======

မိမိ ေမြးေန႔ နဲ႕ ေဗဒင္ တြက္ၾကရေအာင္ ..!


ဥပမာ။ ။ တြက္မယ့္သူရဲ႔ ေမြးေန႔က ေအာက္တုိဘာလ၊ ၈ ရက္ေန႔ ၊ ၁၉၅၀ ဆုိရင္လ + ရက္ + ႏွစ္ = ၁၀ + ၈ + ၁၉၅၀ = ၁၉၆၈ ဒီလုိေလး ရုိးရုိးေလး ေပါင္း လုိက္ပါ။ျပီးေတာ့ ရလာတဲ့ အေျဖ ၁+၉+၆+၈ = ၂၄
ျပီးေတာ့ ရလာတဲ့ အေျဖ ၂+၄ = ၆ဂဏန္းတလံုး ျဖစ္ေအာင္ လုပ္လုိက္တာပါ။ ျပီးရင္ ေအာက္မွာ သူ႔ နံပါတ္နဲ႔ သက္ဆုိင္တဲ့အေျဖေတြကို ၾကည့္လုိက္ရေအာင္ေပါင္းလိုက္တဲ့ ဂဏန္းတစ္လံုးက—–
၁ ဆုိရင္ ေလာကမွာ မရွိေသးေသာအရာေတြကုိ တီထြင္ ဖန္တီးသူ

၁ ဂဏန္းရသူေတြဟာ မူလဖန္တီးသူေတြပါ။
သူတုိ႔ေတြဟာ ဆန္းျပားတဲ့ အေတြးေတြ အုိင္ဒီယာ ေတြနဲ႔ ျပည့္စံုေနတဲ့သူေတြပါ။ ကုိယ့္ကုိတုိင္ စဥ္းစား ေတြးေခၚႏုိင္တဲ့အတြက္လည္း ေခါင္းမာပါတယ္၊ မိမိယံုၾကည္ခ်က္ကို လြယ္လြယ္နဲ႔ မေလွ်ာ့ပါဘူး ဒါေၾကာင့္လည္း ဘ၀မွာ တခါတရံ ေအာင္ျမင္ တတ္ပါတယ္။ သူတုိ႔ေတြဟာ ရုိးသားပါတယ္ ေခါင္းမာတယ္ဆုိေသာ္ျငား လည္း သူတုိ႔မွာ သူတစ္ပါးသူတုိိ႔ဘက္ပါေအာင္ စည္းရုံးႏုိင္တဲ့ အရည္အခ်င္း ေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္လည္း အလုပ္ေတြမွာေခါင္းေဆာင္ သုိ႔မဟုတ္ သူေဌး
 ျဖစ္္တတ္ပါတယ္။ သတိထားစရာ အခ်က္ ကေတာ့ မိမိမွာ စိတ္ကူးစိတ္သန္းေကာင္းေသာ္လည္း ေလာကမွာ မိမိထက္ သာသူေတြ ရွိတတ္စျမဲ ျဖစ္တာေၾကာင့္ ေခါင္းမမာသင့္ဘဲ တျခားသူ အၾကံဥာဏ္ကို လက္ခံလွ်င္ ဘ၀မွာ ပုိေအာင္ျမင္တတ္ပါတယ္။
ေအာင္ျမင္သူ ၁ ဂဏန္းသမားမ်ား – Tom Hanks (Hollywood ရုပ္ရွင္မင္းသား၊ ဒါရုိက္တာ၊ Robert Redford ( Hollywood ရုပ္ရွင္မင္သား၊ ဒါရုိ္က္တာ၊စာေရးဆရာ ) Nancy Reagan ( အေမရိကန္ သမၼတ ေရာနယ္ေရဂင္ ၏ ဇနီး ) စသျဖင့္ အမ်ားၾကီးရွိေသး

၂ ဆုိရင္ ျငိမ္းခ်မ္းေရးသမား
၂ သမားေတြက ဗီဇကိုက သံတမန္လုိ ျဖစ္တယ္။ သူတုိ႔ဟာ တစ္ပါး သူရဲ႔ လုိအပ္ခ်က္ေတြ၊ခံစားခ်က္ေတြ ကို အရင္ဆံုး စဥ္းစားသံုးသပ္ေလ့ ရွိတယ္၊ သိလည္း သိတယ္။ သူတုိ႔ဟာ တစ္ဦးတည္းေနရတာကို သေဘာ မက် ပါဘူး၊ ေဆြမ်ိဳး သူငယ္ခ်င္းအေပါင္းအသင္းေတြ ဟာ သူတုိ႔ အတြက္ အလြန္ အေရး ၾကီးပါတယ္။ ဘ၀မွာ ေအာင္ျမင္ဖုိ႔အတြက္ သူတုိ႔မွာ သူငယ္ခ်င္း ေကာင္း သုိ႔မဟုတ္ ပါရမီျဖည့္ဘက္ ေကာင္း လုိအပ္ပါတယ္။
ေအာင္ျမင္ေက်ာ္ၾကားသူ ၂ ဂဏန္းသမား – အေမရိကန္သမၼတ Bill Clinton၊ မက္ေဒါနား၊ ေသာမတ္အက္ဒီဇင္

