ေအာင္ဆန္းလင္း (သို႔မဟုတ္) ကုိကုိလင္း၏ ေနာက္ဆံုးခရီး


(၁) ။ ။ေဒၚေအာင္ဆန္းစုၾကည္သည္ သူ႔အစ္ကုိျဖစ္သူ ကုိကုိလင္းကုိ အခ်စ္ဆံုးျဖစ္သည္။ ငယ္စဥ္ကတည္းက တစ္ခန္းတည္း အတူတူေနၿပီး တတဲြတဲြႏွင့္ မခြာဘဲ အတူစား၊ အတူသြား၊ အတူကစားျဖင့္ ယုယၾကင္နာ ခ်စ္ခင္ခဲ့ၾကပါသည္။ အစ္ကုိျဖစ္သူ ကုိကုိလင္း(ခ) ေအာင္ဆန္းလင္းကုိ ၁၉၄၄ ခုႏွစ္၊ ေမလ ၁၀ ရက္ေန႔တြင္ ေမြးဖြား၍ ဗုဒၶဟူးသားျဖစ္သည္။ ဖခင္ႀကီး ဗုိလ္ခ်ဴ ပ္က သူ႔သားကုိ ခ်စ္စႏိုးနဲ႔ `ငလင္းႀကီး´ ဟု ေခၚပါသည္။

အဲ့ဒီအခ်ိန္က ဗုိလ္ခ်ဴ ပ္ေအာင္ဆန္း မိသားစုနားမွာ အနီးကပ္႐ွိခဲ့သူေတြက အပါးေတာ္ျမဲ ဗုိလ္ထြန္းလွ၊ ကုိယ္ရံေတာ္ ဗုိလ္မင္းလြင္၊ ကားဒ႐ုိင္ဘာ ရဲေဘာ္ေက်ာ္စိန္တုိ႔ျဖစ္ၿပီး သူတို႔ဟာ ဗုိလ္ခ်ဴ ပ္ရဲ႕ကေလးမ်ားႏွင့္ အနီးကပ္ ဆက္ဆံခဲ့သူေတြ ျဖစ္ပါတယ္။ ထုိအထဲမွ ဗုိလ္မင္းလြင္သည္ ေန႔စဥ္ ဒုိင္ယာရီမွတ္တမ္းေရးသူျဖစ္သည္။ သူ႔ရဲ႕ ၁၉၅၃ ခုႏွစ္၊ ဇန္န၀ါရီလ ၁၆ ရက္ေန႔ ရက္စြဲမွတ္တမ္းမွာ ေရးထားခဲ့တာက-


`ည၊ ေဒၚခင္ၾကည္၊ ဗုိလ္ခ်ဴ ပ္တုိ႔ရဲ႕သား ေအာင္ဆန္းလင္း၊ အခ်စ္ဆုံးေကာင္ ေသဆုံး၍ စိတ္မခ်မ္းသာလွ´ (ညဘက္မွာ သတင္းစကားရတာကုိ ေရးထားတာပါ) ။ ဒါကုိၾကည့္ျခင္းအားျဖင့္ ကုိကုိလင္းသည္ အားလုံး၏ အခ်စ္ဆံုးျဖစ္ခဲ့တယ္ဆုိတာကုိ သိေစႏုိင္ပါတယ္။ ကုိကုိလင္းကုိ အားလံုးကခ်စ္ခဲ့ၿပီး ညီမျဖစ္သူ မမစုကလည္း သိတ္ခ်စ္ခဲ့ပါတယ္။ Voice of Hope စာအုပ္ထဲတြင္ သူမ၏ ေျပာၾကားခ်က္အရ `သူ႔ရဲ႕ ေသဆုံးမႈဟာ ကြၽန္မအတြက္ သိပ္ႀကီးမားတဲ့ ဆုံး႐ႈံးမႈတစ္ခုပါ´ ။ အဲဒီအခ်ိန္က ကြၽန္မ အႀကီးအက်ယ္ ဝမ္းနည္းေၾကကဲြခဲ့တယ္။ အဲ့ဒါ `ထိတ္လန္႔ေၾကကဲြ´ တယ္လုိ႔ ေခၚရမွာပါပဲ။ တကယ္ေတာ့ သူ႔ကုိ ကြၽန္မ ေနာင္ဘယ္ေတာ့မွ ထပ္မေတြ႔ႏုိင္ေတာ့ဘူးဆုိတဲ့အခ်က္က ကြၽန္မကုိ အမ်ားၾကီး ဝမ္းနည္းေၾကကဲြသြားေစခဲ့ပါတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။
ကုိကုိလင္းနဲ႔ မမစုက တစ္ႏွစ္ႀကီးတစ္ႏွစ္ငယ္ပါ။ ကုိကုိလင္း ကြယ္လြန္ခ်ိန္တြင္ ကုိးႏွစ္သား၊ မမစုက ႐ွစ္ႏွစ္သမီးပါ။ တစ္ခါတုန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္သည္ စကားတစ္ခြန္းကုိ ေျပာခဲ့ပါတယ္။ “အခုအခ်ိန္မွာ ကုိကုိလင္းသာ႐ွိရင္ သိတ္ေကာင္းမွာပဲ” ဆုိတဲ့ စကားပါပဲ။ သူမ႐ွိေစခ်င္တဲ့အေၾကာင္းက စိတ္ဓာတ္တူတဲ့ ေမာင္ႏွမႏွစ္ေယာက္ေလ။ ကုိကုိလင္းက ၁၀ ရက္ေန႔ေမြးေတာ့ တစ္ဂဏန္းသမား၊ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ၁၉ ရက္ေန႔ေမြးေတာ့ တစ္ဂဏန္းသမား။ ေမာင္ႏွမ ႏွစ္ဦးစလုံးက တစ္ဂဏန္းသမားေတြဆုိေတာ့ `အခုတစ္ေယာက္ထဲနဲ႔တင္ ပဲြကၾကည့္ေကာင္းေနတာ၊ ႏွစ္ေယာက္ဆုိရင္ျဖင့္ ပဲြႀကီးပဲြေကာင္းျဖစ္မွာ ဧကန္အမွန္မုခ်ပါပဲ။ (ဆက္ရန္)
