အရြယ္နဲ႔မလိုက္ေအာင္ ႏွိပ္စက္ခံရတဲ့ ကေလးမေလး တစ္ဦးရဲ႕ နာက်ည္းဖြယ္ ျဖစ္ရပ္


ေကာင္မေလးတစ္ေယာက္ဟာ (၈) ႏွစ္အရြယ္မွာပဲ ပန္းေရာင္ ဒိုင္ယာရီစာအုပ္ကေလး တစ္အုပ္ကိုလက္ေဆာင္ရရွိခဲ့ပါတယ္။။ သူမရဲ႕ငယ္ဘ၀ေလးဟာ အလြန္စက္ဆုတ္္မုန္းတီးဖြယ္ ေကာင္းခဲ့ျပီး ဘ၀ရဲ႕ဒုကၡေတြကို သူမဟာ အရြယ္နဲ႔မလိုက္ေအာင္ခံစားခဲ့ရပါတယ္။
ေကာင္မေလးရဲ႕ အေဖနဲ႔အေမဟာ သူတို႔သူေဌးရဲ႕ အကြက္ဆင္ ေခ်ာက္ခ်မႈေၾကာင့္ ေသဒဏ္က်ခံခဲ့ရပါတယ္။ အလုပ္ရွင္ သူေဌးဟာ ျပစ္မႈၾကီးတစ္ခုကို က်ဴးလြန္ခဲ့ျပီး အဲ့ဒီအျပစ္ေတြကို ေကာင္မေလးအေဖနဲ႔ အေမေပၚကို ေသခ်ာအကြက္ဆင္ျပီး ပံုခ်ခဲ့ကာ ေငြနဲ႔ အရာရာကိုလြယ္ကူစြာ ေျဖရွင္းခဲ့ေပမယ့္ ေငြမရွိ အေတြ႔အၾကံဳမရွိ ႏံုအရိုးသားတဲ့ ေကာင္မေလး အေဖနဲ႔အေမမွာေတာ့ ျငင္းဆိုဖို႔ အခြင့္အေရးေတာင္မရရွာဘဲ အမႈရႈံးကာ ၾကိဳးစင္တက္ခဲ့ရပါတယ္။
လူမဆန္တဲ့လူေတြၾကားမွာ အျပစ္မဲ့တဲ့ လူႏွစ္ေယာက္အသက္ဟာ တရားမမွ်တစြာ ဆံုးရႈံးခဲ့ရျပီး က်န္ေနခဲ့တဲ့ ကေလးႏွစ္ေယာက္မွာလည္း ခံျပင္းစြာနဲ႔ ဘ၀ကို ဆက္လက္ရွင္သန္ခဲ့ၾကရပါေတာ့တယ္။ အေဖနဲ႔ အေမ မရွိေတာ့တဲ့ေနာက္မွာေတာ့ ေကာင္မေလးနဲ႔ သူ႔အစ္ကိုဟာ အိမ္ေျခယာမဲ့ျဖစ္ခဲ့ရျပီး ေအးစက္ေနတဲ့လမ္းမေတြေပၚမွာ အိပ္ခ့ဲၾကရပါတယ္။ အမႈိက္ပံုထဲက စားၾကြင္းစားက်န္ေလးေတြကို ေမာင္ႏွမႏွစ္ေယာက္ ရွာျပီးစားေသာက္ခဲ့ၾကရွာပါတယ္။
ေဆာင္းရာသီရဲ႕ညတစ္ညမွာေတာ့ ေကာင္မေလးက အျပင္းဖ်ားခဲ့ပါေတာ့တယ္။ သူတို႔ေမာင္ႏွမမွာ ေဆးခန္းသြားဖို႔ ေငြဆိုတာလည္း တစ္ျပားတစ္ခ်ပ္မွ မရွိခဲ့ပါဘူး။ ေကာင္မေလး အကိုဟာ သူ႔ညီမေလးကို ထားျပီး ေဆးဖိုးရွာဖို႔ ထြက္သြားခဲ့ပါတယ္။ ခဏၾကာေတာ့ ေငြတစ္ခ်ဳိ႔ ကို လက္ထဲကိုင္ျပီး သူ႔ညီမေလးရွိရာကို ျပန္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ သူ႔ညီမေလးကို ေဆးခန္းလိုက္ပို႔ခဲ့ပါတယ္။
