======

ႀကီးလာရင္ အင္ဂ်င္နီယာလုပ္မယ္ေျပာတဲ့ အသက္(၄)နွစ္အရြယ္ ဥာဏ္ႀကီးရွင္ စလားလား

ဧရာ၀တီတိုင္းေဒသႀကီး ငပုေတာျမိဳ႕နယ္ တမန္ေခ်ာင္းေက်းရြာတြင္ အသက္ ၄ နွစ္ေက်ာ္အရြယ္သာ ရိွေသးေသာ္လည္း ျမန္မာစာကို စာလံုးမေပါင္းဘဲ လက္တန္းဖတ္ျပနိုင္သူ ကေလးငယ္တဦးရိွေနေၾကာင္း သ တင္းရရိွခဲ့သည္။ ထို႔ေၾကာင့္ ထူးဆန္းေသာ ဥာဏ္ၾကီးရွင္ ကေလးငယ္အေၾကာင္းကို သိရိွနိုင္ရန္ တမန္ေခ်ာင္း ရြာသို႔ သြားေရာက္ျဖစ္ခဲ့သည္။တမန္ေခ်ာင္းရြာသည္ ငပုေတာျမိဳ႕နယ္တြင္ရိွေသာေၾကာင့္ ရန္ကုန္မွ ပုသိမ္၊ ပုသိမ္မွ ငပုေတာသို႔ ကားလမ္းျဖင့္သြားခဲ့ၿပီး ငပုေတာမွ တမန္ေခ်ာင္းသို႔ စက္ေလွစီးကာ ခရီးဆက္ခဲ့သည္။ ရန္ကုန္မွ ဇူလိုင္ ၁ ရက္ နံနက္ ၁ နာရီခန္႔တြင္ ထြက္ခြာလာခဲ့ေသာ ကြ်န္ေတာ္တို႔အဖဲြ႕သည္ ပုသိမ္သို႔ နံနက္ ၅ နာရီခဲြခန္႔တြင္ ေရာက္ ရိွခဲ့သည္။ ပုသိမ္တြင္ တနာရီခန္႔ေခတၱနားၿပီးေနာက္ ခရီးဆက္ခဲ့ရာ ငပုေတာသို႔ နံနက္ ၇ နာရီခဲြခန္႔တြင္ ေရာက္ရိွခဲ့သည္။ ထို႔ေနာက္ ငပုေတာၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္၏ အကူအညီျဖင့္ ကရင္လူမ်ဳိးမ်ား အမ်ားဆံုးေနထိုင္ရာ တမန္ေခ်ာင္းသို႔ နံနက္ ၈ နာရီ ၁၅ မိနစ္တြင္ စက္ေလွျဖင့္ ထြက္ခဲ့ၾကရာ နံနက္ ၉ နာရီခဲြ ခန္႔တြင္ ေရာက္ရိွခဲ့သည္။
ကြ်န္ေတာ္တို႔အဖဲြ႕ေရာက္ရိွခိ်န္တြင္ တမန္ေခ်ာင္းေက်းရြာ NLD မွ တာ၀န္ရိွသူမ်ားက လာေရာက္ ၾကိဳဆိုခဲ့ၾကသည္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေနအိမ္တြင္ ေခတၱနားခဲ့ၾကၿပီး ထူးဆန္းေသာ ဥာဏ္ႀကီးရွင္ကေလး ႏွင့္ေတြ႕ခ်င္ေနေသာေၾကာင့္ သူ႕အိမ္သို႔ သြားခဲ့ၾကသည္။ ကေလးငယ္၏ အိမ္သို႔သြားေရာက္ခဲ့ရာလမ္းတြင္ ကေလးငယ္၏မိခင္နွင့္အေဒၚျဖစ္သူတို႔သည္ ကေလးငယ္ကို ဆိုင္ကယ္ျဖင့္ေခၚ၍ တေနရာသို႔သြားရန္ ျပင္ဆင္ ေနသည္ကို ေတြ႕လိုက္ရသည္။ အမွန္ေတာ့ ကၽြန္ေတာ္တို႔အဖဲြ႕ကို ေရွာင္ပုန္းျခင္းျဖစ္သည္။ ကြ်န္ေတာ္တို႔ မေရာက္မီကေလးငယ္ကို NRC ႏွင့္ MNTV သတင္းဌာနတို႔က လာေရာက္၍ေတြ႕ဆံုေမးျမန္းခဲ့ၾကၿပီး ကေလး ငယ္၏ လႈပ္ရွားမႈနွင့္ ဥာဏ္ရည္ထက္ျမက္မႈတို႔ကို မွတ္တမ္းတင္ခဲ့ၾကၿပီးျဖစ္သည္။
Image may contain: 1 person, sitting