၃ ဆုိရင္ အေတြးအေခၚေကာင္းသူ
၃ ေတြက ထုိးထြင္းတဲ့ ဥာဏ္ရွိတယ္။ ဆြဲေဆာင္မူေကာင္းတယ္၊ romantic ျဖစ္တယ္၊ ျပီးေတာ့ ေအးေဆး သမားေတြပါပဲ။ သူတုိ႔ေတြဟာ ပတ္၀န္းက်င္နဲ႔ သဟဇာတ ျဖစ္ေအာင္ ေနထုိင္တတ္သူျဖစ္တဲ့အတြက္ သူငယ္ခ်င္းေတြ အမ်ားၾကီး ရွိလိမ့္မယ္၊ ခ်စ္ခင္ဖြယ္ျဖစ္ေအာင္ ေနတတ္ တဲ့အတြက္လည္း လူခ်စ္လူခင္ မ်ားပါတယ္။ သူတုိ႔ေတြဟာ သူတစ္ပါး ေပ်ာ္ ေအာင္လည္း အျမဲလုပ္တတ္တယ္။ ဒါေၾကာင့္ သူတုိ႔ ေတြဟာ နာမည္ၾကီးတတ္ပါတယ္။ေအာင္ျမင္ေက်ာ္ၾကားသူမ်ားကေတာ့ – Bill Cosby ( အေမရိကန္ဟာသ ပညာရွင္၊ ရုပ္ရွင္မင္းသား၊ စာေရးဆရာ ) ၊ Jodi Foster ( ရုပ္ရွင္သရုပ္ေဆာင္၊ ဒါရုိက္တာ )

၄ ဆုိရင္ ေရွးရုိး၀ါဒီ
၄ ေတြဟာ စဥ္းစားခ်င့္ခ်ိန္တတ္ပါတယ္။ အသိတရားရွိတယ္၊ ဘယ္အခ်ိန္မွာ ဘယ္ေျပာမလဲ ဘယ္လုပ္ရမလဲဆုိတာကို ေကာင္းစြာ သေဘာေပါက္ သူေတြ ျဖစ္တယ္၊ အလုိက္သိတတ္တယ္။ သူတုိ႔ဟာ အရာတခုကို ေကာင္းစြာ သေဘာေပါက္မွ အဲ့အလုပ္ကို စလုပ္တယ္၊ မေပါက္ေသးရင္ အရင္ဆံုး နားလည္ေအာင္ လုပ္ျပီးမွ အဲ့အလုပ္ကို စလုပ္ ပါတယ္။ သူတုိ႔ဟာ သဘာ၀အလွကို ႏွစ္သက္သူေတြျဖစ္ရာ ခရီးသြား ျခင္း ကို အထူး စိတ္၀င္စားသူေတြ ျဖစ္ပါတယ္။ သူတုိ႔ေတြမွာ မဆုတ္မနစ္ လုပ္တတ္တဲ့ သေဘာသဘာ၀ ရွိရာ တခါတရံ အလြန္ေခါင္းမာ တတ္ ပါတယ္။ ဇြဲ ရွိတဲ့ အတြက္ေၾကာင့္လည္း သူတုိ႔ လုပ္ငန္းေတြမွာ ေအာင္ျမင္ တတ္ပါတယ္။
ေအာင္ျမင္သူမ်ား – ဗုိလ္ခ်ဳပ္ေအာင္ဆန္း ၊ မာဂရက္ သက္ခ်ာ (Margaret Thatcher -ျဗိတိန္ ရဲ႔ ပထမဆံုး အမ်ိဳးသမီး ၀န္ၾကီးခ်ဳပ္) ၊ အာႏုိး (Arnold Schwarzenegger)၊Oprah Winfrey (မင္းသမီး၊ အေမရိကန္ TV show ေတြမွာ ေအာင္ျမင္ေနသူ )၊