________________________________
ကုိကုိလင္း၏ ေနာက္ဆုံးခရီး ေနာက္ဆက္တဲြ (၂)
———————————-
(၂) ။ ။အလြန္ခ်စ္ခဲ့ၾကရတဲ့ ေမာင္ႏွမႏွစ္ေယာက္ တစ္ေန႔မွာ စတုိခန္းထဲဝင္ၿပီး ငွက္ေပ်ာသီး ခုိးစားေနၾကစဥ္တြင္ ေတြ႕တဲ့တစ္စုံတစ္ဦးက တုိင္ေျပာလုိက္ေတာ့ မိခင္ႀကီးရဲ႕ ေဆာ္ပေလာ္တီးခံရပါတယ္။ ၁၆- ၁- ၁၉၅၃ ခုႏွစ္မွာ ေမာင္ႏွမႏွစ္ေယာက္ ျခံထဲမွာ ေဆာ့ကစားရာမွ သူကစားေနတဲ့ေသနတ္က ေရထဲက်သြားေတာ့ ကုိကုိလင္းက ဆင္းဆယ္တာ၊ အေရးထဲမွာမွ သူ႔ရဲ႕ညႇပ္ဖိနပ္တစ္ဖက္က ရႊံ ့ဗြက္ထဲမွာနစ္ေနေတာ့ အေျခအေနက ႐ႈပ္ေထြးၿပီး ေရကန္ထဲေရနစ္သြားပါေတာ့တယ္။ အဲဒီအခ်ိန္က မမစုက ကစားလုိ႔ေမာတာနဲ႔ အိမ္ထဲဝင္ၿပီး ေရေသာက္ေနခ်ိန္ေပါ့။ မၾကာမီမွာ ေရကန္ထဲမွာ ေပါေလာေမ်ာေနတဲ့ ေသဆုံးသြားတဲ့ ကုိကုိလင္းအေလာင္းကုိ ေတြ႔ၾကရပါတယ္။ လူႀကီးေတြ သိလုိ႔ ဆင္းဆယ္ခ်ိန္မွာ အသက္မ႐ွိေတာ့ေပ။ သူသိပ္ခ်စ္တဲ့အစ္ကုိ သူ႔မ်က္စိေအာက္မွာ ေသမႈေသခင္းျဖစ္ေနတာကုိ ဝင္ၿပီး မကယ္ႏုိင္တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ဘဝမွာ ယူက်ံဴ းမရ ျဖစ္ခဲ့ရပါတယ္။
ကုိကုိလင္းကုိ ၾကံေတာသုႆ န္မွာ ဂူသြင္းသၿဂိဳလ္စဥ္က သူ႐ွိစဥ္ သူႏွစ္သက္ခဲ့တဲ့ ကစားစရာပစၥည္းေတြပါ ထည့္ေပးခဲ့ပါတယ္။ သူအၾကဳိက္ႏွစ္သက္ဆုံး သူ႔ေသနတ္ေရာေပါ့။ အဲ့ဒီလိုနဲ႔ သူကြယ္လြန္ၿပီး (၄၃) ႏွစ္အၾကာ ၁၉၉၆ ခုႏွစ္မွာ ၾကံေတာသုႆ န္ကုိ ဖ်က္သိမ္းမွာျဖစ္လုိ႔ သူ႔အုတ္ဂူကုိ ဖယ္ရွားေပးရမယ္လုိ႔ အေၾကာင္းၾကားခဲ့ပါတယ္။ ဒီအခါမွာ စည္ပင္က ေနာက္ဆံုးသတ္မွတ္ရက္မတုိင္မီ အ႐ုိးေကာက္ရန္အတြက္ ေဒၚေအာင္ဆန္းစုၾကည္သည္ မုိဃ္းလင္းႏွင့္ ကုိခ်ိဴ ေအာင္သန္း (ဦးေအာင္သန္းရဲ႕သား) တုိ႔ကုိ တာ၀န္ေပးခဲ့ပါသည္။
၁၉၉၆ ႏုိဝင္ဘာလထဲလုိ႔ ထင္ပါတယ္။ ဦးခ်ိဴ ေအာင္သန္းနဲ႔ ဖုိးေလးတုိ႔ သြားေရာက္ၿပီး စည္ပင္သာယာမွ တာ၀န္႐ွိသူမ်ားႏွင့္ ကုိကုိလင္း၏ အုတ္ဂူကိစၥကုိ ေျပာဆုိခဲ့ၿပီး ၎တုိ႔အားလုံးကလည္း အကူအညီ ေပးခဲ့ၾကပါတယ္။ အဲ့ဒီမွာ စည္ပင္႐ုံးက အခန္းတစ္ခန္းထဲမွာ ျမန္မာႏိုင္ငံ၌ ထင္ေပၚေက်ာ္ၾကားခဲ့တဲ့ ပုဂိၢဳလ္တခ်ိ့ဴ ရဲ႕ တူးေဖာ္ၿပီး အ႐ုိးေတြကုိ စဥ့္အုိးထဲမွာ နာမည္စာတန္းေတြနဲ႔ ခ်ိတ္ဆဲြထားတာ ေတြ႕ရပါတယ္။ ေက်ာင္းသားေခါင္းေဆာင္ ဗုိလ္ေအာင္ေက်ာ္ရဲ႕ အ႐ုိးအုိး၊ ဒုိ႔ဗမာအစည္းအ႐ုံးေခါင္းေဆာင္ သခင္ေတြရဲ႕ အ႐ုိးအုိး၊ ရဲေဘာ္သုံးက်ိပ္ဝင္ေတြ၊ စာေရးဆရာ၊ အႏုပညာ႐ွင္ေတြရဲ႕ အ႐ုိးအုိးေတြ ေတြ႕ခဲ့ရပါတယ္။