”ကေလးက ေျပာရတာေတြ မ်ားလာေတာ့ သိပ္မေျပာခ်င္ေတာ့ဘူး။ ေနာက္အဖဲြ႕ေတြ လာရင္ေတာ့ မေျဖခိုင္းခ်င္ေတာ့ဘူး။ ကေလးစိတ္ညစ္သြားမွာ စိုးလို႔”ဟု ကေလးငယ္၏ မိခင္ နန္႔ပြင့္ျဖဴေမႊးက ေျပာသည္။ကြ်န္ေတာ္တို႔လည္း အားနာစြာျဖင့္ပင္ သိလိုသည္မ်ားကို ေမးျမန္းျဖစ္ခဲ့ၾကသည္။ ကေလးငယ္၏ နာမည္မွာ ကရင္လို ”စလားလား”ျဖစ္ၿပီး ဗမာလို ေမာင္လမင္းဟု အဓိပၸာယ္ရပါသည္။ ေက်ာင္းနာမည္အျဖစ္ ေမာင္ရွင္းသန္႔မ်ဳိးဟု ေပးထားသည္။တမန္ေခ်ာင္းေက်းရြာသားတဦးျဖစ္သူ အိုင္လားသည္ အိပ္မက္ဆံုရာအစီအစဥ္တြင္ Top Ten စာရင္း ၀င္ခဲ့ေသာေၾကာင့္ သူ႕အေၾကာင္းကို လာေရာက္ရိုက္ကူးခဲ့ရာမွ စလားလားအေၾကာင္းကို သိရိွသြားခဲ့ၾကၿပီး လူသိမ်ားလာခဲ့ျခင္းျဖစ္သည္။
စလားလားကို ဖခင္ မန္းမ်ဳိးညီနွင့္ မိခင္ နန္႔ပြင့္ျဖဴေမႊးတို႔က ၂၁ – ၁၁ – ၂၀၁၂ ခုနွစ္ ဗုဒၶဟူး ည ၈ နာရီ ၁၅ မိနစ္တြင္ တမန္ေခ်ာင္းရြာ၌ ေမြးဖြားခဲ့သည္။ ဗုဒၶဟူးေန႔တြင္ ေမြးဖြားေသာ္လည္း စလားလားက သူ႕ကိုယ္သူ တနလၤာသားဟု ေျပာသည္။
”ဗုဒၶဟူး မဟုတ္ဘူး တနလၤာ က်ား”ဟု စလားလားက ေျပာသည္။စလားလားသည္ ၃ နွစ္အရြယ္တြင္ ျမန္မာစာမ်ားကို တလံုးခ်င္းဖတ္တတ္ေနၿပီး စတင္ဖတ္တတ္ေသာ စကားလံုးမွာ ‘ေရာဂါ’ ျဖစ္သည္။ ထို႔ေနာက္ အျခားစကားလံုးမ်ားကို ဖတ္ရင္းဖတ္ရင္းျဖင့္ ယခုအခါ ျမန္မာ စာျဖင့္ ေရးထားသည့္ စာမ်ားအားလံုးကို ဖတ္ႏိုင္ေနၿပီျဖစ္သည္။ ကြ်န္ေတာ္တို႔တြင္ပါလာသည့္ News Watch ဂ်ာနယ္မွ စာေၾကာင္းမ်ားကို ဖတ္ျပခိုင္းရာ စလားလားသည္ အထစ္အေငါ့မရိွဖတ္ျပနိုင္သည္ကို ထူးဆန္းစြာ ေတြ႕ခဲ့ရသည္။ထို႔ျပင္ ကြ်န္ေတာ္တို႔အဖဲြ႕က လက္မ်ားေထာင္၍ ဂဏန္းသခၤ်ာေပါင္းခိုင္းရာ မွန္ကန္စြာေပါင္း နိုင္သည္ကို ေတြ႕ရသည္။ ဥာဏ္ရည္ျမင့္မားသည့္ ကေလးငယ္ စလားလားကို သာမန္ကေလးမ်ားကဲ့သို႔ တနွစ္ တတန္းတက္ရမည္ကို သူ႕မိဘမ်ားက သိပ္မလိုလားဘဲ ကေလးငယ္၏ ဥာဏ္ရည္ေပၚမူတည္၍ အတန္း တင္ေပးမႈမ်ားျပဳလုပ္ေပးရန္ ဆႏၵရိွေနၾကသည္။
Image may contain: 3 people, people smiling