၅ ဆုိရင္ သူမ်ားနဲ႔ မတူ ထူးျခားသူ
၅ ေတြဟာ စူးစမ္းရွာေဖြသူေတြျဖစ္ပါတယ္။ သူတုိ႔ဟာ ဗီဇကိုက စပ္စုတတ္ တယ္၊ က်ရူံးမွာလည္း မေၾကာက္တတ္ပါဘူး။ အတန္းထဲမွာ ဆုိရင္ ေမးခြန္း ေတြ တခုျပီးတခု သူတုိ႔ ေခါင္းထဲမွာ ထြက္ေပၚလာတတ္ တယ္။ ဥာဏ္ထက္သူဆုိရင္လည္းမမွားပါဘူး။သူတုိ႔ေမးလုိက္တဲ့ ေမးခြန္းေတြဟာ ေျဖသူက ေတာ္ေတာ္ ေလးကို ကၽြမ္းက်င္မွ သူတုိ႔ သေဘာက် တဲ့ အေျဖကို ရတတ္တယ္။ သူတုိ႔ေလးေတြ သတိထားဖုိ႔ကေတာ့ အေၾကာင္းအရာတခုကို အလံုးစံုနားလည္ေအာင္ေထာင့္ေပါင္းစံုက ခ်ဥ္းကပ္ေလ့လာျပီးမွ ေကာက္ခ်က္ ခ်သင့္ပါတယ္၊ မဟုတ္ရင္ အမွားေတြ လုပ္မိတတ္ပါတယ္။ ဆံုးျဖတ္ခ်က္ခ်ျပီးရင္လည္း သူဟာ အဲ့အတုိင္း လုပ္တတ္လုိ႔ပါ ဒါေၾကာင့္ အရာအားလံုးကိုေကာင္းေကာင္း ေလ့လာေစခ်င္ပါတယ္။
ေအာင္ျမင္သူမ်ားေက်ာ္ၾကားသူမ်ား – ဟစ္တလာ၊ ေမာ္စီတုန္း၊ လင္ကြန္း (အေမရိကန္ သမၼတ)၊ Helen Keller

၆ ဆုိရင္ စိတ္ကူးယဥ္ ဆန္သူ (သုိ႔) သဘာ၀အလွေတြ၊ သဘာ၀ အျဖစ္အပ်က္ေတြကို စိတ္ကူးျဖင့္ ေဖာ္ေနရာမွာ စိတ္ကူးေကာင္းသူ

၆ ေတြဟာ ေပ်ာ္ေပ်ာ္ေနတတ္သူေတြျဖစ္ပါတယ္။ မိသားစု စုစုေ၀းေ၀း နဲ႔ ေနထုိင္ရတာကို သေဘာက်သူေတြ ျဖစ္ပါတယ္။ သူတုိ႔ဟာ သစၥာ ရွိသူ ျဖစ္ျပီး သူတစ္ပါး နားလည္သေဘာေပါက္ေအာင္လည္း စြမ္း ေဆာင္ ႏုိင္သူ ျဖစ္ရာ ဆရာအလုပ္ေတြမွာ ေအာင္ျမင္တတ္ပါတယ္။ သူငယ္ခ်င္း အေပါင္းအသင္းေတြကို သစၥာရွိသူျဖစ္ရာ မိမိကုိယ္ သစၥာမဲ့ ျပဳ လုပ္သြားပါက အျငိဳးၾကီးစြာျဖင့္ တစ္သက္လံုး မေခၚတတ္ေပ။ သူတုိ႔ဟာ စိ္္တ္ကူး စိတ္သန္းေကာင္းသျဖင့္ တခါတရံ ေလာကၾကီးကို သူတူိ႔ ဥာဏ္ပညာျဖင့္ ေျပာင္းလဲပစ္တတ္ပါတယ္။
ေအာင္ျမင္ေက်ာ္ၾကားသူမ်ား – အုိင္စတုိင္း၊ ကိုလံဘတ္(စ္)၊ Jane Seymour ( အဂၤလန္ ဘုရင္မ)၊ ေဒၚခင္ၾကည္ ( ဗုိလ္ခ်ဳပ္ေအာင္ဆန္း ဇနီး)၊ ဦးညီပု (ပထမဆံုး ျမန္မာသရုပ္ေဆာင္မင္းသား)၊ ဦးေက်ာ္ဟိန္း (ရုပ္ရွင္မင္းသား)