ေဆးခန္းကျပန္လာေတာ့ သူ႔ညီမေလးကို လက္ေဆာင္ေလးတစ္ခုေပးခဲ့ပါတယ္။ တစ္ခ်ိန္ခ်ိန္ ညီမေလးမွာ ရင္ဖြင့္ဖို႔ အေဖာ္မရွိေတာ့တဲ့အခါ ညီမေလးခံစားခ်က္ေတြကို ဒီစာအုပ္ေလးထဲမွာ ခ်ေရးလို႔ရတယ္ ဆိုျပီး ပန္းေရာင္စာအုပ္ေလးတစ္အုပ္ကို သူ႔ညီမေလးလက္ထဲကိုထည့္ေပးခဲ့ပါတယ္။။ သူတို႔ေမာင္ႏွမ ႏွစ္ေယာက္စကားေျပာေနခ်ိန္မွာပဲ လူတစ္စု သူတို႔အနီးကိုေရာက္လာျပီး “ခုနပိုက္ဆံခိုးသြြားတဲ့ေကာင္ ဒီေကာင္” ဆိုျပီး ေကာင္ေလးကို ၀ိုင္းရိုက္ႏွက္ၾကပါေတာ့တယ္။ ေကာင္မေလးလည္း ေအာ္ဟစ္အကူညီေတာင္းခဲ့ေပမယ့္ တစ္ေယာက္တစ္ေလမွ သူတို႔ေမာင္ႏွမကို ကူညီမယ့္သူမရွိခဲ့ပါဘူး။
ေနာက္ေန႔မနက္မွာေတာ့ ေဆာင္းတြင္းအေအးဒဏ္နဲ႔ ရိုက္ႏွက္ဒဏ္ရာေတြေၾကာင့္ ေကာင္မေလး အကိုဟာ သူ႔ညီမေလးကိုအျပီးတိုင္ႏူတ္ဆက္ ထြက္ခြာသြားခဲ့ပါေတာ့တယ္။ ေကာင္မေလးရဲ႕ဘ၀ေမွ်ာ္လင့္ခ်က္ေတြ ဒုတိယတစ္ၾကိမ္ ပ်က္ဆီးခဲ့ရျပန္ျပီေလ..။ သူမဟာ လမ္းမေပၚမွာ တစ္ေယာက္တည္း မစားမေသာက္ ေလွ်ာက္သြားေနခဲ့ပါတယ္။
တစ္ရက္မွာ သနားၾကင္နာတက္တဲ့ပံုရွိတဲ့ လူတစ္ေယာက္ဟာ သူမကို ခလုပ္တိုက္မိခဲ့ပါတယ္။ သူမဟာ အစားမစားပဲေနခဲ့တာေၾကာင့္ အားအင္ခ်ိနဲ႔ကာ လမ္းမေပၚမွာ လဲလို႔ သတိလစ္ေနခဲ့ပါျပီ။ ထိုလူၾကီးက သူမကို ရဲစခန္းကိုသြားပို႔ခဲ့ျပီး ဒီကေလးကို ဂရုစိုက္မယ့္ ေဆြမ်ိဳးသားခ်င္း မရွိဘူးလား ေမးခဲ့ပါတယ္။ ရဲစခန္းက သူမနဲ႔ဆက္စပ္တဲ့ဖိုင္ေတြလိုက္ရွာလိုက္တဲ့အခါ သူမနဲ႔ေဆြမ်ိဳးနီးစပ္ေတာ္တဲ့ ဦးေလးနဲ႔အေဒၚကို ရွာေဖြေတြ႔ရွိသြားခဲ့ပါတယ္။ ေကာင္မေလးကို ေဆြမ်ိဳးေတြျဖစ္တဲ့ အေဒၚလင္မယားဆီသြားပို႔တဲ့အခါ အေဒၚလင္မယားက လက္မခံခ်င္ခဲ့ၾကပါဘူး။ ရဲေတြက ဖိအားေပးျပီး ေျပာဆိုေတာ့မွ သူတို႔မွာ မတက္ႏိုင္အဆံုး လက္ခံထားလိုက္ၾကပါတယ္။
သူမအေဒၚလင္မယားမွာလဲ သနားၾကင္နာမႈကင္းမဲ့ျပီး ရက္စက္တဲ့သူေတြျဖစ္ပါတယ္။ သူတို႔ဟာ သူမကို အျပစ္ရွာျပီး ေန႔တိုင္းနီးပါး ရိုက္ႏွက္ခဲ့ၾကတယ္။ သူမဟာသူမရဲ႕ေၾကာက္စရာေကာင္းတဲ့ ဘ၀ကို ရြံ႔ရွာမုန္းတီးလို႔ေနခဲ့ပါျပီ။ ဒီလိုနာက်င္ခံစားေနရျခင္းေတြက သူမ ရုန္းထြက္ခ်င္ေနခဲ့တယ္။ သူမအားတင္းခဲ့ပါတယ္။ သူမရည္ရြယ္ခ်က္ေတြ တစ္ေန႔ေန႔မွာအေကာင္အထည္ေဖာ္မယ္ဆိုျပီးေပါ့။
