======

ဇူလိုင်လ ၆ရက် ၂၀၁၇ခုနှစ် မှ ဇူလိုင်လ ၁၂ရက် ၂၀၁၇ခုနှစ် အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း


တနင်္ဂနွေ – ဒီကာလအတွင်း အလုပ်ကံ၊စီးပွားကံမြင့်မားလာပါပြီ။ အလုပ်သစ်၊စီးပွားသစ်ဆိုတာတွေလဲ စတင်လို့ကောင်းပါပြီ။ မွေးရပ်နဲ့အဝေးတစ်နေရာသို့ အလုပ်စီးပွားသွားရောက်လုပ်ကိုင်ရမည့်ကံမျိးလဲရှိနေပါတယ်။ ဒီကာလမှာပွဲစားအလုပ်၊ ဆက်သွယ်ရေးနဲ့ပတ်သက်သောအလုပ်၊ onlineစီးပွားရေးများ လွန်စွာအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ပညာရေးနဲ့ ပက်သက်ရင် မိမိလိုချင်သောပန်းတိုင်ကိုရောက်ရှိပါလိမ့်မယ်။ ကျန်းမာရေးကတော့ အနည်းငယ်ညံ့နေပါလိမ့်မယ်။ စိုးရိမ်စရာမရှိပါ။ ဆေးမြီးတိုလောက်နဲ့ တင်ပျောက်ကင်းမဲ့အနေအထားပါပဲ။ အချစ်ရေးကံတော့ အညံ့ဆုံးအခြေအနေပါပဲ။ စကားအခြေအတင်များရာကနေ မခေါ်နိုင် မပြောနိုင်ဖြစ်ရတတ်ပါတယ်။ အကျိုးပေးဂဏန်း- ၁/၈/၄။ စီးပွားကံမြင့်မားနေမည်။ ယတြာ- လူကြီးသူမတွေအာဟာရဒါနပြုပါ။
တနင်္လာ – တနင်္လာသားသမီးတွေအနေနဲ့ အိမ်မှာမပျော်တာမျိုး ၊ အိမ်မှာမနေချင်တာမျိုး ဖြစ်နေရတတ်ပါတယ်။ မိသားစုအတွင်းရေးရဲ့ ပူပင်သောကတွေကြောင့် မိမိအနေနဲ့ စိတ်ဆင်းရဲနေရတတ်ပါတယ်။ ငွေတွေကလဲ အဝင်နည်းပြီး အထွက်များနေရတတ်ပါတယ်။ ငွေကုန်ကြေးကျများနေတဲ့သဘောပေါ့။ အလုပ်အကိုင်းပါးခြင်း ၊အရောင်းအဝယ်ပါးခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ထိခိုက်ရှနာ၊သွေးထွက်သံယို ကြုံရတတ်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ အမျိုးသမီးရောဂါမဖြစ်အောင် ဂရုစိုက်ပါ။ ရေချိုးမှားပြီး သွေးငုပ်ချွေးငုပ်ဖြစ်ရတတ်ပါတယ်။ ပညာရေးကံကတော့ အထူးမြင့်မားနေပါလိမ့်မယ်။ အချစ်ရေးကံကတော့ ကောင်းလိုက် မကောင်းလိုက်ဖြစ်နေရမဲ့အချိန်ပါပဲ။ အကျိုးပေးဂဏန်း- ၇/၀/၅ ။ စိတ်လေနေတတ်သည်။ ယတြာ- ကလေးငယ်တွေကို ကစားစရာပစ္စည်းလက်ဆောင်ပေးပါ။