၇ ဆုိရင္ ဥာဏ္ထက္ျမက္သူ
၇ ေတြဟာ ရွာေဖြေရးသမားလုိ႔ ေျပာလုိ႔ မတတ္ေအာင္ကို အေၾကာင္းအရာ
တခုျပီးတခု အျမဲတမ္း ေလ့လာ ရွာေဖြ ေနတတ္သူပါ။ သူတုိ႔ ကို puzzle game ေတြ ေဆာ့ခုိင္းရင္ အရင္ဆံုး အေျဖရွာႏုိင္သူပါ။ သူတုိ႔ဟာ အလုပ္ တခုကို ဘယ္ေတာ့မွ တစြတ္ထုိး မလုပ္ပါဘူး၊ျဖည္းျဖည္းနဲ႔
ေအာင္ ျမင္ေအာင္ လုပ္ပါတယ္။ သူတုိ႔ဟာ အေတြးအေခၚ ေကာင္းသူ ေတြ
ျဖစ္ျပီး ဗဟုသုတ လည္း ႏွံစပ္ပါတယ္။ သူတုိ႔ေတြဟာ လွ်ိ၀ွက္တတ္ပါတယ္။ သူတုိ႔ ဘ၀ကို သူမ်ားေတြ လာစပ္စုတာကို မၾကိဳက္ပါဘူး။ အျမဲတမ္း ေလ့လာ ေနသူျဖစ္ရာ ဘာလုပ္လုပ္ သူမ်ားထက္ကို သာ ေနတတ္ပါတယ္။ေအာင္ျမင္ေက်ာ္ၾကားသူ – ဦးဇာဂနာ၊ ဦးေဇာ္၀မ္း ၊ မင္းသမီး ဒုိင္ယာနာ ၊ William Shakespeare ၊ Michael Jackson Galaxy

၈ ဆုိရင္ ျပႆနာရပ္ရပ္ေတြကို ေျဖရွင္းႏုိင္သူ
၈ ေတြဟာ ျပႆနာအရပ္ရပ္ေတြကို ေခါင္းေအးေအး နဲ႔ ေျဖရွင္းႏုိင္သူ ျဖစ္ ပါတယ္။ သူတုိ႔ဟာ ေကာင္းမြန္တဲ့ ေ၀ဖန္ပုိင္းျခားႏုိင္စြမ္း ရွိသူေတြ ျဖစ္ျပီး ဆံုးျဖတ္ခ်က္ ခ်ရာေတြလည္း တိက်ျပီး အက်ိဳးရွိတဲ့ ဆံုးျဖတ္ခ်က္ မ်ိဳးေတြ ခ်တတ္ပါတယ္။ သူတုိ႔ဟာ ဘ၀ ကုိ ေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္သန္း ခ်င္သူ ေတြျဖစ္ျပီး ထုိသုိ႔ ျဖတ္သန္းဖုိ႔လည္း သူတုိ႔မွာ စနစ္တက် လုပ္ထား တဲ့ အစီအစဥ္ေတြ ရွိတတ္ပါတယ္။ သူတုိ႔ဟာ လူအမ်ားကို ဦးေဆာင္ ႏုိင္သူေတြျဖစ္ျပီး လူသားတုိင္းရဲ႔ ရည္မွန္းခ်က္အမ်ားစုကို နားလည္ သူ ျဖစ္ပါတယ္။ လူသားအမ်ားရဲ႔ လုိအပ္ခ်က္ေတြကို ျဖည့္ဆည္း လုိတဲ့ စိတ္ဆႏၵေတြ ရွိျပီး ျဖစ္ေအာင္လည္း လုပ္ေပးေနတဲ့အတြက္ သူတုိ႔ ရဲ႔ ဘ၀ဟာ သူတုိ႔လုိခ်င္သလုိ ျဖစ္မလာတတ္ပါဘူး။ ဒါေၾကာင့္ မိမိ အတြက္ နဲ႔ တပါးသူ ေတြ ရဲ႔ အတြက္ မွ်မွ်တတ စဥ္းစားျပီး လုပ္ေစလိုပါတယ္။

ေအာင္ျမင္ေက်ာ္ၾကားသူ – ျမန္မာ့ဒီမုိကေရစီေခါင္းေဆာင္
ေဒၚေအာင္ဆန္းစုၾကည္ (အေပၚက ၈ အေၾကာင္းကို ဘာသာျပန္ရင္း အေမစု ဘယ္ဂဏန္းလဲ သိခ်င္တာ နဲ႔ တြက္ၾကည့္ေတာ့ ၈ ဂဏန္း ရတာ ေတြ႔ရလုိ႔ ၀မ္းနည္း၀မ္းသာ ျဖစ္ရပါတယ္) ၊ ဆရာၾကီး ဦးသုခ ၊ Edgar Cayce ( စိတ္ပညာရွင္ အေနာက္ႏုိင္ငံမွာ ဘ၀ကူးတယ္(သံသရာလည္ျခင္း) အဆိုကို လက္ေတြ႔ မွန္ေၾကာင္း လုပ္ျပသူ) ၊

