======

ဝန်ဆောင်မှုညံ့ဖျင်းသည့်ဘဏ်အတွက် ဖော်ချွတ်မယ် ၂ ဦး ခေါ်သွင်းကပြစေခဲ့သည့် ရုပ်သံပျံ့နှံ့


ရုရှားနိုင်ငံမှာ ဆိုးဝါးညံ့ဖျင်းတဲ့ ဘဏ်ဝန်ဆောင်မှုကို စိတ်ပျက်နေတဲ့ အမျိုးသားတဦးဟာ ဘဏ်အတွင်း ၀န်ဆောင်မှုပေးဖို့ အဖော်အချွတ်မယ် အမျိုးသမီး ၂ ဦးကို ခေါ် သွင်းခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့နေပါတယ်။  နာမည်မဖော်ပြထားတဲ့ အဆိုပါအမျိုးသားဟာ ချောမောလှပတဲ့ အမျိုးသမီး ၂ ဦး နဲ့အတူ ဒေသတွင်း ဘဏ်အဆောက်အအုံတွင်းကို ၀င်လာခဲ့ချိန်မှာတော့ အဲဒီအမျိုးသမီး ၂ ဦးဟာ အ၀တ်အစားအပြည့်အစုံနဲ့ ဖြစ်ပါတယ်။  အဲဒီနောက် သူက ဘဏ်ဝန်ထမ်းတဦးကို “မင်းတို့က ဘဏ်ကိုလာတဲ့ ဧည့်သည်တွေကို သဘောထားကြီးကြီးမထားပဲ အေးစက်စက်နဲ့ ဆက်ဆံတယ်။ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို ဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတာ ငါပြမယ်”လို့ ပြောခဲ့တာပါ။  အဲဒီနောက်တော့ သူနဲ့ပါလာတဲ့ အမျိုးသမီး ၂ ဦးဟာ ဂီတသံနဲ့အတူ ကာမရာဂ နှိုးဆွတဲ့ အကတွေနဲ့ သူတို့ရဲ့ အ၀တ်တွေကို တလွှာချင်းချွတ်ချပြခဲ့တာကို တွေ့ရပါတယ်။  ဒါဟာ မော်စကိုမြို့တော် အက်စ်ဘာဘဏ်ခွဲတခုတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အံ့အား သင့်နေတဲ့ မျက်မြင်တွေ့ရှိသူတဦးက မှတ်တမ်းတင်ရိုက်ကူးထားခဲ့တာပါ။  အဖော်အချွတ်မယ် ၂ ဦးဟာ သူတို့ရဲ့ အပေါ်ပိုင်း ဘရာတွေကိုပါ ချွတ်ချခဲ့ပြီး ဘဏ်တွင်း ပရိဘောဂတွေကြားမှာ လူးလွန့်လှုပ်ရှားပြနေခဲ့ကြတာကို တွေ့ရပါတယ်။  အဲဒီနောက်တော့ အဆိုပါ အမျိုးသားက “ဒါက ကိုယ့်ဆီလာတဲ့ ဧည့်သည်တွေကို ဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတာပဲ။ ခင်ဗျားတို့ ဒီအခိုက်အတန့်ကို အမြဲတမ်းသတိ ရနေလိမ့်မယ်လို့ မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။  အက်စ်ဘာဘဏ်ကတော့ သူတို့ရဲ့ ဘဏ်ခွဲတခုမှာ ခုလိုဖြစ်ခဲ့တာ ဟုတ်မှန်တယ်လို့ အတည်ပြုပြောခဲ့ပါတယ်။  မော်စကိုဘဏ်ခွဲ ပြောရေးဆိုခွင့်ရသူ အိုလေး ဗလာဆော့ဗ်က “ဧည့်သည်နဲ့ ဖြစ်တဲ့ ပြဿနာက ခုလိုမဖြစ်ခင်မှာ ဘဏ်အနေနဲ့ ဖြေရှင်းပြီးခဲ့ပါပြီ။ ဘဏ်တွင်း ခုလို ရမ်းကားမှုကိုတော့ ရဲတွေကို အကြောင်းကြားပြီး ဆက်လုပ်သွားမှာပါ”လို့ ပြောပါတယ်။  အဆိုပါ အမျိုးသားနဲ့ ကချေသည် အမျိုးသမီး ၂ ဦးဟာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသ လားဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။  ယူရီ တီတော့ဗ်အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “ကောင်းတယ်။ စားသုံးသူဟာ အမြဲတမ်းမှန်ကန်တယ်”လို့ မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။

By ဒီဗွီဘီ
  

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...