======
ယွန်းဝတီလွင်မိုး အချစ်ရေး ကိစ္စ ကို ဒီလိုပြောပါပြီ
Source : 7day Daily
Unicode
သြစကြေးလျမှာ ကျောင်းတက်နေတဲ့ ယွန်းဝတီလွင်မိုးကတော့ ကျောင်းပိတ်ချိန်လေးမှာ မိသားစုဆီရာသို့ ပြန်လာခဲ့ ပါတယ်။ ပိတ်ရက်က ရက်(၂၀)လောက် ရတာကြောင့် ပြန်လာတာလည်း ဖြစ်ပါတယ်။
အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်ရဲ့ အချစ်ကို ရရှိထားသူ သူမကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ချစ်သူရှိလားမရှိဘူးလားဆိုတာကိုလည်း မပြောချင်သေးပါဘူးတဲ့။
သူမရဲ့ အချစ်ရေးကို Private အနေနဲ့ပဲ ထားချင်တယ်လို့ သူမက ဆိုပါတယ်။
"တချို့ကတော့ ပြောတယ်။ (၁၈) နှစ်က အရမ်းငယ်သေး တယ်။ ရည်းစားမထားနဲ့။ ဒါပေမဲ့ စဉ်းစားကြည့်လိုက်ရင် အချစ်ဆို တာက မဖြစ်သင့်တာကြီးလည်း မဟုတ်ပါဘူး။ တချို့ဆို ရိုးရိုးသား သားချစ်နေကြတာလည်းရှိတာပဲ လေ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့တွဲတာပေါ့။ ညီမဆီမှာ လည်း ကြုံဖူးပါတယ်။ အခုရှိလား၊ မရှိလားဆိုတာကိုတော့ မပြော ချင်သေးဘူး။ Private အနေနဲ့ပဲ ထားချင်သေးတယ်" လို့ 7day Daily မှာ  ဖြေဆိုထားပါတယ်။
Business နဲ့ ပတ်သက်တဲ့ ဘာသာရပ်ကို လေ့လာနေတဲ့ သူမက  ဩ စတြေးလျနိုင်ငံတွင် လေးနှစ်ခန့် ကျောင်းတက်ရဦး မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ် အောင်လည်း ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်တို့ သုံးဖြစ်နေပြီး ပရိသတ်တွေရဲ့ ကောမန့်များကိုလည်း  ဖတ်ပြီးတော့ Reply ပြန်ဖြစ်ပါတယ်လို့ ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
Source : 7day Daily
Photo  : ယွန်းဝတီလွင်မိုး ဖေ့စ်ဘွတ်
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...