၉ ဆုိရင္ ေဖ်ာ္ေျဖသူ (သုိ႔) ဂရုဏာရွင္
၉ သမားေတြဟာ ေဖ်ာ္ေျဖတက္ဆက္တဲ့ဘက္မွာ ထူးခၽြန္သူေတြ ျဖစ္ပါတယ္။
သူတုိ႔ဟာ ဂရုစိုက္တတ္တယ္၊ ကူညီရုိင္းပင္းစိတ္ရွိတယ္ ေနာက္ဆံုး သူ႔မွာ ပုိက္ဆံ ၁ ေထာင္ပဲ က်န္လုိ႔ အကူအညီေတာင္းလာရင္ေတာင္ သူ႔ပိုက္ဆံ ကို သူမ်ားဆီ စြန္႔ၾကဲတတ္တယ္။ သူတုိ႔ဟာ ဘ၀မွာ ကံေကာင္းတတ္တယ္၊
ျပင္းျပင္းထန္ထန္ အလုပ္ၾကိဳးစား စရာမလုိဘဲ စုိင္ေကာ္လုိ႔ ခ်ံဳ ေပၚ ေရာက္ ဆုိသကဲ့သုိ႔ မိမိဘက္မွ ကံတရားက အျမဲပါေနတတ္တယ္။ ကံအရမ္း ေကာင္းသူေပ့ါ။ေအာင္ျမင္ေက်ာ္ၾကားသူ – Elvis Presley (ပရက္စေလ ဂႏၱ၀င္အဆုိေတာ္) ၊ Jimmy Carter ( အေမရိကန္ သမၼတ) ၊ Harrison Ford ( India Jones ရုပ္ရွင္ သရုပ္ေဆာင္ ) ၊ မာသာထရီဆာ( Mother teresa)

အထူးေဟာကိန္းေဗဒင္

Credit:  Dagaung

#Unicode Version#
ဥပမာ။ ။ တွက်မယ့်သူရဲ့ မွေးနေ့က အောက်တိုဘာလ၊ ၈ ရက်နေ့ ၊ ၁၉၅၀ ဆိုရင်လ + ရက် + နှစ် = ၁၀ + ၈ + ၁၉၅၀ = ၁၉၆၈ ဒီလိုလေး ရိုးရိုးလေး ပေါင်း လိုက်ပါ။ပြီးတော့ ရလာတဲ့ အဖြေ ၁+၉+၆+၈ = ၂၄
ပြီးတော့ ရလာတဲ့ အဖြေ ၂+၄ = ၆ဂဏန်းတလုံး ဖြစ်အောင် လုပ်လိုက်တာပါ။ ပြီးရင် အောက်မှာ သူ့ နံပါတ်နဲ့ သက်ဆိုင်တဲ့အဖြေတွေကို ကြည့်လိုက်ရအောင်ပေါင်းလိုက်တဲ့ ဂဏန်းတစ်လုံးက—–
၁ ဆိုရင် လောကမှာ မရှိသေးသောအရာတွေကို တီထွင် ဖန်တီးသူ

၁ ဂဏန်းရသူတွေဟာ မူလဖန်တီးသူတွေပါ။ သူတို့တွေဟာ ဆန်းပြားတဲ့ အတွေးတွေ အိုင်ဒီယာ တွေနဲ့ ပြည့်စုံနေတဲ့သူတွေပါ။ ကိုယ့်ကိုတိုင် စဉ်းစား တွေးခေါ်နိုင်တဲ့အတွက်လည်း ခေါင်းမာပါတယ်၊ မိမိယုံကြည်ချက်ကို လွယ်လွယ်နဲ့ မလျှော့ပါဘူး ဒါကြောင့်လည်း ဘဝမှာ တခါတရံ အောင်မြင် တတ်ပါတယ်။ သူတို့တွေဟာ ရိုးသားပါတယ် ခေါင်းမာတယ်ဆိုသော်ငြား လည်း သူတို့မှာ သူတစ်ပါးသူတိို့ဘက်ပါအောင် စည်းရုံးနိုင်တဲ့ အရည်အချင်း တွေ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလုပ်တွေမှာ
ခေါင်းဆောင် သို့မဟုတ် သဌေး ဖြစ်တတ်ပါတယ်။ သတိထားစရာ အချက် ကတော့ မိမိမှာ စိတ်ကူးစိတ်သန်းကောင်းသော်လည်း လောကမှာ မိမိထက် သာသူတွေ ရှိတတ်စမြဲ ဖြစ်တာကြောင့် ခေါင်းမမာသင့်ဘဲ တခြားသူ အကြံဉာဏ်ကို လက်ခံလျှင် ဘဝမှာ ပိုအောင်မြင်တတ်ပါတယ်။
အောင်မြင်သူ ၁ ဂဏန်းသမားများ – Tom Hanks (Hollywood ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ Robert Redford ( Hollywood ရုပ်ရှင်မင်သား၊ ဒါရိုက်တာ၊စာရေးဆရာ ) Nancy Reagan ( အမေရိကန် သမ္မတ ရောနယ်ရေဂင် ၏ ဇနီး ) စသဖြင့် အများကြီးရှိသေး

