ေသမိန္ ့က်ျပီးသူတစ္ဦးႏွင့္ ေတြ ့ဆံုျခင္း


တစ္ေလာကပင္ သူႏွင့္ ကၽြန္ေတာ္ဆံုေတြ ့ခဲ့ေသးသည္။ သည္တုန္းက သူသည္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ တက္တက္ႀကြႀကြ၊ သူ ့မွာ ညႈိးငယ္ေနသည့္ သ႑ာန္ အလ်ဥ္းမရွိ၊ သူ ့သူငယ္ခ်င္းေတြႏွင့္ ျပန္ဆံုသည့္ အထိမ္းအမွတ္ ယမကာ၀ုိင္းသို ့ ကၽြန္ေတာ္တက္ခဲ့ရေသးသည္။ ကၽြန္ေတာ့္ေရွ့ ဖန္ခြက္ထဲမွ အခ်ိဳရည္ေတြကို ႀကည့္ကာ သူကပင္ ရယ္ပြဲဖြဲ ့လုိက္ေသးသည္။
“ဟား-ဟား၊ ငါ့သူငယ္ခ်င္းႀကီး ေျပာင္းလဲသြားတာကေတာ့ မယံုႏုိင္ေလာက္ေအာင္ပါပဲ”သူက အရက္ခြက္ကို ေမာ့ခ်ရင္းမွ ကၽြန္ေတာ့္ကို ေျပာေနသည္။ ကၽြန္ေတာ့မွာ သူတုိ ့ႀကားထဲတြင္ သင္းကြဲငွက္ တစ္ေကာင္လုိ ျဖစ္ေနသည္။ ႀကာေတာ့ သူ အားနာလာပံုရသည္။ ကၽြန္ေတာ္ တည္းခုိရာ ေနရာအေရာက္ သူအသံေတြ ေလးတြဲ ့ေနေလျပီ။
“ငါတုိ ့ ၀ုိင္းထဲမွာ မင္းတစ္ေယာက္တည္း အခ်ိဳရည္သမားျဖစ္ေနေတာ့ မင္းအေနရခက္ေနမွာပဲ၊ ငါ့ေတာ့ သူငယ္ခ်င္းေတြနဲ ့ဆက္ဆြဲလုိက္ဦးမယ္ကြာ၊ ေက်ာင္းျပီးကတည္းက မဆံုျဖစ္ေတာ့တာ၊ အခုဆံုတုန္းေလး လုပ္လုိက္ဦးမယ္”ကၽြန္ေတာ္က အလုိက္သင့္ေနေပးေသာ္လည္း သူတုိ ့အေနျဖင့္ ကၽြန္ေတာ့္အေပၚ ဆက္ဆံရခက္ေနပုံရသည္။ ကၽြန္ေတာ့္အေပၚ ေျပာစရာစကားလည္းမရွိ။ ကၽြန္ေတာ္ကလည္း သူတုိ ့အေပၚ ျပန္ေျပာစရာအေႀကာင္းလည္း မရွိလွေပ။ သူတုိ ့၏ ေရွးေဟာင္းေႏွာင္းျဖစ္ကိစၥမ်ားတြင္ ကၽြန္ေတာ္ကလည္း ပါ၀င္ပတ္သက္ျခင္းမရွိခဲ့။ သည္ေတာ့ ကၽြန္ေတာ့္မွာ လူပိုလုိ ျဖစ္ေနသည္။ သို ့ႏွင့္ ကၽြန္ေတာ့္ကို သူတုိ ့ျပန္ပုိ ့ႀကျခင္းျဖစ္သည္။ သည္တုန္းက ရႊင္ျမဴးတက္ႀကြေနေသာ သူ ့ပုံသ႑ာန္သည္ ကၽြန္ေတာ့္မ်က္စိထဲ စြဲထင္က်န္ရစ္ခဲ့သည္။
တစ္လေလာက္ႀကာေတာ့ သူ ့အသံကို တယ္လီဖုန္းခြက္ထဲမွတစ္ဆင့္ ႀကားလုိက္ရသည္။ ဖုန္းခြက္ထဲတြင္ သူ ့အသံေတြ မွိန္ေဖ်ာ့ေနသည္ကို ကၽြန္ေတာ္ သတိထားမိသည္။ ထုိအသံမွတစ္ဆင့္ ဖုန္းေျပာေနသည့္ သူ ့ရုပ္သြင္ကို မွန္းဆပံုေဖာ္ႀကည့္မိသည္။ ဘယ္ေလာက္မ်ား ညိႈးေလ်ာ့ေနမည္လဲ။ သူ ့အသံေျခာက္ကပ္ကပ္ႀကီးတြင္ လႈိင္းအနိမ့္အျမင့္ မရွိေတာ့။ တကယ့္ တန္းတန္းႀကီး၊ သူ ့အသံက ေအးစက္ေသာ္လည္း သူ ့ရင္ထဲတြင္ အဘယ္မွ် ပူေလာင္ျပင္းထန္ေနမည္ကို ကၽြန္ေတာ္ ရိပ္မိေနသည္။ သူ ့စိတ္ေတြေကာ ဘယ္ေလာက္ေျဗာင္းဆန္ ေနသလဲမသိ။ သူ ့အပူသည္ တယ္လီဖုန္းႀကိဳးမ်ားမွတစ္ဆင့္ ကၽြန္ေတာ့္ထံ ကူးစက္လာသည္ဟုပင္ ထင္ရသည္။ ဟုိတုန္းက ရႊင္ျမဴးတက္ႀကြ လန္းဆန္းေနေသာ အသံမ်ိဳးႏွင့္ ကြားျခားလွပါဘိျခင္း။ဌာနတြင္း တစ္ဆင့္ျမင့္ရာထူးအတြက္ သူ ့ေဆးစစ္ခံရင္း ကု၍မရေသာ ေရာဂါပုိးတစ္ခုကို သူ ့ေသြးထဲမွာ စစ္ေဆးေတြ ့ရွိသြားသည္။
ကၽြမ္းက်င္သူမ်ားျဖင့္ ေနာက္တစ္ခါ စစ္ေဆးျပန္သည္။ အေျဖမေျပာင္းလဲ၊ သူတုန္လႈပ္သြားသည္။ သည္ေရာဂါပုိးသည္ ဘယ္တုန္းကမ်ား သူ ့ခႏၶာကိုယ္မွာ ေနရာယူသြားသည္မသိ။ သူအလုပ္မွ ရုတ္တရက္ အနားယူလုိက္ရသည္။ ေမာင္းႏွင္ေနသည့္ စက္တစ္လံုး လည္ပတ္ေကာင္းေနစဥ္မွာ ခါးပတ္ႀကိဳးျပတ္သြားသည္သုိ ့ ျဖဳန္းခနဲ။မေမွ်ာ္လင့္ထားေသာ အေျခအေနတစ္ခု ရုတ္တရက္ရလာသူတုိင္း ေႀကာင္စီစီ ျဖစ္သြားတတ္တာအမွန္ပင္။ လက္ရွိလည္ပတ္ေနေသာ အရွိန္အဟုန္ႏွင့္ အႀကာႀကီးေနရမည္ဟု ထင္ထားတတ္ႀကတာကလည္း ဓမၼတာမဟုတ္လား။ အေျခအေနသစ္တစ္ခုသုိ ့ ရုတ္ခ်ည္းေျပာင္းလုိက္ရေသာအခါ ထုိအေျခအေနသစ္အတြက္ ကိုယ့္ဘ၀ထဲမွာ ကိုယ့္စိတ္ထဲမွာ ဘာမွ ျပင္ဆင္ထားတာမရွိ၊ ထုိအခါ ျပင္ဆင္ထားမႈမရွိျခင္း၏ အေျခအေနကို ဒဏ္ရာဒဏ္ခ်က္အျဖစ္ ျပင္းထန္စြာခံစားရစျမဲ။ ကၽြန္ေတာ့္ သူငယ္ခ်င္းလည္း သည္လုိျဖစ္သြားပံုရသည္။ သူ ့အသံကို ခန္ ့မွန္းႀကည့္ရုံႏွင့္ ေဆာက္တည္ရာမရျဖစ္ေနေသာ သူ ့စိတ္ေတြကို ကၽြန္ေတာ္ အထင္းသားျမင္ေနရသည္။ ကၽြန္ေတာ္ သူ ့ကို အားေပးရသည္။