”KG က စာလည္း မသင္ရဘူး။ တတန္းနွစ္တန္းပဲ တက္ခ်င္တယ္လို႔ သူက ေျပာတယ္။ ကေလးရဲ႕ ဥာဏ္ရည္နဲ႔ စနစ္တက်သင္ၾကားေပးနိုင္မယ္ဆိုရင္ ထူးထူးခြ်န္ခြ်န္ျဖစ္မယ္လို႔ ယံုၾကည္တယ္။ ျမန္မာနိုင္ငံရဲ႕ ပညာေရးစနစ္နဲ႔ေတာ့ အဲဒီလိုလုပ္လို႔ရသလား မရသလားေတာ့ မသိဘူး”ဟု နန္႔ပြင့္ျဖဴေမႊးက ေျပာသည္။ကိုလိုနီေခတ္တြင္ မႏၱေလးၿမိဳ႕ေနရွင္နယ္ေက်ာင္းမွ မအုန္းဆိုသူသည္ ဥာဏ္ေကာင္းလြန္းေသာေၾကာင့္ ေျခာက္လတခါ တတန္းေအာင္သျဖင့္ ငါးႏွစ္ႏွင့္ ၁၀ တန္းေအာင္ခဲ့ၿပီး ေနာင္တြင္ မႏၱေလးတကၠသိုလ္သမိုင္းပါ ေမာကၡ M.A ေဒၚအုန္းအျဖစ္ ထင္ရွားခဲ့ဖူးေၾကာင္း ငပုေတာၿမိဳ႕နယ္ NLD ပါတီ၏႐ံုးအဖဲြ႕မွဴး ဦးမ်ဳိးကေျပာသည္။”ဒီကေလးေလးပဲ M.A ေဒၚအုန္းလို ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ဒီပညာေရးစနစ္နဲ႔ ဘယ္လိုျဖစ္မလဲေတာ့ မသိေသးဘူး”ဟု ၎ကေျပာသည္။ေက်ာင္းမေနရေသးသည့္ အသက္ ၄ နွစ္ေက်ာ္အရြယ္ ကေလးငယ္တေယာက္က ျမန္မာစာမ်ားကို စာလံုးမေပါင္းဘဲ လက္တန္းဖတ္ျပနိုင္ျခင္းကို မယံုၾကည္ေသာေၾကာင့္ အမ်ဳိးမ်ဳိးစမ္းသပ္ခဲ့ဖူးေၾကာင္း တမန္ ေခ်ာင္းေက်းရြာတြင္ ေနထိုင္သူ မနီလာကေျပာသည္။
”ပထမေတာ့ မယံုဘူးေလ။ တရြာထဲေနၿပီး သတင္းေတာ့ ၾကားေနရတယ္။ တရက္ စလားလားေလး အိမ္ကို လာလည္ေတာ့ အိမ္မွာ ကပ္ထားတဲ့ စာေၾကာင္းေတြကို ဖတ္ခိုင္းေတာ့ ဖတ္ျပနိုင္တယ္။ ၿပီးေတာ့ ဖုန္း ထဲမွာ မွတ္ထားတဲ့ လူနာမည္ေတြကိုလည္း ဖတ္ျပနိုင္တယ္။ အဲဒီေတာ့မွ ယံုသြားတာ၊ အံ့လည္း အံ့ၾသ တယ္”ဟု ၎ကေျပာသည္။စလားလားသည္ ကေလးတေယာက္ႏွင့္မတူဘဲ လူႀကီးတေယာက္၏ အိေျႏၵမ်ဳိးျဖင့္ေနသည္ကို ေတြ႕ ခဲ့ရသည္။ ကၽြန္ေတာ္တို႔ေမးသည့္ေမးခြန္းမ်ားကို လူႀကီးတေယာက္ ေျဖသလိုေျဖသည္။ အျခားကေလးမ်ားကဲ့သို႔ ကစားေလ့မရိွဘဲ စာဖတ္ျခင္းႏွင့္ စာသင္ျခင္းတို႔ကိုသာ ျပဳလုပ္ေလ့ရိွေၾကာင္း မိခင္ျဖစ္သူထံမွ သိရသည္။”သူက အားေနရင္ စာဖတ္တယ္။ ဒါေပမဲ့ ဗမာလိုသာ ဖတ္တတ္တာ အဓိပၸာယ္ကို သူမသိဘူး။ ထမင္း စားၿပီးၿပီးလားလို႔ ဖတ္တတ္တယ္။ ဖတ္ၿပီးရင္ ထမင္းစားၿပီးၿပီးလားဆိုတာ ဘာလဲလို႔ ကရင္လို ျပန္ေမးတယ္။ အဓိပၸာယ္ကို သူမသိဘူး။ စာသင္တိုင္း ေဆာ့တယ္။ တျခားကေလးေတြလို ေဘာလံုးကန္တာတို႔ ဘာတို႔ မလုပ္ဘူး”ဟု ၎ကေျပာသည္။