သူမအကိုေပးခဲ့တဲ့ ဒိုင္ယာရီစာအုပ္ေလးထဲမွာ ေန႔စဥ္ဘ၀ရဲ႕ဒုကၡမ်ားကို သူမခ်ေရးခဲ့ပါတယ္။ ဒီေန႔မွာ ေတာ့ သူမဘ၀ရဲ႕ေမွ်ာ္လင့္ခ်က္နဲ႔ အိပ္မက္ေတြကို ခ်ေရးေနခဲ့ပါတယ္။
သူမရဲ႕ရည္မွန္းခ်က္ကေတာ့ စာေတြၾကိဳးစားျပီး တကၠသိုလ္၀င္ခြင့္ရသူတစ္ေယာက္ ျဖစ္ခ်င္ခဲ့တာပါ။ သူမတကၠသိုလ္မွာပညာသင္ခြင့္ရတဲ့အခါမွာ တရားသူၾကီးတစ္ေယာက္ျဖစ္ဖို႔ ဆက္လက္ၾကိဳးစားမယ္။ တရားသူၾကီးျဖစ္လာတဲ့အခါ သူမနဲ႔ဘ၀တူ လူေတြကို ကူညီမယ္။ သူမစီရင္ခ်က္ခ်တဲ့ အမႈတိုင္းဟာ ရိုးသားျပီး တရားမွ်တေစရမယ္။ အက်င့္စာရိတၱေဖာက္ျပန္တဲ့ မတရားမႈေတြကို သူမဘယ္ေတာ့မွ ခြင့္မျပဳဘူး။ လာဘ္ထိုးမႈေတြကိုလည္း သူမဘယ္ေတာ့မွ လက္မခံဘူး။ ယုတ္မာရက္စက္မႈေတြကို တရားဥပေဒနဲ႔အညီ အေရးယူဆံုးျဖတ္မယ္ ဆိုျပီးေတာ့ပဲျဖစ္ပါတယ္။
ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာေလေလ သူမအေဒၚနဲ႔ ဦးေလးဟာ သနားၾကင္နာမႈေတြ ပိုမိုေပ်ာက္ဆံုးလာျပီး သူမကို ရိုက္ႏွက္ႏွိပ္စက္မႈေတြကလည္း တေျဖးေျဖး ပို၍ ပို၍ ဆိုးလာခဲ့ပါတယ္။ သူမခႏၶာကိုယ္မွာလည္း ရိုက္ႏွက္ဒဏ္ရာေတြက အညိဳအမည္းစြဲေနခဲ့ျပီး အသားေတြလည္း ေၾကလုနီးပါးျဖစ္ေနခဲ့ပါျပီ ။ ဒါေပမယ့္ သူမရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔ သူမဆက္လက္ ေတာင့္ခံခဲ့ပါတယ္။
ဒီေန႔ကေတာ့ သူမအတြက္ ၀မ္းနည္းစရာအေကာင္းဆံုး ေန႔တစ္ေန႔ျဖစ္ခဲ့ပါေတာ့တယ္။ သူမဟာသန္႔ရွင္းေရးလုပ္ရင္း သူ႔ဦးေလး တန္ဖိုးထားတဲ့ပန္းအိုးတစ္လံုးကို မေတာ္တဆ တိုက္မိခဲ့ကာ ပန္းအိုးဟာ ၾကမ္းျပင္ေပၚၾကျပီး အစိတ္စိတ္အမႊာမႊာ ကြဲေၾကခဲ့ပါေတာ့တယ္။ သူ႔ဦးေလးအိမ္ျပန္လာတဲ့အခါ ဘယ္လိုျဖစ္မလဲဆိုတာ သူမၾကိဳတင္မွန္းဆ ႏိုင္ခဲ့ပါတယ္။ သူမ သူမေနခဲ့တဲ့ေက်ာင္းကို အေျပးအလႊားသြားခဲ့ျပီး သူမရဲ႕ ပန္းေရာင္ ဒိုင္ယာရီစာအုပ္ေလးကို ဆရာမစားပြဲေပၚမွာတင္ခဲ့လိုက္ပါတယ္။ သူမအကိုေပးခဲ့တဲ့ အဖိုးတန္လွတဲ့ဒိုင္ယာရီစာအုပ္ေလးကို သူတို႔ စုတ္ျဖဲပစ္ၾကမွာကို သူမမလိုလားခဲ့ဘူးေလ။