ဘာမွ စိတ္မပ်က္ပါနဲ ့ သူငယ္ခ်င္းရာ၊ ငါတုိ ့ရွိပါေသးတယ္။ မင္းကို ငါလုိေလေသးမရွိ ကူညီပါ့မယ္။ စိတ္အးေအးသာထား” “စိတ္ေအးေအးထားဖုိ ့ဆုိတာက အေျပာလြယ္သေလာက္ အလုပ္ခက္တယ္ကြ၊ အခု ငါ့စိတ္ကို ဘယ္လုိေအးေအာင္ လုပ္ရမလဲ၊ အဲဒါကို ငါသိခ်င္တယ္” “ဒီလုိဆုိရင္ ဖုန္းထဲမွာေျပာဖုိ ့က သိပ္အဆင္ေျပမွာမဟုတ္ဘူး။ မင္းအားရင္ လာခဲ့ပါလား။ ဒါမ်ိဳးက အခ်ိန္ယူျပီး ေသခ်ာေျပာမွ နားလည္မွာ မင္းလာႏုိင္မလား” “ေအ-လာခဲ့မယ္ကြာ၊ ငါေတာ့ အခုစိတ္ေအးတဲ့နည္းကလြဲလုိ ့ တျခားဘာမွ မသိခ်င္ဘူး။ ကဲ-ငါအခုလာခဲ့မယ္။ မင္ဆက္ေစာင့္ေန” သူ ့ဘက္က ဖုန္းခ်သြားသည္။ စိတ္ျမန္ကိုယ္ျမန္ႀကီးျဖစ္သည္။ ေႀသာ္-သူ ့ခမ်ာ အရိပ္တစ္ခုခုကို ရွာေနရသည္ကိုး။ သူ ့စိတ္ျငိမ္းခ်မ္းဖုိ ့ ခုိလႈံစရာအရိပ္တစ္ခုရႏုိင္ဖုိ ့ သူသေဘာေပါက္နားလည္သည္အထိ ကၽြန္ေတာ္ရွင္းျပရေပမည္။ သူ ကၽြန္ေတာ့္ထံသုိ ့ ကားျဖင့္လာေနစဥ္အတြင္း ကၽြန္ေတာ့္မွာ သူ ့ကို ေျပာရမည့္ စကားေတြကို ရွာေဖြစုေဆာင္းရသည္။ စာအုပ္စင္မွ စာအုပ္ေတြကို ရွာရသည္။ တိတ္ေခြစင္မွ တရားတိတ္ေခြမ်ားကို ေရြးခ်ယ္ရသည္။ လတ္တေလာ သူႏွင့္အကိုက္ညီဆံုးျဖစ္မည့္ တရားစာအုပ္ တရားတိပ္ေခြ။
ကၽြန္ေတာ္က ဆရာေတာ္ဦးေဇာတိက (ပ်ဥ္းမနား)၏ တရားတိတ္ေခြေတြႏွင့္ အျမဲတေစ ထိေတြ ့ယဥ္ပါးေနသူျဖစ္သျဖင့္ ဘယ္လုိ စိတ္အေျခအေနျဖစ္ေနသည့္ ပုဂၢိဳလ္ဆုိလွ်င္ ဘယ္တိပ္ေခြထဲက ဘယ္ေဟာခ်က္ႏွင့္ အံ၀င္မည္ကုိပါ ခန္ ့မွန္းတတ္လာခဲ့သည္။ သုိ ့ႏွင့္ အခ်ိန္မဆုိင္းဘဲ အေျဖရသည္။ “နကုလမာတာကို ဘုရားေဟာဖူးတာရွိတယ္။ တစ္ခဏေလာက္မ်ား ကုိယ့္ကိုယ္ကုိ က်န္းမာတယ္လုိ ့ေျပာတဲလူဟာ အသိဥာဏ္နည္းလုိ ့ ေျပာတာပါတဲ့။ ဒီခႏၶာကိုယ္ဆုိတာ အစဥ္ အျမဲပဲ သူ ့မွာ ဒုကၡေ၀ဒနာေတြ ရွိေနတာပဲေနာ္၊ သြားလာလုပ္ကုိင္လုိ ့ ျဖစ္ေနေသးလုိ ့တာ သူ ့ကို ေရာဂါလုိ ့လဲ နာမည္ တပ္မေနေတာ့ဘူး။ ေဆးရုံလည္းတက္စရာမလုိဘူး။ ဆရာ၀န္လည္းျပစရာ မလုိဘူး။ ဒါေပမယ့္ မအီမသာျဖစ္တဲ့သေဘာေတြဟာ ခႏၶာကိုယ္မွာ အျမဲတမ္းရွိေနတယ္။ ရင္ထဲကပူသလုိလုိ ေမာသလုိလုိ တစ္ခါတေလ ေခါင္းထဲကမူးသလုိလုိ၊ ဒီလုိဟာေတြဟာ အနည္းနဲ ့အမ်ား လူတုိင္းမွာရွိေနတယ္။ ငယ္ရြယ္တဲ့ လူေတြက ဒီေလာက္ မသိေသးဘူး။
စိတ္ေတြက တက္ႀကြတဲ့လူေတြဆုိေတာ့ ခႏၶာကိုယ္ကလည္း လႈပ္ရွားရတဲ့အရြယ္၊ Active ျဖစ္တဲ့အရြယ္ဆုိေတာ့ သတိမျပဳမိလုိပါ။ လုပ္စရာ ကိုင္စရာေတြ မ်ားေနတယ္။ ကုိယ္လုပ္ခ်င္ ကိုင္ခ်င္တာေတြကိုပဲ သိပ္အာရုံစိုက္ျပီးေတာ့ စိတ္၀င္စားျပီးေတာ့ Involve ျဖစ္ျပီးေတာ့ လုပ္ေနရတာဆုိေတာ့ ခႏၶာကိုယ္မွာ ျဖစ္ေပၚေနတဲ့ မအီမသာမႈေတြကို သိပ္ျပီး အေရးမစုိက္ႏုိင္ႀကဘူး။ ေမြးခါစကတည္းက မအီမသာတဲ့သေဘာက ရွိေနေသးသားပဲ။ ဒီမအီမသာဆုိတဲ့သေဘာ၊ မသက္မသာဆုိတဲ့သေဘာကိုပဲ Disease လုိ ့ ေခၚတာပါ။ ေရာဂါအမည္ မတပ္ေသးလုိ ့သာ။ ဒီခႏၶာကိုယ္ထဲက မအီမသာသေဘာကို အျမဲတမ္းလုိလုိပဲ ျပဳျပင္ေျပာင္းလဲေပးေနလုိ ့သာ နည္းနည္းေလး ေနသာတာပါ”
ထုိစကားအေပၚ အေျခခံ၍ သူ ့ကို ကၽြန္ေတာ္ အားေပးရေပမည္။ သူက ေရာဂါတစ္ခုရွိျပီဟု ဆုိင္းဘုတ္အတပ္ခံလုိက္ရသူ။ ကၽြန္ေတာ္တုိ ့က ဆုိင္းဘုတ္မရွိေသးသည့္ ပုဂၢိဳလ္ေတြပဲဟု ဆုိႀကပါစို ့။ ဆုိင္းဘုတ္အတပ္မခံရေသးသည့္ ကၽြန္ေတာ္တုိ ့တြင္လည္း ေရာဂါေ၀ဒနာေပါင္းစံု ပုိးမႊားေပါင္းစံုတုိ ့သည္ ခႏၶာကိုယ္ထဲ ေနရာအႏွံ ့ရွိေနေပလိမ့္မည္။ သူ ့ထက္လည္း ဆုိးလွ်င္ ဆုိးသြားႏုိင္သည္။ ဘာမွ မေသခ်ာ။
သုိ ့ေသာ္ သူ ့ဆုိင္းဘုတ္က ေခတ္ေပၚဆုိင္းဘုတ္။ တနည္းအားျဖင့္ ကုစရာေဆးမရွိေသးသည့္ ေရာဂါဟုဆုိသည့္အတြက္ ထုိအရွိန္ေႀကာင့္ လူေတြ ေႀကာက္ေနႀကျခင္းပါေပ။ သုိ ့ေသာ္ ကုစရာေဆးရွိသည့္ ေရာဂါမ်ားႏွင့္ပင္ ကြယ္လြန္သူတုိ ့လည္း ရွိခဲ့ႀကျပီးေပျပီ။ အေသအခ်ာ ဂရုတစိုက္ကုစားလ်က္ကပင္ တိမ္းပါးခဲ့သူေတြလည္း ရွိခဲ့ႀကျပီးျပီ။ လူတုိ ့၏ ခႏၶာကိုယ္ေပၚမွ ေရာဂါဘယေတြကုိ ကုစားေပးရင္း အသက္ကယ္ေနႀကသည့္ ဆရာ၀န္ေတြပင္လွ်င္ ထုိေရာဂါဘယေတြ သူတုိ ့ ခႏၶာထဲ ေနရာယူလာေသာအခါ သူတုိ ့အသက္ကို သူတုိ ့ မကယ္ႏုိင္ႀကေတာ့။ ဘာမွ်မျမဲ၊ ဘာမွ်အစိုးမရ၊ သူ ့သေဘာသူေဆာင္လာသည့္ ေသျခင္းတရား၊ မရင္ဆုိင္လုိေသာ္လည္း ရင္ဆုိင္ရေပမည္။
ရုတ္တရက္ဆုိလွ်င္ ကၽြန္ေတာ့္သူငယ္ခ်င္းသည္ ေသမိန္ ့က်ျပီးသူဟု ထင္ရေပမည္။ ေသဖုိ ့ရက္ အတိအက် သတ္မွတ္ခံလုိက္ရသူကဲ့သုိ ့ ရွိေပမည္။ ခန္ ့မွန္းေျခအရ သည္ေရာဂါေႀကာင့္ သည္ႏွစ္အပုိင္းအျခားအတြင္းမွာ ေသရေတာ့မည္ဆုိလွ်င္ မေသမီ ဘာလုပ္မည္နည္း။ ရသည့္အခ်ိန္အတြင္း ကုိယ့္ဘ၀ရဲ့ အခ်ိန္ေတြကို ဘယ္လုိ အက်ိဳးရွိေအာင္ အသံုးခ်သြားမည္နည္း။