စည္ပင္တာဝန္႐ွိပုဂိၢဳလ္ေတြကုိ ဖုိးေလးက ေျပာျပခဲ့ပါတယ္။ `ဒီပုဂိၢဳလ္ေတြက တစ္ခ်ိန္က တုိင္းျပည္မွာ ထင္ေပၚေက်ာ္ၾကားခဲ့ပါတယ္။ သူတုိ႔အားလုံးကုိ တစ္ေနရာထဲမွာ သီးသန္႔ဂူျပန္သြင္းၿပီး ဂုဏ္ျပဳသင့္ပါတယ္´ လုိ႔ ေျပာဆုိခဲ့ပါတယ္။ စည္ပင္တာဝန္႐ွိပုဂိၢဳလ္ကလည္း `ကြၽန္ေတာ္တုိ႔မွာ အစီအစဥ္ ႐ွိပါတယ္။ ေထာက္ၾကန္႔မွာ႐ွိတဲ့ ဓနသဟာယစစ္သခ်ိဴ င္းလုိပုံစံမ်ိဴ း ျမက္ခင္းေတြ၊ မီးတုိင္ေတြနဲ႔ ကမၸည္းေက်ာက္စာထုိးၿပီး အဆင့္ျမင့္ျမင့္ လုပ္ေပးမွာပါ´ ဟူ၍ ျပန္လည္ေျပာဆုိခဲ့ပါတယ္။ အဲဒီေန႔က ညေနေစာင္းတဲ့အထိ ကုိကုိလင္းအုတ္ဂူတူးတာက မၿပီးေသးပါဘူး။ ဒါနဲ႔ပဲ ရပ္ထားၿပီး ေနာက္တစ္ေန႔မနက္ဖက္က်မွ ဆက္တူးဖုိ႔ ေျပာဆုိခဲ့ၿပီး ျပန္လာခဲ့ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကုိေတာ့ အ႐ုိးေတြ ေတြ႔ၿပီး တူးေဖာ္ခါနီးမွ ေခၚရန္ စီစဥ္ထားခဲ့ပါတယ္။ (ဆက္ရန္)
________________________________
‘ကုိကုိလင္း၏ ေနာက္ဆုံးခရီး ေနာက္ဆက္တဲြ'(၃)
——————————–
(၃) ။ ။ေနာက္တစ္ေန႔ နံနက္ေစာေစာထၿပီး အုတ္ဂူကိစၥကုိ ဆက္တူးေစခဲ့ပါတယ္။ ၁၀ နာရီေလာက္ဆုိရင္ အ႐ုိးေတြ႕ႏုိင္တယ္ေျပာလုိ႔ ျခံထဲကုိျပန္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကုိ ျပန္ေျပာခဲ့ပါတယ္။ အဲဒီအခါမွာ သူမကုိယ္တုိင္လုိက္လာၿပီး အုတ္ဂူတူးတာကုိ ၾကည့္႐ႈခဲ့ပါတယ္။ အ႐ုိးေတြ႔ၿပီဆုိေတာ့ ယူလာခဲ့တဲ့ ေျမအုိးထဲကုိ တစ္ခုခ်င္းယူၿပီး သူမကုိယ္တုိင္ ထည့္ပါတယ္။ သံေခ်းအထပ္ထပ္တက္ေနတဲ့ ေမာ္ေတာ္ကားအင္ဂ်င္ကုိယ္ထည္တစ္ခုေတြ႔ေတာ့ `အဲ့ဒါ ကုိကုိလင္းရဲ႕ ေမာ္ေတာ္ကားေလး´ ဆုိၿပီး ေျပာျပပါတယ္။ `ကုိကုိလင္း အႏွစ္သက္ဆုံး အျမဲတမ္း ေဆာ့ကစားခဲ့တဲ့ ေမာ္ေတာ္ကားေလးေပါ့´ လုိ႔ ေျပာျပခဲ့ပါတယ္။ အားလံုးတူးေဖာ္ၿပီးခ်ိန္မွာ စည္ပင္တာဝန္႐ွိသူေတြကုိ ေဒၚေအာင္ဆန္းစုၾကည္က ေက်းဇူးတင္စကားေျပာဆုိပါတယ္။ ေနာက္ ကုိကုိလင္း အ႐ုိးအုိး၊ အုတ္ဂူမွာနာမည္ထြင္းထားတဲ့ စက်င္ေက်ာက္ျပားတုိ႔ကုိ ယူလာၿပီး ျခံထဲက ကန္စပ္နား႐ွိ သရက္ျဖဴ ပင္ႀကီးေအာက္မွာ ယာယီထားခဲ့ပါတယ္။
