======

ပြေတီဦး ပြောပြလာတဲ့ သားပြေဓိရရဲ့အကြောင်း



သားနဲ့သူ့ကြားထဲက အမှတ်တရလေးကို ပြောပြထားတာပါ။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ် ပြေဓိရဟာ ယခုဆိုရင် (၂)နှစ်သားရှိနေပါပြီ။ တဖြေးဖြေး သိတတ်နားလည် လာတဲ့ သားငယ်ကြောင့် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကလည်း ကြည်နူးနေရပါတယ်။
ပြေတီဦးနဲ့ အတူ ဆော့ကစားလို့ ရနေပြီ ဖြစ်တဲ့ သားလေးကိုလည်း ပြေတီဦးအနေနဲ့ အားကစားကို ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်စေချင်သလို သားငယ်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း Duwun Media သို့ ယခုလို ပြောပြခဲ့ပါတယ်။
“သူ့ကို အားကစား ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်စေချင်တယ်။ ကျွန်လည်း အားကစားကို အရမ်းဝါသနာပါတယ်။ ဟိုနေ့က ဆိုရင် ကလေးလေးတွေ တင်းနစ်ဆော့တာလေးတွေ တွေ့ရလို့ ပြန်share ထားတယ်။ အဲ့ဒါလေးတွေဆိုရင်လည်း သူကြီးလာရင် ပြန်ပြဖို့ ရည်ရွယ်ထားတယ်။ ဘဝမှာ ဘာပဲ လုပ်လုပ် ထူးချွန်အောင် သေသေချာချာလေ့လာပြီး အောင်မြင် အောင် လုပ်ရမယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးနဲ့ သူ့ကို ပြန်ပြလို့ ရအောင် Share ထားတာပါ။ သားသားနဲ့ ပတ်သက်တဲ့ အမှတ်တရဆို ရင် သူနဲ့ တင်းနစ်ရိုက်တဲ့ အခါတုန်းက ဆိုရင်လည်း ဘောလုံးကို ကျွန်တော့်ဆီကို ဘယ်လိုရောက်အောင် ရိုက်ရမယ် ဆိုတာ သိတယ်။ ချိန်လည်း ချိန်တတ်တယ်။ အားကစားနဲ့ပတ်သက်ပြီးတော့ သူ့မှာ မွေးရာပါ တစ်ခုတော့ ပါလာတယ်။ အဲ့ဒါလေးတွေကတော့ ကျွန်တော့်အတွက် အမှတ်တရလေးတွေပါပဲ” လို့ ပြေတီဦးက ဆိုပါတယ်။
ပြေတီဦးနဲ့အနေနဲ့ မိသားစုကို အားရင်အားသလို အချိန်ပေးဖြစ်ပြီး ညပိုင်းတွေမှာဆိုရင် ကလေးတွေနဲ့ နပန်းလုံး ကစားတာမျိုး တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သားနဲ့ သမီးပေါ်မှာလည်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်သလို မျက်နှာထား တည်တည်နဲ့ ဆက်ဆံတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
သားနဲ့သမီးကို အရမ်းချစ်တဲ့ ပြေတီဦးကတော့ အောင်မြင်ထင်ရှားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို မိသားစုတစ်ခုမှာလည်း အိမ်ထောင်ဦးစီးကောင်း ဖခင်တစ်ဦးဖြစ်ပြီး ပျော်ရွှင်ငြိမ်းချမ်းဖွယ် မိသားစုကမ္ဘာလေးကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Credit : Duwun

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...