ခင္ဗ်ား ဘယ္သူလဲ.. ဘယ္သြားမလို႔လဲ


အေစာင့္ရဲေဘာ္ေလးက ေမးလိုက္သည္..။ ပံုပန္းကိုလည္းၾကည့္ပါဦးေလ..။ ေခါင္းေမြးေတြက စုတ္ဖြာ..၊ ေမးရိုးကားကား မ်က္စိေပါက္က်ဥ္းက်ဥ္း ၀တ္ထားတာကလည္း စြပ္က်ယ္လက္တို တစ္ပတ္ရစ္ေယာပုဆိုး..၊ သဲၾကိဳးနီ ေလယာဥ္ပ်ံဖိနပ္နွင့္ ပိန္ကပ္ကပ္ မြဲေျခာက္ေျခာက္….
“က်ဳပ္ ဗိုလ္ေအာင္ နဲ႔ ေတြ႕ခ်င္လို႔ပါ..”
ရံုးကိစၥလား အိမ္ကိစၥလား ဆိုေတာ့ “အိမ္မွာေတြ႔ျပီး ေျပာမွျဖစ္မယ့္ ရံုးကိစၥပဲ..”တဲ့..။
ထိုသူသည္ေျပာေျပာဆိုဆို နွင့္ ျခံအတြင္းသို႔ ဇြတ္ၾကီး၀င္ခ်လာ၍ အေစာင့္ရဲေဘာ္ေလးက ထိုသူကို လက္ေမာင္းရင္း ဆြဲထုတ္ကာ ျခံ၀သို႔ဆြဲထုတ္လိုက္သည္..။
တစ္ဆက္တည္း မာန္မဲၾကိမ္းေမာင္း လိုက္ပါေသးသည္..။ သို႔ေသာ္ ထိုလူက အျပံဳးမပ်က္..။ “ခင္ဗ်ား..ဘယ္လိုလူလဲ.. ခင္ဗ်ားဘာေကာင္လဲ.. ဒီလိုဗိုလ္မႈး တစ္ေယာက္အိမ္ကို အရမ္း၀င္ခ်င္သလို ၀င္လို႔ရမလား.. ခင္ဗ်ားကို ဘယ္သူ၀င္ခြင့္ေပးလို႔လဲ..” အထိ..စကားလံုးေတြ ဒီေရျမင့္တက္ခဲ့သည္..။ ထိုအခါမွ ထိုသူကဆို၏…။
“က်ဳပ္ ေအာင္ဆန္းပါ..ရဲေဘာ္တို႔ ကင္းဗိုလ္ကိုေခၚလိုက္ပါ..။ က်ဳပ္သူနဲ႔ေတြ႕မယ္..”..ဆိုေတာ့…
ရဲေဘာ္ေလးအဖို႔ ငယ္ထိပ္ေျမြေပါက္ေလျပီေပါ့..။ ခ်က္ခ်င္းေခါင္းနပန္းၾကီးသြားျပီး ကင္းဗိုလ္ကိုေျပးေခၚရသည္..။ ဒေရာေသာပါး ေရာက္လာေသာ ကင္းဗိုလ္က ပ်ာပ်ာသလဲျဖင့္ “ဟာ..ဗိုလ္ခ်ဳပ္ ေရေတြစိုလို႔ပါလား.. ၾကြပါ ဗိုလ္ခ်ဳပ္ အထဲကိုၾကြပါ..” ဆိုသျဖင့္ ရဲေဘာ္ေလးအဖို႔ ေခါင္းပင္ခ်ာခ်ာလည္သြားေလသည္..။
သြားျပီ..နားထင္နာရင္းေတြ ခ်က္ခ်င္းထူပူလာသည္..။ ေသနတ္ကိုင္ထားေသာ လက္ပင္ တစ္ဆတ္ဆတ္တုန္လို႔.. သူ႔ကိုသူ