တစ္ပါတ္အၾကာမွာ ေဒၚေအာင္ဆန္းစုၾကည္က အ႐ုိးအုိးကုိ ကားေပၚတင္ၿပီး သန္လ်င္ဘက္ကုိ ေမာင္းခုိင္းပါတယ္။ အဲဒီအခ်ိန္က ကားသုံးစီးနဲ႔ လုံျခဳံေရးအဖဲြ႔က ေနာက္ကလုိက္လာပါတယ္။ သန္လ်င္တံတားေပၚ ကားျဖတ္ခ်ိန္မွ သန္လ်င္အနီးပင္လယ္ဝမွာ အ႐ုိးအုိးကုိ သြားေမွ်ာမယ္ဆုိတာ ရိပ္မိသြားၾကေတာ့ ခ်က္ခ်င္းပဲ သန္လ်င္ေရတပ္စခန္ကုိ အေၾကာင္းၾကား၊ ေရတပ္ကလည္း ေရငုတ္တပ္ဖဲြ႕ကလူေတြ အေၾကာင္းၾကားၿပီး ေရေၾကာင္းကေန လုံျခဳံေရးယူေပးခဲ့တဲ့ အစီအစဥ္သတင္းေတြကုိ ေနာက္ပုိင္းမွာ ၾကားသိခဲ့ရပါတယ္။ ေရလယ္ဘုရားတည္႐ွိတဲ့ ေမွာ္ဝန္းျမစ္အတုိင္း ပင္လယ္ထြက္ေပါက္နားကုိ စက္ေလွေတြငွါးၿပီး အ႐ုိးအုိးကုိေမွ်ာရန္ စီစဥ္ခဲ့ၾကပါတယ္။ ေဘးနားကေန လုံျခံဳ ေရးအဖဲြ႔၊ ေရငုတ္စစ္သည္လုံျခဳံေရးအဖဲြ႔ေတြက ေဒၚေအာင္ဆန္းစုၾကည္၏အဖဲြ႕ကုိ လုိက္ပါၿပီး ေစာင့္ေရွာက္ေပးခဲ့ပါတယ္။
ဤသုိ႔ျဖင့္ ေနာက္ဆုံးတြင္ေတာ့ `ကုိကုိလင္းကေတာ့ ၾကံေတာသုႆ န္ကေန ပင္လယ္ျပင္မွာ အနားယူသြားခဲ့ရပါၿပီ´ ။
အဲ့ဒီေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကုိ စည္ပင္တာဝန္႐ွိပုဂိၢဳလ္ ေျပာၾကားတဲ့အတုိင္း ေထာက္ၾကန္႔ ဓနသဟာယစစ္သခ်ိဴ င္းပုံစံမ်ိဴ း ထား႐ွိေပးမွာပါလုိ႔ ျပန္ေျပာျပခဲ့ေတာ့ `ျပဳံးၿပီး နားေထာင္ေနပါတယ္´ ။ ယုံလား- မယုံဘူးလားေတာ့ မသိခဲ့ပါ။
ကုိကုိလင္းအုတ္ဂူေလးက ေပ်ာက္သြားၿပီး ပင္လယ္ဝေရာက္သြားခဲ့ရတာကေတာ့ စိတ္မေကာင္းျဖစ္ရပါတယ္။ ဒါေပမဲ့ `ေျပာလုိ႔ရတာမဟုတ္ဘူး၊ ထပ္ေျပာင္းခ်င္ ေျပာင္းေနဦးမွာ´ ဆုိတဲ့ အေတြးစိတ္ကူးနဲ႔ သာ၍ သာ၍ ေဝးရာကုိသြားထားရမွ စိတ္ခ်ရမယ္ဆုိၿပီး စီစဥ္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီစဥ္မႈက မွန္ေနပါတယ္။ မၾကာခင္မွာ ၾကံေတာေျမမွာ ေ႐ွာ့ပင္းေမာလ္ကြန္ဒုိနဲ႔ ၾကံေတာကြန္ေပါင္းႀကီးက ေပၚလာေတာ့မွာ။ ေရေဝးေျမေနရာဆုိလည္း စက္မႈဇုန္အမည္ခံၿပီး မတန္တဆ အျမတ္တင္ေစ်းႏႈန္းေတြနဲ႔ ေျမကြက္ထုတ္ေရာင္းစားမယ့္ သူေ႒းေတြ ေထာၾကဦးမွာပါ။ ေျမဆုိလုိ႔ သခ်ိဴ င္းေျမနဲ႔ ဝတၱဳကံေျမပဲ က်န္ပါေတာ့တယ္။ အာဇာနည္ကုန္းေျမဆုိ ႏႈတ္ခမ္းသားပဲ့ေနပါၿပီ။ ဒါေၾကာင့္ ကုိကုိလင္းကုိ သူ႔ႏွမက သူသိတ္ခ်စ္တဲ့ သူ႔အစ္ကုိ ကုိကုိလင္းကုိ ေအးခ်မ္းတဲ့ေနရာမွာ ေနေစခ်င္လုိ႔ စီစဥ္ေပးခဲ့တာ ျဖစ္ပါေတာ့တယ္။
တကယ့္ကုိ လြမ္းေမာစရာ၊ ဝမ္းနည္းေၾကကဲြစရာ အျဖစ္အပ်က္ေလးပါပဲဗ်ာ..
ကုိးကားၿပီး ေဖာ္ျပတာ မုိဃ္းလင္း (ဖုိးေလး) ေရး ေဆာင္းပါးတစ္ပုဒ္ ျဖစ္ပါတယ္..
ဓာတ္ပုံပုိင္႐ွင္ကုိ Credit ေပးပါတယ္..
Credit. Aung Kyaw Moe တိုက္႐ိုက္ကူးယူ ျပန္လည္္မွ်ေဝေပးျခင္းျဖစ္ပါသည္
Unicode
(၁) ။ ။ဒေါ်အောင်ဆန်းစုကြည်သည် သူ့အစ်ကိုဖြစ်သူ ကိုကိုလင်းကို အချစ်ဆုံးဖြစ်သည်။ ငယ်စဉ်ကတည်းက တစ်ခန်းတည်း အတူတူနေပြီး တတွဲတွဲနှင့် မခွာဘဲ အတူစား၊ အတူသွား၊ အတူကစားဖြင့် ယုယကြင်နာ ချစ်ခင်ခဲ့ကြပါသည်။ အစ်ကိုဖြစ်သူ ကိုကိုလင်း(ခ) အောင်ဆန်းလင်းကို ၁၉၄၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် မွေးဖွား၍ ဗုဒ္ဓဟူးသားဖြစ်သည်။ ဖခင်ကြီး ဗိုလ်ချူ ပ်က သူ့သားကို ချစ်စနိုးနဲ့ `ငလင်းကြီး´ ဟု ခေါ်ပါသည်။