အဲ့ဒီေနာက္ သူမ ေနအိမ္ကို ျပန္လာခဲ့တဲ့အခါ သူမထင္ထားသလိုပဲ အိမ္အ၀မွာ သူမကို ေဒါသတၾကီး ေစာင့္ေနတဲ့ သူမဦးေလးကို ေတြ႔လိုက္ရပါတယ္။ သူမတံခါးဆီကို ေရာက္တယ္ဆိုတာနဲ႔ သူမေခါင္းမွ ဆံပင္ေမႊးကိုဆြဲကာ အခန္းဆီသို႔ တရြတ္တိုက္ဆြဲခ်သြားပါေတာ့တယ္။ ျပီးတဲ့ေနာက္မွာေတာ့ သူ႔လက္ထဲမွာကိုင္ထားတဲ့ ၾကီးမားတဲ့လက္ကိုင္တုတ္နဲ႔ သူမကို မဲျပာညိဳမဲသြားတဲ့အထိ မနားတမ္းရိုက္ခဲ့ပါတယ္။ ထို႔ေနာက္ အားမရႏိုင္ေသးပဲ သူမခႏၶာကိုယ္ေသးေသးေလးထဲက အရိုးေတြပဲ့ထြက္ကုန္ေအာင္ အားကုန္ရိုက္ႏွက္ခဲ့ပါေတာ့တယ္။
သူမ ေသမင္းတံခါး၀ကို လွမ္းေတြ႔လိုက္ရပါျပီ။ သူမမ်က္ႏွာမွာလည္း ေသြးေတြအျပည့္ဖံုးလႊမ္းေနျပီး အသက္ကိုလည္း မနည္းရႈေနခဲ့ရပါတယ္။ သူမေသဖို႔အခ်ိန္ နီးလို႔လာျပီဆိုတာ သူမကိုယ္ သူမသိလိုက္မိပါတယ္။ အဲ့ဒီေနာက္ သူမရဲ႕ အျမင္အာရံုေတြ ေမွာင္မဲက်သြားျပီး သူမ၀ိဥာဥ္ဟာ သူမခႏၶာကိုယ္ထဲမွ ထြက္လို႔သြားခဲ့ပါေတာ့တယ္။
ေနာက္ေန႔မွာေတာ့ ေအးစက္ေနတဲ့ၾကမ္းျပင္ေပၚမွာ မလႈပ္မယွက္ အသက္ဆံုးေနတဲ့ ကေလးမေလး တစ္ေယာက္ အေလာင္းကို ရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။ ေကာင္မေလးထားခဲ့တဲ့ ပန္းေရာင္ဒိုင္ယာရီစာအုပ္ေလးကို ေနာက္ေယာင္ခံျပီး ဆရာမဟာ ရဲေတြကိုအေၾကာင္းၾကားခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။ ဒိုုင္ယာရီစာအုပ္ေလးထဲက အျဖစ္အပ်က္ေတြကိုၾကည့္ျပီး စစ္ေဆးမႈေတြျပဳလုပ္ခဲ့တဲ့အခါ ေကာင္မေလးရဲ႕ ဦးေလးျဖစ္သူဟာ ကေလးငယ္ကို ႏွိပ္စက္ညွင္းပန္း သတ္ျဖတ္မႈ နဲ႔ ေသဒဏ္က်ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ ေကာင္မေလးရဲ႕ အေလာင္းကိုေတာ့ ပတ္၀န္းက်င္ကလူေတြက ေကာင္းမြန္စြာျမဳပ္ႏွံေပးခဲ့ၾကပါတယ္။
ကံဆိုးလွတဲ့ ေကာင္မေလးတို႔မိသားစု ဘ၀တစ္ပါးမွာ ျပန္ဆံုေတြ႔ႏိုင္ရဲ႔လားဆိုေတာ့ေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး…
Source : Momolay
Unicode Version
အရွယ်နဲ့မလိုက်အောင် နှိပ်စက်ခံရတဲ့ ကလေးမလေး တစ်ဦးရဲ့ နာကျည်းဖွယ် ဖြစ်ရပ်
