ျမန္မာ့ ရုပ္ရွင္ေလာကသားခ်င္း ဘာလုိ႔ ေက်ာ္ဟိန္းနဲ႔ ေဒြးကို ပိုၿပီး ေလးစားတန္းဖုိးထားၾကတာလဲ


တစ္ေန႔က ဖိုးေက်ာ္ အင္တာဗ်ဴးေလး ၾကည့္ရင္းေတြးေနမိတယ္။ ရုပ္ရွင္ေလာကက ဇာတ္ပို႔၊ ဇာတ္ရံေတြက ေက်ာ္ဟိန္းတို႔ တူ၀ရီးကိုလြမ္းဆြတ္တသ သတိရေနၾကတယ္။ သတိရမွာေပါ့။
တစ္ခါက ဇာတ္ပို႔တစ္ေယာက္ေျပာတာ ၾကားဖူးတယ္။ ေက်ာ္ဟိန္းတစ္ကားကို သိန္း ၅၀ ရတဲ့ေခတ္မွာ သူတို႔ ဇာတ္ပို႔ေတြကို ထုတ္လုပ္သူက ၅ သိန္းေပးရသတဲ့။ ေပးခ်င္လြန္းလို႔ ေစတနာရွိလြန္းလို႔ေတာ့မထင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ာ္ဟိန္းကေပးခိုင္းတာလို႔ဆိုပါ တယ္။ သေဘာကေတာ့ ေဟ့ သူတို႔ကိုလည္း အနိမ့္ဆံုး ဒီေလာက္ဒီေလာက္ေတာ့ေပးၾက၊ အဲဒီေလာက္မွ မေပးရင္ ငါလည္းမရိုက္ဘူးလို႔မေျပာရံုတမယ္ေနမွာaပါ့။ ေက်ာ္ဟိန္းတို႔ ေဒြးတို႔ေခတ္မွာ ထုတ္လုပ္သူက လည္း ေက်ာ္ဟိန္းမွ ေက်ာ္ဟိန္း၊ ေဒြးမွ ေဒြးျဖစ္ေနၾက တာ မဟုတ္လား။ စီးပြားရွာလို႔ေကာင္းတာကိုး။

ဒီေတာ့ ေက်ာ္ဟိန္းတို႔ တူ၀ရီးကလည္း ဇာတ္ပို႔ ဇာတ္ရံေတြကို သူတို႔တတ္ႏိုင္တဲ့ဘက္က ႏႈတ္၏ေစာင္မျခင္း ကိုယ္၏ေစာင္မျခင္းနဲ႔ ၾကည့္ရႈပံုရပါတယ္။ ဖိုးေက်ာ္လည္း ဒီလိုပဲ ေဒြးကေျပာသတဲ့။ မင္းေတာ့ငါ မရွိရင္ တိုင္ပတ္မွာဆိုပဲ။ သိေနတယ္ေလ။ စီးပြားေရးသမားေတြနဲ႔ အႏုပညာစိတ္မရွိတဲ့လူေတြရဲ႕အထာေတြ ကို သူတို႔က ပိုသိတာေပါ့။ ၿမိဳ႕ထဲက ဂ်ာနယ္တိုက္မွာအလုပ္လုပ္တုန္း မိတ္ေဆြ တစ္ေယာက္ကေျပာဖူးတယ္။ ရုပ္ရွင္ေလာကဆိုတာ ခင္ဗ်ားတို႔စစ္တပ္မွာ ဆိုးပါတယ္ဆိုတဲ့ ဗ်ဴရိုကရက္အ မူအက်င့္ေတြထက္ ဆယ္ဆမက ဆိုးတယ္ဗ် တဲ့။

ကိုယ္ခ်င္းစာတရားတို႔ ငဲ့ညွာေထာက္ထားမႈတို႔ဆိုတာ အဲဒါပဲ။ ေက်ာ္ဟိန္းက သူ သိန္း ၅၀ ရေနတဲ့အခ်ိန္မွာ သူနဲ႔အတူတူရိုက္ကူးတဲ့ ဇာတ္ပို႔ေတြ ၅ သိန္းမရရင္ ေနမထိ ထိုင္မသာျဖစ္လို႔ ထုတ္လုပ္သူကို သူ႔ေက်ာ္ၾကားမႈနဲ႔ရင္းၿပီး အမုန္းခံေျပာေပမဲ့ ဒီကေန႔ ၇ ရက္ စာ ဇာတ္ကားတစ္ကားကို သိန္း ၂၀၀ ေလာက္ရေနတဲ့ မင္းသားတစ္ေယာက္က သူနဲ႔အတူတူအလုပ္လုပ္ေနတဲ့ ဇာတ္ပို႔တစ္ေယာက္ သိန္း ၂၀ ရေအာင္ ေပးဖို႔ေနေနသာသာ ဘယ္ေလာက္ရရ စိတ္မ၀င္စားဘူး ငါ့ကံနဲ႔ငါ မင္းတို႔ကံနဲ႔ မင္းတို႔ဆိုတဲ့သေဘာ။ ေက်ာ္ဟိန္းေရာ ေဒြးပါ လူသားခ်င္းဆိုတဲ့စိတ္ရွိတယ္။ ရွိလို႔လည္း အမုန္းခံခဲ့ၾကတယ္။ ဒါ့ေၾကာင့္လည္း ရုပ္ရွင္ေလာကရဲ႕ အႏွိမ္ခံေတြကသူ တို႔ကို လြမ္းေနၾကတာေပါ့။ လူဆိုတာ လြမ္းေလာက္စရာရွိမွ လြမ္းတာ။ လြမ္းဖို႔ တန္တဲ့သူမွ အလြမ္းခံရတာ။
ရဲေက်ာ္သူရ ေဖ့ဘုတ္စာမ်က္ႏွာမွ ကူးယူေဖာ္ျပသည္။
Credit - searchmyanmar
==========