ဥာဏ္ႀကီးရွင္ေလး စလားလားက သူႀကီးလာရင္ အင္ဂ်င္နီယာ လုပ္မည္ဟု ေျပာသည္။ အင္ဂ်င္နီယာ ဆိုတာ ေဆာက္လုပ္ေရးေတြလုပ္တာကို ေျပာတာဟု ၎က ကၽြန္ေတာ္တို႔ကို ရွင္းျပေနေသးသည္။စလားလားကဲ့သို႔ ဥာဏ္ရည္ျမင့္မားေသာ ကေလးငယ္မ်ားအတြက္ လူမႈ၀န္ထမ္းကယ္ဆယ္ေရးနွင့္ ျပန္ လည္ေနရာခ်ထားေရး ၀န္ႀကီးဌာနနွင့္ ပညာေရး၀န္ႀကီးဌာနတို႔ပူးေပါင္း၍ အစီအစဥ္တရပ္ေဖာ္ေဆာင္ေပးပါက ၎တို႔၏ အနာဂတ္မွာ အားတက္ဖြယ္ရာျဖစ္ေပလိမ့္မည္။ ထူးဆန္းေသာ ဥာဏ္ႀကီးရွင္ကေလးမ်ားကို ရွာေဖြ ေဖာ္ထုတ္၍ ဂ႐ုတစိုက္ျပဳစုပ်ဳိးေထာင္ေပးသင့္သည္ဟု ယူဆမိပါသည္။စလားလားႏွင့္ သူ႕မိခင္တို႔ကို သိခ်င္သည္မ်ား ေမးျမန္းၿပီးေနာက္ ျပန္ရန္ ႏႈတ္ဆက္ၾကသည္။ ဖခင္ျဖစ္ သူမွာ လယ္ထဲဆင္းေနေသာေၾကာင့္ ကၽြန္ေတာ္တို႔ႏွင့္ မေတြ႕လိုက္ရပါ။ ကြ်န္ေတာ္တို႔ ႏႈတ္ဆက္ခိ်န္တြင္ စလားလားသည္ အျခားကေလးငယ္မ်ားကဲ့သိို႔ ‘တာ့တာ’မျပဘဲ လူႀကီးတဦးကဲ့သို႔ ကြ်န္ေတာ္တို႔အဖဲြ႕ကို တဦး ခ်င္း လက္ဆဲြနႈတ္ဆက္ခဲ့သည္။ ဥာဏ္ႀကီးရွင္ စလားလား အင္ဂ်င္နီယာ ျဖစ္၊ မျဖစ္ ဆိုတာကေတာ့ . . . ။
နွင္းေမာင္ဦး
Newswatch
Image may contain: 2 people, people standing and outdoor
Unicode
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တမန်ချောင်းကျေးရွာတွင် အသက် ၄ နှစ်ကျော်အရွယ်သာ ရှိသေးသော်လည်း မြန်မာစာကို စာလုံးမပေါင်းဘဲ လက်တန်းဖတ်ပြနိုင်သူ ကလေးငယ်တဦးရှိနေကြောင်း သ တင်းရရှိခဲ့သည်။ ထို့ကြောင့် ထူးဆန်းသော ဉာဏ်ကြီးရှင် ကလေးငယ်အကြောင်းကို သိရှိနိုင်ရန် တမန်ချောင်း ရွာသို့ သွားရောက်ဖြစ်ခဲ့သည်။တမန်ချောင်းရွာသည် ငပုတောမြို့နယ်တွင်ရှိသောကြောင့် ရန်ကုန်မှ ပုသိမ်၊ ပုသိမ်မှ ငပုတောသို့ ကားလမ်းဖြင့်သွားခဲ့ပြီး ငပုတောမှ တမန်ချောင်းသို့ စက်လှေစီးကာ ခရီးဆက်ခဲ့သည်။ ရန်ကုန်မှ ဇူလိုင် ၁ ရက် နံနက် ၁ နာရီခန့်တွင် ထွက်ခွာလာခဲ့သော ကျွန်တော်တို့အဖွဲ့သည် ပုသိမ်သို့ နံနက် ၅ နာရီခွဲခန့်တွင် ရောက် ရှိခဲ့သည်။ ပုသိမ်တွင် တနာရီခန့်ခေတ္တနားပြီးနောက် ခရီးဆက်ခဲ့ရာ ငပုတောသို့ နံနက် ၇ နာရီခွဲခန့်တွင် ရောက်ရှိခဲ့သည်။ ထို့နောက် ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကူအညီဖြင့် ကရင်လူမျိုးများ အများဆုံးနေထိုင်ရာ တမန်ချောင်းသို့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် စက်လှေဖြင့် ထွက်ခဲ့ကြရာ နံနက် ၉ နာရီခွဲ ခန့်တွင် ရောက်ရှိခဲ့သည်။
