======

သခင္ ဖိုးလွႀကီးရဲ႕ လည္ပင္းက သံႀကိဳးႀကီးက ဘယ္လို အဓိပၸာယ္ လဲ

““ဘဘ၊ သခင္ ဖိုးလွႀကီးရဲ႕ လည္ပင္းက သံႀကိဳးကီးက ဘယ္လို အဓိပၸာယ္ လဲဟင္”” လို႔ ေျမးျဖစ္သူ က ေမးလာ တယ္။ ဒီေမးခြန္းရဲ႕ အေျဖကို ႏွစ္ေပါင္း မ်ားစြာ ရွာႀကံေတြးဆ ခဲ့ေပမယ့္ ေက်နပ္တဲ့ အေျဖကို မရခဲ့ဘူး။
တခ်ဳိ႕က လည္း နယ္ခ်ဲ႕ အဂၤလိပ္ BOC ရဲ႕ ေႏွာင္ ႀကိဳးကို ျဖတ္ေတာက္ ပစ္လိုက္တဲ့ နိမိတ္ပံု သေကၤတ လို႔ ဆိုၾကတယ္။ တခ်ဳိ႕က လည္း အေရးေတာ္ပံု ကာလ ခ်ီတက္ပြဲႀကီး မွာ ဆြဲထားတဲ့ ““ခရာႀကိဳး”” လို႔ပဲ ေျပာၾက တယ္။ ဘယ္ဟာမွ အတည္ ယူလို႔ မရ ႏိုင္ခဲ့ပါဘူး။
အႏုပညာ ရွင္ေတြရဲ႕အျမင္မွာ အဂၤလိပ္ BOC ရဲ႕ ေႏွာင္ႀကိဳး အေနနဲ႔ သံႀကိဳး ကိုတင္စား ထားတာ ပဲလို႔ ေျပာေပမယ့္ အဓိပၸာယ္ မယူဆ တတ္တဲ့ ကေလး ေတြၾကေတာ့ အဓိပၸာယ္ ေျပာင္းသြား ျပန္ေရာ။ ပိုဆိုး တာက ““ေခြး႐ူး ဘ၀ မကၽြတ္ မကၽြတ္ သံႀကိဳးႀကီး နဲ႔ ဒရြတ္ ဒရြတ္”” ဆို ၿပီး ေျပာင္ၾက ေလွာင္ၾက တာပဲ။ ကေလး ဆိုေတာ့ ဘာသိ မွာလဲ၊ သံႀကိဳးႀကီး ကလည္းလည္မွာ ဆြဲထားေတာ့ ေျပာမယ္ ဆိုလည္း ေျပာခ်င္ စရာပဲေလ။ ဒါေပမဲ့ သမိုင္း၀င္ သံမဏိသပိတ္ ေခါင္းေဆာင္ တစ္ဦးကို ဒီလိုျပက္ ရယ္ ျပဳတာ ကိုေတာ့ စိတ္ထဲမွာ ခံစားမိတယ္။
ေခ်ာက္ၿမိဳ႕ မွာရွိတဲ့ ေက်ာင္းေရွ႕မွာ သခင္ ဖိုးလွႀကီးရဲ႕ ကိုယ္တစ္ပိုင္း ပံု႐ုပ္ထု ရွိတယ္။ အဲဒီ ႐ုပ္ထု ကို ပန္းပု ဆရာႀကီး ဦးဟန္တင္ ထုလုပ္ထား တယ္လို႔ မွတ္သား ဖူးတယ္။ ဆရာႀကီးကို ႏိုင္ငံေတာ္ ကတာ၀န္ ေပး ၿပီး ထုလုပ္ ခိုင္းခဲ့ တာတဲ့။ ဆရာႀကီး ဦးဟန္တင္ ထုလုပ္ ခဲ့တဲ့ ေခ်ာက္ GTI ေက်ာင္းေရွ႕ က သခင္ ဖိုးလွႀကီး ႐ုပ္ထု မွာလည္း သံႀကိဳးႀကီး ကိုေတြ႕ရတယ္။ ဆရာႀကီး ကလည္း ၁၃၀၀ ျပည့္ အေရးေတာ္ ပံုကာလ အတြင္းမွာ ႐ိုက္ခဲ့တဲ့ သခင္ ဖိုးလွႀကီးရဲ႕ဓာတ္ပံု ကိုၾကည့္ၿပီး ထုလုပ္ ခဲ့တာ ျဖစ္မွာပါ။ အေရး ေတာ္ပံု ကာလမွာ သခင္ ဖိုးလွ ႀကီးက သတင္းစာ ကိုကိုင္ၿပီး ႐ိုက္ထားတဲ့ ဓာတ္ပံု ရွိတယ္။ လည္ပင္းမွာ သံႀကိဳး လို႔ထင္ ရတဲ့ ႀကိဳး တုတ္တုတ္ တစ္ေခ်ာင္း ကိုေတြ႕ ရတယ္။ သံႀကိဳး ပံုကြင္းဆက္ ေတြနဲ႔ ပဲ။ အဲဒီပံုကို နမူနာ ယူၿပီး ထုလုပ္ခဲ့ ဟန္တူ ပါတယ္။
ေခ်ာက္ GTI ေက်ာင္းမွာ ထုလုပ္ ထားတဲ့ သခင္ ဖိုးလွႀကီးရဲ႕ လည္မွာ သံႀကိဳးကြင္း ဆက္ႀကိဳးႀကီး တစ္ေခ်ာင္းကို ဆြဲထားတာ ေတြ႕ရတယ္။ အဲဒီပံုက ေႏွာင္းေခတ္ လူေတြရဲ႕ အျမင္မွာ စြဲထင္ ေနတာ ၾကာခဲ့ ၿပီေပါ့။ ႏွစ္ေပါင္းပဲ (၄၀) ရွိၿပီေလ။ ေနာက္ တစ္ခါ ဦးေန၀င္းရဲ႕လမ္းစဥ္ ပါတီေခတ္ က ထုတ္ေ၀ ခဲ့တဲ့ (၄၅) က်ပ္တန္ ေငြစကၠဴ မွာလည္း သခင္ ဖိုးလွႀကီးရဲ႕ ႐ုပ္ပံုနဲ႔ ထုတ္ေ၀ ထားတာကို ေတြ႕ရျပန္တယ္။ အဲဒီပံု ကေတာ့ ပန္းပု ဆရာႀကီး ဦးဟန္တင္ ထုလုပ္ထား တဲ့ သခင္ ဖိုးလွႀကီးရဲ႕ ႐ုပ္ထုပံုနဲ႔ အတူတူ ပါပဲ။ လည္မွာ သံႀကိဳးႀကီး ဆြဲထား သလိုပဲေပါ့။
အဲသလို ျမင္ကြင္း ေတြေၾကာင့္ လည္း ေႏွာင္းေခတ္ လူေတြရဲ႕အသိမွာ သခင္ ဖိုးလွႀကီး ဆိုရင္ လည္မွာ သံႀကိဳး ႀကီးတန္း လန္းနဲ႔လို႔ ထင္ေယာင္ ထင္မွား ျဖစ္ကုန္ ၾကတာပဲ ေပါ့။ ေျမးျဖစ္တဲ့ သူက လည္း ဒါေၾကာင့္ ေျပာတာ ရွိမွာပါ။