ကောင်မလေးတစ်ယောက်ဟာ (၈) နှစ်အရွယ်မှာပဲ ပန်းရောင် ဒိုင်ယာရီစာအုပ်ကလေး တစ်အုပ်ကိုလက်ဆောင်ရရှိခဲ့ပါတယ်။။ သူမရဲ့ငယ်ဘဝလေးဟာ အလွန်စက်ဆုတ််မုန်းတီးဖွယ် ကောင်းခဲ့ပြီး ဘဝရဲ့ဒုက္ခတွေကို သူမဟာ အရွယ်နဲ့မလိုက်အောင်ခံစားခဲ့ရပါတယ်။
ကောင်မလေးရဲ့ အဖေနဲ့အမေဟာ သူတို့သူဌေးရဲ့ အကွက်ဆင် ချောက်ချမှုကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ အလုပ်ရှင် သူဌေးဟာ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီး အဲ့ဒီအပြစ်တွေကို ကောင်မလေးအဖေနဲ့ အမေပေါ်ကို သေချာအကွက်ဆင်ပြီး ပုံချခဲ့ကာ ငွေနဲ့ အရာရာကိုလွယ်ကူစွာ ဖြေရှင်းခဲ့ပေမယ့် ငွေမရှိ အတွေ့အကြုံမရှိ နုံအရိုးသားတဲ့ ကောင်မလေး အဖေနဲ့အမေမှာတော့ ငြင်းဆိုဖို့ အခွင့်အရေးတောင်မရရှာဘဲ အမှုရှုံးကာ ကြိုးစင်တက်ခဲ့ရပါတယ်။
လူမဆန်တဲ့လူတွေကြားမှာ အပြစ်မဲ့တဲ့ လူနှစ်ယောက်အသက်ဟာ တရားမမျှတစွာ ဆုံးရှုံးခဲ့ရပြီး ကျန်နေခဲ့တဲ့ ကလေးနှစ်ယောက်မှာလည်း ခံပြင်းစွာနဲ့ ဘဝကို ဆက်လက်ရှင်သန်ခဲ့ကြရပါတော့တယ်။ အဖေနဲ့ အမေ မရှိတော့တဲ့နောက်မှာတော့ ကောင်မလေးနဲ့ သူ့အစ်ကိုဟာ အိမ်ခြေယာမဲ့ဖြစ်ခဲ့ရပြီး အေးစက်နေတဲ့လမ်းမတွေပေါ်မှာ အိပ်ခဲ့ကြရပါတယ်။ အမှိုက်ပုံထဲက စားကြွင်းစားကျန်လေးတွေကို မောင်နှမနှစ်ယောက် ရှာပြီးစားသောက်ခဲ့ကြရှာပါတယ်။
ဆောင်းရာသီရဲ့ညတစ်ညမှာတော့ ကောင်မလေးက အပြင်းဖျားခဲ့ပါတော့တယ်။ သူတို့မောင်နှမမှာ ဆေးခန်းသွားဖို့ ငွေဆိုတာလည်း တစ်ပြားတစ်ချပ်မှ မရှိခဲ့ပါဘူး။ ကောင်မလေး အကိုဟာ သူ့ညီမလေးကို ထားပြီး ဆေးဖိုးရှာဖို့ ထွက်သွားခဲ့ပါတယ်။ ခဏကြာတော့ ငွေတစ်ချို့ ကို လက်ထဲကိုင်ပြီး သူ့ညီမလေးရှိရာကို ပြန်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ညီမလေးကို ဆေးခန်းလိုက်ပို့ခဲ့ပါတယ်။
ဆေးခန်းကပြန်လာတော့ သူ့ညီမလေးကို လက်ဆောင်လေးတစ်ခုပေးခဲ့ပါတယ်။ တစ်ချိန်ချိန် ညီမလေးမှာ ရင်ဖွင့်ဖို့ အဖော်မရှိတော့တဲ့အခါ ညီမလေးခံစားချက်တွေကို ဒီစာအုပ်လေးထဲမှာ ချရေးလို့ရတယ် ဆိုပြီး ပန်းရောင်စာအုပ်လေးတစ်အုပ်ကို သူ့ညီမလေးလက်ထဲကိုထည့်ပေးခဲ့ပါတယ်။။ သူတို့မောင်နှမ နှစ်ယောက်စကားပြောနေချိန်မှာပဲ လူတစ်စု သူတို့အနီးကိုရောက်လာပြီး “ခုနပိုက်ဆံခိုးသွွားတဲ့ကောင် ဒီကောင်” ဆိုပြီး ကောင်လေးကို ၀ိုင်းရိုက်နှက်ကြပါတော့တယ်။ ကောင်မလေးလည်း အော်ဟစ်အကူညီတောင်းခဲ့ပေမယ့် တစ်ယောက်တစ်လေမှ သူတို့မောင်နှမကို ကူညီမယ့်သူမရှိခဲ့ပါဘူး။
နောက်နေ့မနက်မှာတော့ ဆောင်းတွင်းအအေးဒဏ်နဲ့ ရိုက်နှက်ဒဏ်ရာတွေကြောင့် ကောင်မလေး အကိုဟာ သူ့ညီမလေးကိုအပြီးတိုင်နူတ်ဆက် ထွက်ခွာသွားခဲ့ပါတော့တယ်။ ကောင်မလေးရဲ့ဘဝမျှော်လင့်ချက်တွေ ဒုတိယတစ်ကြိမ် ပျက်ဆီးခဲ့ရပြန်ပြီလေ..။ သူမဟာ လမ်းမပေါ်မှာ တစ်ယောက်တည်း မစားမသောက် လျှောက်သွားနေခဲ့ပါတယ်။
တစ်ရက်မှာ သနားကြင်နာတက်တဲ့ပုံရှိတဲ့ လူတစ်ယောက်ဟာ သူမကို ခလုပ်တိုက်မိခဲ့ပါတယ်။ သူမဟာ အစားမစားပဲနေခဲ့တာကြောင့် အားအင်ချိနဲ့ကာ လမ်းမပေါ်မှာ လဲလို့ သတိလစ်နေခဲ့ပါပြီ။ ထိုလူကြီးက သူမကို ရဲစခန်းကိုသွားပို့ခဲ့ပြီး ဒီကလေးကို ဂရုစိုက်မယ့် ဆွေမျိုးသားချင်း မရှိဘူးလား မေးခဲ့ပါတယ်။ ရဲစခန်းက သူမနဲ့ဆက်စပ်တဲ့ဖိုင်တွေလိုက်ရှာလိုက်တဲ့အခါ သူမနဲ့ဆွေမျိုးနီးစပ်တော်တဲ့ ဦးလေးနဲ့အဒေါ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ကောင်မလေးကို ဆွေမျိုးတွေဖြစ်တဲ့ အဒေါ်လင်မယားဆီသွားပို့တဲ့အခါ အဒေါ်လင်မယားက လက်မခံချင်ခဲ့ကြပါဘူး။ ရဲတွေက ဖိအားပေးပြီး ပြောဆိုတော့မှ သူတို့မှာ မတက်နိုင်အဆုံး လက်ခံထားလိုက်ကြပါတယ်။
သူမအဒေါ်လင်မယားမှာလဲ သနားကြင်နာမှုကင်းမဲ့ပြီး ရက်စက်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူမကို အပြစ်ရှာပြီး နေ့တိုင်းနီးပါး ရိုက်နှက်ခဲ့ကြတယ်။ သူမဟာသူမရဲ့ကြောက်စရာကောင်းတဲ့ ဘဝကို ရွံ့ရှာမုန်းတီးလို့နေခဲ့ပါပြီ။ ဒီလိုနာကျင်ခံစားနေရခြင်းတွေက သူမ ရုန်းထွက်ချင်နေခဲ့တယ်။ သူမအားတင်းခဲ့ပါတယ်။ သူမရည်ရွယ်ချက်တွေ တစ်နေ့နေ့မှာအကောင်အထည်ဖော်မယ်ဆိုပြီးပေါ့။
သူမအကိုပေးခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ နေ့စဉ်ဘဝရဲ့ဒုက္ခများကို သူမချရေးခဲ့ပါတယ်။ ဒီနေ့မှာ တော့ သူမဘဝရဲ့မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို ချရေးနေခဲ့ပါတယ်။
သူမရဲ့ရည်မှန်းချက်ကတော့ စာတွေကြိုးစားပြီး တက္ကသိုလ်ဝင်ခွင့်ရသူတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူမတက္ကသိုလ်မှာပညာသင်ခွင့်ရတဲ့အခါမှာ တရားသူကြီးတစ်ယောက်ဖြစ်ဖို့ ဆက်လက်ကြိုးစားမယ်။ တရားသူကြီးဖြစ်လာတဲ့အခါ သူမနဲ့ဘဝတူ လူတွေကို ကူညီမယ်။ သူမစီရင်ချက်ချတဲ့ အမှုတိုင်းဟာ ရိုးသားပြီး တရားမျှတစေရမယ်။ အကျင့်စာရိတ္တဖောက်ပြန်တဲ့ မတရားမှုတွေကို သူမဘယ်တော့မှ ခွင့်မပြုဘူး။ လာဘ်ထိုးမှုတွေကိုလည်း သူမဘယ်တော့မှ လက်မခံဘူး။ ယုတ်မာရက်စက်မှုတွေကို တရားဥပဒေနဲ့အညီ အရေးယူဆုံးဖြတ်မယ် ဆိုပြီးတော့ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ အချိန်တွေကြာလာလေလေ သူမအဒေါ်နဲ့ ဦးလေးဟာ သနားကြင်နာမှုတွေ ပိုမိုပျောက်ဆုံးလာပြီး သူမကို ရိုက်နှက်နှိပ်စက်မှုတွေကလည်း တဖြေးဖြေး ပို၍ ပို၍ ဆိုးလာခဲ့ပါတယ်။ သူမခန္ဓာကိုယ်မှာလည်း ရိုက်နှက်ဒဏ်ရာတွေက အညိုအမည်းစွဲနေခဲ့ပြီး အသားတွေလည်း ကြေလုနီးပါးဖြစ်နေခဲ့ပါပြီ ။ ဒါပေမယ့် သူမရည်မှန်းချက်တွေအောင်မြင်ဖို့ သူမဆက်လက် တောင့်ခံခဲ့ပါတယ်။
ဒီနေ့ကတော့ သူမအတွက် ၀မ်းနည်းစရာအကောင်းဆုံး နေ့တစ်နေ့ဖြစ်ခဲ့ပါတော့တယ်။ သူမဟာသန့်ရှင်းရေးလုပ်ရင်း သူ့ဦးလေး တန်ဖိုးထားတဲ့ပန်းအိုးတစ်လုံးကို မတော်တဆ တိုက်မိခဲ့ကာ ပန်းအိုးဟာ ကြမ်းပြင်ပေါ်ကြပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေခဲ့ပါတော့တယ်။ သူ့ဦးလေးအိမ်ပြန်လာတဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာ သူမကြိုတင်မှန်းဆ နိုင်ခဲ့ပါတယ်။ သူမ သူမနေခဲ့တဲ့ကျောင်းကို အပြေးအလွှားသွားခဲ့ပြီး သူမရဲ့ ပန်းရောင် ဒိုင်ယာရီစာအုပ်လေးကို ဆရာမစားပွဲပေါ်မှာတင်ခဲ့လိုက်ပါတယ်။ သူမအကိုပေးခဲ့တဲ့ အဖိုးတန်လှတဲ့ဒိုင်ယာရီစာအုပ်လေးကို သူတို့ စုတ်ဖြဲပစ်ကြမှာကို သူမမလိုလားခဲ့ဘူးလေ။