အျပစ္တင္မဆံုးေတာ့…။
မၾကာမီ သူတို႔ကင္းဗိုလ္ ေရာက္လာျပီး ဆူပူၾကိမ္းေမာင္းကာ “မင္းငါနဲ႔ လိုက္ခဲ့.. ဗိုလ္ခ်ဳပ္က မင္းကိုေခၚခိုင္းလို႔..” ဆိုေသာအခါ သူ႔နဖူးကို သူ႔လက္နွင့္ရိုက္၍ ဟိုက္ ငါေတာ့သြားျပီ ဟု ေရရြတ္ညည္းတြားမိေလသည္..။ ဧည့္ခန္းထဲတြင္ စႏၵယားခံုကိုမွီ၍ လက္ပိုက္ရပ္ေနေသာ ဗိုလ္ခ်ဳပ္က သူ႔နာမည္ကိုေမးသည္..။ တပ္ထဲ၀င္တာ မၾကာေသးဘူး ထင္တယ္လို႔ ဆိုကာ…
“ရဲေဘာ္.. ရဲေဘာ္ရဲ့ တာ၀န္ေက်မႈကို ခ်ီးက်ဴးပါတယ္..။ ေစာေစာက ကိစၥကိုဘာမွ ေခါင္းထဲ မထည့္နဲ႔ေတာ့..။ ဒီအခ်ိန္မွာ ဒီလိုပဲ လုပ္ရမွာပဲ..၊ ရဲေဘာ္မွန္တယ္..။ ေအးတစ္ခုေတာ့ သတိထား..၊ စိတ္လိုက္မာန္ပါေတာ့ မလုပ္နဲ႔..၊ အဲ့ဒါပဲ.. ကဲ..သြားနိုင္ပါျပီ..” တဲ့…။
ကဲ..ထူးဆန္းမေနဘူးလား..။ ပါးရိုက္ခံရဖြယ္ရွိေသာ္လည္း.. တာ၀န္နွင့္ ၀တၱရားအေပၚ ေကာင္းစြာ နားလည္သေဘာေပါက္ေသာ ေခါင္းေဆာင္ တစ္ဦးရဲ့ ရပ္တည္ခြင့္လြတ္စိတ္ကေကာ ၾကည္ညိဳေလးစားဖြယ္ မေကာင္းဘူးလား..။ ထို အေစာင့္ရဲေဘာ္ေလးမွာ ေနာင္အခါ စာေရးဆရာ “ျမ၀တီ ရဲေခါင္” အမည္ျဖင့္ ေက်ာ္ၾကားလာသူပင္ျဖစ္သည္…။
Credit to Ko Nay Myo
Unicode
အစောင့်ရဲဘော်လေးက မေးလိုက်သည်..။ ပုံပန်းကိုလည်းကြည့်ပါဦးလေ..။ ခေါင်းမွေးတွေက စုတ်ဖွာ..၊ မေးရိုးကားကား မျက်စိပေါက်ကျဉ်းကျဉ်း ဝတ်ထားတာကလည်း စွပ်ကျယ်လက်တို တစ်ပတ်ရစ်ယောပုဆိုး..၊ သဲကြိုးနီ လေယာဉ်ပျံဖိနပ်နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက်….
“ကျုပ် ဗိုလ်အောင် နဲ့ တွေ့ချင်လို့ပါ..”