အဲဒီ သခင္ ဖိုးလွႀကီးရဲ႕ လည္မွာ သံႀကိဳး တန္းလန္း ကိစၥက ဒီကေန အထိ ရွင္းလို႔ မရ ႏိုင္ေသးဘူး ျဖစ္ေနတယ္။ (၇.၇.၂၀၁၃) ေန႔တုန္း ကလည္း ဒီလိုပဲ ၁၃၀၀ ျပည့္ ေရနံေျမ အေရးေတာ္ပံု စိန္ရတု အထိမ္း အမွတ္ အေနနဲ႔ သခင္ ဖိုးလွႀကီးရဲ႕ ေၾကးသြန္း ႐ုပ္ထုကို ေခ်ာက္မွာ ရွိတဲ့ အလုပ္သမား ေမေဒး ပန္းၿခံမွာ စိုက္ထူၾက မယ္ေပါ့။ တခ်ဳိ႕ ကလည္း တင္ျပၾက တာေတြရွိတယ္။ အားမာန္ အျပည့္ နဲ႔ သံုးေရာင္ ျခယ္ အလံကို ကိုင္ေနတဲ့ ကိုယ္လံုးျပည့္ ႐ုပ္ထု ပံုကို ထုလုပ္ ခ်င္ၾကတယ္။ တခ်ဳိ႕ ကလည္း ကုန္က် စရိတ္ နည္းမယ့္ ကိုယ္တစ္ ပိုင္းပံု ကိုပဲ ထုလုပ္ ခ်င္ၾကတယ္။ ေနာက္ဆံုး ေတာ့ ရန္ပံုေငြ အေျခအေန အရ သခင္ ဖိုးလွႀကီး ရဲ႕ ကိုယ္တစ္ပိုင္း ႐ုပ္ထု ကိုပဲ ေၾကး႐ုပ္ လုပ္ၾက မယ္ေပါ့။
ဒီမွာတင္ ျပႆနာ ကမၿပီးေသးဘူး။ သခင္ ဖိုးလွ ႀကီးရဲ႕ လည္မွာ ဆြဲထားတဲ့ သံႀကိဳး ကိုထည့္မလား၊ မထည့္ ဘူးလား။ ထည့္မယ္ ဆိုရင္ ကေလးေတြ ေျပာၾက၊ ေလွာင္ ၾကတဲ့ ““သံႀကိဳးႀကီး နဲ႔ ဒရြတ္ ဒရြတ္”” ဆိုတာ မ်ဳိးျဖစ္မယ္။ မထည့္ဘူး ဆိုရင္ ျမင္ေနၾက သခင္ ဖိုးလွႀကီးရဲ႕ ပံုနဲ႔ကြဲျပား ေနမယ္ေပါ့။
လူေတြရဲ႕ အျမင္မွာ သခင္ ဖိုးလွႀကီး ဆိုရင္ သံႀကိဳး ပါရမယ္ လို႔ျမင္ ေနၾကၿပီ။ သံႀကိဳး မပါတဲ့ ပံုေတာ့ ရွိပါတယ္။ ေမာင့္ က်က္သေရ ေခါင္းေပါင္း နဲ႔ပံု၊ ဒီပံုၾက ေတာ့လည္း မာန္မပါ လို႔ မသံုးခ်င္ၾကဘူး။ ဒီလို ဆိုရင္ အေရးေတာ္ပံု ကာလ မွာ ႐ိုက္ခဲ့တဲ့ ဓာတ္ပံုထဲ ကပံုကိုပဲ သံုးၾကမယ္လို႔ ဆံုးျဖတ္ လိုက္ၾကတယ္။ အဲဒီပံုကလည္း (၄၅) က်ပ္တန္ ေငြစကၠဴ ထဲက ပံုနဲ႔ အတူတူပါပဲ။ ဆရာႀကီး ဦးဟန္တင္ ရဲ႕ ပန္းပုပံုနဲ႔ အတူတူပါ။
ဒါေပမဲ့ ဒီသံႀကိဳးႀကီး ကို ဘ၀င္ မက်ျဖစ္ ေနတယ္။ ဘာလို႔ ပန္းပု႐ုပ္မွာ သံႀကိဳး ျဖစ္ေန ရတာ လဲေပါ့။ သူတို႔ ဆြဲခဲ့တဲ့၊ ထုလုပ္ခဲ့ တဲ့သံႀကိဳးက အခု အေတာ္ စဥ္းစားရ က်ပ္ေန တယ္။ သခင္ ဖိုးလွႀကီးရဲ႕ သမိုင္း ႐ုပ္ပံု အမွန္ကိုပဲ ထုလုပ္ ခ်င္တယ္။ အဲဒီ သမိုင္း ႐ုပ္ပံု အမွန္ဟာ သံႀကိဳး ေတာ့ မျဖစ္ႏိုင္ဘူး။ အႏုပညာ ရွင္ေတြရဲ႕ စိတ္ကူးၪာဏ္ ကြန္႔ျမဴးၿပီး ဆြဲထားတဲ့ သံႀကိဳး ဆိုတာမ်ဳိးလည္း မျဖစ္ခ်င္ ဘူး။ သမိုင္း အစစ္ အမွန္ျဖစ္တဲ့ ““ခရာႀကိဳး”” ကိုပဲျဖစ္ ေစခ်င္တယ္။ ခရာႀကိဳး ဆိုရင္လည္း ဒီလို သံႀကိဳးကြင္း ဆက္ပံုမ်ဳိး မဟုတ္ဘူး။ ေသးေသး မွ်င္မွ်င္ပဲ ျဖစ္ရမယ္ ေပါ့။ ဒီေနရာမွာ ၀ိ၀ါဒ ကြဲျပား ေနၾကတယ္။
သခင္ ဖိုးလွႀကီးရဲ႕ ေၾကးသြန္း ႐ုပ္ထုမွာလည္း သံႀကိဳး ကြင္းဆက္ႀကီး ကို ျပန္သံုး ထားရင္ ကေလးေတြ ေလွာင္စရာ ျဖစ္ေနမယ္။ ခရာႀကိဳး ေသးေသး သံုးျပန္ရင္ လည္း သမိုင္း၀င္ ဓာတ္ပံု ထဲက သခင္ ဖိုးလွႀကီးရဲ႕ လည္မွာ ဆြဲထား တဲ့ႀကိဳးနဲ႔ ကြဲျပား သြားမယ္။ ဒီလိုဆိုရင္ ဘယ္လိုႀကိဳး ကို သံုးမွာလဲ။ သံႀကိဳးလား၊ ႀကိဳး မွ်င္လား၊ အေတာ္ ေခါင္းစား ခဲ့ရတဲ့ ျပႆနာပဲ။ ေနာက္ဆံုး ေတာ့ နယ္ ခ်ဲ႕ အဂၤလိပ္ MOC ရဲ႕ အေႏွာင္ အဖြဲ႕ကို ျဖတ္ ေတာက္ျခင္း ဆိုတဲ့ နိမိတ္ပံု ““သံႀကိဳး”” ကို သံုးၾကစို႔ လို႔ ဆံုးျဖတ္ လိုက္ၾကတယ္။ စိတ္ထဲ မွာေတာ့ ဘ၀င္ မက် လွပါဘူး။