အဲ့ဒီအချိန်က ဗိုလ်ချူ ပ်အောင်ဆန်း မိသားစုနားမှာ အနီးကပ်ရှိခဲ့သူတွေက အပါးတော်မြဲ ဗိုလ်ထွန်းလှ၊ ကိုယ်ရံတော် ဗိုလ်မင်းလွင်၊ ကားဒရိုင်ဘာ ရဲဘော်ကျော်စိန်တို့ဖြစ်ပြီး သူတို့ဟာ ဗိုလ်ချူ ပ်ရဲ့ကလေးများနှင့် အနီးကပ် ဆက်ဆံခဲ့သူတွေ ဖြစ်ပါတယ်။ ထိုအထဲမှ ဗိုလ်မင်းလွင်သည် နေ့စဉ် ဒိုင်ယာရီမှတ်တမ်းရေးသူဖြစ်သည်။ သူ့ရဲ့ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲမှတ်တမ်းမှာ ရေးထားခဲ့တာက-
`ည၊ ဒေါ်ခင်ကြည်၊ ဗိုလ်ချူ ပ်တို့ရဲ့သား အောင်ဆန်းလင်း၊ အချစ်ဆုံးကောင် သေဆုံး၍ စိတ်မချမ်းသာလှ´ (ညဘက်မှာ သတင်းစကားရတာကို ရေးထားတာပါ) ။ ဒါကိုကြည့်ခြင်းအားဖြင့် ကိုကိုလင်းသည် အားလုံး၏ အချစ်ဆုံးဖြစ်ခဲ့တယ်ဆိုတာကို သိစေနိုင်ပါတယ်။ ကိုကိုလင်းကို အားလုံးကချစ်ခဲ့ပြီး ညီမဖြစ်သူ မမစုကလည်း သိတ်ချစ်ခဲ့ပါတယ်။ Voice of Hope စာအုပ်ထဲတွင် သူမ၏ ပြောကြားချက်အရ `သူ့ရဲ့ သေဆုံးမှုဟာ ကျွန်မအတွက် သိပ်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ´ ။ အဲဒီအချိန်က ကျွန်မ အကြီးအကျယ် ဝမ်းနည်းကြေကွဲခဲ့တယ်။ အဲ့ဒါ `ထိတ်လန့်ကြေကွဲ´ တယ်လို့ ခေါ်ရမှာပါပဲ။ တကယ်တော့ သူ့ကို ကျွန်မ နောင်ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးဆိုတဲ့အချက်က ကျွန်မကို အများကြီး ဝမ်းနည်းကြေကွဲသွားစေခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုကိုလင်းနဲ့ မမစုက တစ်နှစ်ကြီးတစ်နှစ်ငယ်ပါ။ ကိုကိုလင်း ကွယ်လွန်ချိန်တွင် ကိုးနှစ်သား၊ မမစုက ရှစ်နှစ်သမီးပါ။ တစ်ခါတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်သည် စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ “အခုအချိန်မှာ ကိုကိုလင်းသာရှိရင် သိတ်ကောင်းမှာပဲ” ဆိုတဲ့ စကားပါပဲ။ သူမရှိစေချင်တဲ့အကြောင်းက စိတ်ဓာတ်တူတဲ့ မောင်နှမနှစ်ယောက်လေ။ ကိုကိုလင်းက ၁၀ ရက်နေ့မွေးတော့ တစ်ဂဏန်းသမား၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉ ရက်နေ့မွေးတော့ တစ်ဂဏန်းသမား။ မောင်နှမ နှစ်ဦးစလုံးက တစ်ဂဏန်းသမားတွေဆိုတော့ `အခုတစ်ယောက်ထဲနဲ့တင် ပွဲကကြည့်ကောင်းနေတာ၊ နှစ်ယောက်ဆိုရင်ဖြင့် ပွဲကြီးပွဲကောင်းဖြစ်မှာ ဧကန်အမှန်မုချပါပဲ။ (ဆက်ရန်)
