======

ေျပတီဦးရဲ႕ ေနာက္ေျပာင္မႈေၾကာင့္ ဒုကၡေရာက္ခဲ့ရတယ္ဆိုတဲ့ ကိစၥကို ေဒၚလွလွမိုးျပန္ေျဖရွင္း


အၿမဲတမ္းေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေျပတီဦးဟာ သူ႔ရဲ႕ အႏုပညာ ေမာင္ႏွမေတြအေ ပၚမွာလည္း မၾကာခဏဆိုသလုိ ေနာက္ေျပာင္ေလ့ရွိတယ္လို႔ သိရပါတယ္။ သြန္း ဆက္ကို ငိုေအာင္ စလိုက္တဲ့ ကိစၥက အစျပဳၿပီး မင္းသမီးႀကီး ေဒၚလွ လွမိုးကို ႏွလံုးအေမာေဖာက္ၿပီး ႏွလံုးစက္ထည့္လိုက္ရတဲ့ အထိ ေနာက္ေျပာင္မိ ခဲ့တယ္လုိ႔ ေျပတီဦးက အင္တာဗ်ဴးမွာ ေျဖထားခဲ့ပါတယ္။
“အဲ့ဒီအခန္းျဖတ္” ဆိုတဲ့ ဇာတ္ကားတုန္းက ခုလို ေနာက္ေျပာင္ခဲ့တာလို႔ သိရပါတယ္။အားလံုးကဒီဇာတ္ကားကို ရိုက္သာရိုက္ရေပမယ့္ စိတ္ထဲမွာ စိုးရိမ္ေနတဲ့ အခ်ိန္မွာ ေျပတီဦးက ေဒၚလွလွမိုးကို ဖုနး္ဆက္ၿပီး ” ေထာက္ လွမ္းေရး ကဗိုလ္မွဴးပါ ညေနလာေခၚမယ္ ဆုိၿပီး စေနာက္ခဲ့တာပါ။ဒါကို ၾကားလို က္ေတာ့ ေၾကာက္လန္႔ၿပီး ႏွလံုးအေမာေဖာက္သြားတာလို႔ ေျပတီဦးက ေျပာခဲ့ တာပါ။ဒီသတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ ေျပတီဦးရဲ႕ ေနာက္ေျပာင္စေနာက္မႈအေပၚ တစ္ခ်ိဳ႕က ေ၀ဖန္ေျပာဆိုခဲ့ၾကပါတယ္။
ဒီကိစၥနဲဲ႔ပတ္သက္ၿပီး ေဒၚလွလွမိုးက သူမရဲ႕ fb စာမ်က္ႏွာကေန တစ္ဆင့္ ျပန္ရွင္းခဲ့ပါတယ္။အျပည့္အစံုကေတာ့….”ေျပတီဦးဟာအႏုပညာေလာကထဲ့မွာကြၽန္မသားလိုခ်စ္ခင္ရတဲ့သူပါအရမ္းလဲစိတ္သေဘာထားေကာင္းၿပီးအစအေနာက္လဲအရမ္းသန္ပါတယ္သူဘယ္လုိစေနာက္ပါေစကြၽန္မနားလည္ခြင့္လႊတ္ပါတယ္သူစလို႔ႏွလံုးစက္ထည့္လိုက္ရတာမဟုတ္ပါဘူးဆိုတာအားလံုးကိုသိေစျခင္ပါတယ္နားလည္ေပးၾကပါ႐ွင္ ”
Source From Shwemom
UNICODE
အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ပြေတီဦးဟာ သူ့ရဲ့ အနုပညာ မောင်နှမတွေအေ ပါ်မှာလည်း မကြာခဏဆိုသလို နောက်ပြောင်လေ့ရှိတယ်လို့ သိရပါတယ်။ သွန်း ဆက်ကို ငိုအောင် စလိုက်တဲ့ ကိစ္စက အစပြုပြီး မင်းသမီးကြီး ဒေါ်လှ လှမိုးကို နှလုံးအမောဖောက်ပြီး နှလုံးစက်ထည့်လိုက်ရတဲ့ အထိ နောက်ပြောင်မိ ခဲ့တယ်လို့ ပြေတီဦးက အင်တာဗျူးမှာ ဖြေထားခဲ့ပါတယ်။
“အဲ့ဒီအခန်းဖြတ်” ဆိုတဲ့ ဇာတ်ကားတုန်းက ခုလို နောက်ပြောင်ခဲ့တာလို့ သိရပါတယ်။အားလုံးကဒီဇာတ်ကားကို ရိုက်သာရိုက်ရပေမယ့် စိတ်ထဲမှာ စိုးရိမ်နေတဲ့ အချိန်မှာ ပြေတီဦးက ဒေါ်လှလှမိုးကို ဖုနး်ဆက်ပြီး ” ထောက် လှမ်းရေး ကဗိုလ်မှူးပါ ညနေလာခေါ်မယ် ဆိုပြီး စနောက်ခဲ့တာပါ။ဒါကို ကြားလို က်တော့ ကြောက်လန့်ပြီး နှလုံးအမောဖောက်သွားတာလို့ ပြေတီဦးက ပြောခဲ့ တာပါ။ဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ပြေတီဦးရဲ့ နောက်ပြောင်စနောက်မှုအပေါ် တစ်ချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်လှလှမိုးက သူမရဲ့ fb စာမျက်နှာကနေ တစ်ဆင့် ပြန်ရှင်းခဲ့ပါတယ်။အပြည့်အစုံကတော့….”ပြေတီဦးဟာအနုပညာလောကထဲ့မှာကျွန်မသားလိုချစ်ခင်ရတဲ့သူပါအရမ်းလဲစိတ်သဘောထားကောင်းပြီးအစအနောက်လဲအရမ်းသန်ပါတယ်သူဘယ်လိုစနောက်ပါစေကျွန်မနားလည်ခွင့်လွှတ်ပါတယ်သူစလို့နှလုံးစက်ထည့်လိုက်ရတာမဟုတ်ပါဘူးဆိုတာအားလုံးကိုသိစေခြင်ပါတယ်နားလည်ပေးကြပါရှင် ”
Source From Shwemom

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...