ကံေကာင္း တယ္လို႔ ေျပာရ မလား မသိဘူး။ ဒါမွ မဟုတ္ ကြယ္လြန္ ေလၿပီးေသာ သခင္ ဖိုးလွႀကီး ကမ်ား စိတ္စြမ္းအင္ ေတြေပးၿပီး ျပႆနာ ကို ေျဖရွင္း လိုက္ေလ သလား မသိဘူး။ ျပႆနာရဲ႕ မူလ အျဖစ္မွန္ ကို သိလိုက္ ရတယ္။ ဒါဟာ သမိုင္းကို ျပန္လည္ တည့္မတ္ လိုက္ျခင္း ျဖစ္လို႔ သိပ္ၿပီး တန္ဖိုးႀကီးမား ပါတယ္။ အဲသလို မဟုတ္ ရင္ တစ္သက္လံုး သခင္ ဖိုးလွႀကီးရဲ႕ လည္မွာ ဆြဲထားတဲ့ သံႀကိဳးႀကီးက ဘ၀င္ မက် စရာျဖစ္ေနမွာ၊ အခုေတာ့ ရွင္းသြားၿပီ။
ျဖစ္ပံုက ဒီလိုပါ၊ ၁၃၀၀ ျပည့္ ေရနံေျမ အေရးေတာ္ ပံု စိန္ရတု အခမ္းအနား က်င္းပမယ္ လို႔ သတင္းစာ ေတြ၊ ဂ်ာနယ္ ေတြ၊ ေဖ့စ္ဘြတ္ခ္ ေတြက ေနၿပီး သတင္းျဖန္႔ လိုက္ တယ္။ ဒီသတင္းက ေတာမီးျပန္႔ သလို တစ္ႏိုင္ငံ လံုး ျပန္႔သြား တယ္။ ဒီမွာတင္ သခင္ ဖိုးလွႀကီးရဲ႕ မ်ဳိးဆက္ သစ္ေတြက စိတ္၀င္စား သြားတယ္။ ေခ်ာက္မွာ ရွိတဲ့ သခင္ ဖိုးလွႀကီးရဲ႕ မ်ဳိးဆက္ တခ်ဳိ႕က ဒီသံႀကိဳး ျပႆနာ ကို ထဲထဲ ၀င္၀င္ မသိၾက ေပမယ့္ မႏၲေလး မွာ ေရာက္ေနတဲ့ မ်ဳိးဆက္သစ္ တစ္ေယာက္ ကေတာ့ ဒီျပႆနာ ကိုသိထား တယ္။ သူ႔ကို ေမးလာတဲ့ သံႀကိဳး ျပႆနာ ကိုလည္း လက္လွမ္း မီသေလာက္ ရွင္းျပခဲ့ ဖူးတယ္။ ဒါေပမဲ့ တစ္ႏိုင္ငံ လံုး အတိုင္း အတာနဲ႔ ဆိုေတာ့ ဘယ္မွာၿပီး ျပည့္စံု ႏိုင္ပါ့မလဲ။
၁၃၀၀ ျပည့္ စိန္ရတု က်င္းပေရး ေကာ္မတီ အေနနဲ႔ လည္း ၁၃၀၀ ျပည့္ ေရနံေျမ အေရးေတာ္ပံု သခင္၊ သခင္ မႀကီး ေတြနဲ႔ လက္လွမ္း မီသေလာက္ ဆက္သြယ္ လိုက္တဲ့ အခါ မွာေတာ့ သခင္ ဖိုးလွႀကီးရဲ႕ သမီး (ေဒၚက်င္က်င္ေ၀)ဆိုတာ နတ္ေမာက္ မွာရွိေနတဲ့ အေၾကာင္း သိလိုက္ ရတယ္။ သူ႔ဆီမွာ သမိုင္း၀င္ ဓာတ္ပံု လည္းရွိတယ္ လို႔ ၾကား သိရေတာ့ ဆက္သြယ္ လိုက္တယ္။ သခင္ ဖိုးလွႀကီး ရဲ႕သား ဦးေအာင္သန္း ကေတာ့ ကြယ္လြန္ သြားၿပီမို႔ က်န္ရစ္တဲ့ မိသားစု ဆီက အေထာက္ အထား သိပ္မရဘူး။ ကံေကာင္း ခ်င္ေတာ့ သခင္ ဖိုးလွႀကီးရယ္၊ သခင္ သိန္းေမာင္ ႀကီးရယ္ စုၿပီး ႐ိုက္ထားတဲ့ ဘင္ခရာ တီး၀ိုင္း ဓာတ္ပံုကို နတ္ေမာက္ မွာ ေရာက္ေနတဲ့ ဒုတိယ သမီး ေဒၚၾကင္ၾကင္ ေ၀ဆီက ရလိုက္တယ္။
ေဒၚၾကင္ၾကင္ေ၀ အေနနဲ႔ မႏၲေလး မွာ ေရာက္ေနတဲ့ သူ႔သမီး ေဒၚခင္အုန္းေ၀ ကို ဖုန္းနဲ႔ ဆက္ေခၚၿပီး သူတို႔ မိသားစု ေခ်ာက္ကို ေရာက္ လာၾကတယ္။ ကြဲကြာသြား ခဲ့တဲ့ ေမြးရပ္ေျမ ကိုျပန္ၿပီး ေျခခ် ရေတာ့ သူတို႔ရင္မွာ ပီတိေတြ လႊမ္းၿခံဳ ေနတာေပါ့။ ႏွစ္ေပါင္း မ်ားစြာ ကြဲကြာ ေနၾကတဲ့ ေဆြမ်ဳိး သားခ်င္း ေတြ ျပန္လည္ ဆံုေတြ႕ ၾကရ လို႔လည္း မ်က္ရည္ လည္ရႊဲ ျဖစ္ေနၾက ေသးတယ္။ ဇရာ ရဲ႕ အထုအေထာင္း၊ ေလာကဓံရဲ႕ အထုအေထာင္း ေၾကာင့္ ဆံပင္ ေတြျဖဴ၊ သြားေတြ က်ဳိးေနတာကို ““ဟင္”” ““ဟယ္”” နဲ႔ တအံ့တၾသ ျဖစ္ေန လိုက္ၾကတာ၊ ၿပီးေတာ့ ငိုလည္းငို၊ ရယ္လည္း ရယ္နဲ႔ ေပ်ာ္စရာ့၊ ေပ်ာ္စရာ၊ ေပ်ာ္စရာႀကီး ေပပါ့။
စိန္ရတု ျဖစ္ေျမာက္ေရး ေကာ္မတီ ေတြအေနနဲ႔ လည္း ကြဲကြာ ခဲ့ၾကရတဲ့ မိသားစု ေတြကိုၾကည့္ၿပီး စိတ္မေကာင္း ျဖစ္တာ ရွိသလို ခုလိုျပန္လည္ ဆံုဆည္း ေပးရတာကို ပီတိ ကုသိုလ္ ျဖစ္မိ ပါတယ္။