ရုံးကိစ္စလား အိမ်ကိစ္စလား ဆိုတော့ “အိမ်မှာတွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စပဲ..”တဲ့..။
ထိုသူသည်ပြောပြောဆိုဆို နှင့် ခြံအတွင်းသို့ ဇွတ်ကြီးဝင်ချလာ၍ အစောင့်ရဲဘော်လေးက ထိုသူကို လက်မောင်းရင်း ဆွဲထုတ်ကာ ခြံဝသို့ဆွဲထုတ်လိုက်သည်..။
တစ်ဆက်တည်း မာန်မဲကြိမ်းမောင်း လိုက်ပါသေးသည်..။ သို့သော် ထိုလူက အပြုံးမပျက်..။ “ခင်ဗျား..ဘယ်လိုလူလဲ.. ခင်ဗျားဘာကောင်လဲ.. ဒီလိုဗိုလ်မှုး တစ်ယောက်အိမ်ကို အရမ်းဝင်ချင်သလို ဝင်လို့ရမလား.. ခင်ဗျားကို ဘယ်သူဝင်ခွင့်ပေးလို့လဲ..” အထိ..စကားလုံးတွေ ဒီရေမြင့်တက်ခဲ့သည်..။ ထိုအခါမှ ထိုသူကဆို၏…။
“ကျုပ် အောင်ဆန်းပါ..ရဲဘော်တို့ ကင်းဗိုလ်ကိုခေါ်လိုက်ပါ..။ ကျုပ်သူနဲ့တွေ့မယ်..”..ဆိုတော့…
ရဲဘော်လေးအဖို့ ငယ်ထိပ်မြွေပေါက်လေပြီပေါ့..။ ချက်ချင်းခေါင်းနပန်းကြီးသွားပြီး ကင်းဗိုလ်ကိုပြေးခေါ်ရသည်..။ ဒရောသောပါး ရောက်လာသော ကင်းဗိုလ်က ပျာပျာသလဲဖြင့် “ဟာ..ဗိုလ်ချုပ် ရေတွေစိုလို့ပါလား.. ကြွပါ ဗိုလ်ချုပ် အထဲကိုကြွပါ..” ဆိုသဖြင့် ရဲဘော်လေးအဖို့ ခေါင်းပင်ချာချာလည်သွားလေသည်..။
သွားပြီ..နားထင်နာရင်းတွေ ချက်ချင်းထူပူလာသည်..။ သေနတ်ကိုင်ထားသော လက်ပင် တစ်ဆတ်ဆတ်တုန်လို့.. သူ့ကိုသူ
အပြစ်တင်မဆုံးတော့…။
မကြာမီ သူတို့ကင်းဗိုလ် ရောက်လာပြီး ဆူပူကြိမ်းမောင်းကာ “မင်းငါနဲ့ လိုက်ခဲ့.. ဗိုလ်ချုပ်က မင်းကိုခေါ်ခိုင်းလို့..” ဆိုသောအခါ သူ့နဖူးကို သူ့လက်နှင့်ရိုက်၍ ဟိုက် ငါတော့သွားပြီ ဟု ရေရွတ်ညည်းတွားမိလေသည်..။ ဧည့်ခန်းထဲတွင် စန္ဒယားခုံကိုမှီ၍ လက်ပိုက်ရပ်နေသော ဗိုလ်ချုပ်က သူ့နာမည်ကိုမေးသည်..။ တပ်ထဲဝင်တာ မကြာသေးဘူး ထင်တယ်လို့ ဆိုကာ…
“ရဲဘော်.. ရဲဘော်ရဲ့ တာဝန်ကျေမှုကို ချီးကျူးပါတယ်..။ စောစောက ကိစ္စကိုဘာမှ ခေါင်းထဲ မထည့်နဲ့တော့..။ ဒီအချိန်မှာ ဒီလိုပဲ လုပ်ရမှာပဲ..၊ ရဲဘော်မှန်တယ်..။ အေးတစ်ခုတော့ သတိထား..၊ စိတ်လိုက်မာန်ပါတော့ မလုပ်နဲ့..၊ အဲ့ဒါပဲ.. ကဲ..သွားနိုင်ပါပြီ..” တဲ့…။
ကဲ..ထူးဆန်းမနေဘူးလား..။ ပါးရိုက်ခံရဖွယ်ရှိသော်လည်း.. တာဝန်နှင့် ဝတ္တရားအပေါ် ကောင်းစွာ နားလည်သဘောပေါက်သော ခေါင်းဆောင် တစ်ဦးရဲ့ ရပ်တည်ခွင့်လွတ်စိတ်ကကော ကြည်ညိုလေးစားဖွယ် မကောင်းဘူးလား..။ ထို အစောင့်ရဲဘော်လေးမှာ နောင်အခါ စာရေးဆရာ “မြဝတီ ရဲခေါင်” အမည်ဖြင့် ကျော်ကြားလာသူပင်ဖြစ်သည်…။
Credit to Ko Nay Myo

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...