“အဆုိးေတြကို ထုိင္ေတြးျပီး စိတ္ဓာတ္က်ေနရင္ စိတ္ဓာတ္ အင္အားေတြကုန္မယ္။ ခႏၶာကိုယ္အင္အားေတြကုန္မယ္။ မလုပ္ခ်င္ မကိုင္ခ်င္ျဖစ္ျပီး ညိႈးႏြမ္းေနမယ္။ အဲဒီလုိ စိတ္ဓာတ္က်ေနတဲ့ သူနဲ ့ေတြ ့ရရင္ တျခားလူေတြပါ စိတ္ဓာတ္က်တတ္တယ္။ တတ္ႏုိင္သေလာက္ အေကာင္းဘက္ကေန ႀကည့္ျပီးေတာ့ လုပ္ႏုိင္သေလာက္လုပ္ေနရင္ ကိုယ့္အတြက္လည္း အက်ိဳးရွိတယ္။ သူမ်ားအတြက္လည္း အက်ိဳးရွိတယ္။ တရားအားထုတ္တဲ့သူ ကုိယ့္စိတ္ကို ကိုယ္ေကာင္းေကာင္းသိတဲ့သူဟာ စိတ္ဓာတ္က်ခဲတယ္။ အဆုိးနဲ ့ေတြ ့ရလည္း အဆုိးထဲက အေကာင္းကိုရေအာင္ ယူတတ္တယ္။ ဒါေႀကာင့္ အျမဲသတိနဲ ့ ေနတဲ့အက်င့္ကို လုပ္ေနမွာသာ ဘ၀အေတြ ့အႀကံဳအမ်ိဳးမ်ိဳး ေကာင္းအဆုိးအမ်ိဳးမ်ိဳး ေတြ ့ရတဲ့အခါ ခံႏုိင္ရည္ရွိမယ္။ အေကာင္းနဲ ့ေတြ ့တဲ့အခါ ငါမွငါဆုိတဲ့ မာနျဖစ္မသြားဘူး။ အဆုိးနဲ ့ေတြ ့ရတဲ့အခါ စိတ္ဓာတ္က် မသြားရဘူး။ ဘယ္လုိ ေလာကဓံနဲ ့ေတြ ့ရေတြ ့ရ အားလံုးဟာ ရင့္က်က္မႈကို အေထာက္အကူျပဳမယ္”
ကၽြန္ေတာ္က ကၽြန္ေတာ့္သူငယ္ခ်င္းကို အားေပးရန္ တရားစကားေတြ ရွာေဖြစုေဆာင္းေနဆဲမွာပင္ ကၽြန္ေတာ့္ သူငယ္ခ်င္းကားက အိမ္ေရွ ့မွာ ဆုိက္လာသည္။ သူ ့ကို ဆရာေတာ္ဦးေဇာတိက ေဟာႀကားသည့္ ဗုဒၶ၏ရင္ခြင္မွာ တရား တိပ္ေခြမွ အေႀကာင္းအရာမ်ားကို ေဖာက္သည္ခ်ရပါမည္။သူႏွင့္ ကၽြန္ေတာ္ စကားေတြ အမ်ားႀကီး ေျပာရေပလိမ့္ဦးမည္။“လာသူငယ္ခ်င္းလာ” အိမ္ေပၚသုိ ့ တက္လာေသာ သူ ့ကို လွမ္းႀကိဳလုိက္ရသည္။ သူမ်က္ႏွာမေကာင္း၊ ေျခလွမ္းေတြက တံု ့ေႏွးေႏွး၊ ဘိနပ္ခၽြတ္ေနပံုက ဆုတ္ဆုိင္းဆုိင္း။ ခါတုိင္းဆုိလွ်င္ “ေဟ့ သူငယ္ခ်င္းႀကီး ဘယ္လုိလဲကြာ ဘာညာ” ဟု ဆုိကာ ၀ုန္းဒုိင္း ဘိနပ္ခၽြတ္၊ ကမန္းကတန္း အခန္းထဲ၀င္လာတတ္ေသာ သူ ့လႈပ္ရွားမႈေတြသည္ ယခုေတာ့…။
ဧည့္ခန္းတြင္း ကုလားထုိင္ေပၚ ထုိင္လုိက္ပံုကလည္း အရုပ္ႀကိဳးျပတ္။ “ဟူး” ကနဲ မႈတ္ထုတ္လုိက္ေသာ သက္ျပင္းကလည္း ရွည္လ်ားလွပါဘိ။ သူ ့ခမ်ာ ကၽြန္ေတာ့္ကိုလည္း မ်က္ႏွာခ်င္း မဆုိင္ႏုိင္ျပန္။ ျပဴးတင္းေပါက္မွေန၍ ခပ္ေ၀းေ၀းတစ္ေနရာကို ႀကည့္ေနသည့္ သူ ့မ်က္လံုးတြင္ ေမွ်ာ္လင့္ခ်က္မဲ့ေနေသာ အေတြးေတြ ထင္ဟပ္ေနသည္ဟု ကၽြန္ေတာ္ထင္သည္။ ကၽြန္ေတာ္ကပင္ စကားစရသည္။
“ရုတ္တရက္ဆုိေတာ့ မင္းဘယ္ေလာက္ ခံစားရမလဲဆုိတာ ငါကိုယ္ခ်င္းစာပါတယ္ သူငယ္ခ်င္း။ တကယ္ေတာ့ ငါ့အေနနဲ ့က အားေပးရုံ နည္းလမ္း ေျပာျပရုံဆုိေတာ့ ကာယကံရွင္ မင္းေလာက္ေတာ့ မခံစားရဘူးလုိ ့ မင္းေျပာမယ္ဆုိရင္လည္း ငါခံရမွာပါပဲ။ ဟုတ္တယ္ မင္းက ကာယကံရွင္ကိုး။ ငါက ေဘးလူဆုိေတာ့ ကုိယ္ခ်င္းစာရုံကလြဲလုိ ့ ကာယကံရွင္ေလာက္ေတာ့ ခံစားခ်က္ မျပင္းႏုိင္ဘူးေပါ့ကြာ”သူဘာမွ် မေျပာ။ ျငိမ္ေနသည္။ အေ၀းတစ္ေနရာကို ႀကည့္ေနသည္။ သူ ့မ်က္လံုးတြင္ ဘာကိုမွ် မျမင္မွာေတာ့ ေသခ်ာသည္။ သူ ့စိတ္က ကၽြန္ေတာ့္စကားကို နားေထာင္ေနေပလိမ့္မည္။ သုိ ့အတြက္ မ်က္လံုးကိုဖြင့္၍ ႀကည့္ေနေသာ္လည္း ဘာကိုႀကည့္ေနမိမွန္းသိမွာ မဟုတ္သျဖင့္ သူ ့ခမ်ာ ျမင္ေနေသာ္လည္း သိမည္ မဟုတ္ေပ။ ကၽြန္ေတာ္က လက္ထဲတြင္ ကိုင္ထားေသာ ဓမၼဒါန စာအုပ္ငယ္ကေလးကို သူ ့ထံ လွမ္းေပးလုိက္သည္။ ဆရာ ဦးေဇာတိက (ပ်ဥ္းမနား) ေဟာႀကားခ်က္ကို ျပန္လည္ ပံုႏွိပ္ထားသည့္ ဓမၼဒါနစာအုပ္ကေလး။ (In the lap of the Buddha) ဗုဒၶ၏ ရင္ခြင္မွာ။
သူက စာအုပ္ကေလးကုိ ေလးလံလွေသာ သူ ့လက္မ်ားျဖင့္ လွမ္းယူေနသည္။“ဒီစာအုပ္ကေလးကေတာ့ အိမ္ေရာက္ရင္ မင္းေအးေအး ေဆးေဆးဖတ္ေပါ့ကြာ၊ ဒါက တရားတိပ္ေခြ၊ ဒီထဲမွာကေတာ့ ဆရာေတာ္ေဟာေျပာခ်က္ အျပည့္အစံုပါတယ္။ စာအုပ္ကေတာ့ နည္းနည္းခ်ဳံ ့ထားတာေပါ့”ကၽြန္ေတာ္ေတာ္က ကတ္ဆက္ထားရာေနရာသုိ ့ ေလွ်ာက္သြားျပီး တိပ္ေခြကို အစမ္းသေဘာဖြင့္ျပလုိက္သည္။ ယခုအခ်ိန္တြင္ ကၽြန္ေတာ္က သူ ့ကုိ ေျပာျပေနျခင္းထက္ ဆရာေတာ္၏ အသံက သူ ့အတြက္ စိတ္ေအးသက္သာရာရမႈကို ပုိျဖစ္ေစမည္ဟု ယံုႀကည္သည္။ ဆရာေတာ္၏ ေအးျမေသာ အသံသည္ အိမ္အတြင္း၌ ျဖန္ ့က်က္လႊမ္းမုိးသြားေတာ့သည္။“မဟာပရိနိဗၺာနသုတ္မွာ ပါဠိလုိေဟာခဲ့တဲ့ ဂါထာေလးတစ္ပုဒ္ကို ဒီမွာ အဂၤလိပ္လုိ ဘာသာျပန္ထားတယ္။ အဓိပၸါယ္ကေလးက အင္မတန္ရွင္းပါတယ္။ အင္မတန္ရုိးပါတယ္ Be an island unto yourself.