ျမန္မာ့ လူ႔အဖြဲ႕ အစည္းဟာ သိပ္ၿပီး သံေယာဇဥ္ ႀကီးတဲ့ လူ႔ အဖြဲ႕အစည္းပါ။ ကၽြန္ေတာ္တို႔ အဘိုး၊ အဘြားေတြ တုန္းက ဆိုရင္ ရြာမွာ အိမ္၀ိုင္း ကအက်ယ္ႀကီး၊ ၿခံစည္း ႐ိုးခတ္ တယ္ ဆိုတာမရွိဘူး။ အဲဒီ ၀ိုင္းက်ယ္ႀကီး ထဲမွာပဲ သားေတြ၊ သမီးေတြ၊ ေျမးေတြ၊ ျမစ္ေတြဟာ ကိုယ့္အိမ္ နဲ႔ကိုယ္ သီျခား ခြဲေနၾကတာ။ ေဘးကို လြင့္စင္ သြားတယ္ဆို တာ မရွိသေလာက္ ရွားတယ္။ မိသားစု ေမာင္ႏွမ အခ်င္း ခ်င္းလည္း ခ်စ္လိုက္ ၾကတာ၊ စည္းလံုး လိုက္ၾကတာ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ လည္း ခ်စ္ေၾကာက္ ႐ိုေသ ၾကရတယ္။ ““အစ္ကိုႀကီး အဖအရာ၊ အစ္မႀကီး အမိအရာ”” ဆိုတဲ့ အုပ္ထိန္းမႈ ေအာက္မွာ ျမန္မာ့ လူ႔အဖြဲ႕ အစည္းဟာ စည္းလံုး ညီၫြတ္ စြာနဲ႔ စည္းကမ္း ရွိရွိ ေနထိုင္ သြားခဲ့ၾက တယ္။ ေနာက္ပိုင္းမွာ ၿမိဳ႕ျပ ယဥ္ေက်းမႈ ေတြ ၀င္ေရာက္ လာတဲ့ အခါမွာ ေတာ့ စည္းလံုး ညီၫြတ္ျခင္း ဆိုတဲ့ စည္း႐ိုး က်ဳိးေပါက္ သြားတယ္။ ထက္ေအာက္ ႐ိုေသ ေလးစား မႈဆိုတာ ေတြလည္း ေလ်ာ့ရဲရဲ ျဖစ္လာတယ္။ အဲဒါေၾကာင့္ မို႔လည္း တစ္ေျမစီ ျခားၿပီး ေ၀းကြာ သြားၾက ရင္းကေန တျဖည္းျဖည္း မိသားစု စိတ္ဓာတ္ ေတြေသြးေအး ကုန္ ၾကရတယ္။
ဒါေပမဲ့ လည္း ေသြးက ေတာ့ စကားေျပာ တာပါပဲ၊ အေန ေ၀းေ ပမယ့္ ေသြးက နီးလ်က္ ရွိေနပါ ေသးတယ္။ အခုလည္း သခင္ ဖိုးလွႀကီးရဲ႕ သားေတြ၊ သမီးေတြ၊ ေျမးေတြ၊ ျမစ္ေတြ ဟာ တစ္ဦးနဲ႔ တစ္ဦး အေန ေ၀းေပ မယ့္ အေရးႀကီးေတာ့ ေသြနီးတယ္ဆိုသလိုပါပဲ။ အခ်င္း ခ်င္းေတြ႕ၾက၊ ဆံုၾကတဲ့ အခါမွာေတာ့ ငယ္ဘ၀ ေတြကို လြမ္းဆြတ္ တမ္းတရင္း သူတို႔ အေဖ၊ သူတို႔ အဘိုးကို သတိတရ နဲ႔ ဂုဏ္ယူ ေနၾကတယ္။
ေရွးေဟာင္း ေအာက္ေမ့ဖြယ္ ေတြကို ေျပာၾက ဆိုၾက ရင္းက သခင္ ဖိုးလွႀကီးရဲ႕ လည္မွာ ဆြဲထားတဲ့ သံႀကိဳး ကိစၥကို ေရာက္သြားတယ္။ သမီးျဖစ္သူ ေဒၚၾကင္ၾကင္ ေ၀ကေတာ့ အသက္ ကလည္း (၈၀) ေက်ာ္ ေနၿပီ။ သတိ ေတြ ကလည္း ခၽြတ္ယြင္း ေနၿပီမို႔ စကားေတာင္ ေလးလံုး ကြဲေအာင္ မေျပာႏိုင္ ေတာ့ပါဘူး။ အတူတူ ပါလာတဲ့ သမီး ျဖစ္သူ ေဒၚခင္အုန္းေ၀ က သာ ဦးေဆာင္ၿပီး ေျပာသြား ခဲ့ တာပါ။
သခင္ ဖိုးလွႀကီးရဲ႕ ေျမးျဖစ္တဲ့ ေဒၚခင္အုန္းေ၀ ဟာ သူ႔အဘြား၊ ေဒၚေစာၫြန္႔ ေျပာျပ ခဲ့တဲ့ ၁၃၀၀ ျပည့္ အိပ္မက္ ေတြကို အမွတ္တရ ေျပာျပခဲ့ပါတယ္။ သခင္ ဖိုးလွႀကီးရဲ႕ လည္မွာ ဆြဲထားတာ ဟာ သံႀကိဳး မဟုတ္ပါ ဘူး တဲ့။ ခရာႀကိဳး ပါတဲ့။ သံႀကိဳးနဲ႔ တူေနရတာ ကေတာ့ သူ႔ အဘြားေဒၚေစာၫြန္႔ထိုးေပးလိုက္တဲ့ သိုးေမြးႀကိဳးဟာ ကြင္းဆက္ျဖစ္ေနတာမို႔ သံႀကိဳးနဲ႔တူေနတာပါတဲ့။ ရန္ကုန္ ကို ခ်ီတက္ တဲ့ေန႔ အမီ အဲဒီ သံႀကိဳးကြင္း ဆက္ပံု သိုးေမြး ကို ထိုးေပး လိုက္တာ ပါတဲ့။ သံႀကိဳးနဲ႔ တူသေရာင္ ရွိ ေပမယ့္ ေပါ့ပါးတဲ့ ““ခရာႀကိဳး””ေလးျဖစ္တဲ့ အေၾကာင္း၊ တမာ အိုင့္ရပ္ကြက္ အေရာက္မွာ အေျပး ကေလး လိုက္ေပး ရတာျဖစ္ ပါတယ္လို႔ သမိုင္းရဲ႕ ကြက္လပ္ တစ္ခုကို ျဖည့္ ဆည္းရင္း ေျပာျပ သြားတာကို မွတ္သား လိုက္ရ ပါတယ္။
သမိုင္းမွာ မွားေန တာေတြ၊ ကြင္းဆက္ ျပတ္ေနတာ ေတြ၊ ေပ်ာက္ကြယ္ ေနတာ ေတြကို အခုလိုပဲ ႀကံဳႀကိဳက္ တဲ့အခါမွာ ေမးျမန္း မွတ္သား တင္ျပႏိုင္ၾက မယ္ဆိုရင္ ၿပီးျပည့္စံုတဲ့ သမိုင္း မွတ္တမ္းႀကီး ေတြကို ေဖာ္ထုတ္ႏိုင္ မွာျဖစ္ေၾကာင္း ပါခင္ဗ်ာ။
Credit #The Red အနီ'
============

““ဘဘ၊ သခင် ဖိုးလှကြီးရဲ့ လည်ပင်းက သံကြိုးကီးက ဘယ်လို အဓိပ္ပာယ် လဲဟင်”” လို့ မြေးဖြစ်သူ က မေးလာ တယ်။ ဒီမေးခွန်းရဲ့ အဖြေကို နှစ်ပေါင်း များစွာ ရှာကြံတွေးဆ ခဲ့ပေမယ့် ကျေနပ်တဲ့ အဖြေကို မရခဲ့ဘူး။