ကျွန်တော်တို့အဖွဲ့ရောက်ရှိချိန်တွင် တမန်ချောင်းကျေးရွာ NLD မှ တာဝန်ရှိသူများက လာရောက် ကြိုဆိုခဲ့ကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ခေတ္တနားခဲ့ကြပြီး ထူးဆန်းသော ဉာဏ်ကြီးရှင်ကလေး နှင့်တွေ့ချင်နေသောကြောင့် သူ့အိမ်သို့ သွားခဲ့ကြသည်။ ကလေးငယ်၏ အိမ်သို့သွားရောက်ခဲ့ရာလမ်းတွင် ကလေးငယ်၏မိခင်နှင့်အဒေါ်ဖြစ်သူတို့သည် ကလေးငယ်ကို ဆိုင်ကယ်ဖြင့်ခေါ်၍ တနေရာသို့သွားရန် ပြင်ဆင် နေသည်ကို တွေ့လိုက်ရသည်။ အမှန်တော့ ကျွန်တော်တို့အဖွဲ့ကို ရှောင်ပုန်းခြင်းဖြစ်သည်။ ကျွန်တော်တို့ မရောက်မီကလေးငယ်ကို NRC နှင့် MNTV သတင်းဌာနတို့က လာရောက်၍တွေ့ဆုံမေးမြန်းခဲ့ကြပြီး ကလေး ငယ်၏ လှုပ်ရှားမှုနှင့် ဉာဏ်ရည်ထက်မြက်မှုတို့ကို မှတ်တမ်းတင်ခဲ့ကြပြီးဖြစ်သည်။
”ကလေးက ပြောရတာတွေ များလာတော့ သိပ်မပြောချင်တော့ဘူး။ နောက်အဖွဲ့တွေ လာရင်တော့ မဖြေခိုင်းချင်တော့ဘူး။ ကလေးစိတ်ညစ်သွားမှာ စိုးလို့”ဟု ကလေးငယ်၏ မိခင် နန့်ပွင့်ဖြူမွှေးက ပြောသည်။ကျွန်တော်တို့လည်း အားနာစွာဖြင့်ပင် သိလိုသည်များကို မေးမြန်းဖြစ်ခဲ့ကြသည်။ ကလေးငယ်၏ နာမည်မှာ ကရင်လို ”စလားလား”ဖြစ်ပြီး ဗမာလို မောင်လမင်းဟု အဓိပ္ပာယ်ရပါသည်။ ကျောင်းနာမည်အဖြစ် မောင်ရှင်းသန့်မျိုးဟု ပေးထားသည်။တမန်ချောင်းကျေးရွာသားတဦးဖြစ်သူ အိုင်လားသည် အိပ်မက်ဆုံရာအစီအစဉ်တွင် Top Ten စာရင်း ဝင်ခဲ့သောကြောင့် သူ့အကြောင်းကို လာရောက်ရိုက်ကူးခဲ့ရာမှ စလားလားအကြောင်းကို သိရှိသွားခဲ့ကြပြီး လူသိများလာခဲ့ခြင်းဖြစ်သည်။
စလားလားကို ဖခင် မန်းမျိုးညီနှင့် မိခင် နန့်ပွင့်ဖြူမွှေးတို့က ၂၁ – ၁၁ – ၂၀၁၂ ခုနှစ် ဗုဒ္ဓဟူး ည ၈ နာရီ ၁၅ မိနစ်တွင် တမန်ချောင်းရွာ၌ မွေးဖွားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသော်လည်း စလားလားက သူ့ကိုယ်သူ တနင်္လာသားဟု ပြောသည်။