၂ ဆိုရင် ငြိမ်းချမ်းရေးသမား
၂ သမားတွေက ဗီဇကိုက သံတမန်လို ဖြစ်တယ်။ သူတို့ဟာ တစ်ပါး သူရဲ့ လိုအပ်ချက်တွေ၊ခံစားချက်တွေ ကို အရင်ဆုံး စဉ်းစားသုံးသပ်လေ့ ရှိတယ်၊ သိလည်း သိတယ်။ သူတို့ဟာ တစ်ဦးတည်းနေရတာကို သဘော မကျ ပါဘူး၊ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေ ဟာ သူတို့ အတွက် အလွန် အရေး ကြီးပါတယ်။ ဘဝမှာ အောင်မြင်ဖို့အတွက် သူတို့မှာ သူငယ်ချင်း ကောင်း သို့မဟုတ် ပါရမီဖြည့်ဘက် ကောင်း လိုအပ်ပါတယ်။
အောင်မြင်ကျော်ကြားသူ ၂ ဂဏန်းသမား – အမေရိကန်သမ္မတ Bill Clinton၊ မက်ဒေါနား၊ သောမတ်အက်ဒီဇင်

၃ ဆိုရင် အတွေးအခေါ်ကောင်းသူ
၃ တွေက ထိုးထွင်းတဲ့ ဉာဏ်ရှိတယ်။ ဆွဲဆောင်မူကောင်းတယ်၊ romantic ဖြစ်တယ်၊ ပြီးတော့ အေးဆေး သမားတွေပါပဲ။ သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်တတ်သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေ အများကြီး ရှိလိမ့်မယ်၊ ချစ်ခင်ဖွယ်ဖြစ်အောင် နေတတ် တဲ့အတွက်လည်း လူချစ်လူခင် များပါတယ်။ သူတို့တွေဟာ သူတစ်ပါး ပျော် အောင်လည်း အမြဲလုပ်တတ်တယ်။ ဒါကြောင့် သူတို့ တွေဟာ နာမည်ကြီးတတ်ပါတယ်။အောင်မြင်ကျော်ကြားသူများကတော့ – Bill Cosby ( အမေရိကန်ဟာသ ပညာရှင်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ) ၊ Jodi Foster ( ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ )

၄ ဆိုရင် ရှေးရိုးဝါဒီ
၄ တွေဟာ စဉ်းစားချင့်ချိန်တတ်ပါတယ်။ အသိတရားရှိတယ်၊ ဘယ်အချိန်မှာ ဘယ်ပြောမလဲ ဘယ်လုပ်ရမလဲဆိုတာကို ကောင်းစွာ သဘောပေါက် သူတွေ ဖြစ်တယ်၊ အလိုက်သိတတ်တယ်။ သူတို့ဟာ အရာတခုကို ကောင်းစွာ သဘောပေါက်မှ အဲ့အလုပ်ကို စလုပ်တယ်၊ မပေါက်သေးရင် အရင်ဆုံး နားလည်အောင် လုပ်ပြီးမှ အဲ့အလုပ်ကို စလုပ် ပါတယ်။ သူတို့ဟာ သဘာဝအလှကို နှစ်သက်သူတွေဖြစ်ရာ ခရီးသွား ခြင်း ကို အထူး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ သူတို့တွေမှာ မဆုတ်မနစ် လုပ်တတ်တဲ့ သဘောသဘာ၀ ရှိရာ တခါတရံ အလွန်ခေါင်းမာ တတ် ပါတယ်။ ဇွဲ ရှိတဲ့ အတွက်ကြောင့်လည်း သူတို့ လုပ်ငန်းတွေမှာ အောင်မြင် တတ်ပါတယ်။
အောင်မြင်သူများ – ဗိုလ်ချုပ်အောင်ဆန်း ၊ မာဂရက် သက်ချာ (Margaret Thatcher -ဗြိတိန် ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်) ၊ အာနိုး (Arnold Schwarzenegger)၊Oprah Winfrey (မင်းသမီး၊ အမေရိကန် TV show တွေမှာ အောင်မြင်နေသူ )၊