တချို့က လည်း နယ်ချဲ့ အင်္ဂလိပ် BOC ရဲ့ နှောင် ကြိုးကို ဖြတ်တောက် ပစ်လိုက်တဲ့ နိမိတ်ပုံ သင်္ကေတ လို့ ဆိုကြတယ်။ တချို့က လည်း အရေးတော်ပုံ ကာလ ချီတက်ပွဲကြီး မှာ ဆွဲထားတဲ့ ““ခရာကြိုး”” လို့ပဲ ပြောကြ တယ်။ ဘယ်ဟာမှ အတည် ယူလို့ မရ နိုင်ခဲ့ပါဘူး။
အနုပညာ ရှင်တွေရဲ့အမြင်မှာ အင်္ဂလိပ် BOC ရဲ့ နှောင်ကြိုး အနေနဲ့ သံကြိုး ကိုတင်စား ထားတာ ပဲလို့ ပြောပေမယ့် အဓိပ္ပာယ် မယူဆ တတ်တဲ့ ကလေး တွေကြတော့ အဓိပ္ပာယ် ပြောင်းသွား ပြန်ရော။ ပိုဆိုး တာက ““ခွေးရူး ဘဝ မကျွတ် မကျွတ် သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ်”” ဆို ပြီး ပြောင်ကြ လှောင်ကြ တာပဲ။ ကလေး ဆိုတော့ ဘာသိ မှာလဲ၊ သံကြိုးကြီး ကလည်းလည်မှာ ဆွဲထားတော့ ပြောမယ် ဆိုလည်း ပြောချင် စရာပဲလေ။ ဒါပေမဲ့ သမိုင်းဝင် သံမဏိသပိတ် ခေါင်းဆောင် တစ်ဦးကို ဒီလိုပြက် ရယ် ပြုတာ ကိုတော့ စိတ်ထဲမှာ ခံစားမိတယ်။
ချောက်မြို့ မှာရှိတဲ့ ကျောင်းရှေ့မှာ သခင် ဖိုးလှကြီးရဲ့ ကိုယ်တစ်ပိုင်း ပုံရုပ်ထု ရှိတယ်။ အဲဒီ ရုပ်ထု ကို ပန်းပု ဆရာကြီး ဦးဟန်တင် ထုလုပ်ထား တယ်လို့ မှတ်သား ဖူးတယ်။ ဆရာကြီးကို နိုင်ငံတော် ကတာဝန် ပေး ပြီး ထုလုပ် ခိုင်းခဲ့ တာတဲ့။ ဆရာကြီး ဦးဟန်တင် ထုလုပ် ခဲ့တဲ့ ချောက် GTI ကျောင်းရှေ့ က သခင် ဖိုးလှကြီး ရုပ်ထု မှာလည်း သံကြိုးကြီး ကိုတွေ့ရတယ်။ ဆရာကြီး ကလည်း ၁၃၀၀ ပြည့် အရေးတော် ပုံကာလ အတွင်းမှာ ရိုက်ခဲ့တဲ့ သခင် ဖိုးလှကြီးရဲ့ဓာတ်ပုံ ကိုကြည့်ပြီး ထုလုပ် ခဲ့တာ ဖြစ်မှာပါ။ အရေး တော်ပုံ ကာလမှာ သခင် ဖိုးလှ ကြီးက သတင်းစာ ကိုကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ရှိတယ်။ လည်ပင်းမှာ သံကြိုး လို့ထင် ရတဲ့ ကြိုး တုတ်တုတ် တစ်ချောင်း ကိုတွေ့ ရတယ်။ သံကြိုး ပုံကွင်းဆက် တွေနဲ့ ပဲ။ အဲဒီပုံကို နမူနာ ယူပြီး ထုလုပ်ခဲ့ ဟန်တူ ပါတယ်။
ချောက် GTI ကျောင်းမှာ ထုလုပ် ထားတဲ့ သခင် ဖိုးလှကြီးရဲ့ လည်မှာ သံကြိုးကွင်း ဆက်ကြိုးကြီး တစ်ချောင်းကို ဆွဲထားတာ တွေ့ရတယ်။ အဲဒီပုံက နှောင်းခေတ် လူတွေရဲ့ အမြင်မှာ စွဲထင် နေတာ ကြာခဲ့ ပြီပေါ့။ နှစ်ပေါင်းပဲ (၄၀) ရှိပြီလေ။ နောက် တစ်ခါ ဦးနေဝင်းရဲ့လမ်းစဉ် ပါတီခေတ် က ထုတ်ဝေ ခဲ့တဲ့ (၄၅) ကျပ်တန် ငွေစက္ကူ မှာလည်း သခင် ဖိုးလှကြီးရဲ့ ရုပ်ပုံနဲ့ ထုတ်ဝေ ထားတာကို တွေ့ရပြန်တယ်။ အဲဒီပုံ ကတော့ ပန်းပု ဆရာကြီး ဦးဟန်တင် ထုလုပ်ထား တဲ့ သခင် ဖိုးလှကြီးရဲ့ ရုပ်ထုပုံနဲ့ အတူတူ ပါပဲ။ လည်မှာ သံကြိုးကြီး ဆွဲထား သလိုပဲပေါ့။
အဲသလို မြင်ကွင်း တွေကြောင့် လည်း နှောင်းခေတ် လူတွေရဲ့အသိမှာ သခင် ဖိုးလှကြီး ဆိုရင် လည်မှာ သံကြိုး ကြီးတန်း လန်းနဲ့လို့ ထင်ယောင် ထင်မှား ဖြစ်ကုန် ကြတာပဲ ပေါ့။ မြေးဖြစ်တဲ့ သူက လည်း ဒါကြောင့် ပြောတာ ရှိမှာပါ။