”ဗုဒ္ဓဟူး မဟုတ်ဘူး တနင်္လာ ကျား”ဟု စလားလားက ပြောသည်။စလားလားသည် ၃ နှစ်အရွယ်တွင် မြန်မာစာများကို တလုံးချင်းဖတ်တတ်နေပြီး စတင်ဖတ်တတ်သော စကားလုံးမှာ ‘ရောဂါ’ ဖြစ်သည်။ ထို့နောက် အခြားစကားလုံးများကို ဖတ်ရင်းဖတ်ရင်းဖြင့် ယခုအခါ မြန်မာ စာဖြင့် ရေးထားသည့် စာများအားလုံးကို ဖတ်နိုင်နေပြီဖြစ်သည်။ ကျွန်တော်တို့တွင်ပါလာသည့် News Watch ဂျာနယ်မှ စာကြောင်းများကို ဖတ်ပြခိုင်းရာ စလားလားသည် အထစ်အငေါ့မရှိဖတ်ပြနိုင်သည်ကို ထူးဆန်းစွာ တွေ့ခဲ့ရသည်။
ထို့ပြင် ကျွန်တော်တို့အဖွဲ့က လက်များထောင်၍ ဂဏန်းသင်္ချာပေါင်းခိုင်းရာ မှန်ကန်စွာပေါင်း နိုင်သည်ကို တွေ့ရသည်။ ဉာဏ်ရည်မြင့်မားသည့် ကလေးငယ် စလားလားကို သာမန်ကလေးများကဲ့သို့ တနှစ် တတန်းတက်ရမည်ကို သူ့မိဘများက သိပ်မလိုလားဘဲ ကလေးငယ်၏ ဉာဏ်ရည်ပေါ်မူတည်၍ အတန်း တင်ပေးမှုများပြုလုပ်ပေးရန် ဆန္ဒရှိနေကြသည်။
”KG က စာလည်း မသင်ရဘူး။ တတန်းနှစ်တန်းပဲ တက်ချင်တယ်လို့ သူက ပြောတယ်။ ကလေးရဲ့ ဉာဏ်ရည်နဲ့ စနစ်တကျသင်ကြားပေးနိုင်မယ်ဆိုရင် ထူးထူးချွန်ချွန်ဖြစ်မယ်လို့ ယုံကြည်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့တော့ အဲဒီလိုလုပ်လို့ရသလား မရသလားတော့ မသိဘူး”ဟု နန့်ပွင့်ဖြူမွှေးက ပြောသည်။ကိုလိုနီခေတ်တွင် မန္တလေးမြို့နေရှင်နယ်ကျောင်းမှ မအုန်းဆိုသူသည် ဉာဏ်ကောင်းလွန်းသောကြောင့် ခြောက်လတခါ တတန်းအောင်သဖြင့် ငါးနှစ်နှင့် ၁၀ တန်းအောင်ခဲ့ပြီး နောင်တွင် မန္တလေးတက္ကသိုလ်သမိုင်းပါ မောက္ခ M.A ဒေါ်အုန်းအဖြစ် ထင်ရှားခဲ့ဖူးကြောင်း ငပုတောမြို့နယ် NLD ပါတီ၏ရုံးအဖွဲ့မှူး ဦးမျိုးကပြောသည်။”ဒီကလေးလေးပဲ M.A ဒေါ်အုန်းလို ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီပညာရေးစနစ်နဲ့ ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး”ဟု ၎င်းကပြောသည်။ကျောင်းမနေရသေးသည့် အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တယောက်က မြန်မာစာများကို စာလုံးမပေါင်းဘဲ လက်တန်းဖတ်ပြနိုင်ခြင်းကို မယုံကြည်သောကြောင့် အမျိုးမျိုးစမ်းသပ်ခဲ့ဖူးကြောင်း တမန် ချောင်းကျေးရွာတွင် နေထိုင်သူ မနီလာကပြောသည်။
