======

တာမွေမြို့နယ်ရှိ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများနဲ့သေဆုံး


တာမွေမြို့နယ်ရှိ နေအိမ်တစ်အိမ်မှာ ဇူလိုင်လ ၆ရက်နေ့ ည၈နာရီခန့်က အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများနဲ့သေဆုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက် ၊ ၁၅၇ လမ်း၊ အိမ်အမှတ် ၄၅ဘီ မြေညီထပ်အိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။သေဆုံးသွားတဲ့ အမျိုးသမီးဟာ တာမွေမြို့နယ် ၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အမှတ် (၁၆)မှာနေထိုင်တဲ့ မကေကေအောင် အသက် (၂၄)နှစ်ဖြစ်ပါတယ်။အဆိုပါနေအိမ်ကို မကေကေအောင်ဟာ ညီမဖြစ်သူ မဇေဇေမောင်နဲ့အတူနေထိုင်တယ်လို့သိရပါတယ်။
“ ဒဏ်ရာများနဲ့သေဆုံးနေတာဟုတ်ပါတယ်။ အလောင်းကိုစစ်ဆေးပြီး သက်ဆိုင်နဲ့သက်သေကိုစစ်ဆေးနေပါတယ်။”လို့အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဇူလိုင်လ ၆ရက်နေ့ နေ့လယ် ၃နာရီခန့်က မကေကေအောင်ဟာ တာမွေကြီး (က+ဂ)ရပ်ကွက်မှာနေထိုင်တဲ့ ချစ်သူ(ယောက်ျားလျာ) ကိုကောက်ရ(ခ) ရွန်းလဲ့ဝေ(ခ) ဘုန်းနေခ စိတ်ကောက်နေတဲ့အတွက် သွားချော့ရန်အတွက် အိမ်ကနေ ထွက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။၆ရက်နေ့ ည ၈နာရီခန့်မှာ အကေကေအောင်ဟာ ကိုကောက်ရ(ခ)ရွန်းလဲ့ဝေ(ခ)ဘုန်းနေ အိမ်မှာသွေများထွက်ပြီးလဲကျနေတာကို ကိုကောက်ရမှ မကေကေအောင်နေအိမ် ကိုသွားရောက်ပြီး ညီမဖြစ်သူ မဇေဇေမောင်ကိုပြောပြခဲ့တာဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။
“ ဘယ်လိုဖြစ်တယ်ဆိုတာကိုမသိပါဘူး။ အဲ့သည်အိမ်မှာလူဘယ်နှစ်ယောက်နေတယ်ဆိုတာလည်းမသိပါဘူး။ ဧည့်စာရင်းတွေဘာတွေလည်းလာရောက်အကြောင်းခြင်းလည်းမရှိပါဘူး။”လို့ တာမွေကြီး(က+ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင့်လွင်ကပြောပါတယ်။မကေကေအောင်ဟာ ၀ဲပါးစောင်း(၁)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်း (၃)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊၀ဲတံတောင်ပွန်းဒဏ်ရာ(၂)ချက်၊တို့နဲ့သေဆုံးသွားတာဖြစ်တယ်လို့ ရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ကသိရပါတယ်။
“ဘယ်လိုဖြစ်တယ်ဆိုတာမသိပါဘူး။ဒဏ်ရာတွေနဲ့သေဆုံးတာဆိုတာပဲသိရပါတယ်။ရဲတွေကတော့အများကြီးလာတာကိုတွေ့ရပါတယ်။”လို့အနီးပတ်ဝန်းကျင်နေအိမ်က အမျိုးသမီးတစ်ဦးကပြောပါတယ်။မကေကေအောင်သေဆုံးတာနဲ့ပတ်သက်ပြီး မဇေဇေမောင်က တရားလိုလုပ်ပြီး တာမွေမြို့မရဲစခန်းကို တိုင်တန်းခဲ့တယ်လို့လည်းသိရပါတယ်။တာမွေမြို့မရဲစခန်းက (ပ)၄၅၈/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
kumudranews

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...