အင်္ဂါ – အခြားအချင်းအရာတွေထက် ကျန်းမာရေးကို ပိုဂရုစိုက်ပါ။ မိမိအနေနဲ့ ကျန်းမာရေးအားနည်းလာပြီလို့ထင်တာနဲ့ ဆေးထိုးဆေးသောက်လုပ်သင့်ပါတယ်။ စိတ်ပင်ပန်း၊ အလုပ်ဝန်ပိနေရတာမျိုးလဲ ကြုံရမဲ့ကာလပါပဲ။ စက်ပစ္စည်းတွေ အပျက်အစီးများနေပါလိမ့်မယ်။ စက်ပစ္စည်းအသစ်တွေလဲ မဝယ်ပါနဲ့ ။ အောက်လက်ငယ်သားတွေကို အရေးကြီးတဲ့ကိစ္စတွေမှာ မျက်နှာလွှဲခိုင်းတာမျိုး မလုပ်ပါနဲ့။ ရည်မှန်းထားတာတွေ စိတ်ကူးထားတာတွေ တဖြည်းဖြည်းချင်းတော့ ဖြစ်လာပါလိမ့်မယ်။ မိမိအပေါင်းအသင်းတွေထဲမှာ မိမိကိုနောက်ကျောဓားနဲ့ထိုးမဲ့သူမျိုးနဲ့ ကြုံရတတ်ပါတယ်။ ပညာရေးမှာတွက်စာအားနည်းနေမဲ့အချိန်ပါပဲ။ အချစ်ရေးကံကတော့ အထူးကောင်းလာဖို့ ရှိနေပါတယ်။ အကျိုးပေးဂဏန်း- ၉/၁/၈ ။ ကိုယ်နှုတ်စိတ်သုံးပါးစလုံး ပင်ပန်းရမည်။ ယတြာ- ခွေးလေခွေးလွင့်များကို အစာကျွေးပါ။
ဗုဒ္ဓဟူး – ကံမြင့်မားနေမည်။ အဘက်ဘက်ကအဆင်ပြေလိမ့်မည်။ အကျိုးဖြစ်ထွန်းသော ကောင်းသောခရီးတွေသွားရတတ်သည်။အလုပ်စီးပွားတိုးတတ်နေလိမ့်မယ်။ ဒါကြောင့်ပဲကျွဲကူးရေပါဆိုသလို ငွေကံလဲမြင့်မားနေပါလိမ့်မယ်။ ငွေဝင်သလောက် ကုန်စရာတွေကလဲ များနေတတ်ပါတယ်။ လိုအပ်မှငွေသုံးပါ။ အလုပ်စီးပွားလုပ်ဖို့ ကမ်းလှမ်းတာမျိုးကြုံရရင် လက်ခံလိုက်ပါလို့ပြောချင်ပါတယ်။ ထီဝါသနာပါသူဆို ထီထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။ မိမိအိမ်နဲ့ ဝေးတဲ့နေရာက ထီဆိုင်မှာ ထိုးပါ။ မိမိရဲ့စိတ်ကူးစိတ်သန်းတွေလဲ ကောင်းနေတတ်ပါတယ်။ ပညာရေးထက် အခြားအရာတွေကိုစိတ်ဝင်စားနေမိတဲ့ အချိန်ပါ။ အချစ်ရေးကံမကောင်းသေးပါ။ မိမိကိုယ်တိုင်ကလဲအချစ်ရေးအပေါ်စိတ်ဝင်စားမှု အားနည်းနေပါတယ်။ အကျိုးပေးဂဏန်း- ၁/၇/၃ ။ စိတ်ကူးအတိုင်း အကောင်အထည်ဖော်ပါ။ ယတြာ- ဗုဒ္ဓဟူးထောင့်မှာ ထီးနီ ၃ လက်လှူပါ။
ကြာသပတေး – ကံမြင့်နေပါပြီ။ အညံ့အဆိုးတွေတဖြည်းဖြည်း ပြေလွင့်သွားပါလိမ့်မယ်။ အထည်လုပ်ငန်း ၊ ဖက်ရှင်၊ အလှကုန်၊ အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှေက်စားခြင်းခံရမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတတ်မည်။ မိိမိဆိုင် မိမိလုပ်ငန်းလူစည်မည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီအထောက်အပံ့ရမည်။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်တာ ၊ခေါင်းမူးတာ၊ သွေးတိုးတာမျိုးကြုံရတတ်သည်။ အချစ်ရေးကတော့ မကောင်းနိုင်သေးပါဘူး။ မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေးကြီးတာကို အချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။ ပညာရေးကဏ္ဍအလွန် အားနည်းနေတဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း- ၅/၈/၄။ လာဘ်ရွှင်မည်။ ယတြာ- ဘုရားမှာ ရွှေသင်္ကန်းကပ်ပါ။
သောကြာ – မိမိကိုယ်သာ အားကိုးသင့်တဲ့ကာလပါ။ မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။ မိမိစိတ်ကူးကြောင့် အောင်မြင်မှုတွေ ရပါလိမ့်မည်။ ခရီးကိစ္စများကြန့်ကြာပြီးမှ လိုရာပန်းတိုင်ရောက်မည်။ လက်ရှိအလုပ်မှာ စိတ်ပါဝင်စားမှုအားနည်းခြင်း၊ အလုက်ထွက်ချင်စိတ်ဖြစ်ပေါ်နေတတ်ခြင်းများ ခံစားရမည်။ အထက်လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည်။ ဘာသာရေးအပေါ် စိတ်ဝင်စားမှုအားနည်းနေတတ်သည်။နေ့စဉ်လုပ်နေကျ ကုသိုလ်အလုပ်တွေမလုပ်မိ ပျင်းရိနေတတ်သည်။ ပညာရေးကံအားနည်းနေသည်။ စာတွေမလိုက်နိုင်တာမျိုးကြုံတွေ့နိုင်သည်။ အချစ်ရေးကံကြမ္မာညံ့နေတုန်းပါပဲ ။ နှစ်ယောက်ကြား သွေးတိုးစကားတွေကိုယုံမိတတ်သည်။ အကျိုးပေးဂဏန်း -၈/၄/၁ ။စိတ်လေနေမည်။ ယတြာ- သောကြာထောင့်မှာ သပြေပန်းလှူပါ။
စနေ – ငွေကြေးကဏ္ဍတစ်ခုကတော့ အားနည်းနေသည်။ ငွေပေးငွေယူ သတိရှိပါ။ ကြွေးယူကြွေးတောင်းမလုပ်ပါနဲ့။ လူမှုရေးအသင်းအဖွဲ့မှငွေများ မိမိလက်ဝယ်ထားရှိခြင်းမျိုးလက်မခံပါနှင့်။ လာဘ်ပိတ်တတ်ပါတယ်။ အစားအသောက်ဆင်ခြင်ပါ။ ဝမ်းပျက်ဝမ်းလျော ဖြစ်တတ့်သည်။ လုပ်ငန်းစီးပွားတိုးတတ်နေပေမဲ့ လုပ်သလောက်အကျိုးအမြတ်နည်းနေတတ်သည်။ ကျန်းမာရေးကတော့ အထူးဂရုစိုက်စေချင်သည်။ အချစ်ရေးကံကတော့ မြင့်မားနေချိန်ပါပဲ။ ချစ်သူဆီက နားလည်မှုတွေ ကြင်နာမှုတွေရပါလိမ့်မည်။ ပညာရေးကံမြင့်နေပေမဲ့ မိမိအနေနဲ့ ကြိုးစားဖို့တော့ လိုပါသည်။ အာရုံစိုက်ထားမှ ပညာရပ်အပေါ်နားလည်လိမ့်မည်။ ဇိမ်ခံပစ္စည်းများ ဒီကာလအတွင်းမဝယ်ပါနဲ့။ အကျိုးပေးဂဏန်း- ၇/၀/၃ ။ လူပင်ပန်းနွမ်းချိ နေလိမ့်မည်။ ယတြာ- ရဟန်းတစ်ပါးအား ဖိနပ်လှူပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...