________________________________
ကိုကိုလင်း၏ နောက်ဆုံးခရီး နောက်ဆက်တွဲ (၂)
———————————-
(၂) ။ ။အလွန်ချစ်ခဲ့ကြရတဲ့ မောင်နှမနှစ်ယောက် တစ်နေ့မှာ စတိုခန်းထဲဝင်ပြီး ငှက်ပျောသီး ခိုးစားနေကြစဉ်တွင် တွေ့တဲ့တစ်စုံတစ်ဦးက တိုင်ပြောလိုက်တော့ မိခင်ကြီးရဲ့ ဆော်ပလော်တီးခံရပါတယ်။ ၁၆- ၁- ၁၉၅၃ ခုနှစ်မှာ မောင်နှမနှစ်ယောက် ခြံထဲမှာ ဆော့ကစားရာမှ သူကစားနေတဲ့သေနတ်က ရေထဲကျသွားတော့ ကိုကိုလင်းက ဆင်းဆယ်တာ၊ အရေးထဲမှာမှ သူ့ရဲ့ညှပ်ဖိနပ်တစ်ဖက်က ရွှံ ့ဗွက်ထဲမှာနစ်နေတော့ အခြေအနေက ရှုပ်ထွေးပြီး ရေကန်ထဲရေနစ်သွားပါတော့တယ်။ အဲဒီအချိန်က မမစုက ကစားလို့မောတာနဲ့ အိမ်ထဲဝင်ပြီး ရေသောက်နေချိန်ပေါ့။ မကြာမီမှာ ရေကန်ထဲမှာ ပေါလောမျောနေတဲ့ သေဆုံးသွားတဲ့ ကိုကိုလင်းအလောင်းကို တွေ့ကြရပါတယ်။ လူကြီးတွေ သိလို့ ဆင်းဆယ်ချိန်မှာ အသက်မရှိတော့ပေ။ သူသိတ်ချစ်တဲ့အစ်ကို သူ့မျက်စိအောက်မှာ သေမှုသေခင်းဖြစ်နေတာကို ဝင်ပြီး မကယ်နိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘဝမှာ ယူကျူံ းမရ ဖြစ်ခဲ့ရပါတယ်။
ကိုကိုလင်းကို ကြံတောသုဿ န်မှာ ဂူသွင်းသဂြိုလ်စဉ်က သူရှိစဉ် သူနှစ်သက်ခဲ့တဲ့ ကစားစရာပစ္စည်းတွေပါ ထည့်ပေးခဲ့ပါတယ်။ သူအကြိုက်နှစ်သက်ဆုံး သူ့သေနတ်ရောပေါ့။ အဲ့ဒီလိုနဲ့ သူကွယ်လွန်ပြီး (၄၃) နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ ကြံတောသုဿ န်ကို ဖျက်သိမ်းမှာဖြစ်လို့ သူ့အုတ်ဂူကို ဖယ်ရှားပေးရမယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ဒီအခါမှာ စည်ပင်က နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အရိုးကောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် မိုဃ်းလင်းနှင့် ကိုချိူ အောင်သန်း (ဦးအောင်သန်းရဲ့သား) တို့ကို တာဝန်ပေးခဲ့ပါသည်။
၁၉၉၆ နိုဝင်ဘာလထဲလို့ ထင်ပါတယ်။ ဦးချိူ အောင်သန်းနဲ့ ဖိုးလေးတို့ သွားရောက်ပြီး စည်ပင်သာယာမှ တာဝန်ရှိသူများနှင့် ကိုကိုလင်း၏ အုတ်ဂူကိစ္စကို ပြောဆိုခဲ့ပြီး ၎င်းတို့အားလုံးကလည်း အကူအညီ ပေးခဲ့ကြပါတယ်။ အဲ့ဒီမှာ စည်ပင်ရုံးက အခန်းတစ်ခန်းထဲမှာ မြန်မာနိုင်ငံ၌ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တချိူ့ ရဲ့ တူးဖော်ပြီး အရိုးတွေကို စဉ့်အိုးထဲမှာ နာမည်စာတန်းတွေနဲ့ ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ အရိုးအိုး၊ ဒို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်တွေရဲ့ အရိုးအိုး၊ ရဲဘော်သုံးကျိပ်ဝင်တွေ၊ စာရေးဆရာ၊ အနုပညာရှင်တွေရဲ့ အရိုးအိုးတွေ တွေ့ခဲ့ရပါတယ်။