ပင္လယ္ သမယဒၵရာ အလယ္ေခါင္မွာ ကၽြန္းေလးရွိတယ္။
ပင္လယ္ သမုဒၵရာမွာလည္း မုန္တုိင္းေတြထ၊ လႈိင္းႀကီးေတြထ ေနတယ္။ အဲဒီမွာ လူတစ္ေယာက္ကလည္း ေမ်ာေနတယ္ ဆုိပါေတာ့၊ ကၽြန္းကေလးတစ္ကၽြန္းျမင္ရင္ သူဘယ့္ႏွယ္ေနမလဲ၊ အင္မတန္ ၀မ္းသာမယ္၊ ဒီကၽြန္းကိုသာ ငါေရာက္သြားရင္ေတာ့ ငါဒီဒုကၡကေန လြတ္ကင္းျပီ၊ အားကိုးရာ အားထားရာရျပီ။ ေဆာက္တည္ရာရျပီ။ အဲဒီလုိျဖစ္မွာေနာ္၊ မိမိကိုယ္ကိုလဲ အဲဒီ လႈိင္းတံပိုးေတြထေနတဲ့ ပင္လယ္ သမုဒၵရာထဲက ကၽြန္းကေလး တစ္ကၽြန္းသဖြယ္ျဖစ္ေအာင္လုပ္ပါ။ ကိုယ့္ကိုယ္ကို လုပ္ယူရမွာေနာ္။ အလိုအေလ်ာက္ေတာ့ ျဖစ္မလာဘူး။ Be your own refuge…refuge ဆုိတာ အားကိုးရာ အားထားရာျဖစ္ေအာင္လုပ္ပါတဲ့။ ျပီးေတာ့ Make the Dhamma your island တရားကို မိမိအတြက္ ေဆာက္တည္ရာျဖစ္တဲ့ ကၽြန္းကေလးသဖြယ္ ျဖစ္ေအာင္လုပ္ပါ။ Make no other refuge တျခား ဘယ္အရာကိုမွ မိမိအတြက္ ကိုးကြယ္ရာ အားထားရာ မျဖစ္ေအာင္လုပ္ပါ။
ဒီစကားေတြဟာ အင္မတန္ ေလးနက္တယ္ေနာ္။ လူဆုိတာ ျပင္ပမွာပဲ ကုိးကြယ္ရာ အားထားရာႀကတာ။ အဲဒီလုိ ျဖစ္ေအာင္ မလုပ္နဲ ့။ ဒီစကားေတြဟာ အင္မတန္ေလးနက္တယ္ေနာ္။ လူဆုိတာ ျပင္ပမွာပဲ ကိုးကြယ္ရာ အားထားရာ ရွာေလ့ရွိတယ္။ ဗုဒၶဘာသာတရားမွာ ဘုရားက မိမိကုိယ္ကိုပဲ အားကိုးတယ္။ ျပင္ပ ဘယ္သူ ့ကိုမွ အားမကိုးဘူး။ အဲဒီေတာ့ အင္မတန္ စိတ္ဓာတ္ ခုိင္မာ ရင့္က်က္တဲ့ သူမွသာလွ်င္ အဲဒီစိတ္ဓာတ္မ်ိဳးထားလုိ ့ရတယ္။ အဲဒီ အလုပ္ကို လုပ္လုိ ့ရတယ္။ စိတ္ဓာတ္ေပ်ာ့ညံ့တဲ့သူဟာ ကိုယ့္ကိုယ္ကို အားမကိုးခ်င္ဘူး။ အားကိုးရာကိုပဲ ရွာေနတယ္။ ဘယ္သူ ့ကိုမ်ား အားကိုးရမလဲ။ ကယ္တင္ရွင္၊ တန္ခုိးရွင္၊ အဲဒီလုိ လုိက္ရွာေနတာေနာ္။ အဲဒီေတာ့ ဗုဒၶဘာသာတရားက ကယ္တင္ရွင္၊ တန္ခုိးရွင္ ကုိးကြယ္တဲ့တရား မဟုတ္ဘူး။ တကယ္ေျပာမယ္ဆုိရင္ ပုဂၢိဳလ္ကို ကိုးကြယ္တဲ့တရားမဟုတ္ဘူး။ ဒါေႀကာင့္ ျမတ္စြားဘုရားေတာင္မွ “တရားကုိသိမွ ဘုရားကိုသိမယ္” “တရားကိုျမင္မွ ဘုရားကို ျမင္မယ္” “ျမတ္စြာဘုရားရဲ့ ခႏၶာကိုယ္ေတာ္ေတာင္မွာ သဗၺညဳတ ဥာဏ္ေတာ္ရဲ့ ကိန္း၀ပ္ရာသာ ျဖစ္တယ္ေနာ္”
ဧည့္ခန္းထဲတြင္ သူႏွင့္ကၽြန္ေတာ္ တရားအတူတူနာေနရင္းမွ သူ ့ကို အ႕ကဲခတ္ေနရသည္။ သူစိတ္၀င္စားဟန္မရွိလွ်င္ ကၽြန္ေတာ္ ကက္ဆက္ကို သြားပိတ္လုိက္မယ္လုိ ့ စိတ္ကူးသည္။ သုိ ့ေသာ္ သူ စိတ္၀င္တစားရွိေနသျဖင့္ ကၽြန္ေတာ္ ဆက္၍ ျငိမ္ေနလုိက္သည္။ ဆရာေတာ္၏ တရားသံကို ဆက္လက္ႀကားေနရဆဲပင္ –“ဒီစာအုပ္ကို ေရးလုိက္တဲ့ တပည့္ သူ ့ဘ၀သူ ့အေျခအေနက သူက အသက္ေလးဆယ္ငါးႏွစ္ေလာက္ရွိျပီ။ သူ ့မွာ ကုလုိ ့မေပ်ာက္ႏုိင္ေတာ့တဲ့ ေရာဂါတစ္ခုလည္း ျဖစ္တယ္ေနာ္၊ အဲဒါကေတာ့ ေသခ်ာတယ္။ ဒီေရာဂါ ဘယ္လုိမွ မေပ်ာက္ႏုိင္ေတာ့ဘူး၊ ဆရာ၀န္ေတြကလည္း ႏွစ္အပုိင္းအျခား၊ ခန္ ့မွန္းျပီးေတာ့ ဘယ္ေလာက္အထိေအာင္ေနရမလဲေျပာတယ္။ အခု သူ ဆရာ၀န္ေတြ ခန္ ့မွန္းထားတာထက္ ႏွစ္ေတာ္ေတာ္ေက်ာ္သြားျပိး အသက္ရွည္ခဲ့တာေနာ္”သည္ေနရာအေရာက္တြင္ သူငယ္ခ်င္းျဖစ္သူ ပုိမုိ စိတ္၀င္စားဟန္ျပလာသည္။ ကုလားထုိင္ေပၚမွာ ထုိင္ေနေသာ ပံုစံကိုျပင္သည္။ ပိုမုိစူးစူးစုိက္စုိက္ နားစြင့္ေနျပန္သည္။
“ဆရာ၀န္ေတြ ခန္ ့မွန္းထာက ေလးငါးႏွစ္ေလာက္ပဲ ေနရေတာ့မယ္။ ခန္ ့မွန္းတာကိုး။ ဒီစာအုပ္ကို ႀကည့္ေတာ့ ခုႏွစ္က ၁၉၉၄ ခုႏွစ္၊ သူ မက်န္းမမာျဖစ္ေနတာက ၁၉၈၁ ခုႏွစ္ကတည္းက၊ ႀကာျပီ။ ဆရာ၀န္ေတြေဟာတာထက္ သူက အသက္ပိုရွည္ေနတယ္။ အံ့ႀသစရာပဲ။ သူက ဘယ္ေလာက္ထိေအာင္ ယံုႀကည္သလဲဆုိေတာ့ ဒီအတုိင္းသာ တရားကို ဆက္ျပီး အားထုတ္သြားမယ္ဆုိရင္ သူသက္တမ္းေစ့ ေနႏုိင္ေလာက္တယ္တဲ့၊ ေရာဂါတစ္ခုျဖစ္လာတာနဲ ့ ငါေတာ့ ေသေတာ့မယ္လုိ ့ သူ မယံုႀကည္ဘူးတဲ့။ သူ ့ဟာသူ အခုေနခဲ့တာနဲ ့ပဲ ဆရာ၀န္ေျပာတဲ့အတုိင္း ျဖစ္မလာေတာ့ဘူးဆုိတာ သူေတြ ့လာျပီပဲ။ သို ့ေသာ္လည္းပဲ ငါမေသေတာ့ဘူးဆုိျပီး ေပါ့ေပါ့ေနတာလားဆုိေတာ့ မဟုတ္ဘူးေနာ္။ ငါမေသႏုိင္ေသးဘူးလုိ ့ပဲ ေမွ်ာ္လင့္ခ်က္ရွိတယ္ေနာ္။ တရားကိုလည္း ေန ့တုိင္း အားထုတ္သြားတယ္။ လုပ္သင့္ လုပ္ထိုက္တာေတြလည္း အကုန္လံုး လုပ္သြားတယ္။ အဲဒီေတာ့ ေသမယ္လုိ ့ေတြးျပီးေတာ့ စိတ္ညစ္ျပီးေတာ့ လုပ္သင့္လုပ္ထုိက္တဲ့ စီးပြားေရး၊ က်န္းမာေရး၊ လူမႈေရး၊ ပညာေရး၊ ဘာသာေရး၊ တရားေရးေတြကို မလုပ္ဘဲေနရင္လည္း ဘာမွ အက်ိဳးမရွိဘူး။ အဲဒီေတာ့ ေသမွာကို ေတြးျပီးေတာ့ စိတ္ဓာတ္က်ေနဖုိ ့ မဟုတ္ဘူး။ ေသမွာကို ေတြးျပီးေတာ့ အခ်ိန္ရွိတဲ့အခိုက္ အဲဒီအခ်ိန္ကို အေကာင္းဆံုးအသံုးခ်သြားလုိက္ပါ။ သူကိုယ္တုိင္ အဲဒါ လုပ္တယ္။”
သူလက္ကာျပရင္းမွ “ရျပီ သူငယ္ခ်င္း၊ ငါသေဘာေပါက္ျပီ” ဟု ဆုိလာသည္။ တခ်ိန္လံုး တိတ္ဆိတ္ေနေသာ သူ ့ထံမွ အသံထြက္ေပၚလာျခင္းျဖစ္သည္
ကၽြန္ေတာ္ေနရာမွထ၍ ကက္ဆက္ကို သြားပိတ္လုိက္ရသည္။ ျပီးေတာ့ ကက္ဆက္ေခြကို ျပန္ယူလာကာ သူ ့ကို ေပးလုိက္သည္။ သူေနရာမွပင္ထ၍ သြားရန္ ျပင္ဆင္ေနေပျပီ။
“ေက်းဇူးပဲကြာ၊ သူငယ္ခ်င္း မင္းဆီလာတာ အားေဆးတစ္ခြက္ေသာက္လုိက္ရသလုိပဲ၊ ဒီစာအုပ္ကို ငါေသေသခ်ာခ်ာ ဖတ္မယ္။ ဒီတိတ္ေခြကို ငါေသေသခ်ာခ်ာ နားေထာင္မယ္။ ျပီးေတာ့ ဒီထဲက ဆရာေတာ္ေဟာထားတဲ့လူလုိ ငါျဖစ္ေအာင္ ႀကိဳးစားမယ္။ ေလာကမွာ တစ္ခုလုပ္လုိ ့မရေတာ့ရင္ ေနာက္ထပ္ လုပ္စရာ အမ်ားႀကီး ရွိေနေသးတယ္ဆုိတာ ငါသေဘာေပါက္ျပီကြာ”သူ ့အသံသည္ လႈိဏ္သံပါ၍ အားေကာင္းေနသည္။ ဟုိစဥ္တစ္ခါတုနး္ကတည္းက အသံမ်ိဳးမဟုတ္ေတာ့။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ သူ ့စိတ္ကို တည့္လာေအာင္ အားေကာင္းလာေအာင္ လုပ္ေပးရက်ိဳးနပ္ေပေတာ့မည္။ သူ ကၽြန္ေတာ့္ကို ႏႈတ္ဆက္၍ ထြက္သြားသည္။ သူ ့ေျခလွမ္းမ်ားသည္ လာတုန္းကလုိ မဟုတ္ေတာ့၊ အေတာ္အတန္ သြက္လက္သြားေပျပီ။