အဲ့ဒီနောက် သူမ နေအိမ်ကို ပြန်လာခဲ့တဲ့အခါ သူမထင်ထားသလိုပဲ အိမ်အဝမှာ သူမကို ဒေါသတကြီး စောင့်နေတဲ့ သူမဦးလေးကို တွေ့လိုက်ရပါတယ်။ သူမတံခါးဆီကို ရောက်တယ်ဆိုတာနဲ့ သူမခေါင်းမှ ဆံပင်မွှေးကိုဆွဲကာ အခန်းဆီသို့ တရွတ်တိုက်ဆွဲချသွားပါတော့တယ်။ ပြီးတဲ့နောက်မှာတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ ကြီးမားတဲ့လက်ကိုင်တုတ်နဲ့ သူမကို မဲပြာညိုမဲသွားတဲ့အထိ မနားတမ်းရိုက်ခဲ့ပါတယ်။ ထို့နောက် အားမရနိုင်သေးပဲ သူမခန္ဓာကိုယ်သေးသေးလေးထဲက အရိုးတွေပဲ့ထွက်ကုန်အောင် အားကုန်ရိုက်နှက်ခဲ့ပါတော့တယ်။
သူမ သေမင်းတံခါးဝကို လှမ်းတွေ့လိုက်ရပါပြီ။ သူမမျက်နှာမှာလည်း သွေးတွေအပြည့်ဖုံးလွှမ်းနေပြီး အသက်ကိုလည်း မနည်းရှုနေခဲ့ရပါတယ်။ သူမသေဖို့အချိန် နီးလို့လာပြီဆိုတာ သူမကိုယ် သူမသိလိုက်မိပါတယ်။ အဲ့ဒီနောက် သူမရဲ့ အမြင်အာရုံတွေ မှောင်မဲကျသွားပြီး သူမဝိဉာဉ်ဟာ သူမခန္ဓာကိုယ်ထဲမှ ထွက်လို့သွားခဲ့ပါတော့တယ်။
နောက်နေ့မှာတော့ အေးစက်နေတဲ့ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက် အသက်ဆုံးနေတဲ့ ကလေးမလေး တစ်ယောက် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကောင်မလေးထားခဲ့တဲ့ ပန်းရောင်ဒိုင်ယာရီစာအုပ်လေးကို နောက်ယောင်ခံပြီး ဆရာမဟာ ရဲတွေကိုအကြောင်းကြားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဒိုုင်ယာရီစာအုပ်လေးထဲက အဖြစ်အပျက်တွေကိုကြည့်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အခါ ကောင်မလေးရဲ့ ဦးလေးဖြစ်သူဟာ ကလေးငယ်ကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှု နဲ့ သေဒဏ်ကျခံခဲ့ရပါတယ်။ အဲ့ဒီနောက် ကောင်မလေးရဲ့ အလောင်းကိုတော့ ပတ်ဝန်းကျင်ကလူတွေက ကောင်းမွန်စွာမြုပ်နှံပေးခဲ့ကြပါတယ်။
ကံဆိုးလှတဲ့ ကောင်မလေးတို့မိသားစု ဘဝတစ်ပါးမှာ ပြန်ဆုံတွေ့နိုင်ရဲ့လားဆိုတော့တော့ ဘယ်သူမှ မသိနိုင်ပါဘူး…
Source : Momolay

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...