အဲဒီ သခင် ဖိုးလှကြီးရဲ့ လည်မှာ သံကြိုး တန်းလန်း ကိစ္စက ဒီကနေ အထိ ရှင်းလို့ မရ နိုင်သေးဘူး ဖြစ်နေတယ်။ (၇.၇.၂၀၁၃) နေ့တုန်း ကလည်း ဒီလိုပဲ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အထိမ်း အမှတ် အနေနဲ့ သခင် ဖိုးလှကြီးရဲ့ ကြေးသွန်း ရုပ်ထုကို ချောက်မှာ ရှိတဲ့ အလုပ်သမား မေဒေး ပန်းခြံမှာ စိုက်ထူကြ မယ်ပေါ့။ တချို့ ကလည်း တင်ပြကြ တာတွေရှိတယ်။ အားမာန် အပြည့် နဲ့ သုံးရောင် ခြယ် အလံကို ကိုင်နေတဲ့ ကိုယ်လုံးပြည့် ရုပ်ထု ပုံကို ထုလုပ် ချင်ကြတယ်။ တချို့ ကလည်း ကုန်ကျ စရိတ် နည်းမယ့် ကိုယ်တစ် ပိုင်းပုံ ကိုပဲ ထုလုပ် ချင်ကြတယ်။ နောက်ဆုံး တော့ ရန်ပုံငွေ အခြေအနေ အရ သခင် ဖိုးလှကြီး ရဲ့ ကိုယ်တစ်ပိုင်း ရုပ်ထု ကိုပဲ ကြေးရုပ် လုပ်ကြ မယ်ပေါ့။
ဒီမှာတင် ပြဿနာ ကမပြီးသေးဘူး။ သခင် ဖိုးလှ ကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုး ကိုထည့်မလား၊ မထည့် ဘူးလား။ ထည့်မယ် ဆိုရင် ကလေးတွေ ပြောကြ၊ လှောင် ကြတဲ့ ““သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ်”” ဆိုတာ မျိုးဖြစ်မယ်။ မထည့်ဘူး ဆိုရင် မြင်နေကြ သခင် ဖိုးလှကြီးရဲ့ ပုံနဲ့ကွဲပြား နေမယ်ပေါ့။
လူတွေရဲ့ အမြင်မှာ သခင် ဖိုးလှကြီး ဆိုရင် သံကြိုး ပါရမယ် လို့မြင် နေကြပြီ။ သံကြိုး မပါတဲ့ ပုံတော့ ရှိပါတယ်။ မောင့် ကျက်သရေ ခေါင်းပေါင်း နဲ့ပုံ၊ ဒီပုံကြ တော့လည်း မာန်မပါ လို့ မသုံးချင်ကြဘူး။ ဒီလို ဆိုရင် အရေးတော်ပုံ ကာလ မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲ ကပုံကိုပဲ သုံးကြမယ်လို့ ဆုံးဖြတ် လိုက်ကြတယ်။ အဲဒီပုံကလည်း (၄၅) ကျပ်တန် ငွေစက္ကူ ထဲက ပုံနဲ့ အတူတူပါပဲ။ ဆရာကြီး ဦးဟန်တင် ရဲ့ ပန်းပုပုံနဲ့ အတူတူပါ။
ဒါပေမဲ့ ဒီသံကြိုးကြီး ကို ဘဝင် မကျဖြစ် နေတယ်။ ဘာလို့ ပန်းပုရုပ်မှာ သံကြိုး ဖြစ်နေ ရတာ လဲပေါ့။ သူတို့ ဆွဲခဲ့တဲ့၊ ထုလုပ်ခဲ့ တဲ့သံကြိုးက အခု အတော် စဉ်းစားရ ကျပ်နေ တယ်။ သခင် ဖိုးလှကြီးရဲ့ သမိုင်း ရုပ်ပုံ အမှန်ကိုပဲ ထုလုပ် ချင်တယ်။ အဲဒီ သမိုင်း ရုပ်ပုံ အမှန်ဟာ သံကြိုး တော့ မဖြစ်နိုင်ဘူး။ အနုပညာ ရှင်တွေရဲ့ စိတ်ကူး ဉာဏ် ကွန့်မြူးပြီး ဆွဲထားတဲ့ သံကြိုး ဆိုတာမျိုးလည်း မဖြစ်ချင် ဘူး။ သမိုင်း အစစ် အမှန်ဖြစ်တဲ့ ““ခရာကြိုး”” ကိုပဲဖြစ် စေချင်တယ်။ ခရာကြိုး ဆိုရင်လည်း ဒီလို သံကြိုးကွင်း ဆက်ပုံမျိုး မဟုတ်ဘူး။ သေးသေး မျှင်မျှင်ပဲ ဖြစ်ရမယ် ပေါ့။ ဒီနေရာမှာ ၀ိ၀ါဒ ကွဲပြား နေကြတယ်။
သခင် ဖိုးလှကြီးရဲ့ ကြေးသွန်း ရုပ်ထုမှာလည်း သံကြိုး ကွင်းဆက်ကြီး ကို ပြန်သုံး ထားရင် ကလေးတွေ လှောင်စရာ ဖြစ်နေမယ်။ ခရာကြိုး သေးသေး သုံးပြန်ရင် လည်း သမိုင်းဝင် ဓာတ်ပုံ ထဲက သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထား တဲ့ကြိုးနဲ့ ကွဲပြား သွားမယ်။ ဒီလိုဆိုရင် ဘယ်လိုကြိုး ကို သုံးမှာလဲ။ သံကြိုးလား၊ ကြိုး မျှင်လား၊ အတော် ခေါင်းစား ခဲ့ရတဲ့ ပြဿနာပဲ။ နောက်ဆုံး တော့ နယ် ချဲ့ အင်္ဂလိပ် MOC ရဲ့ အနှောင် အဖွဲ့ကို ဖြတ် တောက်ခြင်း ဆိုတဲ့ နိမိတ်ပုံ ““သံကြိုး”” ကို သုံးကြစို့ လို့ ဆုံးဖြတ် လိုက်ကြတယ်။ စိတ်ထဲ မှာတော့ ဘဝင် မကျ လှပါဘူး။
ကံကောင်း တယ်လို့ ပြောရ မလား မသိဘူး။ ဒါမှ မဟုတ် ကွယ်လွန် လေပြီးသော သခင် ဖိုးလှကြီး ကများ စိတ်စွမ်းအင် တွေပေးပြီး ပြဿနာ ကို ဖြေရှင်း လိုက်လေ သလား မသိဘူး။ ပြဿနာရဲ့ မူလ အဖြစ်မှန် ကို သိလိုက် ရတယ်။ ဒါဟာ သမိုင်းကို ပြန်လည် တည့်မတ် လိုက်ခြင်း ဖြစ်လို့ သိပ်ပြီး တန်ဖိုးကြီးမား ပါတယ်။ အဲသလို မဟုတ် ရင် တစ်သက်လုံး သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုးကြီးက ဘဝင် မကျ စရာဖြစ်နေမှာ၊ အခုတော့ ရှင်းသွားပြီ။