သည္တိပ္ေခြကို နားေထာင္ရင္း တရားနာႀကားခဲ့စဥ္က ကၽြန္ေတာ္ သတိထားမိခဲ့ေသာ စာပုိဒ္ေလးတစ္ပုိဒ္ကို ကၽြန္ေတာ့္ သူငယ္ခ်င္းျဖစ္သူသည္ သူ ့အိမ္မွာ နားေထာင္ရင္းမွ အထပ္ထပ္ အခါခါ ဆင္ျခင္ႏွလံုးသြင္းႏုိင္ပါေစဟု ဆုေတာင္းေနမိပါေတာ့သည္။“I know that I would like to die with full elarity of mind. This feeling is very important.”ေသတဲ့အခ်ိန္မွာ မေတြမေ၀၊ ႀကည္ႀကည္လင္လင္ ျပည့္ျပည့္၀၀ သိေနတဲ့စိတ္နဲ ့ေသခ်င္တယ္ဆုိတာ ကၽြန္ေတာ္ ေသေသခ်ာခ်ာ သိပါတယ္။ ဒါဟာ သိပ္အေရးႀကီးတယ္လုိ ့ ခံစားရပါတယ္။ေသခါနီးမွာ သတိေကာင္းေကာင္းနဲ ့ ခႏၶာမွာျဖစ္တာ စိတ္မွာျဖစ္တာကို ရႈသိျပီး ေသရတာအေကာင္းဆံုးျဖစ္ပါတယ္။ အဲဒီလုိ ေသခါနီးမွာ သတိေကာင္းဖုိ ့ဆုိတာက မေသခင္ ႏွစ္ေပါင္းမ်ားစြာကတည္းက ႀကိဳတင္ေလ့က်င့္ထားမွ ျဖစ္ႏုိင္မယ္။
ဒါေႀကာင့္ အျမဲတမ္း အတတ္ႏုိင္ဆံုး သတိေကာင္းေကာင္းနဲ ့ ႀကည္ႀကည္လင္လင္ သိႏုိင္ေအာင္ကို သိေနတဲ့ အက်င့္ကိုလုပ္ထားရမယ္။ ဒါဟာ မေသခင္မွာ အေကာင္းဆံုးေနနည္းျဖစ္ျပီး ေသခါနီးမွာ အေကာင္းဆံုး ေသနည္းျဖစ္ပါတယ္။ေသခါနီးမွာ သတိကို အားကိုးရမယ္။ သတိရွိမွ ခႏၶာမွာ ျဖစ္ပ်က္တာကို သိႏုိင္မယ္။ အနတၱကိုသိရင္းနဲ ့ ေသရတာ ေကာင္းတယ္။ အတၱစြဲနဲ ့ေသရတာ ဆင္းရဲတယ္။ အျမဲတမ္း အနတၱကို ဥာဏ္မွာ ျမင္ေနေအာင္ ႏွလံုးသြင္းတဲ့ အေလ့အက်င့္ရွိေအာင္ ႀကိဳးစားပါ။
(စာေရးသူ – ျမသန္းစံ)
Unicode
တစ်လောကပင် သူနှင့် ကျွန်တော်ဆုံတွေ ့ခဲ့သေးသည်။ သည်တုန်းက သူသည် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ သူ ့မှာ ညှိုးငယ်နေသည့် သဏ္ဍာန် အလျဉ်းမရှိ၊ သူ ့သူငယ်ချင်းတွေနှင့် ပြန်ဆုံသည့် အထိမ်းအမှတ် ယမကာဝိုင်းသို ့ ကျွန်တော်တက်ခဲ့ရသေးသည်။ ကျွန်တော့်ရှေ့ ဖန်ခွက်ထဲမှ အချိုရည်တွေကို ကြည့်ကာ သူကပင် ရယ်ပွဲဖွဲ ့လိုက်သေးသည်။
“ဟား-ဟား၊ ငါ့သူငယ်ချင်းကြီး ပြောင်းလဲသွားတာကတော့ မယုံနိုင်လောက်အောင်ပါပဲ”သူက အရက်ခွက်ကို မော့ချရင်းမှ ကျွန်တော့်ကို ပြောနေသည်။ ကျွန်တော့မှာ သူတို ့ကြားထဲတွင် သင်းကွဲငှက် တစ်ကောင်လို ဖြစ်နေသည်။ ကြာတော့ သူ အားနာလာပုံရသည်။ ကျွန်တော် တည်းခိုရာ နေရာအရောက် သူအသံတွေ လေးတွဲ ့နေလေပြီ။
“ငါတို ့ ဝိုင်းထဲမှာ မင်းတစ်ယောက်တည်း အချိုရည်သမားဖြစ်နေတော့ မင်းအနေရခက်နေမှာပဲ၊ ငါ့တော့ သူငယ်ချင်းတွေနဲ ့ဆက်ဆွဲလိုက်ဦးမယ်ကွာ၊ ကျောင်းပြီးကတည်းက မဆုံဖြစ်တော့တာ၊ အခုဆုံတုန်းလေး လုပ်လိုက်ဦးမယ်”ကျွန်တော်က အလိုက်သင့်နေပေးသော်လည်း သူတို ့အနေဖြင့် ကျွန်တော့်အပေါ် ဆက်ဆံရခက်နေပုံရသည်။ ကျွန်တော့်အပေါ် ပြောစရာစကားလည်းမရှိ။ ကျွန်တော်ကလည်း သူတို ့အပေါ် ပြန်ပြောစရာအကြောင်းလည်း မရှိလှပေ။ သူတို ့၏ ရှေးဟောင်းနှောင်းဖြစ်ကိစ္စများတွင် ကျွန်တော်ကလည်း ပါဝင်ပတ်သက်ခြင်းမရှိခဲ့။ သည်တော့ ကျွန်တော့်မှာ လူပိုလို ဖြစ်နေသည်။ သို ့နှင့် ကျွန်တော့်ကို သူတို ့ပြန်ပို ့ကြခြင်းဖြစ်သည်။ သည်တုန်းက ရွှင်မြူးတက်ကြွနေသော သူ ့ပုံသဏ္ဍာန်သည် ကျွန်တော့်မျက်စိထဲ စွဲထင်ကျန်ရစ်ခဲ့သည်။
တစ်လလောက်ကြာတော့ သူ ့အသံကို တယ်လီဖုန်းခွက်ထဲမှတစ်ဆင့် ကြားလိုက်ရသည်။ ဖုန်းခွက်ထဲတွင် သူ ့အသံတွေ မှိန်ဖျော့နေသည်ကို ကျွန်တော် သတိထားမိသည်။ ထိုအသံမှတစ်ဆင့် ဖုန်းပြောနေသည့် သူ ့ရုပ်သွင်ကို မှန်းဆပုံဖော်ကြည့်မိသည်။ ဘယ်လောက်များ ညှိုးလျော့နေမည်လဲ။ သူ ့အသံခြောက်ကပ်ကပ်ကြီးတွင် လှိုင်းအနိမ့်အမြင့် မရှိတော့။ တကယ့် တန်းတန်းကြီး၊ သူ ့အသံက အေးစက်သော်လည်း သူ ့ရင်ထဲတွင် အဘယ်မျှ ပူလောင်ပြင်းထန်နေမည်ကို ကျွန်တော် ရိပ်မိနေသည်။ သူ ့စိတ်တွေကော ဘယ်လောက်ဗြောင်းဆန် နေသလဲမသိ။ သူ ့အပူသည် တယ်လီဖုန်းကြိုးများမှတစ်ဆင့် ကျွန်တော့်ထံ ကူးစက်လာသည်ဟုပင် ထင်ရသည်။ ဟိုတုန်းက ရွှင်မြူးတက်ကြွ လန်းဆန်းနေသော အသံမျိုးနှင့် ကွားခြားလှပါဘိခြင်း။ဌာနတွင်း တစ်ဆင့်မြင့်ရာထူးအတွက် သူ ့ဆေးစစ်ခံရင်း ကု၍မရသော ရောဂါပိုးတစ်ခုကို သူ ့သွေးထဲမှာ စစ်ဆေးတွေ ့ရှိသွားသည်။
ကျွမ်းကျင်သူများဖြင့် နောက်တစ်ခါ စစ်ဆေးပြန်သည်။ အဖြေမပြောင်းလဲ၊ သူတုန်လှုပ်သွားသည်။ သည်ရောဂါပိုးသည် ဘယ်တုန်းကများ သူ ့ခန္ဓာကိုယ်မှာ နေရာယူသွားသည်မသိ။ သူအလုပ်မှ ရုတ်တရက် အနားယူလိုက်ရသည်။ မောင်းနှင်နေသည့် စက်တစ်လုံး လည်ပတ်ကောင်းနေစဉ်မှာ ခါးပတ်ကြိုးပြတ်သွားသည်သို ့ ဖြုန်းခနဲ။မမျှော်လင့်ထားသော အခြေအနေတစ်ခု ရုတ်တရက်ရလာသူတိုင်း ကြောင်စီစီ ဖြစ်သွားတတ်တာအမှန်ပင်။ လက်ရှိလည်ပတ်နေသော အရှိန်အဟုန်နှင့် အကြာကြီးနေရမည်ဟု ထင်ထားတတ်ကြတာကလည်း ဓမ္မတာမဟုတ်လား။ အခြေအနေသစ်တစ်ခုသို ့ ရုတ်ချည်းပြောင်းလိုက်ရသောအခါ ထိုအခြေအနေသစ်အတွက် ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာ ဘာမှ ပြင်ဆင်ထားတာမရှိ၊ ထိုအခါ ပြင်ဆင်ထားမှုမရှိခြင်း၏ အခြေအနေကို ဒဏ်ရာဒဏ်ချက်အဖြစ် ပြင်းထန်စွာခံစားရစမြဲ။ ကျွန်တော့် သူငယ်ချင်းလည်း သည်လိုဖြစ်သွားပုံရသည်။ သူ ့အသံကို ခန် ့မှန်းကြည့်ရုံနှင့် ဆောက်တည်ရာမရဖြစ်နေသော သူ ့စိတ်တွေကို ကျွန်တော် အထင်းသားမြင်နေရသည်။ ကျွန်တော် သူ ့ကို အားပေးရသည်။