တစ်နေ့က ဖိုးကျော် အင်တာဗျူးလေး ကြည့်ရင်းတွေးနေမိတယ်။ ရုပ်ရှင်လောကက ဇာတ်ပို့၊ ဇာတ်ရံတွေက ကျော်ဟိန်းတို့ တူဝရီးကိုလွမ်းဆွတ်တသ သတိရနေကြတယ်။ သတိရမှာပေါ့။
တစ်ခါက ဇာတ်ပို့တစ်ယောက်ပြောတာ ကြားဖူးတယ်။ ကျော်ဟိန်းတစ်ကားကို သိန်း ၅၀ ရတဲ့ခေတ်မှာ သူတို့ ဇာတ်ပို့တွေကို ထုတ်လုပ်သူက ၅ သိန်းပေးရသတဲ့။ ပေးချင်လွန်းလို့ စေတနာရှိလွန်းလို့တော့မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျော်ဟိန်းကပေးခိုင်းတာလို့ဆိုပါ တယ်။ သဘောကတော့ ဟေ့ သူတို့ကိုလည်း အနိမ့်ဆုံး ဒီလောက်ဒီလောက်တော့ပေးကြ၊ အဲဒီလောက်မှ မပေးရင် ငါလည်းမရိုက်ဘူးလို့မပြောရုံတမယ်နေမှာaပါ့။ ကျော်ဟိန်းတို့ ဒွေးတို့ခေတ်မှာ ထုတ်လုပ်သူက လည်း ကျော်ဟိန်းမှ ကျော်ဟိန်း၊ ဒွေးမှ ဒွေးဖြစ်နေကြ တာ မဟုတ်လား။ စီးပွားရှာလို့ကောင်းတာကိုး။

ဒီတော့ ကျော်ဟိန်းတို့ တူဝရီးကလည်း ဇာတ်ပို့ ဇာတ်ရံတွေကို သူတို့တတ်နိုင်တဲ့ဘက်က နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းနဲ့ ကြည့်ရှုပုံရပါတယ်။ ဖိုးကျော်လည်း ဒီလိုပဲ ဒွေးကပြောသတဲ့။ မင်းတော့ငါ မရှိရင် တိုင်ပတ်မှာဆိုပဲ။ သိနေတယ်လေ။ စီးပွားရေးသမားတွေနဲ့ အနုပညာစိတ်မရှိတဲ့လူတွေရဲ့အထာတွေ ကို သူတို့က ပိုသိတာပေါ့။ မြို့ထဲက ဂျာနယ်တိုက်မှာအလုပ်လုပ်တုန်း မိတ်ဆွေ တစ်ယောက်ကပြောဖူးတယ်။ ရုပ်ရှင်လောကဆိုတာ ခင်ဗျားတို့စစ်တပ်မှာ ဆိုးပါတယ်ဆိုတဲ့ ဗျူရိုကရက်အ မူအကျင့်တွေထက် ဆယ်ဆမက ဆိုးတယ်ဗျ တဲ့။

ကိုယ်ချင်းစာတရားတို့ ငဲ့ညှာထောက်ထားမှုတို့ဆိုတာ အဲဒါပဲ။ ကျော်ဟိန်းက သူ သိန်း ၅၀ ရနေတဲ့အချိန်မှာ သူနဲ့အတူတူရိုက်ကူးတဲ့ ဇာတ်ပို့တွေ ၅ သိန်းမရရင် နေမထိ ထိုင်မသာဖြစ်လို့ ထုတ်လုပ်သူကို သူ့ကျော်ကြားမှုနဲ့ရင်းပြီး အမုန်းခံပြောပေမဲ့ ဒီကနေ့ ၇ ရက် စာ ဇာတ်ကားတစ်ကားကို သိန်း ၂၀၀ လောက်ရနေတဲ့ မင်းသားတစ်ယောက်က သူနဲ့အတူတူအလုပ်လုပ်နေတဲ့ ဇာတ်ပို့တစ်ယောက် သိန်း ၂၀ ရအောင် ပေးဖို့နေနေသာသာ ဘယ်လောက်ရရ စိတ်မဝင်စားဘူး ငါ့ကံနဲ့ငါ မင်းတို့ကံနဲ့ မင်းတို့ဆိုတဲ့သဘော။ ကျော်ဟိန်းရော ဒွေးပါ လူသားချင်းဆိုတဲ့စိတ်ရှိတယ်။ ရှိလို့လည်း အမုန်းခံခဲ့ကြတယ်။ ဒါ့ကြောင့်လည်း ရုပ်ရှင်လောကရဲ့ အနှိမ်ခံတွေကသူ တို့ကို လွမ်းနေကြတာပေါ့။ လူဆိုတာ လွမ်းလောက်စရာရှိမှ လွမ်းတာ။ လွမ်းဖို့ တန်တဲ့သူမှ အလွမ်းခံရတာ။
ရဲကျော်သူရ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...