၅ ဆိုရင် သူများနဲ့ မတူ ထူးခြားသူ
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်ပါတယ်။ သူတို့ဟာ ဗီဇကိုက စပ်စုတတ် တယ်၊ ကျရူံးမှာလည်း မကြောက်တတ်ပါဘူး။ အတန်းထဲမှာ ဆိုရင် မေးခွန်း တွေ တခုပြီးတခု သူတို့ ခေါင်းထဲမှာ ထွက်ပေါ်လာတတ် တယ်။ ဉာဏ်ထက်သူဆိုရင်လည်းမမှားပါဘူး။သူတို့မေးလိုက်တဲ့ မေးခွန်းတွေဟာ ဖြေသူက တော်တော် လေးကို ကျွမ်းကျင်မှ သူတို့ သဘောကျ တဲ့ အဖြေကို ရတတ်တယ်။ သူတို့လေးတွေ သတိထားဖို့ကတော့ အကြောင်းအရာတခုကို အလုံးစုံနားလည်အောင်ထောင့်ပေါင်းစုံက ချဉ်းကပ်လေ့လာပြီးမှ ကောက်ချက် ချသင့်ပါတယ်၊ မဟုတ်ရင် အမှားတွေ လုပ်မိတတ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင်လည်း သူဟာ အဲ့အတိုင်း လုပ်တတ်လို့ပါ ဒါကြောင့် အရာအားလုံးကိုကောင်းကောင်း လေ့လာစေချင်ပါတယ်။
အောင်မြင်သူများကျော်ကြားသူများ – ဟစ်တလာ၊ မော်စီတုန်း၊ လင်ကွန်း (အမေရိကန် သမ္မတ)၊ Helen Keller

၆ ဆိုရင် စိတ်ကူးယဉ် ဆန်သူ (သို့) သဘာဝအလှတွေ၊ သဘာ၀ အဖြစ်အပျက်တွေကို စိတ်ကူးဖြင့် ဖော်နေရာမှာ စိတ်ကူးကောင်းသူ

၆ တွေဟာ ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ်။ မိသားစု စုစုဝေးဝေး နဲ့ နေထိုင်ရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သစ္စာ ရှိသူ ဖြစ်ပြီး သူတစ်ပါး နားလည်သဘောပေါက်အောင်လည်း စွမ်း ဆောင် နိုင်သူ ဖြစ်ရာ ဆရာအလုပ်တွေမှာ အောင်မြင်တတ်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကို သစ္စာရှိသူဖြစ်ရာ မိမိကိုယ် သစ္စာမဲ့ ပြု လုပ်သွားပါက အငြိုးကြီးစွာဖြင့် တစ်သက်လုံး မခေါ်တတ်ပေ။ သူတို့ဟာ စိ်တ်ကူး စိတ်သန်းကောင်းသဖြင့် တခါတရံ လောကကြီးကို သူတိူ့ ဉာဏ်ပညာဖြင့် ပြောင်းလဲပစ်တတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများ – အိုင်စတိုင်း၊ ကိုလံဘတ်(စ်)၊ Jane Seymour ( အင်္ဂလန် ဘုရင်မ)၊ ဒေါ်ခင်ကြည် ( ဗိုလ်ချုပ်အောင်ဆန်း ဇနီး)၊ ဦးညီပု (ပထမဆုံး မြန်မာသရုပ်ဆောင်မင်းသား)၊ ဦးကျော်ဟိန်း (ရုပ်ရှင်မင်းသား)

၇ ဆိုရင် ဉာဏ်ထက်မြက်သူ
၇ တွေဟာ ရှာဖွေရေးသမားလို့ ပြောလို့ မတတ်အောင်ကို အကြောင်းအရာ
တခုပြီးတခု အမြဲတမ်း လေ့လာ ရှာဖွေ နေတတ်သူပါ။ သူတို့ ကို puzzle game တွေ ဆော့ခိုင်းရင် အရင်ဆုံး အဖြေရှာနိုင်သူပါ။ သူတို့ဟာ အလုပ် တခုကို ဘယ်တော့မှ တစွတ်ထိုး မလုပ်ပါဘူး၊ဖြည်းဖြည်းနဲ့
အောင် မြင်အောင် လုပ်ပါတယ်။ သူတို့ဟာ အတွေးအခေါ် ကောင်းသူ တွေ
ဖြစ်ပြီး ဗဟုသုတ လည်း နှံစပ်ပါတယ်။ သူတို့တွေဟာ လျှိဝှက်တတ်ပါတယ်။ သူတို့ ဘဝကို သူများတွေ လာစပ်စုတာကို မကြိုက်ပါဘူး။ အမြဲတမ်း လေ့လာ နေသူဖြစ်ရာ ဘာလုပ်လုပ် သူများထက်ကို သာ နေတတ်ပါတယ်။အောင်မြင်ကျော်ကြားသူ – ဦးဇာဂနာ၊ ဦးဇော်ဝမ်း ၊ မင်းသမီး ဒိုင်ယာနာ ၊ William Shakespeare ၊ Michael Jackson Galaxy