ဘာမှ စိတ်မပျက်ပါနဲ ့ သူငယ်ချင်းရာ၊ ငါတို ့ရှိပါသေးတယ်။ မင်းကို ငါလိုလေသေးမရှိ ကူညီပါ့မယ်။ စိတ်အးအေးသာထား” “စိတ်အေးအေးထားဖို ့ဆိုတာက အပြောလွယ်သလောက် အလုပ်ခက်တယ်ကွ၊ အခု ငါ့စိတ်ကို ဘယ်လိုအေးအောင် လုပ်ရမလဲ၊ အဲဒါကို ငါသိချင်တယ်” “ဒီလိုဆိုရင် ဖုန်းထဲမှာပြောဖို ့က သိပ်အဆင်ပြေမှာမဟုတ်ဘူး။ မင်းအားရင် လာခဲ့ပါလား။ ဒါမျိုးက အချိန်ယူပြီး သေချာပြောမှ နားလည်မှာ မင်းလာနိုင်မလား” “အေ-လာခဲ့မယ်ကွာ၊ ငါတော့ အခုစိတ်အေးတဲ့နည်းကလွဲလို ့ တခြားဘာမှ မသိချင်ဘူး။ ကဲ-ငါအခုလာခဲ့မယ်။ မင်ဆက်စောင့်နေ” သူ ့ဘက်က ဖုန်းချသွားသည်။ စိတ်မြန်ကိုယ်မြန်ကြီးဖြစ်သည်။ သြော်-သူ ့ခမျာ အရိပ်တစ်ခုခုကို ရှာနေရသည်ကိုး။ သူ ့စိတ်ငြိမ်းချမ်းဖို ့ ခိုလှုံစရာအရိပ်တစ်ခုရနိုင်ဖို ့ သူသဘောပေါက်နားလည်သည်အထိ ကျွန်တော်ရှင်းပြရပေမည်။ သူ ကျွန်တော့်ထံသို ့ ကားဖြင့်လာနေစဉ်အတွင်း ကျွန်တော့်မှာ သူ ့ကို ပြောရမည့် စကားတွေကို ရှာဖွေစုဆောင်းရသည်။ စာအုပ်စင်မှ စာအုပ်တွေကို ရှာရသည်။ တိတ်ခွေစင်မှ တရားတိတ်ခွေများကို ရွေးချယ်ရသည်။ လတ်တလော သူနှင့်အကိုက်ညီဆုံးဖြစ်မည့် တရားစာအုပ် တရားတိပ်ခွေ။
ကျွန်တော်က ဆရာတော်ဦးဇောတိက (ပျဉ်းမနား)၏ တရားတိတ်ခွေတွေနှင့် အမြဲတစေ ထိတွေ ့ယဉ်ပါးနေသူဖြစ်သဖြင့် ဘယ်လို စိတ်အခြေအနေဖြစ်နေသည့် ပုဂ္ဂိုလ်ဆိုလျှင် ဘယ်တိပ်ခွေထဲက ဘယ်ဟောချက်နှင့် အံဝင်မည်ကိုပါ ခန် ့မှန်းတတ်လာခဲ့သည်။ သို ့နှင့် အချိန်မဆိုင်းဘဲ အဖြေရသည်။ “နကုလမာတာကို ဘုရားဟောဖူးတာရှိတယ်။ တစ်ခဏလောက်များ ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို ့ပြောတဲလူဟာ အသိဉာဏ်နည်းလို ့ ပြောတာပါတဲ့။ ဒီခန္ဓာကိုယ်ဆိုတာ အစဉ် အမြဲပဲ သူ ့မှာ ဒုက္ခဝေဒနာတွေ ရှိနေတာပဲနော်၊ သွားလာလုပ်ကိုင်လို ့ ဖြစ်နေသေးလို ့တာ သူ ့ကို ရောဂါလို ့လဲ နာမည် တပ်မနေတော့ဘူး။ ဆေးရုံလည်းတက်စရာမလိုဘူး။ ဆရာဝန်လည်းပြစရာ မလိုဘူး။ ဒါပေမယ့် မအီမသာဖြစ်တဲ့သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ ရင်ထဲကပူသလိုလို မောသလိုလို တစ်ခါတလေ ခေါင်းထဲကမူးသလိုလို၊ ဒီလိုဟာတွေဟာ အနည်းနဲ ့အများ လူတိုင်းမှာရှိနေတယ်။ ငယ်ရွယ်တဲ့ လူတွေက ဒီလောက် မသိသေးဘူး။
စိတ်တွေက တက်ကြွတဲ့လူတွေဆိုတော့ ခန္ဓာကိုယ်ကလည်း လှုပ်ရှားရတဲ့အရွယ်၊ Active ဖြစ်တဲ့အရွယ်ဆိုတော့ သတိမပြုမိလိုပါ။ လုပ်စရာ ကိုင်စရာတွေ များနေတယ်။ ကိုယ်လုပ်ချင် ကိုင်ချင်တာတွေကိုပဲ သိပ်အာရုံစိုက်ပြီးတော့ စိတ်ဝင်စားပြီးတော့ Involve ဖြစ်ပြီးတော့ လုပ်နေရတာဆိုတော့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ မအီမသာမှုတွေကို သိပ်ပြီး အရေးမစိုက်နိုင်ကြဘူး။ မွေးခါစကတည်းက မအီမသာတဲ့သဘောက ရှိနေသေးသားပဲ။ ဒီမအီမသာဆိုတဲ့သဘော၊ မသက်မသာဆိုတဲ့သဘောကိုပဲ Disease လို ့ ခေါ်တာပါ။ ရောဂါအမည် မတပ်သေးလို ့သာ။ ဒီခန္ဓာကိုယ်ထဲက မအီမသာသဘောကို အမြဲတမ်းလိုလိုပဲ ပြုပြင်ပြောင်းလဲပေးနေလို ့သာ နည်းနည်းလေး နေသာတာပါ”
ထိုစကားအပေါ် အခြေခံ၍ သူ ့ကို ကျွန်တော် အားပေးရပေမည်။ သူက ရောဂါတစ်ခုရှိပြီဟု ဆိုင်းဘုတ်အတပ်ခံလိုက်ရသူ။ ကျွန်တော်တို ့က ဆိုင်းဘုတ်မရှိသေးသည့် ပုဂ္ဂိုလ်တွေပဲဟု ဆိုကြပါစို ့။ ဆိုင်းဘုတ်အတပ်မခံရသေးသည့် ကျွန်တော်တို ့တွင်လည်း ရောဂါဝေဒနာပေါင်းစုံ ပိုးမွှားပေါင်းစုံတို ့သည် ခန္ဓာကိုယ်ထဲ နေရာအနှံ ့ရှိနေပေလိမ့်မည်။ သူ ့ထက်လည်း ဆိုးလျှင် ဆိုးသွားနိုင်သည်။ ဘာမှ မသေချာ။
သို ့သော် သူ ့ဆိုင်းဘုတ်က ခေတ်ပေါ်ဆိုင်းဘုတ်။ တနည်းအားဖြင့် ကုစရာဆေးမရှိသေးသည့် ရောဂါဟုဆိုသည့်အတွက် ထိုအရှိန်ကြောင့် လူတွေ ကြောက်နေကြခြင်းပါပေ။ သို ့သော် ကုစရာဆေးရှိသည့် ရောဂါများနှင့်ပင် ကွယ်လွန်သူတို ့လည်း ရှိခဲ့ကြပြီးပေပြီ။ အသေအချာ ဂရုတစိုက်ကုစားလျက်ကပင် တိမ်းပါးခဲ့သူတွေလည်း ရှိခဲ့ကြပြီးပြီ။ လူတို ့၏ ခန္ဓာကိုယ်ပေါ်မှ ရောဂါဘယတွေကို ကုစားပေးရင်း အသက်ကယ်နေကြသည့် ဆရာဝန်တွေပင်လျှင် ထိုရောဂါဘယတွေ သူတို ့ ခန္ဓာထဲ နေရာယူလာသောအခါ သူတို ့အသက်ကို သူတို ့ မကယ်နိုင်ကြတော့။ ဘာမျှမမြဲ၊ ဘာမျှအစိုးမရ၊ သူ ့သဘောသူဆောင်လာသည့် သေခြင်းတရား၊ မရင်ဆိုင်လိုသော်လည်း ရင်ဆိုင်ရပေမည်။
ရုတ်တရက်ဆိုလျှင် ကျွန်တော့်သူငယ်ချင်းသည် သေမိန် ့ကျပြီးသူဟု ထင်ရပေမည်။ သေဖို ့ရက် အတိအကျ သတ်မှတ်ခံလိုက်ရသူကဲ့သို ့ ရှိပေမည်။ ခန် ့မှန်းခြေအရ သည်ရောဂါကြောင့် သည်နှစ်အပိုင်းအခြားအတွင်းမှာ သေရတော့မည်ဆိုလျှင် မသေမီ ဘာလုပ်မည်နည်း။ ရသည့်အချိန်အတွင်း ကိုယ့်ဘဝရဲ့ အချိန်တွေကို ဘယ်လို အကျိုးရှိအောင် အသုံးချသွားမည်နည်း။
“အဆိုးတွေကို ထိုင်တွေးပြီး စိတ်ဓာတ်ကျနေရင် စိတ်ဓာတ် အင်အားတွေကုန်မယ်။ ခန္ဓာကိုယ်အင်အားတွေကုန်မယ်။ မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ညှိုးနွမ်းနေမယ်။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့ သူနဲ ့တွေ ့ရရင် တခြားလူတွေပါ စိတ်ဓာတ်ကျတတ်တယ်။ တတ်နိုင်သလောက် အကောင်းဘက်ကနေ ကြည့်ပြီးတော့ လုပ်နိုင်သလောက်လုပ်နေရင် ကိုယ့်အတွက်လည်း အကျိုးရှိတယ်။ သူများအတွက်လည်း အကျိုးရှိတယ်။ တရားအားထုတ်တဲ့သူ ကိုယ့်စိတ်ကို ကိုယ်ကောင်းကောင်းသိတဲ့သူဟာ စိတ်ဓာတ်ကျခဲတယ်။ အဆိုးနဲ ့တွေ ့ရလည်း အဆိုးထဲက အကောင်းကိုရအောင် ယူတတ်တယ်။ ဒါကြောင့် အမြဲသတိနဲ ့ နေတဲ့အကျင့်ကို လုပ်နေမှာသာ ဘဝအတွေ ့အကြုံအမျိုးမျိုး ကောင်းအဆိုးအမျိုးမျိုး တွေ ့ရတဲ့အခါ ခံနိုင်ရည်ရှိမယ်။ အကောင်းနဲ ့တွေ ့တဲ့အခါ ငါမှငါဆိုတဲ့ မာနဖြစ်မသွားဘူး။ အဆိုးနဲ ့တွေ ့ရတဲ့အခါ စိတ်ဓာတ်ကျ မသွားရဘူး။ ဘယ်လို လောကဓံနဲ ့တွေ ့ရတွေ ့ရ အားလုံးဟာ ရင့်ကျက်မှုကို အထောက်အကူပြုမယ်”
ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို အားပေးရန် တရားစကားတွေ ရှာဖွေစုဆောင်းနေဆဲမှာပင် ကျွန်တော့် သူငယ်ချင်းကားက အိမ်ရှေ ့မှာ ဆိုက်လာသည်။ သူ ့ကို ဆရာတော်ဦးဇောတိက ဟောကြားသည့် ဗုဒ္ဓ၏ရင်ခွင်မှာ တရား တိပ်ခွေမှ အကြောင်းအရာများကို ဖောက်သည်ချရပါမည်။သူနှင့် ကျွန်တော် စကားတွေ အများကြီး ပြောရပေလိမ့်ဦးမည်။“လာသူငယ်ချင်းလာ” အိမ်ပေါ်သို ့ တက်လာသော သူ ့ကို လှမ်းကြိုလိုက်ရသည်။ သူမျက်နှာမကောင်း၊ ခြေလှမ်းတွေက တုံ ့နှေးနှေး၊ ဘိနပ်ချွတ်နေပုံက ဆုတ်ဆိုင်းဆိုင်း။ ခါတိုင်းဆိုလျှင် “ဟေ့ သူငယ်ချင်းကြီး ဘယ်လိုလဲကွာ ဘာညာ” ဟု ဆိုကာ ဝုန်းဒိုင်း ဘိနပ်ချွတ်၊ ကမန်းကတန်း အခန်းထဲဝင်လာတတ်သော သူ ့လှုပ်ရှားမှုတွေသည် ယခုတော့…။
ဧည့်ခန်းတွင်း ကုလားထိုင်ပေါ် ထိုင်လိုက်ပုံကလည်း အရုပ်ကြိုးပြတ်။ “ဟူး” ကနဲ မှုတ်ထုတ်လိုက်သော သက်ပြင်းကလည်း ရှည်လျားလှပါဘိ။ သူ ့ခမျာ ကျွန်တော့်ကိုလည်း မျက်နှာချင်း မဆိုင်နိုင်ပြန်။ ပြူးတင်းပေါက်မှနေ၍ ခပ်ဝေးဝေးတစ်နေရာကို ကြည့်နေသည့် သူ ့မျက်လုံးတွင် မျှော်လင့်ချက်မဲ့နေသော အတွေးတွေ ထင်ဟပ်နေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်ကပင် စကားစရသည်။
“ရုတ်တရက်ဆိုတော့ မင်းဘယ်လောက် ခံစားရမလဲဆိုတာ ငါကိုယ်ချင်းစာပါတယ် သူငယ်ချင်း။ တကယ်တော့ ငါ့အနေနဲ ့က အားပေးရုံ နည်းလမ်း ပြောပြရုံဆိုတော့ ကာယကံရှင် မင်းလောက်တော့ မခံစားရဘူးလို ့ မင်းပြောမယ်ဆိုရင်လည်း ငါခံရမှာပါပဲ။ ဟုတ်တယ် မင်းက ကာယကံရှင်ကိုး။ ငါက ဘေးလူဆိုတော့ ကိုယ်ချင်းစာရုံကလွဲလို ့ ကာယကံရှင်လောက်တော့ ခံစားချက် မပြင်းနိုင်ဘူးပေါ့ကွာ”သူဘာမျှ မပြော။ ငြိမ်နေသည်။ အဝေးတစ်နေရာကို ကြည့်နေသည်။ သူ ့မျက်လုံးတွင် ဘာကိုမျှ မမြင်မှာတော့ သေချာသည်။ သူ ့စိတ်က ကျွန်တော့်စကားကို နားထောင်နေပေလိမ့်မည်။ သို ့အတွက် မျက်လုံးကိုဖွင့်၍ ကြည့်နေသော်လည်း ဘာကိုကြည့်နေမိမှန်းသိမှာ မဟုတ်သဖြင့် သူ ့ခမျာ မြင်နေသော်လည်း သိမည် မဟုတ်ပေ။ ကျွန်တော်က လက်ထဲတွင် ကိုင်ထားသော ဓမ္မဒါန စာအုပ်ငယ်ကလေးကို သူ ့ထံ လှမ်းပေးလိုက်သည်။ ဆရာ ဦးဇောတိက (ပျဉ်းမနား) ဟောကြားချက်ကို ပြန်လည် ပုံနှိပ်ထားသည့် ဓမ္မဒါနစာအုပ်ကလေး။ (In the lap of the Buddha) ဗုဒ္ဓ၏ ရင်ခွင်မှာ။
သူက စာအုပ်ကလေးကို လေးလံလှသော သူ ့လက်များဖြင့် လှမ်းယူနေသည်။“ဒီစာအုပ်ကလေးကတော့ အိမ်ရောက်ရင် မင်းအေးအေး ဆေးဆေးဖတ်ပေါ့ကွာ၊ ဒါက တရားတိပ်ခွေ၊ ဒီထဲမှာကတော့ ဆရာတော်ဟောပြောချက် အပြည့်အစုံပါတယ်။ စာအုပ်ကတော့ နည်းနည်းချုံ ့ထားတာပေါ့”ကျွန်တော်တော်က ကတ်ဆက်ထားရာနေရာသို ့ လျှောက်သွားပြီး တိပ်ခွေကို အစမ်းသဘောဖွင့်ပြလိုက်သည်။ ယခုအချိန်တွင် ကျွန်တော်က သူ ့ကို ပြောပြနေခြင်းထက် ဆရာတော်၏ အသံက သူ ့အတွက် စိတ်အေးသက်သာရာရမှုကို ပိုဖြစ်စေမည်ဟု ယုံကြည်သည်။ ဆရာတော်၏ အေးမြသော အသံသည် အိမ်အတွင်း၌ ဖြန် ့ကျက်လွှမ်းမိုးသွားတော့သည်။“မဟာပရိနိဗ္ဗာနသုတ်မှာ ပါဠိလိုဟောခဲ့တဲ့ ဂါထာလေးတစ်ပုဒ်ကို ဒီမှာ အင်္ဂလိပ်လို ဘာသာပြန်ထားတယ်။ အဓိပ္ပါယ်ကလေးက အင်မတန်ရှင်းပါတယ်။ အင်မတန်ရိုးပါတယ် Be an island unto yourself.
ပင်လယ် သမယဒ္ဒရာ အလယ်ခေါင်မှာ ကျွန်းလေးရှိတယ်။
ပင်လယ် သမုဒ္ဒရာမှာလည်း မုန်တိုင်းတွေထ၊ လှိုင်းကြီးတွေထ နေတယ်။ အဲဒီမှာ လူတစ်ယောက်ကလည်း မျောနေတယ် ဆိုပါတော့၊ ကျွန်းကလေးတစ်ကျွန်းမြင်ရင် သူဘယ့်နှယ်နေမလဲ၊ အင်မတန် ဝမ်းသာမယ်၊ ဒီကျွန်းကိုသာ ငါရောက်သွားရင်တော့ ငါဒီဒုက္ခကနေ လွတ်ကင်းပြီ၊ အားကိုးရာ အားထားရာရပြီ။ ဆောက်တည်ရာရပြီ။ အဲဒီလိုဖြစ်မှာနော်၊ မိမိကိုယ်ကိုလဲ အဲဒီ လှိုင်းတံပိုးတွေထနေတဲ့ ပင်လယ် သမုဒ္ဒရာထဲက ကျွန်းကလေး တစ်ကျွန်းသဖွယ်ဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို လုပ်ယူရမှာနော်။ အလိုအလျောက်တော့ ဖြစ်မလာဘူး။ Be your own refuge…refuge ဆိုတာ အားကိုးရာ အားထားရာဖြစ်အောင်လုပ်ပါတဲ့။ ပြီးတော့ Make the Dhamma your island တရားကို မိမိအတွက် ဆောက်တည်ရာဖြစ်တဲ့ ကျွန်းကလေးသဖွယ် ဖြစ်အောင်လုပ်ပါ။ Make no other refuge တခြား ဘယ်အရာကိုမှ မိမိအတွက် ကိုးကွယ်ရာ အားထားရာ မဖြစ်အောင်လုပ်ပါ။
ဒီစကားတွေဟာ အင်မတန် လေးနက်တယ်နော်။ လူဆိုတာ ပြင်ပမှာပဲ ကိုးကွယ်ရာ အားထားရာကြတာ။ အဲဒီလို ဖြစ်အောင် မလုပ်နဲ ့။ ဒီစကားတွေဟာ အင်မတန်လေးနက်တယ်နော်။ လူဆိုတာ ပြင်ပမှာပဲ ကိုးကွယ်ရာ အားထားရာ ရှာလေ့ရှိတယ်။ ဗုဒ္ဓဘာသာတရားမှာ ဘုရားက မိမိကိုယ်ကိုပဲ အားကိုးတယ်။ ပြင်ပ ဘယ်သူ ့ကိုမှ အားမကိုးဘူး။ အဲဒီတော့ အင်မတန် စိတ်ဓာတ် ခိုင်မာ ရင့်ကျက်တဲ့ သူမှသာလျှင် အဲဒီစိတ်ဓာတ်မျိုးထားလို ့ရတယ်။ အဲဒီ အလုပ်ကို လုပ်လို ့ရတယ်။ စိတ်ဓာတ်ပျော့ညံ့တဲ့သူဟာ ကိုယ့်ကိုယ်ကို အားမကိုးချင်ဘူး။ အားကိုးရာကိုပဲ ရှာနေတယ်။ ဘယ်သူ ့ကိုများ အားကိုးရမလဲ။ ကယ်တင်ရှင်၊ တန်ခိုးရှင်၊ အဲဒီလို လိုက်ရှာနေတာနော်။ အဲဒီတော့ ဗုဒ္ဓဘာသာတရားက ကယ်တင်ရှင်၊ တန်ခိုးရှင် ကိုးကွယ်တဲ့တရား မဟုတ်ဘူး။ တကယ်ပြောမယ်ဆိုရင် ပုဂ္ဂိုလ်ကို ကိုးကွယ်တဲ့တရားမဟုတ်ဘူး။ ဒါကြောင့် မြတ်စွားဘုရားတောင်မှ “တရားကိုသိမှ ဘုရားကိုသိမယ်” “တရားကိုမြင်မှ ဘုရားကို မြင်မယ်” “မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်တော်တောင်မှာ သဗ္ဗညုတ ဉာဏ်တော်ရဲ့ ကိန်းဝပ်ရာသာ ဖြစ်တယ်နော်”
