွာ တျခား ေလယာဥ္မယ္တဦးက သူ႔ရဲ႕ ဦးေခါင္းကို ၀ိုင္ပုလင္းအႀကီး ၂ လံုးနဲ႔ ရိုက္ႏွက္လိုက္တာလို႔ ဆိုပါတယ္။
အဲဒီေနာက္ေတာ့ ရန္ပြဲထဲကို တျခားခရီးသည္ေတြပါ ၀ိုင္းကူပါ၀င္လာခဲ့ၾကၿပီး သူ႔ကို ခ်ဳပ္ေႏွာင္ထားႏိုင္ခဲ့ကာ လက္ရွိမွာေတာ့ ဟ်ဴးဒက္ခ္ကို ဖမ္းဆီးၿပီး စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတာပါ။
ေလယာဥ္ေပၚမွ ထိတ္လန္႔ဖြယ္ ဒီအျဖစ္အပ်က္ေၾကာင့္ ဆက္လက္မေမာင္းႏိုင္ခဲ့ဘဲ ဆီယက္တဲလ္ၿမိဳ႕ဆီ ျပန္ေမာင္းခဲ့ရတာပါ။
ဘာေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ ႐ႈပ္ေထြးတဲ့ ဒီရန္ပြဲရဲ႕ အေၾကာင္းအရာအေသးစိတ္ ကိုေတာ့ အက္ဖ္ဘီအိုင္က ထုတ္ေဖာ္ေျပာၾကားတာမရွိဘဲ အဆိုပါအမ်ိဳးသားဟာ မူးယစ္ ေသာက္စားထားတာမ်ိဳးေတာ့ မရွိဘူးလို႔ ဆိုပါတယ္။
ေလယာဥ္ေပၚမွာ ခရီးသည္ ၂၂၁ ဦးပါ၀င္ၿပီး ရန္ပြဲမွာ ထိခိုက္ဒဏ္ရာရရွိသြားသူ ေတြကိုေတာ့ ေဆးကုသမႈခံယူႏိုင္ဖို႔ ေဆး႐ံုကို ပို႔ေဆာင္ထားခဲ့ရတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
Credit: DVB
 Unicode
အမေရိကန်လေကြောင်းလိုင်းလေယာဉ်တစီးပေါ်မှာ လုံးထွေးသတ်ပုတ်ပြီး တံခါးမကြီးကို ဖွင့်ဖို့ကြိုးစားခဲ့တဲ့ ခရီးသည်အမျိုးသားတဦးကို လေယာဉ်မယ်ဝန်ထမ်းက ဝိုင်ပုလင်းနဲ့ ရိုက်နှက်ခဲ့ပြီး တားဆီးနိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန်လေကြောင်းလိုင်းတလိုင်းဖြစ်တဲ့ ဒယ်လ်တာလေ ကြောင်းလိုင်း ဘိုးအင်း ၇၆၇-၃၀ဝ လေယာဉ်ပေါ်မှာ ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဆိုပါ လေယာဉ်ပေါ်မှာ ခရီးသည်အများစုက တရုတ်နိုင်ငံသားတွေဖြစ်ကြပြီး ဆီယက်တဲလ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာခဲ့ချိ်န်မှာ ခုလိုဖြစ်ခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ် ဂျိုးဆက်ပ် ဒဲန်နီယ်လ်ဟျူးဒက်ခ်-၄ အမည်ရတဲ့ ခရီးသည် အမျိုးသားဟာ လေယာဉ်ရဲ့ အထက်တန်းခုံကနေ လိုက်ပါလာခဲ့တာပါ။
အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဟျူးဒက်ခ်ဟာ နေရာက ထလာခဲ့ပြီး ရုတ်တရက် လေယာဉ်တံခါးမကြီးရဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။
အဲဒီအဖြစ်အပျက်ကို လေယာဉ်မှူးနဲ့ ဝန်ထမ်းတွေက မြင်ခဲ့ကြချိန်မှာ သူ့ကို တားမြစ်တဲ့ လေယာဉ်မယ်တဦးကို အကြိမ်ပေါင်းများစွာ ထိုးနှက်တိုက်ခိုက်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။
အဲဒီအချိန်မှာ တခြား လေယာဉ်မယ်တဦးက သူ့ရဲ့ ဦးခေါင်းကို ဝိုင်ပုလင်းအကြီး ၂ လုံးနဲ့ ရိုက်နှက်လိုက်တာလို့ ဆိုပါတယ်။
အဲဒီနောက်တော့ ရန်ပွဲထဲကို တခြားခရီးသည်တွေပါ ဝိုင်းကူပါဝင်လာခဲ့ကြပြီး သူ့ကို ချုပ်နှောင်ထားနိုင်ခဲ့ကာ လက်ရှိမှာတော့ ဟျူးဒက်ခ်ကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
လေယာဉ်ပေါ်မှ ထိတ်လန့်ဖွယ် ဒီအဖြစ်အပျက်ကြောင့် ဆက်လက်မမောင်းနိုင်ခဲ့ဘဲ ဆီယက်တဲလ်မြို့ဆီ ပြန်မောင်းခဲ့ရတာပါ။
ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ ရှုပ်ထွေးတဲ့ ဒီရန်ပွဲရဲ့ အကြောင်းအရာအသေးစိတ် ကိုတော့ အက်ဖ်ဘီအိုင်က ထုတ်ဖော်ပြောကြားတာမရှိဘဲ အဆိုပါအမျိုးသားဟာ မူးယစ် သောက်စားထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၁ ဦးပါဝင်ပြီး ရန်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသွားသူ တွေကိုတော့ ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...