စည်ပင်တာဝန်ရှိပုဂ္ဂိုလ်တွေကို ဖိုးလေးက ပြောပြခဲ့ပါတယ်။ `ဒီပုဂ္ဂိုလ်တွေက တစ်ချိန်က တိုင်းပြည်မှာ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ သူတို့အားလုံးကို တစ်နေရာထဲမှာ သီးသန့်ဂူပြန်သွင်းပြီး ဂုဏ်ပြုသင့်ပါတယ်´ လို့ ပြောဆိုခဲ့ပါတယ်။ စည်ပင်တာဝန်ရှိပုဂ္ဂိုလ်ကလည်း `ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်။ ထောက်ကြန့်မှာရှိတဲ့ ဓနသဟာယစစ်သချိူ င်းလိုပုံစံမျိူ း မြက်ခင်းတွေ၊ မီးတိုင်တွေနဲ့ ကမ္ပည်းကျောက်စာထိုးပြီး အဆင့်မြင့်မြင့် လုပ်ပေးမှာပါ´ ဟူ၍ ပြန်လည်ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့က ညနေစောင်းတဲ့အထိ ကိုကိုလင်းအုတ်ဂူတူးတာက မပြီးသေးပါဘူး။ ဒါနဲ့ပဲ ရပ်ထားပြီး နောက်တစ်နေ့မနက်ဖက်ကျမှ ဆက်တူးဖို့ ပြောဆိုခဲ့ပြီး ပြန်လာခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အရိုးတွေ တွေ့ပြီး တူးဖော်ခါနီးမှ ခေါ်ရန် စီစဉ်ထားခဲ့ပါတယ်။ (ဆက်ရန်)
________________________________
‘ကိုကိုလင်း၏ နောက်ဆုံးခရီး နောက်ဆက်တွဲ'(၃)
——————————–
(၃) ။ ။နောက်တစ်နေ့ နံနက်စောစောထပြီး အုတ်ဂူကိစ္စကို ဆက်တူးစေခဲ့ပါတယ်။ ၁၀ နာရီလောက်ဆိုရင် အရိုးတွေ့နိုင်တယ်ပြောလို့ ခြံထဲကိုပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြောခဲ့ပါတယ်။ အဲဒီအခါမှာ သူမကိုယ်တိုင်လိုက်လာပြီး အုတ်ဂူတူးတာကို ကြည့်ရှုခဲ့ပါတယ်။ အရိုးတွေ့ပြီဆိုတော့ ယူလာခဲ့တဲ့ မြေအိုးထဲကို တစ်ခုချင်းယူပြီး သူမကိုယ်တိုင် ထည့်ပါတယ်။ သံချေးအထပ်ထပ်တက်နေတဲ့ မော်တော်ကားအင်ဂျင်ကိုယ်ထည်တစ်ခုတွေ့တော့ `အဲ့ဒါ ကိုကိုလင်းရဲ့ မော်တော်ကားလေး´ ဆိုပြီး ပြောပြပါတယ်။ `ကိုကိုလင်း အနှစ်သက်ဆုံး အမြဲတမ်း ဆော့ကစားခဲ့တဲ့ မော်တော်ကားလေးပေါ့´ လို့ ပြောပြခဲ့ပါတယ်။ အားလုံးတူးဖော်ပြီးချိန်မှာ စည်ပင်တာဝန်ရှိသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောဆိုပါတယ်။ နောက် ကိုကိုလင်း အရိုးအိုး၊ အုတ်ဂူမှာနာမည်ထွင်းထားတဲ့ စကျင်ကျောက်ပြားတို့ကို ယူလာပြီး ခြံထဲက ကန်စပ်နားရှိ သရက်ဖြူ ပင်ကြီးအောက်မှာ ယာယီထားခဲ့ပါတယ်။