”ပထမတော့ မယုံဘူးလေ။ တရွာထဲနေပြီး သတင်းတော့ ကြားနေရတယ်။ တရက် စလားလားလေး အိမ်ကို လာလည်တော့ အိမ်မှာ ကပ်ထားတဲ့ စာကြောင်းတွေကို ဖတ်ခိုင်းတော့ ဖတ်ပြနိုင်တယ်။ ပြီးတော့ ဖုန်း ထဲမှာ မှတ်ထားတဲ့ လူနာမည်တွေကိုလည်း ဖတ်ပြနိုင်တယ်။ အဲဒီတော့မှ ယုံသွားတာ၊ အံ့လည်း အံ့သြ တယ်”ဟု ၎င်းကပြောသည်။စလားလားသည် ကလေးတယောက်နှင့်မတူဘဲ လူကြီးတယောက်၏ အိန္ဒြေမျိုးဖြင့်နေသည်ကို တွေ့ ခဲ့ရသည်။ ကျွန်တော်တို့မေးသည့်မေးခွန်းများကို လူကြီးတယောက် ဖြေသလိုဖြေသည်။ အခြားကလေးများကဲ့သို့ ကစားလေ့မရှိဘဲ စာဖတ်ခြင်းနှင့် စာသင်ခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။”သူက အားနေရင် စာဖတ်တယ်။ ဒါပေမဲ့ ဗမာလိုသာ ဖတ်တတ်တာ အဓိပ္ပာယ်ကို သူမသိဘူး။ ထမင်း စားပြီးပြီးလားလို့ ဖတ်တတ်တယ်။ ဖတ်ပြီးရင် ထမင်းစားပြီးပြီးလားဆိုတာ ဘာလဲလို့ ကရင်လို ပြန်မေးတယ်။ အဓိပ္ပာယ်ကို သူမသိဘူး။ စာသင်တိုင်း ဆော့တယ်။ တခြားကလေးတွေလို ဘောလုံးကန်တာတို့ ဘာတို့ မလုပ်ဘူး”ဟု ၎င်းကပြောသည်။
ဉာဏ်ကြီးရှင်လေး စလားလားက သူကြီးလာရင် အင်ဂျင်နီယာ လုပ်မည်ဟု ပြောသည်။ အင်ဂျင်နီယာ ဆိုတာ ဆောက်လုပ်ရေးတွေလုပ်တာကို ပြောတာဟု ၎င်းက ကျွန်တော်တို့ကို ရှင်းပြနေသေးသည်။စလားလားကဲ့သို့ ဉာဏ်ရည်မြင့်မားသော ကလေးငယ်များအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အစီအစဉ်တရပ်ဖော်ဆောင်ပေးပါက ၎င်းတို့၏ အနာဂတ်မှာ အားတက်ဖွယ်ရာဖြစ်ပေလိမ့်မည်။ ထူးဆန်းသော ဉာဏ်ကြီးရှင်ကလေးများကို ရှာဖွေ ဖော်ထုတ်၍ ဂရုတစိုက်ပြုစုပျိုးထောင်ပေးသင့်သည်ဟု ယူဆမိပါသည်။စလားလားနှင့် သူ့မိခင်တို့ကို သိချင်သည်များ မေးမြန်းပြီးနောက် ပြန်ရန် နှုတ်ဆက်ကြသည်။ ဖခင်ဖြစ် သူမှာ လယ်ထဲဆင်းနေသောကြောင့် ကျွန်တော်တို့နှင့် မတွေ့လိုက်ရပါ။ ကျွန်တော်တို့ နှုတ်ဆက်ချိန်တွင် စလားလားသည် အခြားကလေးငယ်များကဲ့သို့ ‘တာ့တာ’မပြဘဲ လူကြီးတဦးကဲ့သို့ ကျွန်တော်တို့အဖွဲ့ကို တဦး ချင်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဉာဏ်ကြီးရှင် စလားလား အင်ဂျင်နီယာ ဖြစ်၊ မဖြစ် ဆိုတာကတော့ . . . ။
နှင်းမောင်ဦး
Newswatch

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...