ဖြစ်ပုံက ဒီလိုပါ၊ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော် ပုံ စိန်ရတု အခမ်းအနား ကျင်းပမယ် လို့ သတင်းစာ တွေ၊ ဂျာနယ် တွေ၊ ဖေ့စ်ဘွတ်ခ် တွေက နေပြီး သတင်းဖြန့် လိုက် တယ်။ ဒီသတင်းက တောမီးပြန့် သလို တစ်နိုင်ငံ လုံး ပြန့်သွား တယ်။ ဒီမှာတင် သခင် ဖိုးလှကြီးရဲ့ မျိုးဆက် သစ်တွေက စိတ်ဝင်စား သွားတယ်။ ချောက်မှာ ရှိတဲ့ သခင် ဖိုးလှကြီးရဲ့ မျိုးဆက် တချို့က ဒီသံကြိုး ပြဿနာ ကို ထဲထဲ ဝင်ဝင် မသိကြ ပေမယ့် မန္တလေး မှာ ရောက်နေတဲ့ မျိုးဆက်သစ် တစ်ယောက် ကတော့ ဒီပြဿနာ ကိုသိထား တယ်။ သူ့ကို မေးလာတဲ့ သံကြိုး ပြဿနာ ကိုလည်း လက်လှမ်း မီသလောက် ရှင်းပြခဲ့ ဖူးတယ်။ ဒါပေမဲ့ တစ်နိုင်ငံ လုံး အတိုင်း အတာနဲ့ ဆိုတော့ ဘယ်မှာပြီး ပြည့်စုံ နိုင်ပါ့မလဲ။
၁၃၀၀ ပြည့် စိန်ရတု ကျင်းပရေး ကော်မတီ အနေနဲ့ လည်း ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ သခင်၊ သခင် မကြီး တွေနဲ့ လက်လှမ်း မီသလောက် ဆက်သွယ် လိုက်တဲ့ အခါ မှာတော့ သခင် ဖိုးလှကြီးရဲ့ သမီး (ဒေါ်ကျင်ကျင်ဝေ)ဆိုတာ နတ်မောက် မှာရှိနေတဲ့ အကြောင်း သိလိုက် ရတယ်။ သူ့ဆီမှာ သမိုင်းဝင် ဓာတ်ပုံ လည်းရှိတယ် လို့ ကြား သိရတော့ ဆက်သွယ် လိုက်တယ်။ သခင် ဖိုးလှကြီး ရဲ့သား ဦးအောင်သန်း ကတော့ ကွယ်လွန် သွားပြီမို့ ကျန်ရစ်တဲ့ မိသားစု ဆီက အထောက် အထား သိပ်မရဘူး။ ကံကောင်း ချင်တော့ သခင် ဖိုးလှကြီးရယ်၊ သခင် သိန်းမောင် ကြီးရယ် စုပြီး ရိုက်ထားတဲ့ ဘင်ခရာ တီးဝိုင်း ဓာတ်ပုံကို နတ်မောက် မှာ ရောက်နေတဲ့ ဒုတိယ သမီး ဒေါ်ကြင်ကြင် ဝေဆီက ရလိုက်တယ်။
ဒေါ်ကြင်ကြင်ဝေ အနေနဲ့ မန္တလေး မှာ ရောက်နေတဲ့ သူ့သမီး ဒေါ်ခင်အုန်းဝေ ကို ဖုန်းနဲ့ ဆက်ခေါ်ပြီး သူတို့ မိသားစု ချောက်ကို ရောက် လာကြတယ်။ ကွဲကွာသွား ခဲ့တဲ့ မွေးရပ်မြေ ကိုပြန်ပြီး ခြေချ ရတော့ သူတို့ရင်မှာ ပီတိတွေ လွှမ်းခြုံ နေတာပေါ့။ နှစ်ပေါင်း များစွာ ကွဲကွာ နေကြတဲ့ ဆွေမျိုး သားချင်း တွေ ပြန်လည် ဆုံတွေ့ ကြရ လို့လည်း မျက်ရည် လည်ရွှဲ ဖြစ်နေကြ သေးတယ်။ ဇရာ ရဲ့ အထုအထောင်း၊ လောကဓံရဲ့ အထုအထောင်း ကြောင့် ဆံပင် တွေဖြူ၊ သွားတွေ ကျိုးနေတာကို ““ဟင်”” ““ဟယ်”” နဲ့ တအံ့တသြ ဖြစ်နေ လိုက်ကြတာ၊ ပြီးတော့ ငိုလည်းငို၊ ရယ်လည်း ရယ်နဲ့ ပျော်စရာ့၊ ပျော်စရာ၊ ပျော်စရာကြီး ပေပါ့။
စိန်ရတု ဖြစ်မြောက်ရေး ကော်မတီ တွေအနေနဲ့ လည်း ကွဲကွာ ခဲ့ကြရတဲ့ မိသားစု တွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်တာ ရှိသလို ခုလိုပြန်လည် ဆုံဆည်း ပေးရတာကို ပီတိ ကုသိုလ် ဖြစ်မိ ပါတယ်။
