======

တစ်ခါက စိုင်းစိုင်းခမ်းလှိုင်ဆိုတာ

  
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဆိုတာနဲ့ စပြီးသိကြတာကတော့ စိုးစန္ဒာထွန်းရဲ့ မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် သီချင်းလေးထဲမှာ သရုပ်ဆောင်တဲ့ ခပ်ငယ်ငယ်ကောင်လေးအဖြစ် မျက်မှန်းတန်းမိကြမယ်ထင်ပါတယ်။
ယနေ့အချိန်ထိ နုပျိုလန်းဆန်းနေသေးတဲ့ လူပျိုကြီး စိုင်းစိုင်းခမ်းလှိုင်ဟာ အချစ်ရေးမစွံသေးပေမယ့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေဆဲပါပဲ။
ကွီးစိုင်းဟာ မလိုသူတွေ ဘယ်လောက်ဝေဖန်ဖန် ပရိသတ်အပေါ် အမြဲတမ်းအပြုံးမပျက်ပဲ ရင့်ကျက်တည်ငြိမ်တဲ့ အပြောအဆိုလေးတွေနဲ့တုန့်ပြန်တတ်သူမို့ အနုပညာလောကသားအချင်းချင်းရဲ့ ချစ်ခင်လေးစားမှုတွေပါ ရရှိထားသူဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းမှာ လိုအပ်ချက်တွေရှိနေပေမယ့်လည်း သူပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတိုင်းကို ပရိသတ်တွေလက်ခံအားပေးကြတာကတော့ သူ့ရဲ့ စမ်း တစ်ခုပါပဲ။
လူပျိုကြီးစိုင်းစိုင်းရဲ့ ငယ်ဘဝ ဖြတ်သန်းပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ချင်မယ်ထင်လို့  မျှဝေလိုက်ပါတယ်နော်။
သူ့ရဲ့ သီချင်းလေးတွေနဲ့ ငယ်ငယ်တုန်းက ရူးသွပ်ခဲ့ချိန်ကိုလည်း ပြန်လည် လွမ်းဆွတ်တမ်းတမိကြမယ်မျှော်လင့်ပါတယ်။
လက်ရှိ စိုင်းစိုင်း နဲ့ တစ်ခါက စိုင်းစိုင်း ဘာတွေကွာခြားသွားလဲ ပြောကြည့်ပါဦး။

သတင်းအရင်းမြစ် : sai sai fan group

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...