တစ်ပါတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်က အရိုးအိုးကို ကားပေါ်တင်ပြီး သန်လျင်ဘက်ကို မောင်းခိုင်းပါတယ်။ အဲဒီအချိန်က ကားသုံးစီးနဲ့ လုံခြုံရေးအဖွဲ့က နောက်ကလိုက်လာပါတယ်။ သန်လျင်တံတားပေါ် ကားဖြတ်ချိန်မှ သန်လျင်အနီးပင်လယ်ဝမှာ အရိုးအိုးကို သွားမျှောမယ်ဆိုတာ ရိပ်မိသွားကြတော့ ချက်ချင်းပဲ သန်လျင်ရေတပ်စခန်ကို အကြောင်းကြား၊ ရေတပ်ကလည်း ရေငုတ်တပ်ဖွဲ့ကလူတွေ အကြောင်းကြားပြီး ရေကြောင်းကနေ လုံခြုံရေးယူပေးခဲ့တဲ့ အစီအစဉ်သတင်းတွေကို နောက်ပိုင်းမှာ ကြားသိခဲ့ရပါတယ်။ ရေလယ်ဘုရားတည်ရှိတဲ့ မှော်ဝန်းမြစ်အတိုင်း ပင်လယ်ထွက်ပေါက်နားကို စက်လှေတွေငှါးပြီး အရိုးအိုးကိုမျှောရန် စီစဉ်ခဲ့ကြပါတယ်။ ဘေးနားကနေ လုံခြုံ ရေးအဖွဲ့၊ ရေငုတ်စစ်သည်လုံခြုံရေးအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်၏အဖွဲ့ကို လိုက်ပါပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။
ဤသို့ဖြင့် နောက်ဆုံးတွင်တော့ `ကိုကိုလင်းကတော့ ကြံတောသုဿ န်ကနေ ပင်လယ်ပြင်မှာ အနားယူသွားခဲ့ရပါပြီ´ ။
အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို စည်ပင်တာဝန်ရှိပုဂ္ဂိုလ် ပြောကြားတဲ့အတိုင်း ထောက်ကြန့် ဓနသဟာယစစ်သချိူ င်းပုံစံမျိူ း ထားရှိပေးမှာပါလို့ ပြန်ပြောပြခဲ့တော့ `ပြုံးပြီး နားထောင်နေပါတယ်´ ။ ယုံလား- မယုံဘူးလားတော့ မသိခဲ့ပါ။
ကိုကိုလင်းအုတ်ဂူလေးက ပျောက်သွားပြီး ပင်လယ်ဝရောက်သွားခဲ့ရတာကတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ `ပြောလို့ရတာမဟုတ်ဘူး၊ ထပ်ပြောင်းချင် ပြောင်းနေဦးမှာ´ ဆိုတဲ့ အတွေးစိတ်ကူးနဲ့ သာ၍ သာ၍ ဝေးရာကိုသွားထားရမှ စိတ်ချရမယ်ဆိုပြီး စီစဉ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်မှုက မှန်နေပါတယ်။ မကြာခင်မှာ ကြံတောမြေမှာ ရှော့ပင်းမောလ်ကွန်ဒိုနဲ့ ကြံတောကွန်ပေါင်းကြီးက ပေါ်လာတော့မှာ။ ရေဝေးမြေနေရာဆိုလည်း စက်မှုဇုန်အမည်ခံပြီး မတန်တဆ အမြတ်တင်ဈေးနှုန်းတွေနဲ့ မြေကွက်ထုတ်ရောင်းစားမယ့် သူဋ္ဌေးတွေ ထောကြဦးမှာပါ။ မြေဆိုလို့ သချိူ င်းမြေနဲ့ ဝတ္တုကံမြေပဲ ကျန်ပါတော့တယ်။ အာဇာနည်ကုန်းမြေဆို နှုတ်ခမ်းသားပဲ့နေပါပြီ။ ဒါကြောင့် ကိုကိုလင်းကို သူ့နှမက သူသိတ်ချစ်တဲ့ သူ့အစ်ကို ကိုကိုလင်းကို အေးချမ်းတဲ့နေရာမှာ နေစေချင်လို့ စီစဉ်ပေးခဲ့တာ ဖြစ်ပါတော့တယ်။
တကယ့်ကို လွမ်းမောစရာ၊ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်လေးပါပဲဗျာ..
ကိုးကားပြီး ဖော်ပြတာ မိုဃ်းလင်း (ဖိုးလေး) ရေး ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်..
ဓာတ်ပုံပိုင်ရှင်ကို Credit ပေးပါတယ်..
Credit. Aung Kyaw Moe တိုက်ရိုက်ကူးယူ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...