ဧည့်ခန်းထဲတွင် သူနှင့်ကျွန်တော် တရားအတူတူနာနေရင်းမှ သူ ့ကို အ့ကဲခတ်နေရသည်။ သူစိတ်ဝင်စားဟန်မရှိလျှင် ကျွန်တော် ကက်ဆက်ကို သွားပိတ်လိုက်မယ်လို ့ စိတ်ကူးသည်။ သို ့သော် သူ စိတ်ဝင်တစားရှိနေသဖြင့် ကျွန်တော် ဆက်၍ ငြိမ်နေလိုက်သည်။ ဆရာတော်၏ တရားသံကို ဆက်လက်ကြားနေရဆဲပင် –“ဒီစာအုပ်ကို ရေးလိုက်တဲ့ တပည့် သူ ့ဘဝသူ ့အခြေအနေက သူက အသက်လေးဆယ်ငါးနှစ်လောက်ရှိပြီ။ သူ ့မှာ ကုလို ့မပျောက်နိုင်တော့တဲ့ ရောဂါတစ်ခုလည်း ဖြစ်တယ်နော်၊ အဲဒါကတော့ သေချာတယ်။ ဒီရောဂါ ဘယ်လိုမှ မပျောက်နိုင်တော့ဘူး၊ ဆရာဝန်တွေကလည်း နှစ်အပိုင်းအခြား၊ ခန် ့မှန်းပြီးတော့ ဘယ်လောက်အထိအောင်နေရမလဲပြောတယ်။ အခု သူ ဆရာဝန်တွေ ခန် ့မှန်းထားတာထက် နှစ်တော်တော်ကျော်သွားပြိး အသက်ရှည်ခဲ့တာနော်”သည်နေရာအရောက်တွင် သူငယ်ချင်းဖြစ်သူ ပိုမို စိတ်ဝင်စားဟန်ပြလာသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေသော ပုံစံကိုပြင်သည်။ ပိုမိုစူးစူးစိုက်စိုက် နားစွင့်နေပြန်သည်။
“ဆရာဝန်တွေ ခန် ့မှန်းထာက လေးငါးနှစ်လောက်ပဲ နေရတော့မယ်။ ခန် ့မှန်းတာကိုး။ ဒီစာအုပ်ကို ကြည့်တော့ ခုနှစ်က ၁၉၉၄ ခုနှစ်၊ သူ မကျန်းမမာဖြစ်နေတာက ၁၉၈၁ ခုနှစ်ကတည်းက၊ ကြာပြီ။ ဆရာဝန်တွေဟောတာထက် သူက အသက်ပိုရှည်နေတယ်။ အံ့သြစရာပဲ။ သူက ဘယ်လောက်ထိအောင် ယုံကြည်သလဲဆိုတော့ ဒီအတိုင်းသာ တရားကို ဆက်ပြီး အားထုတ်သွားမယ်ဆိုရင် သူသက်တမ်းစေ့ နေနိုင်လောက်တယ်တဲ့၊ ရောဂါတစ်ခုဖြစ်လာတာနဲ ့ ငါတော့ သေတော့မယ်လို ့ သူ မယုံကြည်ဘူးတဲ့။ သူ ့ဟာသူ အခုနေခဲ့တာနဲ ့ပဲ ဆရာဝန်ပြောတဲ့အတိုင်း ဖြစ်မလာတော့ဘူးဆိုတာ သူတွေ ့လာပြီပဲ။ သို ့သော်လည်းပဲ ငါမသေတော့ဘူးဆိုပြီး ပေါ့ပေါ့နေတာလားဆိုတော့ မဟုတ်ဘူးနော်။ ငါမသေနိုင်သေးဘူးလို ့ပဲ မျှော်လင့်ချက်ရှိတယ်နော်။ တရားကိုလည်း နေ ့တိုင်း အားထုတ်သွားတယ်။ လုပ်သင့် လုပ်ထိုက်တာတွေလည်း အကုန်လုံး လုပ်သွားတယ်။ အဲဒီတော့ သေမယ်လို ့တွေးပြီးတော့ စိတ်ညစ်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ တရားရေးတွေကို မလုပ်ဘဲနေရင်လည်း ဘာမှ အကျိုးမရှိဘူး။ အဲဒီတော့ သေမှာကို တွေးပြီးတော့ စိတ်ဓာတ်ကျနေဖို ့ မဟုတ်ဘူး။ သေမှာကို တွေးပြီးတော့ အချိန်ရှိတဲ့အခိုက် အဲဒီအချိန်ကို အကောင်းဆုံးအသုံးချသွားလိုက်ပါ။ သူကိုယ်တိုင် အဲဒါ လုပ်တယ်။”
သူလက်ကာပြရင်းမှ “ရပြီ သူငယ်ချင်း၊ ငါသဘောပေါက်ပြီ” ဟု ဆိုလာသည်။ တချိန်လုံး တိတ်ဆိတ်နေသော သူ ့ထံမှ အသံထွက်ပေါ်လာခြင်းဖြစ်သည်
ကျွန်တော်နေရာမှထ၍ ကက်ဆက်ကို သွားပိတ်လိုက်ရသည်။ ပြီးတော့ ကက်ဆက်ခွေကို ပြန်ယူလာကာ သူ ့ကို ပေးလိုက်သည်။ သူနေရာမှပင်ထ၍ သွားရန် ပြင်ဆင်နေပေပြီ။
“ကျေးဇူးပဲကွာ၊ သူငယ်ချင်း မင်းဆီလာတာ အားဆေးတစ်ခွက်သောက်လိုက်ရသလိုပဲ၊ ဒီစာအုပ်ကို ငါသေသေချာချာ ဖတ်မယ်။ ဒီတိတ်ခွေကို ငါသေသေချာချာ နားထောင်မယ်။ ပြီးတော့ ဒီထဲက ဆရာတော်ဟောထားတဲ့လူလို ငါဖြစ်အောင် ကြိုးစားမယ်။ လောကမှာ တစ်ခုလုပ်လို ့မရတော့ရင် နောက်ထပ် လုပ်စရာ အများကြီး ရှိနေသေးတယ်ဆိုတာ ငါသဘောပေါက်ပြီကွာ”သူ ့အသံသည် လှိုဏ်သံပါ၍ အားကောင်းနေသည်။ ဟိုစဉ်တစ်ခါတုနး်ကတည်းက အသံမျိုးမဟုတ်တော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ ့စိတ်ကို တည့်လာအောင် အားကောင်းလာအောင် လုပ်ပေးရကျိုးနပ်ပေတော့မည်။ သူ ကျွန်တော့်ကို နှုတ်ဆက်၍ ထွက်သွားသည်။ သူ ့ခြေလှမ်းများသည် လာတုန်းကလို မဟုတ်တော့၊ အတော်အတန် သွက်လက်သွားပေပြီ။
သည်တိပ်ခွေကို နားထောင်ရင်း တရားနာကြားခဲ့စဉ်က ကျွန်တော် သတိထားမိခဲ့သော စာပိုဒ်လေးတစ်ပိုဒ်ကို ကျွန်တော့် သူငယ်ချင်းဖြစ်သူသည် သူ ့အိမ်မှာ နားထောင်ရင်းမှ အထပ်ထပ် အခါခါ ဆင်ခြင်နှလုံးသွင်းနိုင်ပါစေဟု ဆုတောင်းနေမိပါတော့သည်။“I know that I would like to die with full elarity of mind. This feeling is very important.”သေတဲ့အချိန်မှာ မတွေမဝေ၊ ကြည်ကြည်လင်လင် ပြည့်ပြည့်ဝ၀ သိနေတဲ့စိတ်နဲ ့သေချင်တယ်ဆိုတာ ကျွန်တော် သေသေချာချာ သိပါတယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို ့ ခံစားရပါတယ်။သေခါနီးမှာ သတိကောင်းကောင်းနဲ ့ ခန္ဓာမှာဖြစ်တာ စိတ်မှာဖြစ်တာကို ရှုသိပြီး သေရတာအကောင်းဆုံးဖြစ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိကောင်းဖို ့ဆိုတာက မသေခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်လေ့ကျင့်ထားမှ ဖြစ်နိုင်မယ်။
ဒါကြောင့် အမြဲတမ်း အတတ်နိုင်ဆုံး သတိကောင်းကောင်းနဲ ့ ကြည်ကြည်လင်လင် သိနိုင်အောင်ကို သိနေတဲ့ အကျင့်ကိုလုပ်ထားရမယ်။ ဒါဟာ မသေခင်မှာ အကောင်းဆုံးနေနည်းဖြစ်ပြီး သေခါနီးမှာ အကောင်းဆုံး သေနည်းဖြစ်ပါတယ်။သေခါနီးမှာ သတိကို အားကိုးရမယ်။ သတိရှိမှ ခန္ဓာမှာ ဖြစ်ပျက်တာကို သိနိုင်မယ်။ အနတ္တကိုသိရင်းနဲ ့ သေရတာ ကောင်းတယ်။ အတ္တစွဲနဲ ့သေရတာ ဆင်းရဲတယ်။ အမြဲတမ်း အနတ္တကို ဉာဏ်မှာ မြင်နေအောင် နှလုံးသွင်းတဲ့ အလေ့အကျင့်ရှိအောင် ကြိုးစားပါ။
(စာရေးသူ – မြသန်းစံ)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...