၈ ဆိုရင် ပြဿနာရပ်ရပ်တွေကို ဖြေရှင်းနိုင်သူ
၈ တွေဟာ ပြဿနာအရပ်ရပ်တွေကို ခေါင်းအေးအေး နဲ့ ဖြေရှင်းနိုင်သူ ဖြစ် ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသူတွေ ဖြစ်ပြီး ဆုံးဖြတ်ချက် ချရာတွေလည်း တိကျပြီး အကျိုးရှိတဲ့ ဆုံးဖြတ်ချက် မျိုးတွေ ချတတ်ပါတယ်။ သူတို့ဟာ ဘ၀ ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်း ချင်သူ တွေဖြစ်ပြီး ထိုသို့ ဖြတ်သန်းဖို့လည်း သူတို့မှာ စနစ်တကျ လုပ်ထား တဲ့ အစီအစဉ်တွေ ရှိတတ်ပါတယ်။ သူတို့ဟာ လူအများကို ဦးဆောင် နိုင်သူတွေဖြစ်ပြီး လူသားတိုင်းရဲ့ ရည်မှန်းချက်အများစုကို နားလည် သူ ဖြစ်ပါတယ်။ လူသားအများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လိုတဲ့ စိတ်ဆန္ဒတွေ ရှိပြီး ဖြစ်အောင်လည်း လုပ်ပေးနေတဲ့အတွက် သူတို့ ရဲ့ ဘဝဟာ သူတို့လိုချင်သလို ဖြစ်မလာတတ်ပါဘူး။ ဒါကြောင့် မိမိ အတွက် နဲ့ တပါးသူ တွေ ရဲ့ အတွက် မျှမျှတတ စဉ်းစားပြီး လုပ်စေလိုပါတယ်။

အောင်မြင်ကျော်ကြားသူ – မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် (အပေါ်က ၈ အကြောင်းကို ဘာသာပြန်ရင်း အမေစု ဘယ်ဂဏန်းလဲ သိချင်တာ နဲ့ တွက်ကြည့်တော့ ၈ ဂဏန်း ရတာ တွေ့ရလို့ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်) ၊ ဆရာကြီး ဦးသုခ ၊ Edgar Cayce ( စိတ်ပညာရှင် အနောက်နိုင်ငံမှာ ဘဝကူးတယ်(သံသရာလည်ခြင်း) အဆိုကို လက်တွေ့ မှန်ကြောင်း လုပ်ပြသူ) ၊

၉ ဆိုရင် ဖျော်ဖြေသူ (သို့) ဂရုဏာရှင်
၉ သမားတွေဟာ ဖျော်ဖြေတက်ဆက်တဲ့ဘက်မှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ဂရုစိုက်တတ်တယ်၊ ကူညီရိုင်းပင်းစိတ်ရှိတယ် နောက်ဆုံး သူ့မှာ ပိုက်ဆံ ၁ ထောင်ပဲ ကျန်လို့ အကူအညီတောင်းလာရင်တောင် သူ့ပိုက်ဆံ ကို သူများဆီ စွန့်ကြဲတတ်တယ်။ သူတို့ဟာ ဘဝမှာ ကံကောင်းတတ်တယ်၊
ပြင်းပြင်းထန်ထန် အလုပ်ကြိုးစား စရာမလိုဘဲ စိုင်ကော်လို့ ချုံ ပေါ် ရောက် ဆိုသကဲ့သို့ မိမိဘက်မှ ကံတရားက အမြဲပါနေတတ်တယ်။ ကံအရမ်း ကောင်းသူပေ့ါ။အောင်မြင်ကျော်ကြားသူ – Elvis Presley (ပရက်စလေ ဂန္တဝင်အဆိုတော်) ၊ Jimmy Carter ( အမေရိကန် သမ္မတ) ၊ Harrison Ford ( India Jones ရုပ်ရှင် သရုပ်ဆောင် ) ၊ မာသာထရီဆာ( Mother teresa)

အထူးဟောကိန်းဗေဒင်

Credit:  Dagaung

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...