======

ဝိုင်းစုသာ အနားမှာရှိရင် ကမ္ဘာပျက်လည်းမကြောက်ဘူးဆိုတဲ့ အောင်လ


ကျွန်တော့်တို့ အချစ်က ငယ်ငယ်တုန်းက ပုံစံလိုမဟုတ်တော့ဘူးလို့ ဆိုပါတယ်။ အောင်လကတော့ လက်ရှိမှာ သူတို့ နှစ်ယောက်ရဲ့ အချစ်က ရင့်ကျက်လာပါပြီတဲ့။ အနာဂတ်ကိုတွေးပြီးတော့ နှစ်ယောက်စလုံး စဉ်းစားဖြစ်တယ်လို့ ဆိုပါတယ်။
ဝိုင်းစုရဲ့ အခွေနဲ့ ပတ်သက်ပြီးတော့လည်း ဝိုင်းဝန်းကူညီပေးဖြစ်သလို ဝိုင်းစုအခွေထဲမှာလည်း "အနားမှာရှိရင်" ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အတူတူသီဆိုထားပါသေးတယ်။

အဲ့ဒီသီချင်းလေးကတော့ သူတို့နှစ်ယောက်ရဲ့ လတ်တလော ဖြစ်ရပ်လေးကို ရေးသားထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဝိုင်းစုသာ အနားမှာရှိရင်တော့ အောင်လက ကမ္ဘာပျက်လည်းမကြောက်ဘူးလို့ Myanmar People Magazine မှာ ဖြေဆိုထားပါသေးတယ်။


အောင်လကတော့ သူ့ရဲ့ မွေးနေ့မှာ အသုံးတော်ခံလို့ နာမည်ပေးထားတဲ့တစ်ကိုယ်တော်အခွေ ထွက်မယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝိုင်းစုကိုဂစ်တာတီးသင်ပေးရုံသာမက၊ ဟာမိုနီအပိုင်းတွေရော၊ အသံဖမ်းတဲ့ အပိုင်းတွေကို ပါသင်ကြား ပေးနေတယ်လို့ ဆိုပါတယ်။ ၁၀ လပိုင်းထဲမှာ ဦးညီထွဋ်ရယ်၊ Reason ရယ်၊ Ediot ရယ်၊ Nagative အဖွဲ့တွေ ပေါင်းပြီး ရှိုးပွဲ ကျင်းပ သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ထဲမှာ Reason အဖွဲ့ရယ်၊ Ediot အဖွဲ့ရယ် ပေါင်းပြီး ရှိုးပွဲကျင်းပဖို့ရှိတယ် လို့လည်း သိရပါ တယ်။

Credit' Duwun

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...