မြန်မာ့ လူ့အဖွဲ့ အစည်းဟာ သိပ်ပြီး သံယောဇဉ် ကြီးတဲ့ လူ့ အဖွဲ့အစည်းပါ။ ကျွန်တော်တို့ အဘိုး၊ အဘွားတွေ တုန်းက ဆိုရင် ရွာမှာ အိမ်ဝိုင်း ကအကျယ်ကြီး၊ ခြံစည်း ရိုးခတ် တယ် ဆိုတာမရှိဘူး။ အဲဒီ ၀ိုင်းကျယ်ကြီး ထဲမှာပဲ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေဟာ ကိုယ့်အိမ် နဲ့ကိုယ် သီခြား ခွဲနေကြတာ။ ဘေးကို လွင့်စင် သွားတယ်ဆို တာ မရှိသလောက် ရှားတယ်။ မိသားစု မောင်နှမ အချင်း ချင်းလည်း ချစ်လိုက် ကြတာ၊ စည်းလုံး လိုက်ကြတာ၊ တစ်ယောက်နဲ့ တစ်ယောက် လည်း ချစ်ကြောက် ရိုသေ ကြရတယ်။ ““အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ”” ဆိုတဲ့ အုပ်ထိန်းမှု အောက်မှာ မြန်မာ့ လူ့အဖွဲ့ အစည်းဟာ စည်းလုံး ညီညွတ် စွာနဲ့ စည်းကမ်း ရှိရှိ နေထိုင် သွားခဲ့ကြ တယ်။ နောက်ပိုင်းမှာ မြို့ပြ ယဉ်ကျေးမှု တွေ ဝင်ရောက် လာတဲ့ အခါမှာ တော့ စည်းလုံး ညီညွတ်ခြင်း ဆိုတဲ့ စည်းရိုး ကျိုးပေါက် သွားတယ်။ ထက်အောက် ရိုသေ လေးစား မှုဆိုတာ တွေလည်း လျော့ရဲရဲ ဖြစ်လာတယ်။ အဲဒါကြောင့် မို့လည်း တစ်မြေစီ ခြားပြီး ဝေးကွာ သွားကြ ရင်းကနေ တဖြည်းဖြည်း မိသားစု စိတ်ဓာတ် တွေသွေးအေး ကုန် ကြရတယ်။
ဒါပေမဲ့ လည်း သွေးက တော့ စကားပြော တာပါပဲ၊ အနေ ဝေးေ ပမယ့် သွေးက နီးလျက် ရှိနေပါ သေးတယ်။ အခုလည်း သခင် ဖိုးလှကြီးရဲ့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေ ဟာ တစ်ဦးနဲ့ တစ်ဦး အနေ ဝေးပေ မယ့် အရေးကြီးတော့ သွေနီးတယ်ဆိုသလိုပါပဲ။ အချင်း ချင်းတွေ့ကြ၊ ဆုံကြတဲ့ အခါမှာတော့ ငယ်ဘဝ တွေကို လွမ်းဆွတ် တမ်းတရင်း သူတို့ အဖေ၊ သူတို့ အဘိုးကို သတိတရ နဲ့ ဂုဏ်ယူ နေကြတယ်။
ရှေးဟောင်း အောက်မေ့ဖွယ် တွေကို ပြောကြ ဆိုကြ ရင်းက သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုး ကိစ္စကို ရောက်သွားတယ်။ သမီးဖြစ်သူ ဒေါ်ကြင်ကြင် ဝေကတော့ အသက် ကလည်း (၈၀) ကျော် နေပြီ။ သတိ တွေ ကလည်း ချွတ်ယွင်း နေပြီမို့ စကားတောင် လေးလုံး ကွဲအောင် မပြောနိုင် တော့ပါဘူး။ အတူတူ ပါလာတဲ့ သမီး ဖြစ်သူ ဒေါ်ခင်အုန်းဝေ က သာ ဦးဆောင်ပြီး ပြောသွား ခဲ့ တာပါ။
သခင် ဖိုးလှကြီးရဲ့ မြေးဖြစ်တဲ့ ဒေါ်ခင်အုန်းဝေ ဟာ သူ့အဘွား၊ ဒေါ်စောညွန့် ပြောပြ ခဲ့တဲ့ ၁၃၀၀ ပြည့် အိပ်မက် တွေကို အမှတ်တရ ပြောပြခဲ့ပါတယ်။ သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတာ ဟာ သံကြိုး မဟုတ်ပါ ဘူး တဲ့။ ခရာကြိုး ပါတဲ့။ သံကြိုးနဲ့ တူနေရတာ ကတော့ သူ့ အဘွားဒေါ်စောညွန့်ထိုးပေးလိုက်တဲ့ သိုးမွေးကြိုးဟာ ကွင်းဆက်ဖြစ်နေတာမို့ သံကြိုးနဲ့တူနေတာပါတဲ့။ ရန်ကုန် ကို ချီတက် တဲ့နေ့ အမီ အဲဒီ သံကြိုးကွင်း ဆက်ပုံ သိုးမွေး ကို ထိုးပေး လိုက်တာ ပါတဲ့။ သံကြိုးနဲ့ တူသရောင် ရှိ ပေမယ့် ပေါ့ပါးတဲ့ ““ခရာကြိုး””လေးဖြစ်တဲ့ အကြောင်း၊ တမာ အိုင့်ရပ်ကွက် အရောက်မှာ အပြေး ကလေး လိုက်ပေး ရတာဖြစ် ပါတယ်လို့ သမိုင်းရဲ့ ကွက်လပ် တစ်ခုကို ဖြည့် ဆည်းရင်း ပြောပြ သွားတာကို မှတ်သား လိုက်ရ ပါတယ်။
သမိုင်းမှာ မှားနေ တာတွေ၊ ကွင်းဆက် ပြတ်နေတာ တွေ၊ ပျောက်ကွယ် နေတာ တွေကို အခုလိုပဲ ကြုံကြိုက် တဲ့အခါမှာ မေးမြန်း မှတ်သား တင်ပြနိုင်ကြ မယ်ဆိုရင် ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းကြီး တွေကို ဖော်ထုတ်နိုင် မှာဖြစ်ကြောင်း ပါခင်ဗျာ။
Credit #The Red အနီ'

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...